Subscribe to our RSS Feed

“ဆရာတော် ဦးဇဝနသို့ ပြန်ကြားချက် - (၂)” - ဆရာတော် ၀ီရသူ (မစိုးရိမ်)




ဆရာတော် ဦးဝီရသူ (မစိုးရိမ်)၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)မှ လူမှုရေး စာမျက်နှာပေါ်တွင် ထောက်ပြမိန့်ကြားခဲ့ရာမှ ယခုအခါတွင် ဆရာတော်နှစ်ပါးအကြား အပြန်အလှန် ပြန်ကြာစာများမှာ တဖြည်းဖြည်း ပြင်းထန်လာခဲ့ပြီဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)၏ ဧပြီ ၁၇ရက်နေ့တွင် ပြန်ကြားခဲ့သော စာနှင့် ဧပြီ ၁၉ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ပြန်လည် ပြန်ကြားခဲ့သော စာများမှ ကောက်နုတ်ချက်အချို့အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
၁။ “ဘုန်းကြီးဘုရား ညီမောင့် သတ္တိကို အကျိုးရှိရှိ အသုံးချစေချင်လို့ ဒီစာကိုပြန်ပါတယ်”
တပည့်တော် သတ္တိနဲ့ တပည့်တော် အတ္တကို တစ်မျိုးသားလုံး အတွက်၊ တစ်သာသနာလုံး အတွက်၊ တစ်နိုင်ငံလုံး အတွက်၊ အကျိုးရှိရှိ အသုံးချနေတာ မဟုတ်ဘူးလား ဘုရား….? ။
၂။ ပြည်သူတွေ အတိုက်အခံ ဆိုတာနဲ့ မယဉ်ပါးတာကို ခွင့်လွှတ်နိုင်ပါတယ် ဘုရား၊
အတိုက်အခံ ဆိုသူတွေကကော အတိုက်အခံနဲ့ ယဉ်ပါးနေကြပြီလား ဘုရား။
ဘုန်းကြီးတို့ နိုင်ငံရေး လောကသားတွေကို အတိုက်အခံနဲ့ ယဉ်ပါးအောင် အရင်ဆုံး သွန်သင် ပေးစေလိုပါတယ် ဘုရား။
ဝီရသူကတော့ အပြုသဘောဆောင်လာရင် ကုလားပေးတဲ့ အကြံဥာဏ်ကိုတောင် လေးစားပြီးသားပါ ဘုရား။
လက်ညှိုး နဲ့ လက်ခုပ်၊ လက်အုပ် နဲ့ လက်သီးကို တူညီသော လောကဓံအဖြစ် ရှုမြင်ထားသူပါ ဘုရား။
၃။ “မြန်မာလူထုအားလုံး စစ်တပ် ထိန်းချုပ်ထားမှုအောက်က အမြန်လွတ်ဖို့ တစ်ခုပဲ ရည်ရွယ်ပါတယ်”
ရည်ရွယ်ချက် ကောင်းပါတယ် ဘုရား။
သေနင်္ဂဗျူဟာအရ စနစ်တကျ ဆုတ်ခွာနေတာကို ပိတ်ဆို့ တိုက်ခိုက်ရင် ရလဒ်ဆိုးတွေ ဖြစ်ပေါ်လာမှာကိုလဲ တွက်ထားပါဦး ဘုရား။ ဦးတည်ချက် မှန်ပေမယ့် နည်းလမ်း မမှန်ရင်လဲ အဖြေဟာ ကျေနပ်စရာ ဖြစ်မလာနိုင်ပါ ဘုရား။
၎။ “ဆရာတော် ဦးတိလောက ဦးဆောင်လို့ အမှန်တရား ဖြစ်မယ်လို့ မယုံကြည်ပါဘူး” ဆိုတဲ့ စကားကို တာဝန်ယူ ဖြေရှင်းပါဦး ဘုရား။
ဘုန်းကြီး ဦးဆောင်လို့ အမှန်တရား ဖြစ်မယ်လို့ ယုံကြည်ရင် ဘုန်းကြီးကို ခေါင်းဆောင် တင်ပါ့မယ် ဘုရား။
အဖွဲ့သား တချို့တလေ အတွက်နဲ့ ဆရာတော်ကြီးကို ပြစ်မှားတာမျိုးတော့ မဖြစ်သင့်ပါဘူး ဘုရား။
မကြိုက်တာတွေ့ရင် သံသယရှိရင် ဆရာတော်ကြီးကို တိုက်ရိုက် လျှောက်ထားနိုင်ပါတယ် ဘုရား။
၅။ “အမျိုးချစ်တာကို ရှေ့တန်းတင် အာဏာရှင် အတွက် စည်းရုံးမှူးတွေ အဖြစ် ပါဝင်နေသူ တချို့ကိုသာ ရည်ရွယ်ပါတယ်”
အာဏာရှင်ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး အမုန်းတရားတွေကို ဖြန့်ချီနေတာ အချင်းချင်း အိုးမဲသုတ် ခွပ်ခိုင်းနေတာတွေက ဘုရား အလိုကျပါ့မလား ဘုရား။
ငါနဲ့မတူ ငါ့ရန်သူ ဝါဒီတွေထဲမှာ ဘုန်းကြီးလဲ ပါသွားမယ်နော်။
၆။ အမျိုးချစ်စိတ် တစ်ခုတည်းနဲ့ အမှန်တရားကို တည်ဆောက်လို့ မရသလို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု တစ်ခုတည်းနဲ့လည်း  နိုင်ငံကို တည်ဆောက်လို့ မရပါဘုရား။
အမျိုးသားရေး အမြင် တစ်ခုတည်းနဲ့ တည်ဆောက်ခဲ့လို့ ကမ္ဘာစစ်ကြီးဖြစ်တာ ကလောင်ကိုင်သမား တွေကြောင့်လား…..? လက်နက်ကိုင် သမားတွေကြောင့်လား ဘုရား…….?။
၇။ သတ္တလောက တခုလုံး အတွက် ပွင့်ပေါ်လာရတဲ့ မြတ်ဗုဒ္ဓရဲ့ အမျိုးစောင့်မှုဆိုတာ ဆန့်ကျင်ဘက် အယူရှိသူကို သတ်ဖို့ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလို သဘောထားဖို့ မဟုတ်တာ အထူးပြောနေစရာ မလိုပါဘူး။
သတ်ဖို့ ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလို သဘောထားဖို့ ဘယ်ဘုန်းကြီးက ဟောနေလို့ပါလဲ ဘုရား…..?။
BBC.DVB လို ဘုန်းကြီးလဲ ကုလား သြဇာခံ ဖြစ်နေမယ်နော်။
အန္တရာယ်ကို အန္တရာယ်မှန်းသိရင် အန္တရာယ်ကင်းအောင် ကာကွယ်နိုင်ပါတယ် ဘုရား။ ရန်သူလို သဘောထားဖို့ ဟောကြတာ မဟုတ်ပါဘူး။ အန္တရာယ်ကို ကာကွယ်ဖို့သာ ဟောကြားတာပါ ဘုရား။
ငြိမ်းချမ်းဖို့အတွက် တရားဥပဒေ စိုးမိုးဖို့ လိုပါတယ်။ တရားဥပဒေ စိုးမိုးဖို့ဆိုရင် အပြစ်ရှိသူကို အပြစ် ရှိသလိုတော့ ဆုံးမဖို့ လိုမယ်နော်…..။
ဒါကြောင့် ငြိမ်းချမ်းရေး အတွက် မုဒိမ်းကောင် ကုလားကို ထောင်ချမှ ဖြစ်မယ်။
လုံခြုံရေး အတွက် အဖျက်သမား ကုလားကို ထောင်ချဖို့တော့ လိုမယ်နော်……။
၈။ “အမျိုး ဘာသာ ကိစ္စမှာ ငါ့အမျိုးမှ အမျိုးဆိုတဲ့ အတ္တ အားကြီးသူတွေကို အားပေးမယ် မထင်ပါဘူး”
ဣဒမေဝ သစ္စံမောဃမညံထဲ ဝီရသူ မပါပါဘူး ဘုရား။
ဘာသာတရား ကိုးကွယ်တာနဲ့ ဘာသာတရားကို ကာကွယ်တာ မကွဲပြားသူတွေကတော့ ဝီရသူကို ကြည်ဖြူမှာ မဟုတ်ကြပါဘူး ဘုရား။
၉။ စောင့်လေမျိုးနွယ်နဲ့ သာကီဝင်တွေကို တန်ခိုးပြတဲ့ ဥပမာနဲ့ မပတ်သက်ပါ ဘုရား။
ဗုဒ္ဓဟာ အနှိုင်းမဲ့ မေတ္တာရှင် တစ်ပါးပါ။
ဒါပေမဲ့ တိတ္ထိတွေကို တန်ခိုးပြပြီး နှိမ်နင်းခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်နော်။
၁၀။ “အမုန်း စကားတွေနဲ့ ဟောပြောပြီး တဖန် ငြိမ်းချမ်းရေးပါလို့ ပြောနေတာ မငြိမ်းချမ်းဘဲ မီးတောက်တွေသာ ပွားနေပါလိမ့်မယ်”
ငြိမ်းချမ်းရေး လိုလားတဲ့ ပုဂ္ဂိုလ်ဆိုတာ ကိုယ့်အင်အားကိုတော့ မဖြစ်မနေ ပြကိုပြရပါမယ်။
အနောက် နိုင်ငံတွေက စစ်အစိုးရ အပေါ် အင်အားပြခဲ့တာလဲ ဒီရည်ရွယ်ချက်ပဲ မဟုတ်လား…….?
Smart Power လို့ ခေါ်တယ်နော်။
မြန်မာပြည်သူတွေ ငတ်အောင် ပိတ်ဆို့တာကိုကျတော့ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြပြီး ၉၆၉ကို ကျတော့ အမုန်းစကားတဲ့လား…….? ဘုရား။
၁၁။ အမျိုးစောင့် ဥပဒေကို ဘုန်းကြီးဆန္ဒနဲ့ ကန့်ကွက်လိုက ကန့်ကွက်ပါဘုရား၊ သံဃာထုကတော့ တစ်ခဲနက်ကို ထောက်ခံနေတာပါ ဘုရား။
“ဒီမိုကရေစီ လမ်းကြောင်းကို ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ လမ်းပြောင်းဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်”
အဲဒါလဲ နိုင်ငံရေးသမားတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ် ဟောင်းကြီးပါ ဘုရား၊ အဓိကရုဏ်းတွေကြောင့်  ပြောင်းလဲသွားသော နိုင်ငံရေးစနစ် မရှိခဲ့ဖူးပါ။
၁၂။ ဘာသာရေးနဲ့ နိုင်ငံရေး မတွဲစပ်ရဘူးဆိုတဲ့ စကားကို စစ်အစိုးရလဲ သုံးခဲ့ပါတယ်။ သံဃာတွေကို နှိပ်ကွပ်ဖို့ပါ။ အခုလဲ ဒီမိုကရေစီ ဆိုသူတွေက ထပ်ပြောနေကြပြန်ပါပြီ၊ သံဃာတွေကို နှိပ်ကွပ်ဖို့ပဲ မဟုတ်လား…..?။
အဲဒီအယူအဆဟာ ဘုရား အလိုတော်မကျပါ ဘုရား။ ဘာသာတရားကို နိုင်ငံရေးမှာ အသုံးမပြုကြရင် အဲဒီ နိုင်ငံရေးဟာ လွတ်လပ် ပွင့်လင်း မှန်ကန် မျှတ ငြိမ်းချမ်းနိုင်ပါ့မလား ဘုရား။
သာသနာ့ အလံတော်ဆိုတာ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ မျှတတယ်၊ မှန်ကန်တယ်၊ ငြိမ်းချမ်းတယ်၊ ဒါကြောင့် ဘယ်နိုင်ငံရေးမဆို သာသနာ့ အလံရဲ့ အရိပ်ကိုပဲ ခိုလှုံရပါမယ် ဘုရား။
ဘုန်းကြီးလည်း ဘုရားသားတော်ပီပီ သာသနာတော်ကို ဦးထိပ်ထားပါဘုရား၊ နိုင်ငံရေးကို သာသနာ အရေးထက် ဦးစားမပေးချင်ပါနဲ့ ဘုရား။ (ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်)ဟု မိန့်ကြားထားသည်။
အဆိုပါ မိန့်ကြားချက်များနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်သားဟောင်းအား Tomorrow ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာတွင် ဦးဝီရသူ (မစိုးရိမ်)၏ ပြန်ကြားချက် စာ-၂မှာ အဆုံးမသတ်သေးကြောင်း နောက်တစ်စောင် ထပ်မံရောက်ရှိလာဦးမည် ဖြစ်၍ ဆရာတော် ဦးဝီရသူ၏ ဧပြီ၁၉ရက်နေ့တွင် ရေးသားထားသော ပြန်ကြားစာ-၂အတွက် ပြန်လည်ရေးသားဖို့ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ယခုစာများမှာ ကိုယ်ကျိုးအတွက် ရေးသားနေခြင်းမဟုတ်ကြောင်း ပြန်လည် မိန့်ကြားခဲ့သည်။

.. www.MyanmarExpress.net
 

17 comments:

ဆရာတော် နှစ်ပါး
စကားပြိုင်
မြိုင်လိုက်သည့် ဖြစ်ခြင်း
အချင်းချင်း
အငြင်းပွား
တရားမရ
သူများ အားရ
စကား ဓါးလို လျှမှာ စိုးမိတယ်

ဆရာတော် နှစ်ပါး
စကားပြိုင်
မြိုင်လိုက်သည့် ဖြစ်ခြင်း
အချင်းချင်း
အငြင်းပွား
တရားမရ
သူများ အားရ
စကား ဓါးလို လျှမှာ စိုးမိတယ်

အတိုက်အခံ ဆိုတာ အစိုးရကိုတိုက်ခိုက်ပြောဆိုနိင်ပြီ
ဖြစ်ပေါ်လာသည် ကိစ္စတိုင်ကိုလည်းခံနိုင်ရည်ရှိရမည်
NLD သည် အတိုက်အခံမဟုတ် အတိုက်အကန် ဖြစ်သည်
၎င်းကသာ အတိုက်အခံလုပ်ပြီ ကိုယ့်ကိုတိုက်လာပါက ပြန်ကန်တက်၏
နွားအဆင့်ထက်နိမ့်ကျပါသည်
အရှင်ဝီရသူ ပြောကြားချက်ကိုထောက်ခံအားပေးပါတယ်ဘုရား
အရှင်ဇဝန လည်းအမှန်မြင်သင်ပါတယ်ဘုရား
အမျိုး ဘာသာ သာသနာကို ကာကွယ်နိင်သော် သံဃာအာဇာနည်များကို
ထောက်ခံပါသည်
ခြေမ မကောင်း ခြေမ
လက်မ မကောင်း လက်မ
ဖြတ်သင်ပါတယ် အစိုးရ ရော NLD ရော မကောင်းရင် ပြည်သူလူထုက
ဆုံးဖြတ်လိုက်ပါမယ်

မျိုးချစ်ပြည်သူ

ဆရာတော်ဦးဝီရသူကိုလောက်ခံပါတယ် ။ ကျိုးကြောင်းဆီလျော်စွာမှန်မှန်ကန်ကန်ထောက်ပြပြောဆိုနိုင်တဲ့လူထုအားကိုးထိုက်တဲ့ အမျိုးချစ်မြင့်မြတ်တဲ့သံဃာဖြစ်ပါတယ်။

“ဆရာတော် ဦးတိလောက ဦးဆောင်လို့ အမှန်တရား ဖြစ်မယ်လို့ မယုံကြည်ပါဘူး” ဆိုတဲ့ စကားကို တာဝန်ယူ ဖြေရှင်းပါဦး ဘုရား။ Who is ဆရာတော် ဦးတိလောက?

MEG PLEASE POST WITH NORMAL FONT SO THAT VIEWERS CAN READ THE POSTS.
CANNOT VIEW THE ABOVE POST.
THANK YOU FOR YOUR COOPERATION.

ဆရာတော်ဦးဝီရသူ ဒီလောက်ညွှန်ပြ ဆုံးမနေတာတောင် ကုလားလင်လုပ်တဲ့ မျိုးဖျက်မတွေရှိနေပါသေးတယ် မျိုးစောင့်ဥပဒေပြဌာန်းကြပါတော့ဗျာ ကျုပ်တော့ရင်လေးတယ်

အမျိုးဘာသာ သာသနာကိုစောက်ရှောက်တာ ဦးဝီရသူပါ

1-URGENTLY NEED NATIONAL PROTECTION LAWS.
2-VERY URGENTLY NEED THE EFFECTIVE ONE
MAN ONE WIFE LAW.
3-VERY URGENTLY NEED TO PROTECT HUMAN
EXPLOSION IN SOME PART OF THE COUNTRY.
4-NEED VERY EFFECTIVE LAW ENFORCEMENT.
5-NEED VERY EFFECTIVE CONTROL ON THE
WESTERN AND EASTERN SIDE OF THE COUNTRY.
6-ALSO VERY URGENTLY NEED TO CONTROL
TANIN THAR YI DIVISION.
7-NEED TO REJECT ALL OBJECTIONS,INFLUENCES,PRESSURE AND INTERVENTIONS FROM
INSIDE AND OUTSIDE THE COUNTRY.

ဆရာတော် ဦးဝိရသူ ကျန်းမာပါစေ။

သီတဂူဆရာတော် ကြီးရဲ့
မိန့်ကြားချက်တွေကိုပြန်
ကြည့်ကြည့်ပါ ဆရာတော်
တို့ ။လေးစားစရာကောင်း
လောက်အောင်မျှတပြီး
ဘုရားရှင်ရဲ့တရားတော်
နှင့်ညီလှသည်။

No Su Kyi. no kalar.
No kalar, no problem.
Su Kyi is the root cause of the problem.

ဆရာတော် ဦးဝီရသူ ပြောသွားတာသိပ်မှန်တယ် အကြောင်း နဲ့ အကျိုး ညီတယ် အမျိုး ဘာသာ သာသနာ အတွက်ပဲ တခြားအတ္တ တွေ ဘာဘာညာညာ တွေမပါဘူးလို့ ယုံကြည်တယ် အရှင် ဇ၀န ကိုလည်း ဘာဘာညာညာ အတ္တ စွဲ တွေဖယ်ရှားပြီး အမြင်မှန် ရနိုင်ပါစေလို့ ဆုတောင်းပါတယ်ဘုရား

ကုလား​တွေ ညီလာခံ လုပ်​​နေပြီ

ဒေါ်စု သမတ္တ ဖြစ်​ရင်​ မြန်​မာမ​တွေ အကုန်​လုံး ကုလားဖြူ ကုလားမဲ
မယားဖြစ်​ကုန်​မှာ

အမျိုးဘာသာ သာသနာကိုစောက်ရှောက်တာတောင် ကုလားစီကသင်ရတာမလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်