Subscribe to our RSS Feed

အင်တာဗျူး(နန်းအောင်ထွေးကြည်၊မသင်းသင်းညီ၊မိုးသီးဇွန်၊ဒေါက်တာနိုင်အောင်၊ကိုမျိုးဝင်း)

From : .. rfa

















၁၉၉၂ခု ဖေဖော်ရီ၁၂ရက်ကကချင်ပြည်နယ်ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုး ရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အနှစ် ၂၀ ကြာပြီးနောက်မှာ အဲဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်းတချို့ရဲ့ တောင်းဆိုသံတွေနဲ့အတူ ဝေဖန်ကန့်ကွက်သံတွေ၊ ထောက်ခံ ပြောဆိုမှုတွေကို ယခုတလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်လောင်လောင် တွေ့မြင်နေရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူနှစ်ဦးရဲ့ပြောကြားချက်တွေနဲ့ အဲဒီအချိန်က ABSDF ကို ဦးဆောင်ခဲ့သူတွေ လက်ရှိခေါင်းဆောင်တွေရဲ့ သဘောထားတွေကို အာအက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုံစမ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။

---------------------------------------------------------------------------------------------------------------

ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ။

RFA စုံစမ်မေးမြန်းချက်များ ။

၁၄ ရက် ဇန်နဝါရီ ၂၀၁၂။

၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တလကျော်အကြာ နိုဝင်ဘာလထဲမှာ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို ထိုင်းမြန်မာ နယ်စပ်တနေရာမှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ABSDF ကျောင်းသားတပ်မတော်ဟာ သမိုင်းတကွေ့မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတခုလည်း ရှိခဲ့ပါတယ်။

အဲဒါကတော့ ၁၉၉၂ ခု အစောပိုင်းကာလ ABSDF မြောက်ပိုင်းတပ်အတွင်း စစ်အစိုးရရဲ့ ထောက်လှမ်းရေး သူလျှိုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျောင်းသူကျောင်းသား အများအပြားကို ဖမ်းဆီးသတ်ဖြတ် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် အနှစ် ၂၀ ရှိလာခဲ့ပါပြီ။

အဲဒီတုန်းက ဖြစ်ရပ်မှာ ထောက်လှမ်းရေးပါဆိုပြီး ဖမ်းဆီးနှိပ်စက်ခံရပြီး အသက်မသေဘဲ ပြန်လွတ်လာသူ တစ်ဦးကတော့ အခုအခါ သြစတေးလျှ နိုင်ငံမှာ နေထိုင်သူ မနန်းအောင်ထွေးကြည်ပါ။

မနန်းအောင်ထွေးကြည်- “ကျမကို လက်ကို ဒါးနဲ့မွှန်းတယ်၊ မျက်နာကို မီးနဲ့ရှို့တယ်၊ သူတို့က အီလက်ထရစ်ရှော့ကို ကျမကို ၂ လုံးပေးတယ်။ ခြေမနဲ့ ခြေညှိုးကြားထဲမှာတခုနဲ့ နောက်တယောက်ကနေပြီးတော့မှ နားသယ်စပ်ပေါ့ နောက်တလုံးထပ်ပေးတယ်။ ဒီရှော့ကို ပေးလိုက်တော့ ကျမက မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အသက်က ရှုလို့ ကျပ်နေပြီး အဲဒီမှာ ကျမက ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဆိုတော့ သူတို့က ရပ်ပေးလိုက်တယ်။ ဆိုတော့ အသက်ရှုခွင့် ရတယ်။ ပြီးတော့မှ ကျမ ထောက်လှမ်းရေးလုံးဝ မဟုတ်ပါဘူးဆိုတော့ ကျမ ရင်ညွန့်ကို သူတို့ စစ်ဖိနပ်နဲ့ ဆောင့်ဆောင့်ကန်တယ်။ အီလက်ထရစ်ရှော့ကို ပြန်ပြန်ပေးတယ်။ အဲဒီတော့ နောက်ဆုံးတော့ တချက်တော့ သတိလစ်သွားတယ်။ မြေကြီးပေါ်မှာ လဲနေတာပေါ့။ အဲဒီအချိန်မှာမှ ကျမ တခွန်းကြားလိုက်တာက တယောက်က ဒီကောင်မက ဒု-ဗိုလ်ပေါ့လေ NIB ကလွတ်ထားတဲ့ ဒု-ဗိုလ်တဲ့ ကျမ ကြားလိုက်တယ်။ အဲဒီကတည်းက ကျမ နားလည်လိုက်ပြီ။ ငါ ဒီလိုမှ မပြောရင်တော့ ငါ သေတော့မှာပဲလို့။ ဆိုပြီးတော့မှ နောက်တနေ့တော့ သံချောင်းက ရောက်လာတယ် ။”မငယ် ..နင်ခေါင်းမမာနဲ့ ။နင်ပြောလိုက်ရင် နင့်ကိုမသတ်ဘူး၊ နင်မပြောလို့ရှိရင် နှိပ်စက်ရင်းနဲ့ နင်သေသွားလိမ့်မယ်။” ကျမကို အဲဒီလို ပြောပြီးတော့ စစ်ကြောရေးပြန်ဝင်တယ်။

သန်းဇော်နဲ့ ဇော်ဇော်မင်းတို့ ဆက်ပြီးတော့ နှိပ်စက်တယ်၊ နောက်ဆုံးတော့ နှိပ်စက်တဲ့ဒဏ်တွေ ကျမ မခံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ ကျမ ထောက်လှမ်းရေးပါလို့ ပြောမှ သူတို့ အနှိပ်စက်ကို ရပ်ပေးတယ်။

နောက် ကျမတို့ မိန်းခလေး အင်္ဂါထဲမှာ တခုခုကို ဝှက်ထားနိုင်တယ် ဆိုပြီးတော့ ကျမတို့ မိန်းခလေးအင်္ဂါကိုပါ စစ်တယ်။

ခင်ချိုဦးရယ်၊ ကျမရယ်၊ နန်းစောရယ် ၃ ယောက်စလုံး ခံရတယ်။ နောက် ကိုထွန်းအောင်ကျော်ကို အကြီးအကျယ် နှိပ်စက်တယ်၊

လက်ဝါးကပ်တိုင်မှာ လက်ကို သံချောင်းထိုးပြီးတော့မှ လုပ်ထားတာကို ကျမ ဘာဖြစ်လို့ သိလဲဆိုတော့ ကျမကိုယ်တိုင် လက်ဝါးကပ်တိုင်ကို တင်ခံရတယ်။ ကိုအပ်စိုက်ဆိုရင်တော့ တော်တော်ကြမ်းတယ်၊ မီးတွေနဲ့လည်း ရှို့တယ်၊ သူ့ဖင်ခေါင်းနဲ့ ပါးစပ်ကို ဝါယာကြိုးထည့်ပြီးတော့မှ အီလက်ထရစ်ရှော့ပေးတယ်။ ပြီးတော့မှ သူ့ရဲ့ ယောက်ကျားတံဆာကိုလည်း အဲဒီလိုပဲ ငါးမျှားချိတ်တွေနဲ့ချိတ်။ ယောက်ကျားတံဆာ တခုလုံးလည်း ကျေမွနေပြီ သူတို့ ဒါးတွေနဲ့ မွှန်းထားတာ။ မသေခင်ကို သူ့ဆီက အပုပ်နံ့က ထွက်နေပြီ။ နောက်တော့ ဆေးလည်း ကုသလို့ မရတော့ဘူး သေသွားတယ်။ ဆိုတော့ အများကြီးပဲ သူတို့နှိပ်စက်တာ လူမဆန်အောင်ကို နှိပ်စက်တာ။”

၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ တရက်တည်းမှာပဲ ကျောင်းသားရဲဘော် ၁၅ ဦးကို တကြိမ်တည်း ကွပ်မျက်ခဲ့ပါတယ်။ မနန်းအောင်ထွေးကြည် ပြောပြတာက- “ခင်ချိုဦးကို မသတ်ခင်မှာ မျိုးဝင်းကနေပြီးတော့မှ

ကဲ ငါ့ကောင်တွေ မဖျော်ဖြေရတာ ကြာပြီတဲ့ ခင်ချိုဦးကို မုဒိန်းကျင့်ခိုင်းတယ်။ အဲဒီမှာ သံချောင်း ခေါ် မြင့်စိုးကနေပြီးတော့မှ” ဟေ့ကောင်တွေ.. ဒါမျိုးတော့ မလုပ်နဲ့ကွ”လို့ လှမ်းတားတယ် ။မုဒိန်းမကျင့်ခိုင်းဘူး။ အဲဒီတော့ မျိုးဝင်းကနေပြီးတော့မှ ဆက်ပြီးတော့မှ ”အဲဒါဆိုလို့ရှိရင်လည်း တကိုယ်လုံးချွတ် ”ဆိုပြီးတော့မှ တကိုယ်လုံး ချွတ်လိုက်ရတယ်။ အဲဒီမှာမှ ခင်ချိုဦးက ”CS တဲ့ ..ကျမကို သေနတ်နဲ့ပဲ ပစ်ပေးပါ..” လို့ ပြောလိုက်လို့ သံချောင်းက သေနတ်နဲ့ ပစ်ပေးလိုက်တယ်။ ဌေးမြင့်ဝင်းကလည်း ”သူ့ကို သေနတ်နဲ့ ပစ်ပေးဖို့” ပြောလို့

သံချောင်းက သေနတ်နဲ့ ပစ်ပေးတယ်။

ဒါ့အတွက်ကြောင့် ကျမတို့က သေနတ်သံကို ၂ ချက် ကြားလိုက်ရတယ်။ ကျန်တဲ့ ၁၃ ယောက်ကတော့

မျိုးဝင်းနဲ့ လှဆိုင်းနဲ့က လည်ပင်းတွေကို ဒါးနဲ့ခုတ်သတ်တယ်လို့ ပြောတယ်။ မျက်မြင် ကိုယ်တွေ့ ရဲဘော်တယောက်က ပြောတာပါ။”

နောက်ထပ် အဖမ်းဆီးခံရသူ တစ်ဦးကတော့ မသင်းသင်းညီပါ။

သူဟာ တန်ပြန်ထောက်လှမ်းရေးအဖြစ် ခိုင်းစေခံခဲ့ရတယ်လို့ ပြောပြပါတယ်- “အစ်မကိုကျတော့ မျိုးဝင်းကခေါ်တယ်လေ၊ ဒီထဲမှာရှိတဲ့ အခု ဖမ်းထားတဲ့ သူတွေကိုပေါ့နော် ဘယ်သူက ထောက်လှမ်းရေးအစစ် ဖြစ်တယ်ဆိုတာကို ဖေါ်ပေးပေါ့နော်။ သူ့အနေနဲ့ ပြန်ထည့်ထားပေးတာ။ ထည့်ထားပေးတော့ အစ်မက သူ့စကားနားထောင်ပြီးတော့ အထဲထဲမှာ နေတယ်။ နောက်ကျတော့ နေရင်းနေရင်းနဲ့ တယောက်မှလည်း အဲဒီလိုမျိုးပေါ့နော် ထောက်လှမ်းရေးလည်း မဖြစ်နိုင်ဘူးပေါ့နော်။ သူ့ကို ပြောပြတယ် ကျနော် အခု မြင်သလောက် ပြောရရင်လို့ အားလုံးက ကျောင်းသားတွေချည်းပဲလို့၊ ဘယ်သူမှ ထောက်လှမ်းရေး မဟုတ်ဘူးလို့၊ အထင်လွှဲနေကြပြီလို့ ပြောပြတယ်လေ။ အဲဒါကို သူကလည်း လက်မခံဘူး။ မဟုတ်ဘူး ရှိတယ်၊ ရှိကိုရှိတယ်။ အဲဒါကတော့ လိုချင်တဲ့ပုံစံကတော့ ရမှာမဟုတ်ဘူးလို့ ညီမကို အဲဒီလိုမျိုး ထည့်ထားရင်တော့လို့။”

သူတို့စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ မသင်းသင်းညီကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး ညှဉ်းပန်းခဲ့တယ်လို့ ဆိုပါတယ်- “စစ်တဲ့အခါကျတော့ ထောက်လှမ်းရေးဆိုပြီးတော့မှ စစ်တဲ့လူတွေအတိုင်းပဲ သူတို့က မညှာမတာပဲ နှိပ်စက်တာပေါ့နော်။ ကျင်စက်ကို ရင်ဘတ်ထဲ ထည့်ပြီးတော့မှ တို့တာ။ တို့ပြီးတော့ မေးတာ။ ကျမကတော့ ကိုမျိုးဝင်းကို ပြောတယ်လေ အဲဒီလိုကြီးတော့ ကျနော် ဒဏ်မခံနိုင်တော့ဘူး ကျနော့်ကိုတော့ အမြန်ပြန်လွှတ်ပေးပါ၊ မဟုတ်ရင်လည်း သတ်ရင်လည်း သတ်လို့ ကျနော် ဆက်မလုပ်နိုင်ဘူးပေါ့။ ကျနော် ပြောတယ် အဲဒီကျမှ သူတို့ဟာသူတို့ ဘယ်လို စဉ်းစားပြီး ကျနော်ကတော့ မိန်းခလေး ၅ ယောက်ထဲမှာ အစောဆုံး ပြန်လွတ်သွားတာပေါ့။”

ဒီကိစ္စဘယ်သူတွေမှာ အဓိက တာဝန်အရှိဆုံးလဲလို့ မသင်းသင်းညီကို RFA က မေးမြန်းကြည့်ပါတယ်-

“ကျနော်တို့ မြောက်ပိုင်းအနေနဲ့ပဲ ပြောမယ်ဆိုရင်တော့ မျိုးဝင်းရယ်၊ သံချောင်းရယ်၊ အောင်နိုင်ရယ်၊ အဲဒီ ဗဟိုကော်မတီမှာ တာဝန်ယူထားတဲ့ သူတွေ အားလုံးတာဝန်ရှိတယ်။ ကျနော်တို့ မြောက်ပိုင်းအနေနဲ့ ပြောတာပေါ့နော်။”

တဆက်တည်းမှာပဲ ဒီလုပ်ရပ်အတွက် အဓိက ဘယ်သူတွေမှာ တာဝန်ရှိပါသလဲလို့ မနန်းအောင်ထွေးကြည်ကိုလည်း RFA က ထပ်မေးကြည့်ပ့ါတယ်- “အဲဒီထဲမှာ တာဝန်ရှိတဲ့လူတွေကတော့ အရင်တုန်းကတော့ အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင် ခေါ် အောင်နိုင်ပေါ့၊ နောက်ပိုင်းမှာ ABSDF northern Burma အနေနဲ့ သူ ယူလိုက်တယ်၊ ထွန်းအောင်ကျော်ကို ဖမ်းပြီးတော့ သူက ဥက္ကဋ္ဌဖြစ်သွားတယ်။ နောက် မျိုးဝင်း(နမ့်စော်လော်) ဆိုတာက သေဆုံးသွားပြီ။ နောက် သံချောင်း ခေါ် မြင့်စိုး ဆိုတာက အခု သက်ဆိုင်ရာတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီးတော့ ပြစ်ဒဏ်ကျခံနေရတယ်။ သာယာဝတီထောင်မှာ သူ့ကို ချထားတယ်ရှင့်။

နောက်တယောက်ကတော့ ကျမတို့ကို ဖမ်းဆီးတုန်းက မျိုးဝင်းရဲ့ နောက်ကနေ အကြံပေးနေတဲ့ ထောက်လှမ်းရေး တာဝန်ခံ သန်းဇော် (မန္တလေး) ဆိုတာ အခု မြို့ထဲမှာ လွတ်လွတ်လပ်လပ် ရှိတယ်။ နောက် ကျောင်းသား ထောက်လှမ်းရေးကပဲ တပ်ကြပ်ဇော်ဇော်မင်း ဆိုတာ မြို့ပေါ်မှာ ရှိနေတယ်။ နောက် အခုလောလောဆယ် ABSDF မြောက်ပိုင်းမှာ ရှိနေသေးတဲ့ လှဆိုင်းဆိုတဲ့ ကချင် အမျိုးသားပေါ့ ..

သူကိုယ်တိုင်လည်း ကျောင်းသားကို ခေါင်းဖြတ်သတ် ခဲ့တယ်။”

ABSDF ရဲ့ မြောက်ပိုင်းတပ်မှာ အခုလို ဖြစ်နေချိန် ထိုင်း-မြန်မာနယ်စပ်က ABSDF ဗဟိုမှာတော့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ABSDF အုပ်စုနဲ့ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ ABSDF အုပ်စု ဆိုပြီး ၂ ခြမ်းကွဲနေချိန်လည်း ဖြစ်ပါတယ်။

ကိုမိုးသီးဇွန်က- “ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံလုပ်တယ်၊ ညီလာခံ ၂ လ လောက်ကြာတယ်၊ ညီလာခံထဲမှာ ပြဿနာတွေတက်တယ်။ နောက် ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF (မိုးသီးဇွန်) နဲ့ ABSDF (ကိုနိုင်အောင်) ဆိုပြီးတော့ တပ်ပေါင်းစုမှာ အဲဒီလို ခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းသည် ကိုနိုင်အောင် ဗဟိုရဲ့ ဦးဆောင်မှုအောက်မှာ ရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေ အကုန်လုံးက ABSDF (နိုင်) ပေါ့လေ ကိုနိုင်အောင်တို့အဖွဲ့က ဖြစ်သွားတာ။ ကျနော်တို့ အနေနဲ့ တိုက်ရိုက်စွပ်ဖက်လို့ မရတော့ဘူး။ Spy ဆိုပြီးတော့ စွပ်စွဲပြီးတော့ ဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်း မသိဘူး။ ဘယ်ဟာ အမှန်အမှားဆိုတာ။ ဒါပေမဲ့ ထောက်လှမ်းရေးတွေ ဖြစ်နေတယ် ဆိုတာတောင်မှ မသတ်ပါနဲ့ သူတို့ကို လွှတ်လိုက်ပါ ဆိုပြီးတော့ ကျနော်တို့က KIO ပေါ့ အဲဒီတုန်းက KIO ရဲ့ စက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီး ပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ အဲဒီလို ဖြစ်နေတယ်လို့ ကျနော်တို့ ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ် ၁၉၉၂ ခုနှစ် မတ်လ ပိုင်းလောက် ဖြစ်မယ်။ ကျနော်တို့မှာ စာတွေရှိတယ်။ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။ အခုဟာကကျတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဋ္ဌ လုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနတ် Facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့ တွေ့ရတယ်။ ဒါကတော့ နိုင်ငံရေးအရ သက်သက်လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။”

ABSDF မြောက်ပိုင်း ဖြစ်ရပ်ကို ကိုမိုးသီးဇွန် သုံးသပ်တာကတော့- “ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့၊ နောက်တခါ ထိန်လင်းတို့ပေါ့ဗျာ နောက် ကျနော်တို့ သိတဲ့လူတွေလည်း ပါသွားတာကိုး။ အဲဒီတော့ အဲဒီကာလက ကျနော်တို့ ဒီဘက်က ယူဆတာကတော့ မိုးသီးဇွန်ကို ထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပမှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ ရန်သူက ဝင်ပြီးတော့ သွေးထိုးလှုံ့ဆော်တယ်လို့လည်း ကျနော် သုံးသပ်ပါတယ်။ ဒီလူတွေက အတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ အဲဒီအပေါ်မှာ သူတို့ မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့ မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။”

ABSDF ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်တဲ့ ဒေါက်တာနိုင်အောင်ကတော့ မကြာခင်မှာ သူ့အနေနဲ့ ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်ဖို့ရှိပြီး အခုလောလောဆယ် သူ ပြောပြနိုင်တာကတော့- “ကျနော့် တစ်ယောက်တည်းအနေနဲ့ ရှင်းလင်းချက်ပေါ့ အဲဒီလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ကျနော် ရေးဖို့ကိစ္စ လက်စ မသတ်နိုင်ဘူး ဖြစ်နေတယ်။ လူတွေက အချက်အလက်တွေ မှားပြောနေကြချိန်၊ ထင်ရာမြင်ရာ ပြောနေတာတွေလေ။ ဥပမာ တချို့ဆို ပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးပြီး သတ်လိုက်တာတို့၊ ဘာတို့ ညာတို့လေ။ အဲဒီလိုမျိုး လွဲတာတွေ အများကြီး ရှိတယ်ဗျာ။ တခုလုံးအနေနဲ့ ပြောရရင် ဗဟိုမှာ တာဝန်ရှိသလားဆိုရင် ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ။ အဲဒီအချိန်တုန်းက ကိုယ့်မှာ ကွဲနေတဲ့အချိန်၊ မာနယ်ပလော ထိုးစစ်နဲ့၊ နောက် စားဝတ်နေရေးနဲ့ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တစ်ယောက် ပို့လိုက်တယ်။ အဲဒီ ကိုယ်စားလှယ်က ပြန်မလာသေးဘူး။ သူတို့ အဒီကိစ္စတွေ နေရှင်းသတင်းစာထဲမှာ ဂျင်ဒီက ရေးလို့ ပါလာတော့မှ ကျနော်က သိပြီးတော့မှ ကျနော်က ကမန်းကတန်း လိုက်သွားရတာ အဲဒီလိုမျိုး ဟာမျိုးတွေလေ။ ဗဟိုအနေနဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ်ဆိုပေမဲ့ မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး။ အမိန့်ပေးလို့လည်း ရတာလည်း မဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်မှာမှ စပြီးတော့ ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး။ ရိုးရိုးလေးပဲပေါ့ဗျာ ။ ဒီလောက် များတဲ့လူတွေ Spy ဆိုတာ ဖြစ်မှာ မဖြစ်နိုင်တာကြီးကို။ ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ် ။အဲဒီလို ဖမ်းထားတဲ့လူတွေကို ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့။ အဲဒါ မြောက်ပိုင်းနဲ့ ညှိုတဲ့အခါကျတော့ သူတို့က မိဘတွေကို တနေ့နေ့ တချိန်ချိန် ပြန်အပ်ပြီးတော့ လွှတ်မယ် ဆိုတဲ့ ဥစ္စာမျိုး ကျနော်တို့ ဒါပဲ လုပ်ပေးလို့ ရတာကိုး။ တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေကို ရှင်းရမှာပဲဆိုတာမျိုး အားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြောပြတယ်။ မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေ။”

ရန်ကုန်မြို့မှာ လက်ရှိနေထိုင်သူ မသင်းသင်းညီကတော့- “ကျနော်တို့က ဒီသေသွားတဲ့၊ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ အားလုံးဟာ ထောက်လှမ်းရေးမဟုတ်ဘဲနဲ့ အသတ်ခံရတာကိုပဲ အားလုံးကို သိစေချင်တာပေါ့။ သူတို့ကိုလည်း သူတို့ မှားခဲ့တယ် ဆိုတဲ့ဟာကို ဝန်ခံစေချင်တာ ဒီတခုတည်းပဲ ရှိပါတယ်။ ယုံကြည်ချက်နဲ့ ထွက်သွားကြတဲ့ သူတွေအားလုံးက ထောက်လှမ်းရေးပါဆိုပြီး အသတ်ခံလိုက်ရတယ်ဆိုတာ သမိုင်းမှာ ကျန်ခဲ့တာကို မလိုချင်ဘူး။ သမိုင်းအမှန်ကိုပဲ လိုချင်တာပါ။”

လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲကတော့ ဒီ မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တစုံတရာ ဝေဖန်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ABSDF လက်ရှိ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောပြတာက- “ABSDF မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ပေါ့နော် အမှန်တရားနဲ့ တရားမျှတမှု ဖြစ်စေဖို့အတွက်ကို နစ်နာခဲ့တဲ့သူတွေအတွက်လည်းပဲ ကျနော်တို့ တစုံတရာ ပြန်လည်ပြီးတော့ အဖြေရှာပေးနိုင်ဖို့ အတွက်ကို ကျနော်တို့ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး တာဝန်ပေးခဲ့ပါတယ်။”

ABSDF မြောက်ပိုင်း ဖြစ်ရပ်မှာ အသတ်ခံရသူတွေ၊ ညှဉ်းပန်းနှိပ်စက်ရင်း သေဆုံးသွားသူတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ဒီရက်ပိုင်းတွေအတွင်း ဝမ်းနည်းဖွယ် အနှစ် ၂၀ ပြည့် အခမ်းအနားတွေ ကျင်းပကာ ကောင်းမှုကုသိုလ်တွေ ပြုကြတာလည်း သိမြင်ရကြောင်းပါခင်ဗျာ။

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြု လုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်

From : .. Democracy today Daily Newspaper

ရန်ကုန်၊ ဧပြီ ၂၈- ရန်ကုန်အပြည် ပြည်ဆိုင်
ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများ
အား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန်
ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့တချို့က
လုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည်


ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။

ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါအရာရှိက ''အင်တာ ပိုလ်က အကြောင်းကြားတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်နေတဲ့ပြဿ နာတွေ ကို မကျေနပ် လို့လုပ် မယ့် ပါကစ္စတန်က အစွန်း ရောက်တချို့ကို တားဆီးနိုင်ခဲ့တယ် လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြား ထားလို့ပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး လုံခြုံရေးတွေကိုလဲ စနစ် တကျလုပ်ဖို့ ညွှန်ကြားထား ပါတယ်''ဟု ပြောသည်။


မြန်မာနိုင်ငံ ရှိ လေဆိပ်၊ ရေဆိပ် များတွင် လုံခြုံရေးများကို အထူးတင်း ကျပ်ထားကြောင်း၊ အထူးသဖြင့်    ပြည်ပ မှဝင်ရောက် လာသည့်   နိုင်ငံခြား သား များ ကို တစ်ဦးချင်းကျပ်မတ်စစ်ဆေး နေကြောင်း လေကြောင်းရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတစ်ဦးက ''အခုတလော နိုင်ငံခြားသားတွေဆီက ကျည်ဆန် တွေ၊ ရွှေထည်တွေနဲ့ တရားမဝင်ပစ္စည်း တော်တော်များ များ ဖမ်းဆီးရမိတာ တွေတော့ရှိတယ်။ ဘလက် လစ်ဖြစ် နေတဲ့နိုင်ငံခြား သားတွေ့ရင် လေဆိပ် ကတာဝန်ရှိသူတွေကမေးမြန်းပြီး သံရုံးကနေတစ် ဆင့်   ပြန်လွှတ် တာ တွေလဲရှိတယ်။ လုံခြုံရေး တော့တင်း ကြပ်ထားတယ်''ဟု ပြောသည်။

အိုဘားမား စကား အထောက်အထား ခိုင်လုံဖို့လိုဟု မြန်မာနိုင်ငံရေးခေါင်းဆောင် အချို့ဆို

From : .(မြစ်မခ)

မြန်မာနိုင်ငံတွင် မွတ်စလင် များအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဆိုသည့် အမေရိကန် သမ္မတ အိုဘားမား၏ ပြောဆိုမှု များနှင့် ပတ်သက်၍ ပြဿနာ များ၏ ဇစ်မြစ်ကိုမသိရှိ မလေ့လာ ဘဲ ပြောဆိုခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံရေးအသိုင်းအ၀ိုင်းမှ တာဝန်ရှိသူအချို့က ဆိုသည်။

မလေးရှားနိုင်ငံသို့ ရောက်ရှိ နေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မွတ်စလင် များအပေါ် မြန်မာအစိုးရက ဖိအားပေးဆက်ဆံနေခြင်းမှာ လားရာမကောင်းသော အောင် မြင်မှုမရှိသော ပြုပြင်ပြောင်းလဲမှု ကိုဖြစ်စေနိုင်သည်ဟု ဧပြီလ ၂၇ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပြောဆိုခဲ့မှုအပေါ် မြန်မာ နိုင်ငံရေးသမားများက ယခုကဲ့သို့ ဝေဖန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

““တစ်ခုခုကိုဝေဖန်တယ်။ သုံးသပ်တယ်။ ဆုံးဖြတ်တယ်ဆို တာက ပြဿနာရဲ့အရင်းမြစ်ကို သိဖို့လိုသလို အဲဒီပြဿနာရဲ့ နောက်ဆုံးအဖြေကိုသိဖို့လိုတယ်။ ဘယ်သူနစ်နာတယ်ဆိုတာ သိဖို့ လိုတယ်။ တကယ်နစ်နာတာက ကိုယ်တို့မြန်မာတွေနစ်နာတယ်””ဟုအမျိုးသားလွှတ်တော်ကိုယ် စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ခင်ဝိုင်းကြည် က ပြောသည်။

““မြန်မာနိုင်ငံမှာ မွတ်စလင် ဘာသာဝင်တွေကို ခွဲခြားဆက်ဆံ တယ်ဆိုတာက ကျွန်တော်မြင် သလောက်ကတော့ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုအရရော၊ လူမှုပတ်ဝန်း ကျင် ယဉ်ကျေးမှုအရရောမတွေ့ မိဘူး။ မွတ်စလင်တွေကို မြန်မာ နိုင်ငံသားတွေက မြန်မာအစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီ တွေက ဖိနှိပ်ဆက်ဆံတယ်။ ခွဲခြား ဆက်ဆံတယ်ဆိုတာကိုပြောတာက အထောက်အထားခိုင်ခိုင်လုံလုံရှိဖို့ လိုပါတယ်””ဟု အမျိုးသားဒီမိုက ရေစီအင်အားစုပါတီဥက်္ကဋ္ဌ ဦးခင် မောင်ဆွေက ဆိုသည်။

သို့သော်မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် လူ့အခွင့် အရေးအရ တန်းတူအခွင့်အရေး ရရှိရမည်ဖြစ်သော်လည်း တိုင်း ရင်းသားအခွင့်အရေးတိုင်းရင်းသား များ၏ ရပိုင်ခွင့်နှင့်တန်းတူအခွင့် အရေးရလိုမှုများအတွက် အခွင့် အရေးပေးရန်မလိုကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ်္မတရုံးမှအဆင့်မြင့် အရာရှိတစ်ဦးက အမေရိကန် သမ္မတအနေဖြင့် ယခုကဲ့သို့ပြော ဆိုခဲ့ခြင်းမှာ အမေရိကန်နှင့် မွတ် စလင်ကမ်္ဘာဆက်သွယ်မှုအတွက် လှပသည့်အသုံးအနှုန်းတစ်ခုဟု ယူဆမိကြောင်း၊ မှားယွင်းသည့် သတင်းအချက်အလက်များကြောင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်ဟု ပြည်တွင်းသတင်းစာ တစ်စောင်သို့ ပြောကြားထား သည်။        မျိုးသူ
 

.. www.MyanmarExpress.net
 

မိန်းမလျာ (အခြောက်) များ ဖမ်းဆီးခံရမှုနှင့် အရှက်ရစေအောင်ပြုလုပ်မှု လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမည်

From : .. the voice


မန္တလေးကျုံးဘေး လမ်းတစ်လျှောက်တွင် ညအချိန် ရှိနေသည့် မိန်းမလျာ များကို ဖမ်းဆီးနေမှုနှင့် ရဲများက ဖမ်းဆီးခံရသည့် မိန်းမလျာများကို အရှက်ရစေမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ လိင်တူ ချစ်သူများ ကွန်ရက်က လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ ကွန်ရက် အဖွဲ့ဝင် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။

ဇူလိုင်လ ၇ ရက်နေ့မှ စတင်ကာ ကျုံးဘေး ပတ်ဝန်းကျင် လမ်းမများတွင် ညအချိန် လာရောက် စုဝေးလေ့ရှိသည့် မိန်းမလျာများကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုနှင့် ပတ်သက်၍ အဖမ်းခံရသူများက မကျေနပ်သဖြင့် ယင်းသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“တရားဥပဒေထက် ကျော်လွန်ပြီး လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ဆောင်တာတွေကို ထောက်ပြ မယ်၊ လူသားအချင်းချင်း ရိုင်းပြတဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြမှာပါ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ရဲများက ဖမ်းဆီးခဲ့ရာတွင် လူထုကြားထဲတွင် ဆံပင် အတုများကို ဆွဲဖြုတ်ခြင်း၊ ရိုင်းပျသည့် အမူအရာ များဖြင့် ဆက်ဆံခြင်း၊ ပါးရိုက်ခြင်း၊ မော်ဒယ်ရှိုး လျှောက်ခိုင်းခြင်း၊ လှောင်ပြောင် ရယ်မောခြင်း စသည် များကို ပြုလုပ်ခဲ့ကြကြောင်း ဖမ်းဆီးခံရသူများတွင် ပါဝင်သူ မိန်းမလျာ တစ်ဦးက ပြောကြားသည်။

“အဲဒီလိုတော့ မလုပ်ပါဘူး၊ သူတို့က ယောက်ျားတွေလေ၊ အချုပ်ခန်းထဲကို ထည့်မှတော့ မလိုအပ်တဲ့ ပစ္စည်းတွေကို ချွတ်ခိုင်းရမှာပဲလေ၊ ရှာစရာ ရှိတာတွေကို ရှာရမှာပဲ၊ အချုပ်ခန်းထဲကို သွင်းမှတော့ လက်သည်း ညှပ်တောင် ပါလို့ မရဘူးလေ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးစိုးငြိမ်းက ပြောဆိုသည်။

မိန်းမလျာများကို ရဲတပ်ဖွဲ့က ညပိုင်း ဖမ်းဆီးရာတွင် ထွက်ပြေးကြသဖြင့် လိုက်လံ ဖမ်းဆီးရာ ၎င်းတို့ ဝတ်ဆင်ထားသည့် ဆံပင်တုများ ကျွတ်သွားခြင်း များရှိကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“ညနေ မှောင်ရင်ကို ကျုံးဘေးကို မဖြတ်ရဲဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလို မြင်နေရတာကို ရှက်တယ်၊ မိန်းမလျာတွေ ဒီလို အုပ်စုဖွဲ့ လမ်းသွား လမ်းလာတွေကို အနှောင့်အယှက်ဖြစ်စေတာကို ရဲတွေက ဒီအတိုင်းပဲ ကြည့်နေသလား ထင်မိတယ်” ဟု မန္တလေးတောင်ခြေအနီးတွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးက သုံးသပ် ပြောဆိုသည်။

မြန်မာနိုင်ငံ လိင်တူချစ်သူများ ကွန်ရက်၊ ဖမ်းဆီးခံရသူ မိန်းမလျာများနှင့် ဥပဒေပညာရှင်များက လာမည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လိင်တူချစ်သူများ ကွန်ရက်မှ မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ် တစ်ဦးက ပြောကြား သည်။
 


.. www.MyanmarExpress.net
 

ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၃)



ကဲထားပါတော့

          ကမ္ဘာပေါ်က သူတို့တွေရဲ့ အန္တရာယ်ကိုခဏထား၊ ကျွန်တော်တို့ တိုင်းပြည်အပေါ်မှာ ကျရောက်နေလတ္တံသော၊ ကျရောက်လာနိုင်သော အန္တရာယ်တွေဘက် ဦးလှည့်ကြည့်ကြရအောင်။ အိန္ဒိယ နိုင်ငံကနေ ပါကစ္စတန်ခွဲထွက်ပြီးတော့ ၁၉၇၁ မှာ ပါကစ္စတန်ကနေ ဘင်္ဂလားဒေရှ့်ဆိုပြီး ထပ်ခွဲထွက်တယ်။ အဲ့ဒီတုန်းက သူတို့လူဦးရေ သန်း ၆၀ လောက်ပဲရှိတယ်။ မျိုးပွားနှုန်းကောင်းတာကြောင့် ၂၀၁၂ မှာ သန်း ၁၆၀ ကျော်သွားတယ်။ မြေဧရိယာက တိုးမလာဘူး။ ကျွန်တော်တို့ရဲ့ ရှမ်းပြည်သာသာလောက်ရှိမယ်။ သူတို့လူဦးရေ အရမ်း Burst ဖြစ်တာရယ်၊ သဘာဝဘေးအန္တရာယ်လည်း များလွန်းတာရယ်ကြောင့် နယ်မြေခြင်းဆက်နေတဲ့ ရခိုင်ပြည်ထဲကို ခိုးဝင်လာကြတယ်။ ၁၈၂၄ မတိုင်ခင်က ရခိုင်မှာ ဘင်္ဂါလီဆိုတာ ပါးပါးလေးရှိခဲ့တာပါ။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်း ဒီဘင်္ဂါလီတွေကို တံခါးမရှိ၊ ဓားမရှိ ဝင်လာခဲ့တယ်။ 

      ၁၉၄၃ မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေပေါင်းပြီး အင်္ဂလိပ်ကိုတိုက်တော့ အင်္ဂလိပ်က အိန္ဒိယနိုင်ငံ ဆင်းမလားကိုဆုတ်တယ်။ အဲ့ဒီမှာ ဘင်္ဂါလီတွေကို လက်နက်တစ်ချို့အပ်ခဲ့တယ်။ ဂျပန်နဲ့မြန်မာတော်လှန်ရေးသမားတွေကိုတိုက်ဖို့ပါ။ ၁၉၄၃ မှာ ဘင်္ဂါလီတွေက မူဂျာဟစ်တပ်လုပ်ပြီး ဘူးသီးတောင်-မောင်တော်မှာရှိတဲ့ ရခိုင်ရွာတစ်ရာကျော်ကို လူမျိုးသုဉ်းသတ်ပစ်တယ်။ ရခိုင်တိုင်းရင်းသား နှစ်သောင်းလောက် သေသွားတယ်။ ဗိုလ်ရန်နိုင်တပ်ရောက်လာပြီးမှ သတ်တာရပ်သွားတာပါ။ ဒါဟာ သမိုင်းမှတ်တိုင်ပဲ။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေဟာ ဘင်္ဂါလီဆိုရင် ဆက်ဆက်ခါအောင် နာကြတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်ကျိုးကြည့်တဲ့ အမှားတွေကိုလည်း ထောက်ပြရပါ ဦးမယ်။ ဖဆပလက ရခိုင်မှာမဲနိုင်အောင် ရခိုင်တိုင်းရင်းသားတွေ ထောင်ထားတဲ့ ရတည ကို ဖြိုခွဲမယ် ဆိုပြီး ဘင်္ဂါလီကိုစည်းရုံးတယ်။ မှတ်ပုံတင်တွေထုတ်ပေးတယ်။

    ဘူးသီးတောင်-မောင်တောမှာ စစ်တကောင်းသား ချတန်မာမတ်ကို လွှတ်တော်အမတ်ရွေးခိုင်းတယ်။ ဝန်ကြီးတာဝန်ပါပေးသေးတယ်။ တစ်ခါ ဂေါ်ဖာဆိုတဲ့သူကိုလည်း အမတ်ထပ်လုပ်ခိုင်းခဲ့ပြန်တယ်။ ဒီသကောင့်သားတွေက ၁၉၅၅ မှာ သမိုင်းလိမ် ရိုဟင်ဂျာ ဆိုတဲ့ နိုင်ငံတစ်နိုင်ငံထွင်ခဲ့တယ်။ ပြီးတော့ရိုဟင်ဂျာ အသံလွှင့်ဌာန၊ ဘာ ညာ ဆိုပြီး ထူထောင်ကြတယ်။ ၁၉၆၂ မှာ ဦးနေဝင်း အာဏာသိမ်းတယ်။ တရားမဝင် ခိုးဝင်လာသူတွေကို ကြပ်ကြပ် မတ်မတ်ထိန်းချုပ်ခဲ့တယ်။ နှိပ်ကွပ်ခဲ့တယ်။ ၁၉၇၅ မှာ ဟင်္သာစီမံချက်ချတယ်။ နဂါးမင်းစီမံချက်ချတယ်။ အတိုင်းအတာ တစ်ခုအထိ ထိန်းလိုက်နိုင်တယ်။ ဒါပေမဲ့ တိုးဝင်လာတဲ့ အပေါက်တွေ၊ နည်းလမ်းတွေ များတော့ အပြည့်အဝ ကာကွယ်နိုင်ဖို့ဆိုတာ အင်မတန်ခက်တယ်။

          ၁၉၈၈ မှာ အဲ့ဒီလူတွေ ဘူးသီးတောင်မောင်းတောကို သိမ်းဘို့ တစ်ခါလုပ်ကြပြန်တယ်။ စစ်တပ်က ၀င်ထိန်းလိုက်နိုင်တယ်။ အခုလည်း သန်းခေါင်စာရင်းကောက်တော့ ရိုဟင်ဟင်ဂျာ တိုင်းရင်းသား၊ ဘာညာ ဆိုပြီး လုပ်လာကြတယ်။ UN ကလည်း လူ့ အခွင့်အရေးအရ ပေးရမယ်ဆိုပြီးလုပ်တယ်။ ဒီဒေသဟာ ရိုဟင်ဂျာတွေရဲ့ ဒေသ ၊ ဒီသမိုင်းဟာ ရိုဟင်ဂျာတွေရဲ့ သမိုင်းဆိုပြီး သမိုင်းအလိမ်နဲ့  ရခိုင်ဒေသကို Occupied  လုပ်ဖို့  ကြိုးစားကြတယ်။ အစိုးရကလက်မခံပါဘူး။ ရခိုင်တိုင်းရင်းသားတွေကလည်း လုံးဝ (လုံးဝ)လက်မခံခဲ့ဘူး။ ဒါဟာ ဒီကနေ့  ရင်ဆိုင်နေရတဲ့ မရှိတရားပါ။

          ဘင်္ဂလီသူဌေး အတော်များများဟာ ရန်ကုန်မြို့ မှာ အခြေချကြီးပွားနေပါတယ်။ သူတို့ နောက်ခံ Back Ground ကောင်းတယ်။ OIC (၇၅)နိုင်ငံ ရှိတယ်။ စီမံချက်ချပြီး သူတို့ ကို အကူအညီပေးတယ်။ မတန်တဆဈေးနဲ့  မြေကွက်တွေလိုက်ဝယ်၊ ခဏနေတော့ အဲဒီနေရာတွေက ဗလီတွေဖြစ်လာ၊ မျိုးပွားနှုန်းကလည်းမြန်ဆိုတော့ ဒီအန္တရာယ်က သိပ်ကို ကြီးမားလွန်းတယ်။ ဒါကို သတိကြီးကြီးထားပြီး ကျွန်တော်တို့  တိုင်းရင်းသားတွေအားလုံး ပါးပါးနပ်နပ် ကိုင်တွယ်တတ်ဖို့  ၊ တွန်းလှန်ကြဖို့  လိုအပ်ပါတယ်။ မတွန်းလှန်နိုင်ရင် ၊ မကာကွယ်နိုင်ရင်၊ အနောက် တံခါးကျိုးသွားရင်ဖြင့် ရွှေတိဂုံဘုရားကြီး ပြတိုက်ဖြစ်သွားပါလိမ့်မယ်။

          ကိုင်း---
          ဘယ်ပုံဘယ်နည်း ကာကွယ်ကြမှာတဲ့လဲ။
          ဘယ်လိုတံတိုင်းမျိုးတွေနဲ့  တားဆီးကြမှာတဲ့လဲ။
×××××××
          တစ်ကယ်တော့ ဒီအရေး၊ ဒီအရာတွေကို ကျွန်တော်တို့  မြန်မာနိုင်ငံကို တည်ထောင်ခဲ့ကြလေတဲ့ ရှေးဘုရင်မင်းမြတ်တွေကစလို့  သိမြင်ကာကွယ်ခဲကြတာပါ။ ပုဒ်မ ၅၉(စ)လို့  အမည်မတတ်ခဲ့ကြပေမဲ့ အနော်ရထာက ရွှေဖျင်းညီနောင်ကို ကွပ်မျက်ပစ်ခဲ့တယ်။ ကျန်စစ်သားမင်းကြီးက သူ့ သမီးတော် ရွှေအိမ်စည်ကို ကုလားမင်းသား ပရိက္ခယားနဲ့  လုံးဝသဘောမတူခဲ့ပါဘူး။ မြန်မာစစ်စစ် စောလူးမင်းရဲ့  သားတော် စောယွန်းနဲ့  လက်ဆက်ပေးခဲ့တယ်။ ဘုန်းကြီးကံကြီးတဲ့ မြန်မာစစ်စစ်အလောင်းစည်သူကို မွေးဖွားခဲ့ပြီး နိုင်ငံအကျိုး၊ အမျိုးဘာသာ၊ သာသနာ အကျိုးကို သယ်ပိုးနိုင်ခဲ့ကြတယ်။ သူတို့ ခေတ်က ပုဒ်မ ၅၉(စ) မရှိသေးပေမယ့်၊ ပုဒ်မ ၅၉(စ) လို့  အမည်မတပ်ခဲ့ကြပေမယ့် သူတို့ နှလုံးသား၊ သူတို့ သွေး၊ သူတို့  ခံစားချက်တွေထဲမှာ အမျိုးဘာသာ၊ သာသနာအတွက်  ပုဒ်မ ၅၉(စ)ကဲ့သို့ ဘဲ  တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ထိန်းခဲ့ကြတာ၊ ဒါဟာသမိုင်းသက်သေပဲ၊ အနော်ရထာလက်ထက်ကစလို့  ပေးလာခဲ့တဲ့ လက်ဆင့်ကမ်းအမွေပါပဲ။

          သြော် ဘိုးဘွားဘီဘင်တွေက ဒီမြေကြီးကို ဒီအတိုင်းရှိကြစေဖို့  အမျိုးဘာသာ၊ သာသနာကို မထိပါး မပွန်းပဲ့စေကြဖို့  သူတို့ တစ်တွေတာဝန်ကျေခဲ့ကြတယ်လေ။
          သို့ ပေသည့်
          သို့ ပေသည့်
          ရင်နာတတ်မယ်ဆိုရင်တော့ ရင်နာစရာတွေအများကြီး၊ ရှက်တတ်မယ်ဆိုရင်တော့ လဲသေချင် စရာတွေအများကြီး၊ ကိုယ့်ဘက်က ခံရလွန်းလို့ လေ။

          မြန်မာနိုင်ငံကို ကျွန်လုပ်ခဲ့တာ အင်္ဂလိပ်၊ သီပေါဘုရင်ရဲ့ သွေးကို ကုလားဇာတ်သွင်းခဲ့တာ အင်္ဂလိပ်၊ တိုင်းရင်းသားအချင်းချင်း ထချအောင်လုပ်ခဲ့တာလည်း အင်္ဂလိပ်၊ ဘင်္ဂီလီတွေကို လက်နက်တပ်ပေး ခဲ့တာလည်း အင်္ဂလိပ်၊ ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံခဲ့တာလည်း အင်္ဂလိပ်၊ ဗိုလ်ချုပ်ရဲ့  သမီးကို မယား လုပ်ခဲ့တာ အင်္ဂလိပ်၊ ဒီကနေ့  သီပေါဘုရင်ရဲ့  မြေးဆိုတာ ကုလား၊ ဗိုလ်ချုပ်ရဲ့  မြေးဆိုတာ အင်္ဂလိပ်။ ကိုင်း ၂၀၁၅  မှာ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးရမယ်ဆိုတဲ့  သမ္မတတစ်ယောက် ပေါ်လာခဲ့ရင်ဖြင့် ။

          သန်း  ၆၀  ရဲ့  ကံတရားပဲပေါ့ဗျာ။

          ကိုင်း---

          ၅၉ (စ)ကို ပြင်ချင်သလား၊ ဖြုတ်ချင်သလား၊ သစ်ချင်သလား၊ သဘောတော်အတိုင်းပါ။
          ဒါဟာ သန်း  ၆၀  ရဲ့  ကံတရား၊ ဒါဟာ သန်း  ၆၀  ရဲ့  ကံတရား။



မင်းခေါင်


- ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၁)

 ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၂)




ဒေါ်စုကို အကြိမ်ကြိမ်ချီးကျူးစကားပြောပြီးနောက် မွတ်စလင်တွေကို ဆန့်ကျင်ဖိနှိပ်မှု မလုပ်ဖို့ အိုဘားမားပြော



မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ်ချီးကျူးစကား ပြောပြီးနောက် မွတ်စလင်တွေကို ဆန့်ကျင်ဖိနှိပ်မှု မလုပ်ဖို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တနင်္ဂနွေနေ့က သတိပေးလိုက်ပါတ ယ်။

ဧပြီလ ၂၇ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ မြို့တော် ခန်းမမှာ ကျင်းပတဲ့ အာဆီယံ လူငယ်ခေါင်းဆောင် ၁၀၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ အိုဘားမားကြ အဲဒီလို သတိပေးလိုက်တာဖြစ်ပြီး အဲဒီပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ် ခေါင်းဆောင် ၁၀ ဦး တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက အာရှ ၄ နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေကို သွားရောက်လည်ပတ်ခဲ့ပြီး တတိယ မြောက်နိုင်ငံအဖြစ် မလေးရှားနိုင်ငံ ရောက်ရှိ နေတာ ဖြစ်ပါတယ်။


 ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်ဆောင်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို အမြဲထောက်ခံပါကြောင်း၊  အတူယှဉ်တွဲ နေထိုင်ရမယ့် ဘာသာမတူ၊ လူမျိုး ကွဲတွေ အကြား ခွဲခြားမှုတွေ ရှိနေတာက အခုအချိန်မှာ အန္တရာယ်ရှိနေပြီလို့လည်း အိုဘားမားက ဆိုပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မြန်မာနိုင်ငံမှာ ရှိနေတာဟာ နိုင်ငံကို မကောင်းတဲ့ လားရာကို ဦးတည်စေတယ် ပြီး မွတ်စလင်တွေ အပေါ် ဖိနှိပ်မှုတွေ ရှိနေရင် မြန်မာ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အောင်မြင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက သတိပေး ပြောဆိုပါတယ်။

“ လူတွေက လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးစည်းရုံး စရာတခုလို အသုံးချနေပြီဆိုရင် ပဋိပက္ခတွေကို ဖန်တီးတာဖြစ်ပြီး ဒီကိစ္စတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် အလွန်ဆိုးဝါးတဲ့ ဦးတည်ရာကို တွန်းပို့နေတာလည်း ဖြစ်တယ်”လို့ သမ္မတ အိုဘားမား က ဆိုပါတယ်။

မကြာသေးခင်ကလည်း အမေရိကန် လွှတ်တော်အမတ်များက လူမျိုး၊ ဘာသာရေးခွဲခြား၊ ဖိနှိပ်မှုတွေ ရှိနေတဲ့ မြန်မာ နိုင်ငံအပေါ် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါ ဒအပေါ် ပြန်လည်သုံးသပ်ရေးအတွက် ဖိအားပေး ပြောဆိုမှုတွေ လည်း ပေါ်ထွက်ခဲ့ပါတယ်။

သမ္မတ အိုဘားမားက အာဆီယံ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုမှုမှာ လက်ရှိ ကမ္ဘာ့ပြဿနာတွေကို ကြိုးစားဖြေရှင်းကြတဲ့အခါ အမေရိကန်ပြည်ထောင်စုအနေနဲ့ မဟာမိတ်အဖြစ် အခိုင်အမာဆက်လက် တည်ရှိမှာဖြစ် တယ်လို့လည်း ကတိပြုသွားပါသေးတယ်။

သမ္မတ အိုဘားမားဟာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင် လျှာညှိရေးနဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဆုံမှတ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ အာရှ- ပစ္စိဖိတ်ဒေသ၊ အာရှ ၄ နိုင်ငံ ခရီးစဉ်နောက်ဆုံးနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံကို ဧပြီလ ၂၈ ရက်နေ့မှာ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။


 သမ္မတအိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းအဆက်အသွယ်အမြဲရှိသူဖြစ်ပြီး မိတ္ထွီလာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအား မွတ်ဆလင်များမှ ရက်ရက်စက်စက် သတ်ဖြတ်ချိန် နှင့် ရခိုင်ပြည်နယ်တွင် မသီတာထွေး၊ ရဲတပ်ကြပ်ကြီးနှင့် အခြား ရခိုင်တိုင်းရင်းသားများ ကို မွတ်ဆလင်များ ရက်ရက်စက်စက် သတ်ဖြတ်ချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမားတို့ နှုတ်ဆိတ်နေခဲ့ကြသည်။

. www.MyanmarExpress.net
 

ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၂)

မြန်မာနိုင်ငံအရှေ့ ဘက်မှာ တရုတ်နဲ့ ၊ အနောက်မြောက်ဘက်မှာ အိန္ဒိယစတဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေရှိတယ်ဆိုတာ လူတိုင်းသိပြီးသားပါ၊ မြန်မာနိုင်ငံဟာ ဒီနှစ်နိုင်ငံကို ထိန်းချုပ် နိုင်တဲ့ မဟာဗျူဟာနေရာတည့်တည့်မှာရှိနေတယ်။ သမိုင်းပညာရှင် ဒေါက်တာ သန်းမြင့်ဦး က သူရဲ့  " တရုတ်၊ အိန္ဒိယ ဆုံမှတ် " ဆိုတဲ့ စာအုပ်ထဲမှာ လူဦးရေအများဆုံး အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့  အခြေအနေကို တစ်စွန်းတစ်စဖော်ပြထားပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ " မြန်မာနိုင်ငံဟာ နိုင်ငံငယ်မဟုတ်၊ ပြင်သစ်နိုင်ငံကဲ့သို့  အရွယ်ပမာဏကြီး၏၊ သို့ သော် လူဦးရေ သန်း ၆၀ သာ ရှိရာ အိမ်နီးချင်းဧရာမနိုင်ငံကြီးနှစ်ခုရဲ့  စုစုပေါင်းလူဦးရေ သန်း ၁၅၀၀ နှင့် နှိုင်းယှဉ်လျင် ပိစိကွေးလေး ဖြစ်နေ၏။ ကံကြမ္မာက မည်သို့ ဖြစ်လာမည်နည်း " စသဖြင့် မေးခွန်းထုတ် ထားခဲ့တာပါ။
အဲဒီတော့ ဒီလိုဒေသတွင်း အင်အားကြီးနိုင်ငံတွေရဲ့  နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကျွန်တော်တို့  မြန်မာနိုင်ငံအခြေအနေကိုခဏထားပြီး ထိုင်းနိုင်ငံရဲ့ အခြေအနေလေးကို နည်းနည်းမြည်းစမ်း ကြည့်ရ အောင်ပါ။ 
၁၉၁၀ ခုနှစ်လောက်တုန်းက ထိုင်းနိုင်ငံမှာ တရုတ်လူမျိုးဟာ ၁၀% ခန့် သာ ရှိခဲ့ပြီးတော့ "၂၀၁၂ " စာရင်းတွေအရ ၁၄ % နဲ့ အထက် လူဦးရေသန်းပေါင်း ၉ သန်းနှင့်အထက်ရှိနေခဲ့ ပါတယ်။ တရုတ်တွေအတွက်ကတော့ ထိုင်းနိုင်ငံဟာ ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေရဲ့  အကျယ်ပြန့် ဆုံး နေအိမ်ပါပဲတဲ့။ ထိုင်း-တရုတ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကစလို့  ထိုင်းယဉ်ကျေးမှုနဲ့  လူနေမှုစနစ်တွေကို ထိုးဖောက်ခဲ့ကြတယ်။ လက်ရှိတော်ဝင်မိသားစုကိုယ်တိုင် "ချာကရီ" မင်းဆက်ဖြစ်ပြီး တရုတ်လူမျိုးတွေရဲ့  တစ်စိတ်တစ်ဒေသ၊ တရုတ်သွေးမကင်းပါဘူးတဲ့၊ "ချာကရီ" မင်းဆက်ရဲ Taksin ဘုရင်ဟာ ဂျန်ဒေါင်းလွင်ပြင်ဒေသက ရွှေ့ ပြောင်းတရုတ်လူမျိုးနဲ့  မိခင် ထိုင်းလူမျိုးတို့ ရဲ့ သား တစ်ယောက်ပါတဲ့။ 
ဝန်ကြီးချုပ်ဟောင်း သက်ဆင်မိသားစုကလည်း တရုတ်သွေးမကင်းပါဘူး၊ အဲဒါကြောင့် တရုတ်ကို အခွင့်အရေးတွေ ပေးခဲ့ရတယ်။ ထိုင်းနိုင်ငံရဲ့  စီးပွားရေးမှာ တရုတ်တွေကြီးစိုးခွင့်ရခဲ့တယ်။ ထိုင်းနိုင်ငံသား တွေကတော့ အောက်ခြေ နင်းပြားဘ၀မှာပါပဲတဲ့။ ဒါက ထိုင်းကို လက်ညိုးထိုးကြည့် မိတာပါ။ ဒါဖြင့်ရင် ကျွန်တော်တို့ ရဲ့  သီပေါမင်း သီတင်းသုံးခဲ့တဲ့ ထီးတည်၊ နန်းတည် ယဉ်ကျေးမှု ခံတပ်ကြီး ရွှေမန္တလေးကို လက်ညိုးထိုးကြည့်ကြရအောင်။ ရွှေခြေကျင်းဝတ်တဲ့ မန်းသူတွေ မတွေ့  ရတော့်ပါဘူး။ ကျုံးပတ်လည်မှာ နဂါးမီးပုံးတွေ နဂါးဟန်နဲ့  အလှဆင်မှုတွေ၊ မြို့ ရဲ့  အကွက်အကွင်း ကောင်းတဲ့နေရာတွေက အဆောက်အဦကြီးတွေဟာ နဂါးပိုင်တွေ၊မန်းမြေတွေကို တတိယပုဂ္ဂိုလ် အနေနဲ့  ကာလပေါက်ဈေးထက် ပိုပေးပြီး ၀ယ်ယူမှုတွေများလာခဲ့တယ်။ မန္တလေးသားတွေက ကိုယ့် မြို့ မှာမွေး၊ ကိုယ့်မြို့ မှာနေထိုင်ရင်း အပြင်ကိုတစ်စနဲ့ တစ်စထွက်ပေးခဲ့ရတဲ့အခြေအနေမျိုးတွေလေ။လူမှုကွန်ယက်စာမျက်နှာတွေမှာ မန္တလေး သားစစ်စစ်ဖြစ်ရင် မြို့ သစ်မှာနေရတယ်ဆိုတဲ့အရေးအသား တွေကိုလည်း မကြာခဏတွေ့ နေခဲ့ရတာပါ။
ကိုင်း ဘယ်ပုံဘယ်နည်း ကာကွယ်ကြမှာတဲ့လဲ၊ ဘယ်လိုတံတိုင်းမျိုးတွေနဲ့ တားဆီးကြမှာတဲ့လဲ။
အင်း-- နဂါးကြီး အကြောင်းနည်းနည်းပြောပြီးတော့ ကုလားကြီးဘက်ကိုခြေဦးလှည့်ကြည့်ကြ ရအောင်ပါ။ ကုလားကြီးအကြောင်းပြောရရင်တော့် နည်းနည်းရှည်ပါတယ်။ တစ်ကယ်တော့ ဒီအန္တရာယ်ကို အနောက်တိုင်းသားတွေပါ ကြောက်ခဲ့တာပါ။ ဒါကြောင့်လည်း သခွတ်ပင်မှာ မီးတကျည်ကျည်ဖြစ်နေရတဲ့ အစ္စရေး၊ ပါလက်စတိုင်းကိစ္စမှာ အစ္စရေးကို လက်သပ်ခဲ့တာ အင်္ဂလိပ်တွေလေ။ ဒါကိုကြည့်ရင် သူတို့တစ်တွေရဲ့ အမျှော်အမြင်ကြီးမားမှုကိုတောင် ကျွန်တော်တို့ လေးစားကြရဦးမယ်။

- ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၁)
http://www.myanmarexpress.net/2014/04/blog-post_28.html

ခေတ်သစ်ကိုလိုနီတွေရဲ့ ရန်ကိုကာကွယ်ထားရတာပါ



          နိုင်ငံဆိုတာ အစိုးရအဖွဲ့တစ်ခုရဲ့ ဖွဲ့စည်းထားရှိမှုနဲ့ အချုပ်အခြာအာဏာတည်ရှိပြီး လိုက်ပါဆောင်ရွက်ဖို့ အမိန့်စာတွေကို ဥပဒေနဲ့လိုက်နာစေခြင်းဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ပိုင်နက်နယ်မြေအတွင်း စီရင်ဆုံးဖြတ် အုပ်ချုပ်ပိုင်ခွင့်ရှိပြီး မိမိစီရင်အုပ်ချုပ်ပိုင်ခွင့်ကို အင်အားသုံး၍ ခိုင်မာစွာအတည်ပြုအောင် စုစည်းတိုက်တွန်း လုပ်ဆောင်နိုင်ခွင့်ရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းမျိုးလည်းဖြစ်ပါတယ်။ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ဖို့ အစိုးရတစ်ရပ် ရှိခြင်း (Government)၊ သတ်မှတ်နယ်မြေတစ်ခုရှိခြင်း (Territory)၊ လူဦးရေ(Population)၊ အချုပ်အခြာအာဏာ (Sovereignty) စတဲ့ အရည်အချင်း ၄ ရပ်နဲ့ ညီညွတ်ရမည့်အပြင် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း (Recognition) နဲ့လည်းပြည့်စုံဖို့လိုအပ်ပါတယ်။ နိုင်ငံဆိုတဲ့ ဝေါဟာရကို State ဟုလည်းကောင်း၊ Nation ဟုလည်းကောင်း သုံးနှုန်း ကြပေမယ့် အမှန်တော့ Nation အဆင့်ဖွံ့ဖြိုးတိုးတက်လာလို့ State ဖြစ်လာခဲ့ပါတယ်။

          ၁၇ ရာစုနှစ်မှစပြီး ယနေ့နားလည်လာကြတဲ့ အဓိပ္ပာယ်မျိုး စတင်ကူးပြောင်းလာခဲ့ပါတယ်။ Nation-State ဆိုတာလူထု (Nation) နဲ့ အစိုးရဖွဲ့စည်းမှု (State) အစုအပေါင်းဖြစ်ကာ အတိုကောက်အနေနဲ့Nationလို့ ယနေ့တိုင် နားလည်သုံးနှုန်းနေကြတာဖြစ်ပါတယ်။ နိုင်ငံသားဆိုတာ နိုင်ငံတစ်ခုမှာ မှီတင်းနေထိုင်ကြသူများလို့ ယေဘုယျ နားလည်နိုင်ပေမယ့် အဲ့ဒီနိုင်ငံကပြဋ္ဌာန်းထားတဲ့ နိုင်ငံသားပြုမှုဥပဒေနဲ့ ညီညွတ်ဖို့လိုအပ်ပါတယ်။ လက်တင်ဘာသာ က ဆင်းသက်လာတဲ့ မြို့ပြ(City) ၌ နေထိုင်ကြသူကို နိုင်ငံသား (Citizen)လို့ ဆိုလိုတာဖြစ်ပါတယ်။ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးပြီးတဲ့နောက် အဲ့ဒီအယူအဆ အနည်းငယ်ပြောင်းလဲလာပြီး ယဉ်ကျေးမှုသမိုင်းကြောင်း၊ ဒေသလက္ခဏာတွေပါဝင်တဲ့ အယူအဆဟာ နိုင်ငံသားဆိုတဲ့ အဓိပ္ပာယ်ကို ပိုလေးနက်လာစေခဲ့ကာ အခြား နိုင်ငံတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတစ်နိုင်ငံအတွင်း နေထိုင်သောသူ၊ သို့မဟုတ် ပြည်ပတွင် နေထိုင်သော်လည်း အဲ့ဒီနိုင်ငံက အသိအမှတ်ပြုသူဖြစ်ရင် နိုင်ငံသားလို့ သတ်မှတ်ခဲ့ကြပါတယ်။

          နိုင်ငံတစ်နိုင်ငံမှာ တစ်စုံတစ်ရာအားကောင်းတဲ့ အစိုးရတစ်ရပ်ရှိရမှာဖြစ်ပါတယ်။ အားကောင်းတဲ့အစိုးရ တစ်ရပ်မရှိတဲ့နိုင်ငံဟာ ပြိုကွဲသွားမှာပဲဖြစ်ပါတယ်။ မျက်မှောက်ကာလကိုလေ့လာကြည့်လျင် ဆိုမာလီယာနိုင်ငံဟာ အင်အားကောင်းတဲ့အစိုးရမရှိတာကြောင့် တည်ငြိမ်မှုပျက်ပြားပြီး အခြားနိုင်ငံတွေရဲ့ စွက်ဖက်မှုကို ကောင်းစွာခံနေ ရသလို ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာလည်း ကျွန်တော်တို့နိုင်ငံအတွက် သင်ခန်းစာယူစရာတွေပဲဖြစ် ပါတယ်။ ဒါတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအင်အားချိနဲ့ချိန်မှာ ပြည်တွင်းရေးရာကိစ္စရပ်တွေ၊ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေ မှာ အခက်အခဲတွေ့ရတတ်တဲ့ သာဓကတွေပဲဖြစ်ပါတယ်။

          ခေတ်သစ်အစိုးရတစ်ရပ်ရဲ့လုပ်ငန်းဟာ ပြည်သူများကောင်းစွာ အသက်ရှင်နေထိုင်ရေး၊ တည်ငြိမ်ရေး၊ စီးပွားရေးတိုးတက်မှု၊ လူမှုသာယာဝပြောရေးတို့ပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ဒီရည်မှန်းချက်တွေကို ကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်နိုင်ရမည့်အပြင် ခိုင်မာစွာရပ်တည်နိုင်ရမှာပဲဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာလည်း အုပ်စိုးသူအစိုးရနဲ့ ပြည်သူတွေကြားက သဘောတူညီချက်တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဲ့ဒီနိုင်ငံရဲ့ ကြေးမုံပြင်ပဲဖြစ်တယ်လို့ အမှတ်အသားပြုခဲ့ကြတာဖြစ်ပါတယ်။
          နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ ပထမဝီအနေအထား၊ ယဉ်ကျေးမှု၊ နိုင်ငံတွင်းနေထိုင်တဲ့ လူမျိုးစုများရဲ့အခြေအနေ၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး စတာတွေကို အတတ်နိုင်ဆုံးအံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲကြတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း ခေတ်အခါ အလိုက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်ရှိကျင့်သုံး နေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ) တို့ကို ပြဋ္ဌာန်းခဲ့ရပါတယ်။

          ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ တိုတောင်းတဲ့ကာလအတွင်း ရေးဆွဲရတာမဟုတ်ပဲ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီများ၊ များစွာသော အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေက အမျိုးသားညီလာခံကို အကြိမ်ကြိမ်တက်ရောက်၍ ကြိုးစားဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ယနေ့အချိန်အခါဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆောင်ရွက်မယ့် ကာလကိုတစ်ဖြည်းဖြည်းချဉ်းကပ်လာတာနှင့်အမျှ ပါတီခေါင်းဆောင် တွေ သမ္မတဖြစ်ခွင့်ရရှိရေးအတွက် ပုဒ်မ (၄၃၆)နဲ့  ပုဒ်မ (၅၉)စ ကို ပြင်ဆင်ဖို့ တောင်းဆိုမှု၊ လှုံ့ဆော်မှု၊ ဆန္ဒပြ မှုတွေ ပြုလုပ်နေကြတာတွေ့ ရပါတယ်။ အခြားတစ်ဖက်မှ အင်အားစုများကလည်း နိုင်ငံတော်ရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့အတွက် ဒီဥပဒေတွေကို မပြင်သင့်ကြောင်း ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေကြ တာလည်း တွေ့ရပါတယ်။

          ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတွေက လူဦးရေပေါက်ကွဲမှုကြောင့် နိုင်ငံတွင်းသို့ တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေထိုင်မှု များပြားတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ပုဒ်မ (၅၉)စ ပါ သမ္မတ အရည်အချင်းကို ပြင်ဆင်မယ်ဆိုပါက မြန်မာနိုင်ငံရဲ့ မူရင်းတိုင်းရင်းသားနဲ့ နိုင်ငံသားမဟုတ်သူတို့ တိုင်းပြည်ကို ဦးဆောင်ကွပ်ကဲခွင့်ရရှိသွားနိုင်ပြီး နိုင်ငံရဲ့ကံကြမ္မာဟာ မတွေးဝံ့စရာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အရှည်မျှော်တွေးတတ်တဲ့ အကြီးအကဲတွေက ရှေးယခင်ကပင် ဒီဥပဒေကို ကြိုတင်ပြဋ္ဌာန်းခဲ့ တာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာလည်း လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်း ခဲ့တဲ့အတိုင်း တရုတ်နဲ့အိန္ဒိယတို့ မြန်မာနိုင်ငံကို အရှေ့နဲ့အနောက်က အပြိုင်အဆိုင်ဖြတ်သန်းဝင်ရောက်ကာ နိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အချက်အခြာနေရာတွေကို တိုးချဲ့ထိန်းချုပ်မှု ပြုလုပ်လာခဲ့ကြပါတော့တယ်။ နိုင်ငံရဲ့စီးပွားရေးလောကမှာ တရုတ်နဲ့ ကုလားက ဦးဆောင်နေသလို တစ်ချိန်ချိန်မှာ နိုင်ငံရေးလောကနဲ့ နိုင်ငံ ခေါင်းဆောင်နေရာကိုရယူဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းလာမှာမလွဲဧကန်ဖြစ်ပါတယ်။

          မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုတွင် မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမျှ ကန့်သတ်ထား လိုခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၉ ရက်က ရန်ကုန်တိုင်းအစိုးရရုံး လွှတ်တော် အဆောက်အအုံမှာပြုလုပ်တဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲမှာ ထပ်မံပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ပုဒ်မ(၅၉)စ နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ထဲကို ရည်ရွယ်တာမဟုတ်ဘူးဆိုတာ သက်သေပြမှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးမရမီကာလကပင် ယနေ့တိုင်အောင် နိုင်ငံရေး စနစ်များစွာကို ဖြတ်သန်းခဲ့ဖူးပြီး နိုင်ငံခြားတိုင်ပြည်များရဲ့ သြဇာလွှမ်းမိုးမှုခံရချိန်များမှာ ၎င်းတို့ရဲ့အကျိုးစီးပွား အတွက် နိုင်ငံအတွင်းရှိ နိုင်ငံသားတွေကို အမျိုးမျိုးသွေးကွဲအောင်ပြုလုပ်ပြီး ၎င်းတို့အလိုကျ ကွပ်ကဲမှုယူနိုင်ရေး ကြိုး ပမ်းခဲ့ကြပါတယ်။ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ဗြိတိသျှအစိုးရရဲ့ တစ်ဖက် လှည့် ကောက်ကျစ်တဲ့အစီအမံအောက်မှာ နိုင်ငံသားအချင်းချင်း ပြန်လည်လုပ်ကြံစေပြီးထက်မြတ်တဲ့ နိုင်ငံရေး ဦးဆောင်မှုကို အဆုံးသတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

          ဒါကြောင့် နိုင်ငံကိုချစ်သော နိုင်ငံနဲ့လူမျိုးအတွက် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရန် ဆန္ဒပြင်းပြ တဲ့ ကျွန်တော်တို့တိုင်းရင်းသားပြည်သူများဟာ ခေတ်သစ်ကိုလိုနီကို ပြန်လည်အသက်သွင်းလိုတဲ့ တိုင်းတစ်ပါးသား တို့ရဲ့ ကြိုးပမ်းမှုကို ကာကွယ်တဲ့ဥပဒေတွေဖြစ်သော ပုဒ်မ(၅၉)စနဲ့ ပုဒ်မ (၄၃၆)တို့ကို စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေနဲ့ ဆက်လက်ကာကွယ်ကြရမှာဖြစ်ပါတယ်။

                                                                                                              စိုင်းထက်တင်

မြန်မာနိုင်ငံနှင့် ဒီမိုကရေစီခရီးလမ်း



၂၀၁၀ ကနေ ...
၂၀၁၅ အထိ တာဝန်ယူနေတဲ့ ...
ဦးသိန်းစိန် အစိုးရ ဘာလဲလို့  မေးရင် ...
အသွင်ကူးပြောင်းရေး ...
ကြားခံ အစိုးရတစ်ရပ် ဖြစ်တယ်ဆိုတဲ့ အကြောင်း ...
ကျွန်တော် ပြောခဲ့ရေးခဲ့ဖူး ပါတယ် ...

ကောင်းပါပြီ ...
အသွင်ကူးပြောင်းရေး အစိုးရရဲ့ ...
ရည်မှန်းချက် တာဝန်တွေထဲက တစ်ခုဟာ ...
ဘာများ ဖြစ်နိုင်ပါမလဲ ...

စနစ်တစ်ခုက စနစ် တစ်ခု …
ခေတ်တစ်ခုက ခေတ် တစ်ခု …
သမိုင်း တစ်ခုက သမိုင်းတစ်ခု ကို ကူးပြောင်းချိန်မှာ …
စနစ်တကျ ချောချောမွေ့ မွေ့  …
ညင်သာစွာ ကူးပြောင်းသွားနိုင်ဖို့ ပဲ ဖြစ်နိုင်ပါတယ် ….

မြန်မာနိုင်ငံဟာ …
ဘယ်အချိန်တုန်းကမှ ….
ဒီမိုကရေစီ ရေခံမြေခံတွေ …
ကောင်းမွန် ထွန်းကား ခဲ့တဲ့  နိုင်ငံမဟုတ်ခဲ့ပါဘူး…

ကိုလိုနီခေတ်ဦး မှာ ကတည်းက ….
တောင်တန်း နဲ့ ပြည်မကို ခွဲခြားအုပ်ချုပ်ခံခဲ့ရပြီး ….
များပြားလှတဲ့  လူမျိုးစုတွေ …
အတိတ်သမိုင်း ဖြစ်ရပ်တွေ …
ဘေးပတ်ချာလည်က အင်အားကြီး နိုင်ငံကြီးတွေ …
အစွန်းရောက် လက်ဝဲ လက်ယာ အယူဝါဒတွေဟာ ….
လွတ်လပ်ရေး ရပြီး သုံးလ အကြာမှာပဲ …
ကမ္ဘာ့  အရှည်ဆုံး ပြည်တွင်းစစ်ကြီးကို …
မွေးဖွားပေးခဲ့ပါတယ် …

ဒီ စစ်နဲ့ အတူ …
မြန်မာ့နိုင်ငံရေးလောက မှာ လဲ …
ငါ နဲ့  မတူ ငါ့ ရန်သူ …
ရန်သူ ကို အပြတ်ရှင်းရမယ် ဆိုတဲ့  …
အစွန်းရောက် ရယ်ဒီကယ် အစွဲတွေဟာ…
ရှင်သန်ကြီးထွား ဖွံ့ ဖြိုး လာခဲ့ပါတယ် …

မြန်မာပြည်ဟာ …
၁၉၄၈ က ၁၉၆၂ အထိ ပါလီမန် ဒီမိုကရေစီ ခေတ် …
၁၉၆၂ က ၁၉၈၈ အထိ ဆိုရှယ်လစ် ခေတ် …
၁၉၈၈ က ၂၀၁၀ အထိ စစ်အစိုးရ ခေတ် …
စတဲ့ ခေတ်ကာလ ကြီး သုံးခုကို ဖြတ်သန်းခဲ့ရပါတယ် …

အဓိပ္ပာယ်ကတော့ ….
ဒီကနေ့ အသက် ၅၂ နှစ် ရှိတဲ့ သူ တစ်ဦးဟာ …
ပါလီမာန် ဒီမိုကရေစီ ခေတ်ကို ….
လုံးဝ မမီလိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ ….

တိုင်းပြည်မှာ ရှိတဲ့ လူအများစုက ….
ဆိုရှယ်လစ် ခေတ် …
စစ်အစိုးရ ခေတ် တွေမှာပဲ ….
ကြီးပြင်းလာရတဲ့ အတွက် ….
လက်ရှိ ကာလမှာလဲ ….
ဒီခေတ် ဒီစနစ်တွေ ရဲ့ ….
စဉ်းစားတွေးခေါ်ပုံ အယူအဆတွေကပဲ …
လူအများစုကို လွှမ်းမိုးထားနေတုန်းလဲ ဖြစ်ပါတယ် ….

စနစ် က ဒီမိုကရေစီ …
လူတွေ က ဆိုရှယ်လစ် ….
စနစ်က ဒီမိုကရေစီ …
လူတွေ က အာဏာရှင် ဆိုလို့ ကတော့ ….
နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ် ဆိုတဲ့  စကားဟာ ….
ဟာသ သက်သက် မဖြစ်နိုင်လောက်ပါဘူး …

လက်ရှိ အသွင်ကူးပြောင်းရေး အစိုးရ ရဲ့  ….
အဓိကတာဝန်ဟာ …
ကိုယ် ကျင့်သုံးမယ့်  ဒီမိုကရေစနစ် နဲ့  …
လက်လျောညီထွေရှိမယ့် Mind Set တွေ ….
ဖွံ့ ဖြိုး ရှင်သန်လာစေရေး ပဲ ဖြစ်ပုံ ရပါတယ် …

ဒီ အစိုးရ လက်ထက် သုံးနှစ်အတွင်း …
ဘာတွေပြောင်းလဲ ခဲ့  ပြီးပါပြီလဲ ….
ဟုတ်ကဲ့  …
ကျွန်တော်တို့ စိတ်ဓာတ်တွေ အမြင်တွေ ….
အထိုက်အလျောက် ပြောင်းလဲ…
အတွေ့ အကြုံ ရခဲ့ ရပါပြီ …

ဥပဒေနဲ့ အညီ ဆန္ဒပြ တာဟာ …
တားဆီးဖို့  မသင့်တဲ့  အရာတစ်ခုလို့  …
အောက်ခြေ တာဝန်ရှိသူ ၀န်ထမ်းတွေပါ …
သဘောပေါက်စ ပြုလာသလို ….
ဆန္ဒထ ပြတိုင်း ….
လက်ခုပ်တဖြောင်းဖြောင်း တီးစရာမလိုဘူးလို့ လဲ …
ပြည်သူတွေ သဘောပေါက်စ ပြုလာပါပြီ ….

မင်း ပြောတာ မင်း လုပ်တာ ….
မင်း လွတ်လပ်ခွင့် ….
ငါ ပြောတာ ငါလုပ်တာ …
ငါ့ လွတ်လပ်ခွင့် …

မင်း လွတ်လပ်ခွင့် ဟာ …
ငါ့ လွတ်လပ်ခွင့် နဲ့ ထိပ်တိုက် တွေ့ ချိန်မှာ …
အဆုံးသတ် တယ် …
ငါ့ လွတ်လပ်ခွင့်ဟာ …
မင်း လွတ်လပ်ခွင့် နဲ့ ထိပ်တိုက်တွေ့ ချိန်မှာ …
အဆုံးသတ် တယ် ….
ဆို တဲ့  အဓိပ္ပာယ်ကို လဲ ….
ကျွန်တော်တို့ လက်တွေ့ သင်ယူနေကြရပါပြီ …

ကျွန်တော်တို့  အတွက် …
ဒီအချိန် မှာ အရေးအကြီးဆုံးဟာ ….
ဘယ်သူ ဘယ်ဝါ သမ္မတ ဖြစ်ဖို့ ဆိုတာထက် ...
ဘာ ပြသနာမှ ကြီးကြီးမားမား မဖြစ်ဘဲ …
ဒီမိုကရေစီ စနစ်ကို …
အေးချမ်းငြင်သာစွာ ....
အဆင့်ဆင့် ကူးပြောင်းသွားနိုင်ဖို့ ပဲ ….
ဖြစ်ပါတယ် …

ကိုယ်ဖြစ်ချင်တာ မဖြစ်ရင် …
မဖြစ်ဖြစ်အောင် ….
ဥပဒေဘောင်ထဲက …
လွှတ်တော်ထဲက ….
နိုင်ငံရေးနည်းလမ်းနဲ့ ပဲ ကြိုးပမ်းရမှာပါပဲ …
တစ်ခြားနည်းလမ်းနဲ့  လုပ်ဆောင်ဖို့ ကို …
ဒီမိုကရေစီ စနစ်မှာ ခွင့်ပြုမထားပါဘူး ….

လိုချင်တာ မရရင်
လမ်းပေါ်တက် တိုက်ပွဲဆင်မယ် ဆိုတဲ့  ….
အယူအဆ ဟာ …
ဒီနေ့ ဒီခေတ်မှာ ...
လုံးဝ အပြီးသတ် စွန့် လွှတ်လိုက်သင့်ပါပြီ …

စနစ်တစ်ခုက စနစ်တစ်ခုကို ...
ကူးပြောင်းတယ်ဆိုတာ …
တကယ်ရော ….
လွယ်ကူတဲ့  ကိစ္စ တစ်ခု ဟုတ်ပါသလား…

ကမ္ဘာ့ နိုင်ငံ အများစု မှာတော့ …
သွေးထွက်သံယို အကြမ်းပတမ်း ဖြစ်ရပ်တွေ …
နောက်ကြောင်း ပြန်လှည့်သွားရတာတွေ နဲ့ ပဲ…
အဆုံးသတ် ရလေ့ ရှိတတ်ပါတယ် …

တကယ်လို့  ….
ကျွန်တော်တို့ စနစ်တကျ အသွင်ကူးပြောင်းနေတာ ….
အောင်မြင်သွားခဲ့ ရင်တော့ …
ကမ္ဘာ့ သမိုင်း မှာ ….
ထူးခြားတဲ့  Model အသစ်တစ်ခု ….
ဖြစ်လာနိုင်ဖွယ် ရှိပါတယ် …

ကျွန်တော်တို့ မှာ လိုအပ်နေတာကတော့ …
စိတ်ရှည်ပြီး မလောဖို့  …
အမြင်ကျယ်ဖို့ ပဲ ဖြစ်ပါတယ် …

ဥပမာ အနေနဲ့  ပြောရရင် ....
၂၀၁၀ အစိုးရ အသစ် တက်လာတဲ့ အချိန်မှာ ....
ဓာတ်ဆီကို နူန်းရှင် သတ်မှတ်ပြီး …
ပုဂ္ဂလိက ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ် …
လွှဲပြောင်းခါစမှာ …
ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့  ….
ဆီသယ်သဘောင်္တွေ ၊ ယာဉ်တွေ ….
ဆီလှောင်ကန်တွေ ၊ ဆီဆိုင်တွေ ၊ ၀န်ထမ်းတွေ …
တည်ဆောက် နေရသေးတဲ့ အတွက် …
ရလာဒ် က ချက်ချင်း ဖြစ်ပေါ်မလာပဲ ….
ဆီဆိုင်တွေမှာ ကျိတ်ကျိတ်တိုး …
တန်းစီခဲ့ရတဲ့  အချိန်ကာလတွေ…
သင်္ကြန်တွင်းဆို ….
ဆီဈေး ခေါင်ခိုက်နေအောင်တက်တဲ့ ကာလတွေကို …
မှတ်မိကြအုန်းမယ် ထင်ပါတယ် …

အခု လက်ရှိ အခြေအနေမှာတော့…
ဘယ်လိုများ ဖြစ်နေပါပြီလဲ …

တိုင်းပြည်ဟာ ...
တိုးတက်စ ပြောင်းလဲစ ပြုနေပြီ ဟုတ်မဟုတ် …
ပြန်စဉ်းစား ကြည့်စေချင်ပါတယ် …

တကယ်တော့ ဒီမိုကရေစီဆိုတာ …
ကျွန်တော်တို့ တိုင်းပြည်အတွက် …
ချီတက်စရာ အများကြီး ကျန်သေးတဲ့  …
ခရီးရှည်ကြီး တစ်ခုပဲ ဖြစ်ပါတယ် ..

တက်လာတဲ့ အစိုးရ အဆက်ဆက် …
ဒီမိုကရေစီ စနစ် အဓွန့် ရှည် ဖွံ့ ဖြိုးဖို့ …
လိုအပ်တဲ့ ရေခံမြေခံတွေ ပေါ်ပေါက်လာအောင် …
စိုက်လိုက်မတ်တတ် ဆက်လုပ်သွားရမှာပါ ….

ကိုယ် လုပ်နေတဲ့  ...
ကိုယ့် ပါတီ လုပ်နေတဲ့  လမ်း ဟာ ...
ဒီမိုကရေစီ ရေခံမြေခံ အခြေခံအဆောက်အအုံတွေ ...
ပို ဖွံ့ ဖြိုး တိုးတက်လာစေသလား ...
ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို ဆက်ကျင့်သုံးနေပြီး ....
လမ်းပိတ် တစ်ခုကို ဦးတည်နေသလားဆိုတာတော့ ...
ကိုယ့် ဖာသာကိုယ်ပဲ ...
ပြန် ဆန်းစစ်ကြည့်ဖို့  လိုပါတယ် ...


ဘယ်သူ ဘယ်ဝါ တက်မှ ဆိုတဲ့  …
ပုဂ္ဂိုလ်စွဲတွေ ပါတီစွဲတွေထက် …
တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ဖို့  အတွက် …
ပို အဆင်ပြေချောမွေ့ စေတဲ့  ….
ပို သေချာတဲ့  လမ်းကြောင်းကို ပဲ ...
လျှောက်လှမ်း ရွေးချယ်နိုင်ဖို့ …
နိုင်ငံရေး နယ်ပယ်ထဲက Player အားလုံးကို
တိုက်တွန်း လိုပါတယ် …

စစ်နည်းဗျူဟာ ဥပဒေသ တွေမှာ …
လျှင်မြန်မှုကို ဦးစားပေး ချီတက်ရင် …
လုံခြုံမှု လျော့နည်းပြီး …
မလိုလားအပ်တဲ့  အထိအခိုက် …
အဆုံးအရှုံးတွေ ဖြစ်ပေါ်စေပါတယ် …

လုံခြုံမှုကို ဦးစားပေးပြီး …
ရပ်သင့်တဲ့ နေရာရပ် …
ရှင်းသင့်တဲ့ ကုန်း ကို တက်ရှင်း …
ကားပေါ်က ဆင်းလျှောက်သင့်တဲ့ နေရာ လျှောက် …
စိတ်ရှည်ရှည် နဲ့  ချီတက်မယ် ဆိုရင် ….
နှေးပေမယ့် ....
အထိအခိုက် အကျအဆုံး ....
မရှိသလောက် နည်းပါးပြီး ...
နောက်ဆုံးမှာ ပန်းတိုင်ကို ခြေချမိတာပါပဲ ...

တစ်ခါတစ်လေမှာတော့ ....
ဝါ၀ါ မြင်တိုင်း ရွှေမထင်ဖို့ ပဲ ...
ဆိုချင်ပါတော့တယ် ခင်ဗျား ....

- ရဲမိုး

ပြင်လိုကပြင်၊ သစ်လိုကသစ်၊ ထုတ်လိုကထုတ်၊ ဖြုတ်လိုကဖြုတ် ဒါ သန်း(၆၀)ရဲ့ ကံတရား အပိုင်း (၁)



၂၀၁၃ နှောင်းပိုင်းကာလတစ်လျောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလှုပ်ရှားဆောင်ရွက် မှုတွေ အရှိန်အဟုန်မြင့်တက်လာခဲ့တယ်။ နယ်ပယ်တော်တော်များများမှာ ကျယ်ကျယ်လောင်လောင် အသံထွက်လာတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း()၊ နိုင်ငံတော်သမ္မတအခန်း၊ ပုဒ်မ ၅၉()ပါ ပြဌာန်းချက်များအကြောင်း ဖြစ်ပါတယ်။


ပုဒ်မတူဖြစ်တဲ့ ၅၉()ထက်တောင် အသံပိုကျယ်၊ အသံပိုထွက်တဲ့ ပိုဒ်ခွဲဖြစ်တယ်။ ဒီဥပဒေဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လုံးဝလွတ်ကင်းပြီး နိုင်ငံသားတစ်ယောက်ရဲ့ တန်းတူညီမျှ ရပိုင်ခွင့်ကို ပိတ်ပင်ထားဆီးထားတဲ့ ဥပဒေဖြစ်တယ်လို့ ဒီမိုကရေစီအင်အားစုတချို့က ထောက်ပြလာခဲ့တယ်။ တစ်ချို့ကလည်း ဒါဟာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ချမှတ်ခဲ့တဲ့ သဘောတရားပါဆိုပြီး တုန့်ပြန်ကြတယ်။ အမျိုးသားရေးဝါဒီတွေကတော့ ၅၉()ဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။ 
    လုံးဝမပြင်ကြပါနဲ့တဲ့၊ ပြင်မယ်ဆိုရင်တောင် အမျိုး၊ ဘာသာ၊ သာသနာကို မထိခိုက်စေနိုင်မယ့် ပြင်နည်းမျိုးနဲ့ ပြင်ရမယ်လို့ အကြံပြုတယ်။ ကေ၀ဋ်ပုဏ္ဍားတွေကျပြန် တော့လည်း အနာဟောင်းကို မတွေ့တွေ့အောင်ရှာပြီး ထုံးစံအတိုင်း အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ကြတဲ့အထိ ပွဲဆူခဲ့ပါတယ်။ အဲ့ဒီတော့ ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ ဒီမိုကရေစီကျင့်စဉ်အရ လွတ်လပ်စွာ သဘောကွဲလွဲခွင့်၊ ပြောခွင့်၊ ဆိုခွင့်၊ ရေးသားခွင့်တွေကို အခြေတည်ပြီး နိုင်ငံတကာမှာ သမ္မတ အရည်အချင်းနဲ့ ပတ်သက်လို့ သူတို့တစ်တွေရဲ့ အခြေခံဥပဒေတွေရယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေရယ်၊ လက်လှမ်းမီသလောက် နည်းနည်းဖြစ်ဖြစ် တီးခေါက်ကြည့်ရအောင်ပါ။


   အမေရိကန်မှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတလုပ်မယ့်သူတွေဟာ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်ရုံတင်မကပါဘူး၊ အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေဒေသတစ်ခုခုအတွင်းမှာ မွေးဖွား ခဲ့ကြတဲ့သူတွေဖြစ်ရမယ်လို့ ပြတ်ပြတ်သားသားဆိုထားပါတယ်။ ဒါတောင် အမေရိကန်နိုင်ငံဆိုတာ သမိုင်းကြောင်းယဉ်ကျေးမှု မလှပခဲ့တဲ့နိုင်ငံပါ။ တည့်တည့်ပြောရရင်၊ ဒါငါ့လူမျိုး၊ ဒါငါ့ယဉ်ကျေးမှုလို့ မ ၀ံ့ထည်နိုင်ခဲ့တဲ့ နိုင်ငံနဲ့လူမျိုးပါ။ အမေရိကန်ရယ်လို့မဖြစ်ခင်က Red Indian တွေနေတဲ့တိုက်၊ အဲ့ဒီကို ကိုလံဘတ်ကရောက်သွားခဲ့တာ။ ရောက်ပြီးနောက်ပိုင်းမှာ အင်္ဂလန်က သေဒဏ်ကျတဲ့သူတွေ၊ တစ်ကျွန်းသမားတွေ အဲ့ဒီကိုသွားပို့တာ သွားပို့ရင်း သယံဇာတကြွယ်ဝတော့ ဝင်ကျူးကျော်တယ်။ Red Indian တွေ မျိုးတုန်းကုန်ပါရောလား၊ အဲ့ဒါက အမေရိကန်သမိုင်းပါပဲ။ 

    သူတို့လူမျိုးရဲ့ မရှိခဲ့၊ မလှခဲ့တဲ့ သမိုင်းကြောင်းကို အပုပ်ချတာမဟုတ်ပါဘူး၊ သို့ပေသည့် သူတို့လိုနိုင်ငံမျိုးမှာတောင် သမ္မတဖြစ်ခွင့်ကို နိုင်ငံသားဖြစ်ရမယ်၊ မွေးတဲ့အချိန်မှာ နိုင်ငံခြားကိုရောက်နေခဲ့ရင် သမ္မတဖြစ်ခွင့်မရှိဘူးလို့ ကန့်သတ် ထားပါတယ်။ အဲ့ဒီလို ဥပဒေသတ်မှတ်ချက်မျိုး နယ်သာလန်မှာလည်းရှိတာပါ။ ဒုတိယ ကမ္ဘာစစ်တုန်းက နယ်သာလန်ဘုရင်မဟာ ဂျာမန်ရန်ကလွတ်အောင် ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကနေဒါကို တိမ်းရှောင် ခဲ့ရပါတယ်။ နန်းလျာရင်သွေးကို မွေးတော့ ကနေဒါမှာမမွေးဘဲ နယ်သာလန် နိုင်ငံ အလံထောင်ထားတဲ့ သူတို့နိုင်ငံပိုင် သင်္ဘောတစ်စီးပေါ်မှာ ခက်ခက်ခဲခဲ မွေးဖွားခဲ့တာပါ။

     ဗြိတိသျှစည်းမျဉ်း ဥပဒေအရ ဘုရင်ဖြစ်မယ့်သူနဲ့ အိမ်ထောင်ဘက်တွေဟာ ရိုမန်ကက်သလစ် ကိုးကွယ်သူ မဖြစ်စေရပါဘူးတဲ့။ နိုင်ငံခြားသားကို လက်ထပ်ရမည်ဆိုရင်လည်း ပါလီမန်တွေရဲ့ ခွင့်ပြု ချက်ကို တောင်းရပါတယ်။ ဒါကြောင့် အက်ဒွက်ဘုရင်ဟာ နိုင်ငံခြားသူကို ယူခဲ့လို့ နန်းစွန်ခဲ့ရတယ်။ သူတို့  ဆီမှာ သမ္မတဖြစ်ခွင့် ၊ ဘုရင်ဖြစ်ခွင့်ကို အခြေခံဥပဒေအရ အဲ့ဒီလိုကန့် သတ်ထားတာပါ။ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တာ၊ ကိုယ့်သမ္မကို ကိုယ့်အမျိုးစစ်စေချင်တာ၊နိုင်ငံတိုင်း လူမျိုးတိုင်းရဲ့  သဘာဝလေ။



ကိုင်း--ဒါဖြင့် ကျွန်တော်တို  နိုင်ငံမှာတော့၊ မြန်မာနိုင်ငံအကြောင်း ပြောရရင်၊ ၅၉(အကြောင်းကို ပြင်ကြပြုကြမယ်ဆိုရင် ကျွန်တော်တို့ မလွှဲမသွေထည့်စဉ်းစားရမယ့်အချက်က ကျွန်တော်တို  တိုင်းပြည်ရဲ့  ပထ၀ီနိုင်ငံရေးပါပဲ။

NLD မြို့ ပခုက္ကူ တွင် အမျိုးစောင့်ဥပဒေ ထောက်ခံဆွေးနွေးပွဲ လူ ၂၀၀၀ ကျော် လာတက်သဖြင့် nld မျက် နှာ မ ကောင်း

From : .. nay wai

ပခုက္ကူ ဟာ nld မြို့ ဖြစ်တယ်
မ နေ့ က ပွင့် လင်း နဲ့ nld ပေါင်း ပြီး
ဗော ဓိ မဏ္ဌိုင် ကျောင်း မှာ
မျိုး စောင့် ဥ ပ ဒေ ပြ ဌာန်း တဲ့ ကိစ်စ ကို
တားတယ် ဆရာ တော် တစ်ပါး က ငေါက် လွှတ် တယ်
ဒီ နေ့ ဟော ပြော ပွဲ လူ ၂၀၀၀ ကျော် လာ တော့ nld မျက် နှာ မ ကောင်း ဘူး
တကယ်က ပြည်သူက nld လူ တွေ ပြည်သူ့ဆန်ဒ ကို nld ဆန့်ကျင် မိ နေ တာ ကို သံ ဝေဂ ယူ သင့် ပြီ














 .. www.MyanmarExpress.net
 

သုက်ကောင်နှင့်မျိုးဥမျက်နှာပြင်မှ အဓိကကျသောပရိုတိန်းများကို တွေ့ရှိခြင်းက သန္ဓေအောင်စေရေးကုသမှုများအတွက် အလားအလာရှိလာ

From : ..YMG


၂ဝဝ၅ ခုနှစ်က သုက်ကောင်၏ မျက် နှာပြင်ပေါ်ရှိ ပရိုတိန်းတစ်မျိုးကို ဂျပန်သု တေသီများက တွေ့ရှိခဲ့သည်။ ယင်းပရိုတိန်း က သန္ဓေသားလောင်းတစ်ခု ဖြစ်ပေါ်ရေး အတွက် တွယ်ဆက်ပေါင်းစပ်ရန် မျိုးဥကို ရရှိသည်။ ဂျပန်သုတေသီတို့က ဂျပန်တို့၏ထိမ်းမြားမှုဆိုင်ရာ အထွတ်အမြတ်နေရာ တစ်ခုကို အစွဲပြု၍ ယင်းပရိုတိန်းကို အိဇုမို ဟုခေါ်ခဲ့ကြသည်။

ယခုအခါ ယူကေရှိ သုတေသီများက လည်း မျိုးဥပေါ်မှ မိတ်ဖက်ပရိုတိန်းတစ်ခု ကို တွေ့ရှိထားပြီး ¤င်းသုတေသီတို့က ယင်း ပရိုတိန်းကို သန္ဓေအောင်ခြင်းနှင့် ထိမ်းမြား ခြင်းဆိုင်ရာ ရောမနတ်သမီး၏အမည်ကို အစွဲပြု၍ ဂျူနိုဟုခေါ်သည်။
ယူကေနိုင်ငံ ကိန်းဘရစ်ရှိ Well come Trust Sanger Institute မှ သုတေသီများ သည် ¤င်းတို့၏ လေ့လာတွေ့ရှိချက်များကိုNature ဂျာနယ်တွင်အစီရင်ခံခဲ့သည်။

''ကိုယ်ဝန်ရှိဖို့ မဖြစ်မနေပေါင်းစည်း ရမယ့် သုက်ကောင်နဲ့မျိုးဥပေါ်က မော်လီ ကျူးတွေကို ခွဲခြားသိရှိခြင်းအားဖြင့် ဇီဝဗေ ဒပညာမှာ ကာလရှည် ပဟေဠိဖြစ်နေတဲ့ အရာတစ်ခုကို ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။ ဒီလို မရှိမဖြစ် အပြန်အလှန်တုံ့ပြန်မှု မရှိ ရင် သန္ဓေအောင်မှုဆိုတာ ဖြစ်မလာနိုင်ပါ ဘူး''ဟု အဆိုပါအင်စတီကျု၏ Cell Surface Signalling Laboratory ကို ဦး ဆောင်သူ အကြီးတန်းစာတမ်းရေးသူ ဒေါက် တာဂေဗင်ရိုက်က ပြောကြားခဲ့သည်။

ယခုကဲ့သို့တွေ့ရှိမှုက သန္ဓေအောင် ရေးကုသမှုများနှင့် ပဋိသန္ဓေတားဆေးသစ် များ ထုတ်လုပ်ရေးတို့တွင် တိုးတက်မှုများ ရရှိလာမည်ဟု ဂေဗင်ရိုက်နှင့် လုပ်ဖော်ကိုင် ဖက်သုတေသီတို့က မျှော်လင့်နေသည်။

ပထမအဆင့်အနေဖြင့် သုတေသီအ ဖွဲ့သည် အိဇုမိုကို အတတ်ပညာဖြင့် ဖန်တီး ပြီးြ<ွကက်မျိုးဥတစ်ခု၏ မျက်နှာပြင်ပေါ်ရှိ ပေါင်းစည်းပါတနာများကို ရှာဖွေတွေ့ရှိရန် အသုံးပြုခဲ့သည်။ အဆိုပါအိဇုမိုသည် ဂျူနိုဟုပြန်လည်အမည်ပေးထားသော folate receptor 4 (Folr 4) နှင့် ပေါင်း စည်းသည်ကို သုတေသီတို့ တွေ့ရှိခဲ့သည်။
ထို့နောက် သုတေသီတို့သည် ဥများ ပေါ်တွင် ဂျူနိုပရိုတိန်းမရှိသောြ<ွကက်အမ များကိုြ<ွကက်ထီးများ၏သုက်များ ထိုးပေး ခဲ့ရာ ¤င်ြး<ွကက်များ သန္ဓေမအောင်သည် ကို တွေ့ခဲ့ရသည်။

¤င်ြး<ွကက်အမများ၏ မျိုးဥများသည် ပုံမှန်သုက်များနှင့် တွယ်ဆက်ပေါင်းစည်း မှု မရှိခဲ့ပေ။ ယင်းသို့ဖြစ်ခြင်းက ဂျူနိုပရိုတိန်း သည် ထိုအဆင့်၌ မရှိမဖြစ်လိုအပ်နေပြီး အမဘက်မှ သန္ဓေအောင်မှုအတွက် လိုအပ် နေကြောင်း ပြသလျက်ရှိသည်။

တစ်ဖန် သုတေသီများသည် သုက် များ၏မျက်နှာပြင်တွင် အိဇုမို ပရိုတိန်းမပါ သော သုက်များနှင့် စမ်းသပ်ရာတွင်လည်း သန္ဓေမအောင်ကြောင်း တွေ့ရှိခဲ့ကြသည်။
 

  .. www.MyanmarExpress.net
 

ကျွန်းစုမြို့နယ် NLD ပါတီဝင်များမှ ညောင်ဘီးကျေး ရွာဓမ္မရက္ခိကျောင်း ဆရာတော်အား ရိုင်းစိုင်းစွာ ဆဲဆို စိန်ခေါ်

From : .. https://www.facebook.com/MyanmarHeadlineNews



(ဓာတ်ပုံ_ကျွန်းစု NLD ပါတီ ဥက္ကဋ္ဌ ဦးကိုလေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်တင်တင်ရီတို့အား တွေ့ရစဉ်)
 
မြိတ်ခရိုင်ကျွန်းစုမြို့နယ်ညောင်ဘီးကျေးရွာ၌ဘုန်းတော် ကြီးကျောင်း ဆရာတော်အား NLD ပါတီဝင်များမှ မိုက်ရိုင်းစွာ ဆဲဆိုမှု ဧပြီလ (၂၀) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ညောင်ဘီး ကျေးရွာ သူ ရွာသားများထံမှ သိရှိရပါတယ်။

ဖြစ်ပွားရခြင်း အကြောင်းရင်း ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျွန်းစု မြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုလေး အပါအ၀င် စုစုပေါင်း အင်အား (၁၅) ဦးခန့်သည် ညောင်ဘီးကျေးရွာဓမ္မရက္ခိကျောင်း၌ ဆွေးနွေးပွဲ ပြုလုပ်စဉ် ဆရာတော် က ၄င်း NLD အဖွဲ့အား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အကြောင်း မေးမြန်း ရာတွင် ညောင်ဘီးကျေးရွာ NLD ပါတီဝင် ဒေါ်အေး စန်းမှ ဆရာတော်က လူတွေလှူတဲ့ ဆွမ်းတစ် နပ်စားပြီး ဒီမိုကရေစီ ကို ထိခိုက် ပြောဆိုတယ်။ ဘာမှ နိုင်ငံရေး အကြောင်း နားမလည်ဘဲနဲ့ ကျွန်မတို့ NLD ပါတီကို စော်ကားတယ်။

ဒီလိုမျိုးစော်ကားတာကျွန်မမခံဘူး။သင်္ကန်းချွတ်ပြီး ကျွန်မနဲ့ နဘန်းလုံး ရအောင် ဟု ဆရာတော်အား စိန်ခေါ် ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကျွန်းစု NLD ဥက္ကဋ္ဌ ဦးကိုလေးကလဲ လူလိမ္မာ စကားကို ယုံ၊ လူမိုက်စကားကို မယုံနဲ့၊ ၀ိနည်း မညီ၊ သီလ မရှိ ၊ နိုင်ငံရေး လုပ်နေတဲ့ ဘုန်းကြီးမျိးကို တရားစွဲမည် ဟု ဆဲဆို ကြိမ်းမောင်း ခဲ့ပါတယ် ။ ညောင်ဘီး ကျေးရွာ NLD အတွင်းရေးမှူး ဦးခင်မောင်ဝင်းကလဲ နိုင်ငံရေး လုပ်မယ် ဆိုရင် သင်္ကန်းကို အရင်ချွတ်ပြီး လုပ်ပါ၊ ဟု ပြောဆိုခဲ့ပါတယ်။
ထိုသို့ ဆဲဆို ကြိမ်းမောင်းပြီးနောက် ဆရာတော် ဆရာတော် အား ၄င်းတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပုတ်ခတ် ပြောဆိုမှုဖြင့် တရားစွဲပေးရန် ဒေါ်အေးစန်းက လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီထံ တောင်းဆိုရာ ဒေါ်တင်တင်ရီက ဆရာတော်အားတရားစွဲဆို နိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ် ။


.. www.MyanmarExpress.net