Subscribe to our RSS Feed

အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေသူများ

    


 မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရသော သမိုင်းဖြစ်စဉ်များကို ပြန်လေ့လာကြည့်ပါက လွတ်လပ်ရေးကြိုးပမ်းမှု ကာလ၊ ပါလီမန်ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ပြည်ထောင်စုအစိုးရခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နှင့် တပ်မတော်အစိုးရခေတ် စသည့်ခေတ်အဆက်ဆက်တို့တွင် နိုင်ငံတော်၌ အရေးကြုံလာတိုင်း တပ်မတော်မှကယ်တင်ခဲ့ရသည်ဟု တပ်မတော်အကြီးအကဲများမှ ပြောဆိုမှုများအပေါ် အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီအချို့မှ ဝေဖန်ပြောကြားမှုများကို ကြားသိနေရပါတယ်။ ဒါ့အပြင် တပ်မတော် အနေဖြင့် ပြည်ပရန်ကိုကာကွယ်ရန်သာ တာဝန်ရှိပြီး Rule of Law အရ ၀င်ရောက်ဆောင်ရွက်ရန် တာဝန်မရှိဟု ပြောဆိုမှုများ ရှိနေတာကိုလည်း ကြားသိနေရပါတယ်။  ထိုသို့ပြောဆိုသူများမှာ တပ်မတော်အပေါ် ဆန့်ကျင်ဖက် အမြင်သာရှိပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးအမြင်မရှိသူများမှ ပြောကြားနေခြင်းဖြစ်နိုင်သည်ဟု ယူဆမိပါတယ်။

          Globalization ဖြစ်စဉ်တွင် ပြောင်းလဲလာသော လုံခြုံရေးသဘောတရားတို့အရ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် ပြည်ပရန်ကိုကာကွယ်ရန်အတွက်သာမကတော့ဘဲ ပတ်ဝန်းကျင်လုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ လူမျိုးစုအဖွဲ့အစည်းလုံခြုံမှု၊ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှု စသည့် လူမှုအသိုက်အမြုံလုံခြုံရေးမှ လူသား တစ်ဦးချင်းလုံခြုံရေးအထိ တာဝန်ရှိလာကြောင်း ကုလသမဂ္ဂ၏ ထောင်စုနှစ် အစီရင်ခံစာတွင် ဖော်ပြထားတာကို ဖတ်ရှုလေ့လာဖူးပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၃၉ တွင်  “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ် ရေးအတွက် ဦးဆောင်ရမည်” ဟုလည်း အတိအလင်းပြဋ္ဌာန်းထားတာကို ဖတ်ရှုလေ့လာခဲ့ဖူးပါတယ်။ မြန်မာ့    သမိုင်း ခေတ်အဆက်ဆက်မှာ တပ်မတော်က အသက်ပေး ကယ်တင်ဆောင်ရွက်ခဲ့တာတွေကို ခဏထားပါဦး။

     ယနေ့ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ခံရေးလုပ်ငန်းနှင့်ပတ်သက်ပြီး  တစ်မျိုးသားလုံးအရေးဖြစ်လို့ အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတာကို အားလုံးအသိဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း မကောက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့ပြီဖြစ်၍ မြန်မာပြည်သူလူထုအနေဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အလှမ်းဝေးကွာနေပြီဖြစ်ပါတယ်။ သန်းခေါင်စာရင်း ဟု ဆိုလျှင် မိဘပြည်သူတို့ လက်ထဲတွင်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းကိုသာ အမှတ်စွဲနေကြသော်လည်း နိုင်ငံ အများစုတွင် သန်းခေါင်စာရင်းဟုသာ သုံးနှုန်းကြပါတယ်။


          ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ဖွံ့ဖြိုးမှုနှင့်လူဦးရေတိုးတက်မှုကို တိုင်းတာနိုင်ရန်အတွက် ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အကြံပြုထားပါတယ်။ ကမ္ဘာ့သန်းခေါင်စာရင်းကောက်ယူမှုအစီအစဉ်အရ ၂၀၀၅ ခုနှစ်ကစတင်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံတွင်လည်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ကနေ၊ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်တာ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနေပြီဖြစ်ပါတယ်။  သတင်းစာထဲမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ လက်နက်ကိုင်အဖွဲ့အစည်းအချို့က နောက်ကွယ်မှဟန့်တားခြိမ်းခြောက် နှောင့်ယှက် နေကြကြောင်းလည်း ရေးသားဖေါ်ပြထားတာကို တွေ့ရှိရပါတယ်။ 

      ဒီလိုအချိန်မှာလည်း တပ်မတော်နဲ့ ပတ်သက်၍ အမျိုးသားရေးတာဝန်ကိစ္စ ဝေဖန်ပြောကြားနေတဲ့ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းတွေက မည်သည့်ကူညီ ထောက်ပံ့ရေး၊ အကြံပေးရေးတို့မဆိုထားနဲ့ တစ်မျိုးသားလုံးအရေးဆောင်ရွက်မှုအတွက် နှောင့်ယှက်ဟန့်တား ခြိမ်းခြောက်မှုကို ရှုံ့ချကန့်ကွက်သည့် ထုတ်ပြန်ကြေညာချက်တစ်စောင်တစ်လေမှ ထွက်ပေါ် လာခြင်းမရှိသည်ကို အံ့သြနေမိပါတယ်။

    သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် သမ္မတဦးသိန်းစိန်အစိုးရ စတင်တာဝန်ထမ်းဆောင်ပြီး  (၂) လအကြာမှစတင်၍ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နဲ့ စတင်ပူးတွဲဆောင်ရွက်ခဲ့ပြီး သန်းခေါင်စာရင်းစီမံကိန်း ချမှတ်တာဖြစ်လို့ (၃) နှစ်လောက် အချိန်ယူပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ မြန်မာသမ္မတကြီးတို့ရဲ့ရှေ့မှောက်မှာ အစိုးရနဲ့ ကုလ သမဂ္ဂအကြား ဒီအစီအစဉ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ တကယ်ရှိနေတဲ့လူဦးရေနဲ့ မှန်ကန်တဲ့အချက်အလက်တွေပေါ်မူတည်ပြီးတော့ စီမံကိန်းတွေရေးဆွဲဖို့နဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ် အေးချမ်းဖို့အတွက်  အရေးကြီးပါတယ်။

          ယခုကောက်ယူတဲ့ သန်းခေါင်စာရင်းဟာ မိဘပြည်သူများ၏ အကျိုးစီးပွားမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် နိုင်ရေး၊ အခြေခံကိန်းဂဏန်းများ တိတိကျကျရရှိရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခြင်းလည်း ဖြစ်ပါတယ်။ ကောက်ယူရရှိတဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ လူမှုရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနဲ့ ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်များ တည်ဆောက် ရာမှာ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ 

နိုင်ငံရေး၊ စစ်ရေး၊ ရွေးကောက်ပွဲများနဲ့လည်း မသက်ဆိုင်ပါဘူး။  မြန်မာပြည်နယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို လူမျိုးဘာသာမရွေး၊ နိုင်ငံသား/နိုင်ငံခြားသားမရွေး၊ အဆင့်အတန်းမရွေး စာရင်းကောက်ယူတာဖြစ်လို့ အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်တဲ့ အမျိုးသားရေးတာဝန်ကြီးတစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

         သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ စာရင်းကောက်ဝန်ထမ်းများအဖြစ်  ပညာရေးဝန်ထမ်းများက အဓိကအားဖြည့်ဆောင်ရွက်ပေးနေကြပါတယ်။ ဆရာ၊ ဆရာမများအနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွင် မိမိ ကိုယ်ပိုင်အချိန်ကို အနားမယူနိုင်ဘဲ၊ အပင်ပန်းခံပြီး နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ကို ဆောင်ရွက်လျှက် ရှိသည်မှာ အလွန်ကျေးဇူးတင်လေးစားထိုက်ပါတယ်။ အချို့မှာ တပ်မတော်၏လုံခြုံရေးအကူအညီဖြင့် ဝေးလံခေါင်သီ တဲ့နယ်မြေဒေသများအထိ အသက်အန္တရာယ်ကြားက စွန့်စွန့်စားစား လုပ်နေရတာတွေကိုလည်း နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ စာစောင်တွေမှာ ဖတ်ရှုမြင်တွေ့ကြားသိနေရပါတယ်။ စာရင်းကောက်ခံရေးတွင် ပါဝင်ဆောင်ရွက်သူ များအား ကုလသမဂ္ဂနှင့်နိုင်ငံတော်မှ နေ့တွက်စရိတ်များထုတ်ပေးထားကြောင်း ပြောကောင်းပြောနိုင်ပါလိမ့်မယ်။ နွေရာသီရဲ့အပူဒဏ်အောက်မှာ ကိုယ်ပိုင်အချိန်တွေကိုလက်လွှတ်ပြီး တစ်အိမ် တက်/ဆင်း ပြောဆိုမေးမြန်းနေရတဲ့ အလုပ်ကို ဒီရရှိတဲ့ငွေကြေးကြောင့် လုပ်နေကြတာမဟုတ်ဘဲ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြည်လင်ရွှင်ပျစွာ ဆောင်ရွက်နေကြတယ်ဆိုတာ ထင်ရှားလှပါတယ်။

 ဤသို့ သန်းခေါင်စာရင်းကောက်ခံခြင်းလုပ်ငန်းကို နိုင်ငံသားအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သော်လည်း အချို့သောအဖွဲ့အစည်းများသည် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း မပြုရုံသာမက သန်းခေါင်စာရင်းကောက်ယူခြင်းအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်နေခြင်းသည် အမျိုးသားရေးကို နှောင့်ယှက်ဖျက်ဆီးနေခြင်းပင်ဖြစ်ပါတယ်။ 

      လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအချို့၏ ထိန်းချုပ်နယ်မြေ အချို့တွင် ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများဖြင့် အမျိုးသားရေးတာဝန်ထမ်းဆောင်မှုကို ဆန့်ကျင်ဟန့်တားမှုများ အဓိပ္ပာယ်မဲ့လုပ်ဆောင်နေကြခြင်း၊ အချို့လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စာရင်းကောက် ၀န်ထမ်းများနှင့် ကျောင်းဆရာ/ဆရာမများကို ခြိမ်းခြောက်ရန်ရှာခြင်းအပြင် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးနေကြသည့် လုံခြုံရေး ၀န်ထမ်းများကိုလည်း ချောင်းမြောင်း ပစ်ခတ်နှောင့်ယှက်တိုက်ခိုက်ခြင်း စတဲ့ အဖျက်အမှောက်လုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိကြောင်းလည်း နိုင်ငံပိုင်သတင်းမီဒီယာများ၊ သတင်းစာများနှင့် ဒေသခံပြည်သူများထံမှ ကြားသိနေရပါတယ်။ တစ်ချိန်တည်းမှာဘဲ တပ်မတော်သားများက လုံခြုံရေးလိုက်ပါဆောင်ရွက်ပြီး သန်းခေါင်စာရင်း ကောက်ယူရန် ခြိမ်းခြောက်နှောင့်ယှက်ဟန့်တား
ခံရသည့် နယ်မြေများ၌ သန်းခေါင်စာရင်းကောက်ယူနေမှု ပြီးစီးမှုတို့ ကိုလည်း ကြားသိရပြန်ပါတယ်။

          တပ်မတော်ဟာ လိုအပ်သည့်အချိန်တိုင်း၊ အရေးကြုံတိုင်း မည်သည့်ကိစ္စဖြစ်ဖြစ် ပြည်သူ့ဘက်၊ နိုင်ငံတော် ဘက်မှ မားမားမတ်မတ်ရပ်တည်၍ အသက်စွန့်ပေးဆပ်လျှက်ရှိတဲ့ နိုင်ငံတော်ရဲ့ အဓိကကာကွယ်ရေးအဖွဲ့အစည်း တစ်ခုဖြစ်တယ်လို့ ယုံကြည်လက်ခံထားပါတယ်။ တပ်မတော်မှ ယခုလို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင် စာရင်းကောက်ယူသည့် အမျိုးသားရေးတာဝန်ကြီး၌ လုံခြုံရေးလိုက်ပါထမ်းဆောင်ခြင်းအား အချို့သောအဖွဲ့အစည်း များအနေဖြင့် “ဒီလစာစားနေသည့်အတွက် ဒီလိုလုပ်ရတာပဲ ဒါဟာမထူးဆန်းပါဘူး၊ အမျိုးသားရေးတာဝန် ထမ်းဆောင်နေခြင်းမဟုတ်ပါဘူး” ဟု အားမနာပ ပြောဆိုနေကြသည့်ပါတီများ ၎င်းအဖွဲ့အစည်းများမှာ ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူသည့် အမျိုးသားရေးကိစ္စမျိုးတွင် နှမ်းတစ်စေ့မျှတောင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း မရှိခဲ့ကြတာလည်း ရှက်ဖွယ်လိလိ တွေ့မြင်ရပြန်ပါတယ်။ 

 ဒီလိုအနှောင့်အယှက်တွေ ဖိအားပေးမှုတွေကြောင့်  သက်ဆိုင်ရာအဖွဲ့အစည်းတွေက  အကူအညီတောင်းခံလာခဲ့သလို တပ်မတော်အနေနဲ့ လုံခြုံရေးအရ အကာအကွယ် ပေးရန်၊ လိုအပ်ချက်အရ ဆောင်ရွက်ပေးနေခြင်းပဲဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ 

                    


          မည်သူကတိုက်တွန်းသည်ဖြစ်စေ၊ မတိုက်တွန်းသည်ဖြစ်စေ “နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ-၃၄၁ အရ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနှင့် ကာကွယ်ရေး အတွက် တာဝန်ရှိတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ လုံခြုံရေးကိစ္စများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားဖြင့် မလုံလောက် တဲ့အခါမျိုး၊ ရဲတပ်ဖွဲ့အင်အားနဲ့ စွမ်းဆောင်ဖို့ မဖြစ်နိုင်တဲ့ နေရာဒေသမျိုးမှာ တပ်မတော်အနေဖြင့် မလွှဲမရှောင်သာ တာဝန်သိသိဖြင့် ပါဝင်ကြရမှာပဲ ဖြစ်ပါတယ်။ အကူအညီတောင်းခံလာလို့ လုံခြုံရေးဆောင်ရွက်ပေးရာတွင် တပ်မတော်သားများအနေနဲ့ မိမိအသက်အန္တရာယ်အတွက် ထိခိုက်နိုင်သော်လည်း ပဓာနမထားပဲ ကူညီလျှက်ရှိတာ ရှေးယခင်တည်းကဖြစ်ခဲ့သလို ယခုလည်း ကူညီလျှက်ရှိတာကို တွေ့ရှိရပြီး နောင်လည်းပဲ ကူညီသွားဦးမှာပဲလို့ ယုံကြည်မျှော်လင့်မိပါတယ်။
          
       သန်းခေါင်စာရင်းကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေချိန်မှာ နိုင်ငံသား အားလုံး၊ အဖွဲ့အစည်းအားလုံးအနေနဲ့ နေရာဒေသမရွေး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်။           သန်းခေါင်စာရင်းကောက်ယူတဲ့ကိစ္စမှာ တပ်မတော်အနေနဲ့လည်း လိုအပ်ချက်ရှိလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အကူအညီတောင်းခံလာလို့ လုံခြုံရေးဆောင်ရွက်ပေးနေရခြင်း
ဖြစ်တယ်လို့ယူဆ၍ ရသလို တပ်မတော်အနေဖြင့် အမျိုးသားရေးနဲ့ပတ်သက်လာရင်တော့ ကိုယ်ကျိုးစီးပွားငဲ့ကွက်ခြင်းမရှိပါဘဲ စိတ်ရင်း စေတနာဖြူစင်စွာနဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ တပ်မတော်သားများပီပီ အမိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏ ရေထု၊ မြေထု၊ လေထု အတွင်း မှီတင်းနေထိုင်ကြတဲ့ သန်း ၆၀  ကုန်သော တိုင်းရင်းသားပြည်သူစစ်စစ်တို့အတွက်သော်လည်းကောင်း၊ အမျိုးသားရေးတာဝန်ကို ဦးလည်မသုန် ထမ်းဆောင်နေခြင်းဖြစ်သည်ကိုလည်း ပြည်သူထဲကပြည်သူတစ်ယောက်အနေဖြင့် နားလည်သဘောပေါက်ပါတယ်။

   ယနေ့ပြင်ပလောကမှ တရားဝင်/တရားမ၀င်နည်းမျိုးစုံနဲ့ တပ်မတော်သားများအပေါ် အဆိုးမြင်ပြီး ဝေဖန် ပြောဆိုမှုများအပေါ် ယနေ့နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများအနေနဲ့ သည်းခံခွင့်လွှတ်ပြီး တိုင်းပြည်အတွက် လိုအပ်သည့်အချိန် အရေးကြုံသည့်အချိန်တိုင်း မည်သည့်ကိစ္စပဲဖြစ်ဖြစ် ပြည်သူဘက်၊ နိုင်ငံတော်ဘက်မှ မားမားမတ်မတ်ရပ်တည်၍ အသက်စွန့်လွှတ်ပြီး မွန်မြတ်တဲ့စေတနာဖြင့် တာဝန်ထမ်းဆောင်နေတာကို လေးစားဂုဏ်ပြုပါကြောင်းနှင့်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ  ပြည်သူနဲ့အတူ အမြဲလက်တွဲဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


အမ်ဇော်ယော်

7 comments:

သန်းခေါင်စာရင်းကောက်ခံခြင်းလုပ်ငန်းကို နိုင်ငံသားအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သော်လည်း အချို့သောအဖွဲ့အစည်းများသည် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း မပြုရုံသာမက သန်းခေါင်စာရင်းကောက်ယူခြင်းအား နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်နေခြင်းသည် အမျိုးသားရေးကို နှောင့်ယှက်ဖျက်ဆီးနေခြင်းပင်ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေစဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က KIA ထိန်းချုပ်သည့် နယ်မြေမဟုတ်သော ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် ဝန်ထမ်းများကို လုံခြုံရေးယူပေးသော မြန်မာစစ်တပ် ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ၏ ကားအား KIA မှ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးရုံ သေဆုံးသွားကြောင်း သိရပါတယ်။

၎င်း ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ KIA ကို အကြောင်းကြားပြီးမှ သွားတာဖြစ်ကြောင်း၊ အပစ်ခံရသော နေရာမှာ KIA ထိန်းချုပ်ထားသော နယ်မြေတွင်းမဟုတ်ကြောင်း နဲ့ လူအင်အား လက်နက်အင်အား မပါရှိပဲ သန်းခေါင်စာရင်းဝန်ထမ်းတွေ အကူအညီပေးခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးမှအခုလို ပြောပါတယ်။

‘‘တရားဝင်အကြောင်းကြား ပြီးမှသွားတာ။ လူအင်အားလည်း အများကြီးမဟုတ်ဘူး။ဒါတောင် သူတို့နယ်မြေထဲကိုလည်း ရောက် တာမဟုတ်ပါဘူး။ ချောင်းပစ်ခံရ တာပါ’’ လို့ ဆိုပါတယ်။

လက်တလောမှာ ကေအိုင်အေဒုတိယစစ်ဦး စီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဧပြီ ၃ရက်မှစ တင်ပြီး ရန်ကုန်မြို့သို့ရောက်ရှိနေတာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက် ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင် ရွက်နေချိန်မှာ ကေအိုင်အေ ကလည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ မပခမှ ထိပ်တန်းအရာရှိကပြောပါတယ်။ မတ်လ ကုန်ပိုင်း သန်းခေါင်စာရင်း စတင်ကောက်ခံချိန်များကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ သန်းခေါင်စာရင်းကောက်သူ ဝန်ထမ်းများကို KIA မှ ခြိမ်းချောက်ရန်ရှာမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအကျိုးစီးပွားတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်နေချိန်မှာ ကေအိုင်အေက ဘေးထွက်ထိုင်နေရုံမက လုံခြုံရေးအကူညီပေးနေတဲ့ တပ်မတော်သားတွေကို ချောင်းမြောင်ပစ်ခတ်နှောက်ယှက်နေတာ ဘာသဘောလဲ။ဧကန္တ သူ့တို့ဆီမှာ ကုလားရွာတွေတည်နေတာကို တစ်ကမ္ဘာလုံးက သိသွားကြမှာ စိုးလို့လား။အခွင့်အရေးသမား မရိုးဖြောင့်တဲ့ အဖွဲ့အစည်း ညစ်နည်းမျိုးစုံတဲ့ သူပုန်။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား သုတ်သင်သင့်ပါသည်။

ှပြည် သူ လူ ထု အ တွက် တပ် မ တော် က လို အပ် တဲ့ နေ ရာ တိုင်း မှာ အ ကူ အညီ ပေး ရ မှာ ဓ မ္မ တာ ပါ ။ ဆန့် ကျင် ဘက် ဆို တိုင်း နေ ရာ တ ကာ ဆန့် ကျင် ရ မှာ မ ဟုတ် ဘူး ။ တိုင်း ပြည် ကို စေ တ နာ ရှိ တဲ့ ဆန့် ကျင် ဘက် အ ဖွဲ့ အ စည်း၊ လူ လေး စား လောက် တဲ့ အ ဖွဲ့ အ စည်း ဆို ရင် ဦး နှောက် သုံး ပြီး ဆန့် ကျင် မှု လုပ် မှာ ပါ။ ခု ကိ စ္စ က အ ဆင့် မ ရှိ တဲ့ ခပ် ပေါ ပေါ လုပ် ရပ် ဖြစ် နေ တယ် ။

KIA က ဖျက် စိး နေ တယ် လေ လက် နက် ကိုင် ပြိး ဘိုလ် ကျ နေ တယ် အ မြန် ရှင်း ပစ် ပါ အ ပြုတ် တိုက် ပစ် ပါ တိုင်း ပြည် မွဲ အောင် လုပ် နေ တာ က KIA ဝ KNU သူ ပုန် တွေ ပါ ဗျာ

ရှင်း ပစ် ကြ ပါ

ဟုတ်ပါတယ်

ကာချုပ်ကြီးရယ် ဆော်ပစ်လိုက်တော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်