Subscribe to our RSS Feed

ကျနော်တို့ဆီက ခိုးသွားတဲ့ ဒေါင်းအလံကို ပြန်ပေးပါ NLD။ပါတီဝင်များထုတ်ပယ်ခြင်းမှာ အမှိုက်များ ရှင်းလင်းခြင်းသာဖြစ်ဟု ဦးဝင်းထိန်ဆို

From : ..the voice

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးခြင်းအပေါ် မကျေနပ်သဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်အချို့ကို ထုတ်ပယ်ခဲ့ ခြင်းသည် အမှိုက်များ ရှင်းလင်းခဲ့ခြင်းသာ ဖြစ်ကြောင်း ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးဝင်းထိန်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ပါတီဝင်များက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက The Voice သို့ ပြောဆိုခြင်း ဖြစ်သည်။

ယင်းသို့ ထုတ်ပယ်ခံခဲ့သူများသည် NLD ပါတီ၏ လုပ်ဆောင်နေမှုများကို အမြဲလိုလို အဖျက်အမှောင့်များ ပြုလုပ်နေခဲ့သူများ ဖြစ်ပြီး ယခု ဆန္ဒထုတ်ဖော်မှုများတွင် သက်သေ အခိုင်အမာ တွေ့ရှိရသောကြောင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

“အဲဒီလိုအမှိုက်တွေ ရှာနေတာ အခုမှ တွေ့လို့ ပါတီပုံရိပ်နဲ့ ဘာမှမဆိုင်ဘူး၊ ပါတီ အကွဲအပြဲနဲ့ ဘာမှမဆိုင်ဘူး၊ ပါတီမှာ လာရှုပ်နေတဲ့ အမှိုက်တွေ” ဟု ၎င်းကဆိုသည်။

ပါတီဝင်အင်အား ငါးသန်းခန့် ရှိသည့် NLD အနေနှင့် အဆိုပါအဖွဲ့ဝင်များကို ထုတ်ပယ်လိုက်ခြင်း အတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စကို ထိခိုက်စေမည်မဟုတ် ကြောင်းလည်း ဦးဝင်းထိန်က ထပ်လောင်း ပြောဆိုသည်။

ပါတီအပေါ် မကျေနပ်မှုဖြင့် ဆန္ဒထုတ် ဖော်ခဲ့သည့် ပခုက္ကူခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ရပ်ကျေးအဖွဲ့ဝင်များနှင့် လှည်းကူးမြို့နယ်မှ အဖွဲ့ဝင်များ စုစုပေါင်း ၃၄ ဦးကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထုတ်ပယ်ရာတွင် မည်သည့် ပုံစံဖြင့် အရေးယူခဲ့သည်ကို မသိရသည့်အပြင် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခြင်း မရှိသူများလည်း ထုတ်ပယ်ခံရမှုတွင် ပါဝင်နေကြောင်း ပခုက္ကူမြို့နယ် NLD အဖွဲ့ဝင်များထံမှ သိရသည်။

“အမှုဖြစ်ရင်တောင်မှ တရားလိုရယ်၊ တရားခံရယ် တရားသူကြီးရှေ့မှောက်မှာ စစ်ဆေးရသေးတာပဲ။ အခုဟာက ဘယ်သူကမှ မစစ်ဆေးဘဲ ဗဟိုကနေ ထုတ်လိုက်တာ” ဟု ရပ်ကျေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်မြင့်အေးက ဆိုသည်။

ဆန္ဒထုတ်ဖော်မှု ဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိဘဲ အရေးယူခြင်းမှာ ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးမှုမရှိဘဲ ဗဟိုအလုပ်မှုဆောင် အဖွဲ့က တိုက်ရိုက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ဒီမိုကရေစီ နည်းလမ်းမကျကြောင်း ပခုက္ကူခရိုင်အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးစံဌေးက ဆိုသည်။

ယင်းသို့ ထုတ်ပယ်ခံရမှုအတွက် တစ်စုံတရာ ပြန်လည်တုံ့ပြန် မည်မဟုတ် သော်လည်း ဗဟိုအလုပ်မှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ပါတီအတွင်း မကျေနပ်မှုများ ဖြစ်ပေါ်နေပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံအမတ် အပါအဝင် ပါတီအမာခံ ပုဂ္ဂိုလ်အချို့လည်း ထပ်မံ နုတ်ထွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

သို့သော် အရေးယူရာတွင် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိဟု ဆိုသည့်အပေါ် ဦးဝင်းထိန်က ငြင်းဆိုခဲ့ပြီး မြို့နယ်အဆင့်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဓာတ်ပုံအထောက်အထား ရှိတယ်၊ အဲဒီက ထုတ်ပြန်ချက် (Statement) တွေရှိတယ်။ ကျွန်တော်တို့က ရမ်းမလုပ်ပါဘူး။ အဲဒီကလူတွေကို ဓာတ်ပုံရိုက်တာ၊ နာမည်တွေ ဖော်ပြတာ အကုန်လုံးက မှတ်တမ်းက အပြည့်အစုံရှိတယ်၊ ရမ်းမလုပ်ဘူး” ဟု ၎င်းကဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် NLD မှ ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်မှုနှင့် ပတ်သက်၍ ပါတီ တွင်း အမြင်မတူမှုများ ဖြစ်ပေါ်နေ သည့်အပြင် ပြည်သူအချို့ကလည်း ဝေဖန် လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပါတီနာယက အပါအဝင် ပါတီဝင်ခြောက်ဦး ကိုလည်း ပါတီ မူဝါဒများ ချိုးဖောက်သည်ဟု ဆိုကာ သြဂုတ်လ ၁၁ ရက်နေ့က ထပ်မံထုတ်ပယ်ခဲ့သည်။
 

.. https://www.facebook.com/MyanmarExpress
 

2 comments:


ကုလားမယားစုကြည်က အာဏာ၇ှင်ဗိုလ်ချုပ်တွေက တစ်သွေးတစ်သံတစ်မိန့်လုပ်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပီးပြောလာတာက သူ့မျက်ချေးသူမမြင်ဘဲ့သူများမျက်ချေးဘဲ့မြင်နေမှန်း ကုလားမယားစုကြည်အကြောင်းသိတဲ့လူတိုင်းသိပီးသားဘဲ့

တကယ်တန်းမှာ NLDထဲမှာ ဘာဒီမိုကေ၇စီမှမရှိဘူး

ကုလားမယားစုကြည်စောက်သုံးမကျလို့ စောက်သုံးမကျဘူးလို့ဝေဖန်တဲ့လူတွေ ကုလားမယားစုကြည်ဘက်လိုက်လို့မတ၇ားလို့ ဘက်လိုက်တယ် မတ၇ားဘူးလို့ဝေဖန်တဲ့လူတွေဆို မြောင်းထဲေ၇ာက်ပီသာမှတ် စုကြည်ထမိန်ထုပ်ထမ်းပေးတဲ့စောက်၇ူးတွေဆို စုကြည်ကနေ၇ာပေးထားတယ် စုကြည်တစ်ယောက်ထဲသဘောနဲ့လုပ်ချင်သလိုလုပ်လာတာ

တပ်ထဲမှာတုံးကဒိတ်ဒိတ်ကြဲတပ်မတော်အ၇ာ၇ှိဟောင်းအဖိုးကြီးတွေတောင် စုကြည်ကိုအသေကြောက်၇တာ

ကုလားမယားစုကြည်ကမှ တကဲ့အာဏာ၇ှင်စစ်စစ်ဘဲ့

(၈၈)ငကိုကြီးကတော့ စစ်အစိုး၇ကလပ်စားတယ်ဆိုပီး တောက်ရှောက်ပြောလာပီး သူကိုယ်တိုင်ကျတော့ အမေရိကန်သဌေးကြီး ဆိုးရော့က (၈၈)ပွင့်လင်းအဖွဲ့၇ံပုံငွေအဖြစ်လှူသွားတဲ့ ဒေါ်လာ၂သောင်းခွဲကို အသာလေးဘုန်းပီး ကိုယ်ကျိုးအတွက်သုံးနေတုံးမှာမှ သူခိုးလူမိသွားတာ

(၈၈)ငကိုကြီးက အချောင်သမားသူခိုးအကြီးစား

အာဏာရှင်ကုလားမယားစုကြည်နဲ့ အချောင်သမားသူခိုးအကြီးစား(၈၈)ငကိုကြီးနဲ့ တစ်ယောက်ကိုတစ်ယောက်အသေမုန်းနေကြတာဘာမှမဆန်းဘူး

အချင်းချင်းဒေါက်ဖြုတ်တာ(၈၈)တွေ NLD တွေ၇ဲ့စောက်ကျင့်ဘဲ့ မြို့လယ်ခေါင်လူထုမြင်ကွင်းမှာတောင် ဖုံးမနိုင်ဖိမ၇တစ်ကောင်ကိုတစ်ကောင်စောက်တင်းချ၇ာက အခုဆိုဗြောင်အပုပ်ချနေကြပီ

မမြင်ကွယ်၇ာတောထဲမှာသာဆို၇င် ABSDF လူသတ်ကောင်နိုင်အောင်နဲ့ မိုးသီးဇွန် တို့လို တစ်ကောင်ကိုတစ်ကောင် ထောက်လှန်းေ၇းမဟုတ်မှန်းသိသိကြီးနဲ့ ထောက်လှန်းေ၇းလို့စွပ်စွဲပီး ၄လက်မသံတွေ၇ိုက်သွင်း ကတ်တ၇ာစေးအစက်ချ လျှပ်စစ်ေ၇ှာ့၇ိုက်ပီး ခေါင်းဖြတ်သတ်ကုန်ကြမှာဘဲ့

ဒီလို တစ်ကောင်ကိုတစ်ကောင်နောက်ကျောကိုဒါးနဲ့ထိုးတတ်တဲ့ စောက်ကျင့်ယုတ်မိုက်၇ိုင်းပီး ကလိမ်ကကျစ်ထောက်လှန်းေ၇းလို့စွပ်စွဲပီး ခေါင်းဖြတ်သတ်ပီး နိုင်ငံေ၇းပြိုင်ဖက်တွေကိုအပျောက်၇ှင်းတတ်တဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ဆိုတဲ့အကောင်တွေလက်ထဲကိုအမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

ကပ်ပလီအိုဗားမား လာလာ ကပ်ပလီဘုန်းကြီးတူးတူး လာလာ လူပုံအလယ်မှာပြေးပြေးဖက်ပီး အနောက်ယဉ်ကျေးမှုစောက်ကျင့်ဆိုးတွေကိုနမူနာဆိုးအဖြစ်အေ၇ှ့ကလုပ်ပြပီး အနောက်ကကြိုးဆွဲ၇ာနိုင်ငံေ၇းကကွက်ကိုကမဲ့ကုလားမယားစုကြည်လက်ထဲကိုလဲ အမိမြန်မာနိုင်ငံတော်ကြီးကိုလုံးဝအေ၇ာက်ခံလို့မဖြစ်ဘူး

မှန်လိုက်တာ ချက်ကြီးရာ မြေကြီးလက်ခတ် ရင်တောင် လွှဲ အုံးမယ် ချက်ကြီးပြောတာ မလွှဲဘူး good တယ်ကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်