Subscribe to our RSS Feed

တံတားဦးရွာ နှင့် ကမ်းနီရွာရှိဒေသခံများအား DKBA မှ အတင်းအကြပ် ဆက်ကြေးကောက်ခံသဖြင့် ဒုက္ခတွေ့နေ



တံတားဦးရွာ နှင့် ကမ်းနီရွာရှိဒေသခံရွာသားများအား  DKBA မှ အတင်းအကြပ်  ဆက်ကြေးကောက်ခံနေ၍ ရွာသားများ မကြေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိသည်။  

အဆိုပါ ကမ်းန်ီရွာမှ ဒေသခံရွာသားများအား DKBA တပ်ရင်း (၉၀၁) မှ
တပ်ထောက်ဗိုလ်ကြီး စောသန်းနိုင်မှ အိမ်တစ်လုံးလျှင် ၈၀၀၀ ကျပ်
အစေးခြစ်၍ မရသေးသော ရာဘာခြံတစ်ဧကလျှင် ၄၀၀၀ ကျပ်၊
အစေးခြစ်၍ရသော ရော်ဘာခြံတစ်ဧကလျှင် ၈၀၀၀ ကျပ်၊
ထော်လာဂျီကား/သစ်စက် တစ်စီးလျှင် ၉၀၀၀၀ ကျပ်၊
ထိုင်းဖုန်းတစ်လုံးလျှင် ၆၀၀၀၀ ကျပ်နှုန်းဖြင့် ၁၄.၄.၂၀၁၄ အတွင်း
နောက်ဆုံးထားပေးပို့ရမည်ဆိုပြီး အတင်းအကျပ် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဒေသခံ တိုင်းရင်းသားများအပေါ် DKBA မှ ဆက်ကြေးကောက်ခံနေသောကြောင့် ရွာသားများမှာ မခံမရပ်နိုင် ဖြစ်နေကြပေမယ့် ဘယ်သူ့ကိုမှလည်း မပြောရဲကြဘူးလို့ ဧရာဝတီသတင်းထောက်က ကမ်းနီရွာကနေ သတင်းပေးပို့ထားပါတယ်။  

မြန်မာပြည်အောက်ပိုင်း၊ ကမ်းနီရွာသည် အိမ်ခြေ(၁၀၀၀)ကျော်ရှိပြီး ကရင်လူမျိုးနှင့်
ရှမ်းလူမျိုးများ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

1 comments:

1-SET KYEE=PROTECTION FEES DEMANDING AND COLLECTING FROM THE GENERAL PUBLIC BY REBELS SINCE 1948 IN ALL REBEL CONTROL AREAS.
2-WE BETTER STOP BY ALL MEANS TO THOSE ILLEGAL ACTIONS SOONEST POSSIBLE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်