Subscribe to our RSS Feed

ထူးဆန်းသော နောက်တစ်ဖွဲ့

ခေါင်းမှာ မျက်နှာဖုံးကိုယ်စီ၊ ရင်ဘက်မှာ ပစ်မှတ်ကိုယ်စီ

ဓားမြလား၊ သူရဲကောင်းလား...
ကိုင်တော့ သေနတ်၊ ထုတ်တော့ ကြေငြာချက်

အစဉ်အလာကောင်းတဲ့ ဒို့ စွမ်းအားမြှင့် စစ်သည်တော်


Myanmar Express

ဘူပိတ်နေသူများ

ပြည်ပရောက် အတိုက်အခံများ

အရင်တုန်းကတော့ အစိုးရလုပ်သမျှ၊ နိုင်ငံတွင်းမှာ ဖြစ်သမျှ ကန့်ကွက်ပွဲလုပ်နေကြသော ပြည်ပရောက် ဒေါ်လာစား အတိုက်အခံများရဲ့ စီးပွားရေးကို ဒုတ်နဲ့ ထိုးချလိုက်သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ခုဆိုရင် ပြည်ပရောက် ဒေါ်လာစား အတိုက်အခံအားလုံး ဘာလုပ်ပြလို့ လုပ်ပြရမှန်းမသိတော့ပါဘူး။

အရင်တုန်းက ဆန္ဒပြပွဲဓာတ်ပုံတွေတင်ပြီး အလုပ်ဖြစ်နေတဲ့ ဒေါ်လာစားအတိုက်အခံများနဲ့ ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေကတော့ ခုဆိုရင် နေ့စဉ်နှင့်အမျှ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ထွက်လာသမျှ အကုန်တင်နေကြပါပြီ။ မြန်မာ့အရေးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကို ပိုစိတ်ဝင်စားသော အတိုက်အခံအားပေး စာဖတ်သူများကလည်း သောင်းသောင်းဖျဖျ ကွန်းမန့်တွေ ပေးနေကြပါတယ်။

ဂျပန်ရောက် အတိုက်အခံများကတော့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး စားနေတဲ့ ထမင်းလုပ်များအတွက် သူများငြိုငြင်မခံရဖို့ ဆန္ဒပြပွဲ တစ်ခု ဟန်ပြ လုပ်ခဲ့ကြပါတယ်။ ခုချိန်မှာ မြန်မာ့အရေးကို ကန့်ကွက်ပါက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သလို ဖြစ်မည်ကိုလည်း သတိထားရပြန်ပါတယ်။ ဒီတော့ အရင်တုန်းက ကန့်ကွက်ပွဲတွေရဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ ထောက်ခံပွဲ ကို လုပ်ရတော့တာပါပဲ။

ဆန္ဒပြသူက တစ်ယောက် ဓာတ်ပုံရိုက်သူက (၅) ယောက်

တော်ပြီကွာ ဖွန်ကြောင်တာပဲ ကောင်းတယ်

ပါတီဝင်များ

နောက်ထပ် ဘူပိတ်နေသူတွေကတော့ ပြည်တွင်းက ရွေးကောက်ပွဲဝင် ပါတီတွေပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲ ဝင်တာက အဆိုးလို့ လက်ခံသတိပေးထားလျှက်နဲ့ ဆန့်ကျင်ဖက် အမြင်များနဲ့ ဝင်ခဲ့တာကြောင့် ခုချိန်မှာ လုပ်ရကိုင်ရ တော်တော်ခက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်ပြီး လုပ်ရင်လည်း အနောက် အုပ်စုနိုင်ငံများနဲ့ အဆင်မပြေ ဖြစ်ရပါအုံးမယ်။ ရွေးကောက်ပွဲက ပြီးသွားပြီမို့ ပြန်ထွက်လို့ကလည်း မရနိုင်နဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲ တစ်ခုလုပ်ခဲ့ပေမယ့် သဘောထားချင်း မတိုက်ဆိုင်တာတွေ သိပ်များနေတော့ ထင်တိုင်း မပေါက်ခဲ့ပြန်ပါဘူး။ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ထောက်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပဲ ဒုတိယ ပင်လုံညီလာခံခေါ် လွတ်လပ်ရေးမရခင် တုန်းက အခြေအနေကိုပဲ ပြန်သွားချင်နေတော့ ရှေ့ကို မရောက်နိုင်ပဲ ဖြစ်နေပါတယ်။ NDF ပါတီက ဒီကြားထဲ ပါတီထဲမှာလူ ၁၀၀ တောင် မပြည့်သေးတာတောင် သဘောထားတွေက ကွဲပြီး ဖြုတ်ထုတ်သတ်တွေ လုပ်နေရပါသေးတယ်။ လူ ၁၀၀ မပြည့်တဲ့ ပါတီတစ်ခုကိုတောင် တည်ငြိမ်အောင် မထိန်းနိုင်တဲ့ ပါတီခေါင်းဆောင်များက နိုင်ငံတော် သမ္မတ မလုပ်ရတော့လို့ ရွေးကောက်ပွဲမှာ မဲခိုးတယ်လို့ စွပ်စွဲပြန်ပါတယ်။

NDFမှ ထုတ်ပယ်ခြင်း ဦးသိန်းညွန့် ရှင်းလင်းစဉ်

ကျားဖြူပါတီကတော့ အအာင်မြင်ဆုံးပါတီလည်းဖြစ်နေတော့ ရွေးကောက်ပွဲနိုင် ရှမ်းအမတ်တွေနဲ့ ရှမ်းပြည်နယ်ကို ကိုယ့်ပြည်နယ် ကိုယ့်အုပ်ချုပ်ရေး လုပ်ဖို့ စီစဉ်နေပါပြီ။ တစ်ဖက်မှာလည်း မြန်မာပြည်သူအားလုံး လေးစားတဲ့ ဗိုလ်ချုပ် ရဲ့ သမီးဖြစ်နေတာရယ်၊ အနောက်အုပ်စုက ထောက်ခံတာတွေရယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြိုဆိုနေရပြန်ပါတယ်။


ပင်လုံညီလာခံကို ကန့်ကွက်သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေ

ဒေါ်အောင်ဆန်းစုကြည်


နောက်ထပ် ဘူပိတ်နေသူ တစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ်စေချင်ဆုံးက ဒုတိယ ပင်လုံညီလာခံဆိုတာထက် ဒုတိယ ရှစ်လေးလုံး အရေးအခင်းပါ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ပျက်နေချိန်ဟာ ကောဇောအိတ်သမားတို့အတွက် စီးပွားရှာဖို့ အကောင်းဆုံးအချိန် ဖြစ်သလို အစိုးရဆန့်ကျင်သူတို့အတွက် လူထုထောက်ခံမှု အလွယ်ကူဆုံး ရနိုင်တဲ့ အခြေအနေဖြစ်နေလို့ပါ။ ၈၈ တုန်းကလို နိုင်ငံရေး ဆူပူမှုဖြစ်မှာ သူမ ကိုယ်တိုင်လည်း နိုင်ငံရေး နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ အစိုးရမကောင်းတဲ့ အတင်းလေးတွေကို မိန့်ခွန်းတွေမှာညှပ်ပြီး စကားပြောကောင်းရုံနဲ့ လွယ်လွယ်နဲ့ အာဏာရနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခုအနေအထားက ဘာမှမသိပဲ ဝင်လုပ်လို့ စကားပြောကောင်းရုံနဲ့ ဝင်ဆံ့နိုင်တဲ့ နိုင်ငံရေးအခြေအနေ မဟုတ်တော့ပါဘူး။ လူထုထောက်ခံမှု ရှိတယ်ဆိုပေမယ့်လည်း ကိုရီးယား မင်းသား ဂျူမုံလောက်တောင် လာရောက်တွေ့ဆုံအားပေးသူမရှိလို့ အိပ်မပျော်ဖြစ်နေရပါတယ်။ ဒီကြားထဲ ငါးမင်းဆွေ က ထောက်ပြသွားတာတွေကြောင့် စိတ်ညစ်ရပါသေးတယ်။

ငါးမင်းဆွေ

နောက်တစ်ခုက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ထက်ထက် နိုင်ငံရေး ပိုနားလည်တဲ့ ပါတီခေါင်းဆောင်တွေလည်း ရှိနေတော့ ဘယ်ကစပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ တော်တော် အကြပ်ရိုက်စေပါတယ်။ ဒါကြောင့် သူများယောင်လို့ လိုက်ယောင်ပြီး သူများ ပင်လုံလို့ လိုက်ပင်လုံလိုက်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမယ့် ပင်လုံညီလာခံလုပ်ဖို့ကို ဦးသုဝေ က ကန့်ကွက်နေတော့ မပင်လုံနိုင်တော့ပြန်ပါဘူး။ ဒါပေမယ့် သူမ မှာ စကားပြော ကောင်းတာအပြင် အားသာချက် နောက်တစ်ချက် ရှိပါသေးတယ်။ အဲ့ဒါက အနောက်အုပ်စုက ဘုမသိ ဘမသိ အထင်ကြီးခြင်းပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ခုချိန်မှာ ဒီတစ်ချက်ကိုပဲ ကောင်းကောင်း အသုံးချဖို့သာ ကျန်ပါတော့တယ်။ ဒါကြောင့် ကိုယ်စားလှယ်တို့လာချိန်မှာ မျက်နှာကို အတက်နိုင်ဆုံးပြုံးပြီး ပြေးဖက်ရတော့တာပါပဲ (ဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်) ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် ထောက်ခံမှုတွေရမှာတော့ သေချာပါတယ်။

အားကိုးစရာ သူတို့ပဲ ကျန်တော့တယ်



Myanmar Express

ဘာလာလာ



ကိုကိုအဲ..

ကိုကိုဂန်..

တိုးတိုးတိတ်တိတ်..

ကိုကိုတော ကြောင့် တစ်နှစ်ခွဲ..

အိုင်လက်ဖြူ ချစ်စု



ကိုကိုကမ်း..

ထီးတစ်ချောင်းနဲ့တော့.... အလုပ်မဖြစ်နိုင်ဘူး...

ကိုကိုနမ်..



ဘဲအုပ်က တစ်ရာနှစ်ရာ..

မဗေဒါက တစ်ပင်တည်း...

ပန်းပန်လျှက်ပဲ.................
....

ထူးဆန်းသော အတိုက်အခံများ (၄)

မျက်နှာဖုံးစွပ်ပြီး ငြိမ်းချမ်းစွာ အကြမ်းဖက်ကြမယ်

လက်နက်ကိုင်အကြမ်းဖက်မှုကို ရှုံ့ချသော အတိုက်အခံများ၊ နိုင်ငံရေးပါတီများနဲ့ အဖွဲ့အစည်းများက စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များ အဖွဲ့ခေါ် ကိုယ့်မျက်နှာကိုယ် ဖော်မပြရဲသော သူရဲကောင်းများကို တစ်ခါမှ ရှုံ့ချပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒီကိစ္စက အင်မတန်ထူးဆန်းပါတယ်။ အားပေးအားမြောက်ပဲ လုပ်နေကြတာပါ။ ဒီတော့ သူတို့ကိုယ်တိုင်ကိုက အကြမ်းဖက်ချင်နေတာကြောင့်ပါပဲ

ခုလည်း ငါးမင်းဆွေကို အကြမ်းဖက်ဖို့ လိပ်စာတောင်းတဲ့လူနဲ့ လိပ်စာပေးတဲ့လူနဲ့ အကြမ်းဖက်တိုက်ခိုက်လုပ်ကြံဖို့ တိုက်တွန်းတဲ့လူနဲ့ လုပ်ကြံခံရကြောင်း ဝမ်းသာအားရ ရေးသူနဲ့ စုံနေအောင် ရေးနေကြပါတယ်။ ခုလို တပ်မတော်အစိုးရက အေးချမ်းသာယာအောင် စည်းကမ်းတင်းကြပ်ပြီး အုပ်ချုပ်ထားတာတောင် အဲ့လိုစိတ်ဓာတ်တွေနဲ့ လုပ်ချင်ရာလုပ်ကြမယ်ဆိုရင် ဒီလူတွေသာ ဒီမိုကရေစီ ရသွားပါက မြန်မာနိုင်ငံကြီး မတွေးရာစရာပါပဲ။ ဒီမိုကရေစီနဲ့ လုံးဝမထိုက်တန်တဲ့လူတွေပါ။

တစ်ချို့က ငါးမင်းဆွေကို တိရစ္ဆာန်အမျိုးမျိုးနဲ့ နှိုင်းပြီး ပြောကြပါသေးတယ်။ ဒါကလည်း အရင်ကတည်းက လုပ်ရိုးလုပ်စဉ်ပါ။ မကြိုက်တဲ့လူဆိုရင် အမျိုးမျိုးနာမည်ဖျက်ပြီး ကြိုက်တဲ့လူကိုကြတော့ အမေတပ်ခေါ်လိုက် ကိုတပ်ခေါ်လိုက်နဲ့ တကယ်တမ်း ဖားနေကြတာ သူတို့ကိုယ်တိုင်ဆိုတာ မသိရှာကြပါဘူး။ တစ်ဖက်နဲ့ တစ်ဖက်ကို မျှမျှတတလည်း မရေးတတ်ကြသလို မျှမျှတတတွေးနိုင်တဲ့ အရည်ချင်းလည်း မရှိကြပါဘူး။

တစ်ချို့က ငါးမင်းဆွေကို ရူးသွပ်တယ်လို့ ပြောကြပါသေးတယ်။ ငါးမင်းဆွေရဲ့ ကိုယ်ပြောချင်တာတစ်ခုကို သွားပြောတာကို ရူးသွပ်တယ်လို့ ပြောလို့မရပါဘူး။ သွားပြောတာကလည်း ဆိုင်တဲ့လူရှိတဲ့နေရာကို တိုက်ရိုက်သွားပြောတာပါ။ အဓိပ္ပါယ်ရှိတဲ့ အလုပ်လုပ်တာပဲ။ အမှန်တကယ်ရူးတယ်ဆိုတာ ဝေနှင်းပွင့်သုန်တို့လို လွပ်လပ်မှုအတွက်ခုန်ချတာ တို့၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ သံရုံးရှေ့ကနေ ကြိုးစားနေတာတို့၊ ဒီမိုကရေစီရဖို့ အလံချနင်းနေသူတွေကသာ အရူးအစစ်ပါ။ တကယ့်အရူးတွေကို အရူးမှန်းမသိပဲ မဟုတ်တဲ့လူကို အရူးထင်နေတာတော့ အဲ့ဒီ စာရေးသူတွေကိုယ်တိုင်ပဲ ရူးနေပြီလား စဉ်းစားစရာပါပဲ။ နိုင်ငံခြားကို ရောက်ခါစ မြန်မာလူငယ်တွေအားလုံးကလည်း အင်တာနက်ကို အကောင်းဆုံးအသုံးချဖို့ မြန်မာစာမျက်နှာတွေဖွင့်လိုက်တာနဲ့ ဝါဒဖြန့်စာမျက်နှာတွေ၊ အီးမေးတွေအောက်မှာ ဦးနှောက်ဆေးခံ လိုက်ရတာပါပဲ။ ဒီစာတွေကိုချည်း နေ့တိုင်းဖတ်နေသူများကလည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပြီး အမြင်မှန်ရဖို့ အမြန်ဆုံးကြိုးစားသင့်ပါတယ်။ ဘာမှအတွေ့အကြုံမရှိ၊ ဘာမှအရည်အချင်းမရှိ၊ ဘာမှ မသိ၊ အတတ်ပညာမရှိတဲ့ စာရေးသူတွေရေးတဲ့ စာတွေဖတ်နေမယ့်အစား တခြား တန်ဖိုးရှိတဲ့ စာတွေကိုဖတ်ခြင်းက ပိုအကျိုးရှိပါလိမ့်မယ်။

အားကိုးချင်စရာ သူရဲကောင်းများ

နောက်ဆုံးသုံးသပ်မိတာကတော့ မြန်မာ့ နိုင်ငံရေး အတိုက်အခံဆိုတာ အဖိုးကြီးများ၊ အရူးများ၊ ဘုန်းကြီးတုများ၊ အကြမ်းဖက်သူများ၊ ဒေါ်လာစား စီးပွားရှာသူများ၊ မျိုးဂုဏ်မစောင့်နိုင်သူများ၊ ကပြားများနှင့် မွတ်စလင်များ၊ ပညာမတတ်သူများနဲ့ အသိပညာနည်းပါးသူများ၊ စုပေါင်းပါဝင်ထားတဲ့ အဖွဲ့ကြီးပါပဲ....။



Myanmar Express

ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)

မင်္ဂလာပါ မစု။ ၂၀၁၀ နိုဝင်ဘာ (၁၃) ရက်နေ့ မှာ မစုလွတ်မြောက် လာတဲ့သတင်းကို ကြားသိရတဲ့အတွက် အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ကျွန်တော်က နိုဝင်ဘာ (၁၀) ရက်နေ့ ကတည်းက မွန်ပြည်နယ် ဆားကွင်းကိုရောက်နေတာမို့ မစုကို အပြေးအလွှား ဆီးကြိုချင်ပေမယ့် မဆီးကြိုနိုင်ခဲ့ပါဘူး။ ကိုယ်ဝန်အရင့်အမာကြီးလွယ်ထားတဲ့ သမီးကြီး သဲပိုင်ဦးကတော့ မစုကို အပြေးအလွားဆီးကြိုခဲ့ပါတယ်။ မစုကို ထောင်သောင်းချီတဲ့ မြန်မာပြည်သူလူထု ပရိသတ်ကြီးက ဝမ်းပန်းတသာ ကြိုဆိုကြတဲ့အကြောင်း ကြားသိရလို့ ကျွန်တော် အလွန်ကျေနပ်အားရဖြစ်ရပါတယ် မစု။


မစု ခင်ဗျား..........ကျွန်တော် ငါးမင်းဆွေဟာ "မျှော်လင့်ချက်တို့ မပေးစေလိုပါ" ခေါင်းစဉ်ဖြင့် ၂၀၀၅ ခုနှစ်ကစပြီး ရန်ကုန်တိုင်း(မ်) ဂျာနယ်မှာ စတင်ရေးသားပြီး သတင်းဂျာနယ်လောကသို့ ၀င်ရောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ညီလေးမင်းကိုနိုင်တို့ အဖွဲ့ကို သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးစဉ် ၂၀၀၆ နိုဝင်ဘာမှာ " ၇၅ မင်းဆွေမှ ဒေါ်စုကြည်သို့"၊ " စာရေးဆရာသည် လူမုန်းခံရ အသတ်ခံရတတ်၏"၊ " ကုန်ဈေးနှုန်းကျချင်သလား လျှပ်စစ်မီးမှန်ချင်သလား"၊ "ရာဇ၀င်လူဆိုး"၊ "ဖားမင်းဆွေ စက်ဘီးစီးနေသည် လမ်းဘေးဖုန်းကို သုံးနေသည်"၊ " ဘယ်သွားနေလဲ မင်းကိုနိုင်"၊ "အမြန်ဆုံးရုန်းထွက် လိုက်ပါတော့လား" စတဲ့ ဆောင်းပါးများကို ဆက်တိုက်ဆိုသလို ရေးခဲ့ပါတယ်။ အဲဒီအချိန်က သတင်းစာပါ ဆောင်းပါးတွေထဲမှာ မစုရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တာတွေကို ထောက်ပြဝေဖန် အကြံပြုရေးသားခဲ့ပါတယ်။


အထူးသဖြင့် ကမ္ဘာလှည့် ခရီးသည်တွေကို မြန်မာနိုင်ငံကို မလာကြပါနဲ့ဦးဆိုတဲ့ မစုရဲ့ တောင်းဆိုမှုတွေ၊ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ် အရေးယူဖို့ မစုရဲ့ တောင်းဆိုမှုတွေကို ထောက်ပြဝေဖန်ရေးသားခဲ့ပါတယ်။ ဒါတွေကို မစုဖတ်ရမယ်လို့လည်းထင်ပါတယ်။ ကျွန်တော်ဟာ သတင်းသမား ဂျာနယ်လစ် တစ်ယောက် မဟုတ်ပါဘူး။ ပြည်သူတွေထဲက ပြည်သူ့ သတင်းသမား တယောက်ဖြစ်တယ်လို့ ပြောရင်တော့ ပြောနိုင်ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘယ်သတင်းသမားဂျာနယ်လစ် စာရေးဆရာတို့နှင့်မျှ သိကျွမ်းခင်မင် မှု မရှိခဲ့ပါဘူး။ သတင်းစာတိုက်က အယ်ဒီတာတွေကအစ ပြန်ကြားရေး ၀န်ကြီးအထိ သိကျွမ်း ခင်မင်စကားပြောဆိုမှု မရှိခဲ့ပါဘူး၊ အဲ့ဒီ့အချိန်တုန်းက ကျွန်တော်ဟာ မြန်မာပြည်သူ တစ်ယောက်အနေနဲ့ မြန်မာပြည်သူ တစ်ယောက်ရဲ့ သဘောထား ဆန္ဒတွေကို မိမိသဘောနှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခဲ့ခြင်းသာ ဖြစ်ပါတယ်။ ယခုလည်း ကျွန်တော်ရဲ့ သဘောဆန္ဒ တစ်ခုတည်းနဲ့ ဒီစာကို ရေးခြင်းဖြစ်ပါတယ် မစု။


မစုခင်ဗျား...... ကျွန်တော်ရဲ့ သတင်းဆောင်းပါးတွေထဲက ယခုနောက်ဆုံး ထွက်ခဲ့တဲ့ နိုင်ငံပိုင် သတင်းစာများပါ " မေတ္တာဖြင့် တည်ဆောက်နေသော နိုင်ငံတော်"၊ " ခွင့်လွှတ်ရင်းနဲ့ မျှော်လင့်နေပါသည်"၊ "ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့"၊ "ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့(၂)" တို့နှင့် မော်နီတာသတင်းဂျာနယ်ပါ " နိုင်ငံရေးသမားများအလိုရှိသည်"၊ " မေတ္တာလမ်းစဉ် မှ တစ်ပါး အခြားမရှိပါ" ဆောင်းပါး တို့ကို မစု ပြန်လည်ဖတ်ရှုနိုင်ပါရန် ရိုသေစွာ ပေးပို့လိုက်ပါတယ်။ အဲ့ဒီ့ဆောင်းပါးတွေကို သေချာစွာ ဖတ်ပြီး မစုထံမှ ဝေဖန်အကြံပြု စေချင်ပါတယ်။ ကျွန်တော်ရေးထားတဲ့ သတင်းအချက်အလက်တွေဟာ မှားယွင်းနေတယ်ဆိုရင် လူသိရှင်ကြား ဝေဖန်ထောက်ပြပေးစေချင်ပါတယ် မစု။


မစုခင်ဗျား............ မစု မြန်မာ့နိုင်ငံေ၇းထဲမှာပါဝင်ပတ်သက်ခဲ့တာ (၂၂) နှစ်ကျော် ကြာခဲ့ပါပြီ။ မစု ကြွေးကြော်ခဲ့တာက မြန်မာပြည်သူတွေ ဒီမိုကရေစီ ရရှိရေးဖြစ်ပါတယ်။ မစု လုပ်ဆောင်ကြိုးပမ်းခဲ့တာကလည်း မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိရေးဖြစ်ပါတယ်။ သို့သော်လည်း မြန်မာပြည်သူတွေရဲ့ လိုအင် ဆန္ဒက ဒီမိုကရေစီထက် မိမိတို့ စားဝတ်နေရေး ဖူလုံချောင်လည်ဖို့၊ လူနေမှု အဆင့်မြင့်မားဖို့၊ ဒေသတွင်းနိုင်ငံများလို မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်။ ဒါတွေကိုကြည့်လျှင် မစုရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့ တခြားစီဖြစ်နေတာကို ရှင်းလင်းစွာသိမြင်နိုင်ပါတယ် မစု။


မစုခင်ဗျား.......... ၁၉၉၅ အမျိုးသားညီလာခံ ကြီးကျင်းပနေချိန်မှာ ထိုစဉ်က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မယ်ဒလင်းအောဘရိုက် မစုထံ ရောက်လာပါတယ်။ မစုနဲ့ နှစ်ယောက် ချင်းတွေ့ဆုံခဲ့ကြပါတယ်။ ကျင်းပနေဆဲ အမျိုးသားညီလာခဲ့မှာ မြန်မာနိုင်ငံအတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဆိုတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးနေပါတယ်။ ဤအချက်ကို အမေရိကန်အစိုးရက မလိုလားခဲ့ပါဘူး။ ဤအချက်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်။ နောက်ပြီး အဲ့ဒီ့အချိန်မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲဝင်ခွင့် ရအောင် ကြိုးပမ်းဆောက်ရွက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ထဲပါဝင်လာမှာကို အမေရိကန်အစိုးရက မလိုလားပါဘူး။ မြန်မာနိုင်ငံ အာဆီယံထဲ ပါဝင်လာရင် အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပုံ့ရပါတယ်။


အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်တော်သံ အမတ်ကြီး မက်ဒလင်းအောဘရိုက် က အမျိုးသားညီလာခဲ့ကြီးပျက်ပြားသွားအောင် NLD အနေဖြင့် အမျိုးသားညီလာခံကြီးက ထွက်ခွာဖို့ မစုကို အကြံပြု ခဲ့ပုံရပါတယ်။ မယ်ဒလင်းအောဘရိုက် ပြန်သွားပြီးတာနဲ့ မစုရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ NLD ကိုယ်စားလှယ် တွေဟာ အမျိုးသားညီလာခံကြီးကနေ ထွက်ခွာခဲ့ကြပါတယ်။ အချိန်တည်းမှာပဲ မယ်ဒလင်းအောဘရိုက် နဲ့ မစုတို့ တိုင်ပင်စည်းဝါးကိုက်ထားတဲ့ အတိုင်း အမေရိကန်နှင့် အနောက်အုပ်စုတွေက မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ဖို့ မစုတောင်းဆိုခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံကို မလာရောက်ကြဖို့ မစု ဟန့်တားခဲ့ပါတယ်။ အမေရိကန်နှင့် အနောက်နိုင်ငံတွေကလည်း မစုရဲ့ အလိုတော်ကျအတိုင်း မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ မစုရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံနှင့်လူမျိုးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ အဲ့ဒီ့တုန်းကသာ NLD ကိုယ်စားလှယ်များ အမျိုးသားညီလာခဲ့ကြီးက မထွက်ခွာခဲ့ပါလျှင် ခုလောက်ဆို ကျွန်တော်တို့ နိုင်ငံဟာ ယခုထက်မက အခြေတကဖွံ့ဖြိုးတိုးတက်နေပါပြီ မစု။


မစု ခင်ဗျား...... စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ "ချစ်ခြင်းမေတ္တာကို အကြမ်းမဖက်ပါနဲ့" ဆောင်းပါးနှင့် " မေတ္တာလမ်းစဉ်မှ တစ်ပါးအခြားမရှိပါ" ဆောင်းပါးတွေမှာ ကျွန်တော်အတိအတင်းရေးသားခဲ့ပါတယ်။ အီရတ်နိုင်ငံကို အမေရိကန်နှင့် အနောက်အုပ်စုတွေက စီးပွားပိတ်ဆို့ ဒဏ်ခတ်တဲ့အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်တောက်သွားပြီး အီရတ်ကလေးငယ် အများအပြား သေဆုံးခဲ့ကြရပါတယ်။ ဒါကြောင့် စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ လူသားတွေကို သေစေနိုင်တဲ့အထိဖြစ်ပေါ်စေတဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး။


စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်း မဟုတ်ဘူးလို့ မစု ငြင်းမှာလား၊ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တကွ လူသိရှင်ကြား မစုငြင်းနိုင်ပါတယ်။ ဒီလိုမှ မငြင်းပယ်နိုင်လျင်တော့ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ လူသိရှင်ကြား မစု ဝန်ခံရပါလိမ့်မယ်။ ဒီလို စီးပွားပိတ်ဆို့ဒဏ်ခတ်ခြင်းဆိုတဲ့ အကြမ်းဖက်မှုကြီးဖြစ်ပေါ်အောင် အားပေးလှုံ့ဆော် တောင်းဆိုခဲ့တဲ့ မစုရဲ့ မိုက်မှားခဲ့တာတွေကို လူသိရှင်ကြား မြန်မာပြည်သူတွေကို မစု တောင်းပန်ဖို့ လိုပါလိမ့်မယ်။ အမေရိကန်နှင့် အနောက်အုပ်စုတွေရဲ့ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ မြန်မာပြည်သူတွေကို အတိုင်းအတာတစ်ခုထိ နစ်နာစေခဲ့ပါတယ်။ သို့သော် အီရတ်နိုင်ငံမှာလို ကလေးငယ် အမြောက်အများ သေကြေတဲ့အထိတော့ ထိခိုက်နစ်နာမှု မရှိခဲ့ပါဘူး။ ဒီလိုဖြစ်ရတာကလည်း အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ရဲ့ လက်တွဲညီညီ ကြိုးပမ်းဆောက်ရွက်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မိတ်ဆွေကောင်းပီသမှုတွေကြောင့်ဖြစ်ပါတယ် မစု။


မစု ခင်ဗျား....... မစုလွတ်မြောက်လာလျှင် စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းကို ရုပ်သိမ်းဖို့ မစုတောင်းဆိုလိမ့်မယ်လို့ ကျွန်တော်နှင့်တကွ မြန်မာပြည်သူတွေ မျှော်လင့်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မစုကို မျှော်လင့်တကြီး မြန်မာပြည်သူတွေက ဆီးကြိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့တဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်က သူတို့ရဲ့ အမှားတွေကို သိရှိလာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ခွင့်လွှတ်နိုင်မှုစွမ်းအား အလွန်မြင့်မားတဲ့ လူမျိုးတွေပါ။ မေတ္တာ တရားထက်သန်ကြတဲ့ လူမျိုးတွေပါ။ ဒါကြောင့်လည်း နိုင်ငံနှင့်လူမျိုးကို ထိခိုက်နစ်နာအောင်လုပ်ခဲ့တဲ့ မစု နဲ့ အမေရိကန်နိုင်ငံအပေါ် နားလည် ခွင့်လွှတ်မှု ပေးနိုင်ခဲ့ကြပါတယ်။ မစု လွတ်မြောက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ၂၀၁၀ နိုဝင်ဘာ (၁၄) ရက်နေ့မှာ " မြန်မာပြည်သူတွေက ခိုင်မာတဲ့ အကြောင်းရပ်တွေနဲ့ Sanction (စီးပွားပိတ်ဆို့ ဒဏ်ခတ်မှု) ကို ဖျက်သိမ်းစေချင်ပါတယ်ဆိုရင် Sanction ကိုဖျက်မည်" လို့ မစု ခပ်ပြတ်ပြတ်ပြောဆိုခဲ့ပါတယ်။ ကျားကိုက်ပါတယ်ဆိုမှ နာပါတယ်လို့ ပြောရဦးမလား မစု။ အကြမ်းဖက်ဗုံးခွဲတာကို ထိခိုက်နစ်နာမှုတွေ ရှိပါတယ်လို့ ခိုင်မာတဲ့ အကြောင်းပြချက်တွေ ပေးနေရဦးမှာလား မစု။ မစုရဲ့ ပြောကြားချက်ဟာ အကြမ်းဖက်လုယက်ဓားပြတိုက်မှုကို ပြုသူတွေနဲ့ အားပေးအားမြှောက် လက်ထောက်ချသူတွေကို ဓားပြတိုက် ခံရသူတွေက ခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ ကျွန်တော်တို့ကို ငဲ့ညှာသနားကြပါလို့ တောင်းပန်ခိုင်းသလို ဖြစ်နေပါတယ် မစု။


မစု ခင်ဗျား...... မစုရဲ့ လုပ်ဆောင်ချက်တွေဟာ (၂၂) နှစ်ကျော်လုံးလုံး မြန်မာပြည်သူတွေကို ကောင်းကျိုးမပြုရုံတင်မက ဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ (၂၂) နှစ်ဆိုတဲ့ အချိန်ကာလဟာ မျိုးဆက်သက်တမ်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ ၁၉၈၉ ခုနှစ် နှစ်ဦးပိုင်းက ကျွန်တော့် ဇာတိမြို့ ကျိုက္ခမီကို မစုလာတုန်းက မစုကို တော်ဝင်သဇင်ပန်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဆီးကြိုခဲ့တဲ့ အပျိုဘော်ဝင်စ ညီမလေးမိုးသီတာမင်း ဟာ အခုအခါမှာ ကလေး (၃) ယောက် မိခင်ဖြစ်နေပြီး သူ့သမီးတောင် အပျိုဘော်ဝင်နေပါပြီ။ အဲ့ဒီ့တုန်းက ကျွန်တော့်အစ်မငယ် ဒေါ်စောမြင့်ဟာ လသားအရွယ် သမီးလေးကို ရင်ဝယ်ပိုက်ပြီး မစုကို ကြိုဆိုခဲ့ပါတယ်။ အဲ့ဒီ့လိုကြိုဆိုခဲ့တဲ့ လသားအရွယ် တူမလေး စုဝေဖြိုးမြင့်တောင် ကလေးအမေဖြစ်ခဲ့ပါပြီ။ အဲဒီ တုန်းက အသက် (၃၀) သာရှိသေးတဲ့ ကျွန်တော်ဟာလည်း ယခုအခါ အသက် (၅၀) ကျော်ခဲ့ပါပြီ။ ခုချိန်ကြမှ မစု ဘယ်လိုလုပ်ပေးလုပ်ပေး ကျွန်တော်တို့လို (၅၀) ကျော် (၆၀) ကျော် အရွယ် မြန်မာပြည်သူတွေ အတွက်တော့ နောက်ကျခဲ့ပါပြီ။ ဒါပေမယ့် မျိုးဆက်သစ်မြန်မာလူငယ်တွေ အတွက် နောက်မကျသေးပါဘူး။ ကမ္ဘာတည်သရွေ့ ရှင်သန်တည်ရှိနေမယ့် မြန်မာနိုင်ငံတော်ကြီးအတွက်လည်း နောက်မကျသေးပါဘူး။ ဟိုတုန်းက မစု မိုက်မှားခဲ့တာတွေကို သင်္ခန်းစာယူပြီး ဒီနေ့ ဒီအချိန်မှာ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မစုလုပ်ဆောင်ပေးသင့်ပါတယ်။ မစုကို မြှောက်စား အသုံးချသွားသူတွေရဲ့ စကားတွေကို ဟိုတုန်းကလို နားမထောင်ဘဲ နိုင်ငံနှင့်လူမျိုး ချမ်းသာကောင်းစားရေးအတွက် ယခုအချိန်မှာ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်ဆာင်ပေးသင့်ပါပြီ မစု။


မစု ခင်ဗျား..........ဟိုတုန်းကလို ဒီမိုကရေစီအရေးကို အကြောင်းပြပြီး ဟိုရုတ်ရုတ် ဒီရုတ်ရုတ်ဖြစ်အောင် ဟိုရှုတ်ရှုတ်ဒီရှုတ်ရှုတ်ဖြစ်အောင် မစု မလုပ်ဆောင်သင့်တော့ပါဘူး။ ဟိုတုန်းက အချိုးကို မပြောင်းလဲဘဲ မစုက ဟိုရုတ်ရုတ်ဒီရုတ်ရုတ်ဖြစ်အောင် လုပ်ဆောင်မယ်ဆိုလျှင် ကျွန်တော်တို့ နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံလို နိုင်ငံသားအချင်းအချင်း စိတ်ဝမ်းကွဲပြားပြီး နိုင်ငံနှင့်လူမျိုးကို ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲ့ဒီ နိုင်ငံဟာ နိုင်ငံရေးသမားတွေ ဟိုရုတ်ရုတ် ဒီရုတ်ရုတ် လုပ်တာကြောင့် နိုင်ငံသားအချင်းအချင်း စိတ်ဝမ်းကွဲပြားပြီး ဒေါ်လာ ဘီလီယံ နဲ့ချီပြီး ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံသားတွေလည်း အသက်ဆုံးရှူံး မှုတွေ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီ့နိုင်ငံဟာ စီးပွားရေး အင်အားတောင့်တင်းခိုင်မာတာကြောင့် အတော်အသင့်ခံနိုင်ရည်ရှိပေမယ့် စီးပွားရေးအင်းအားတောင့်တင်းခိုင်မာမှု မရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်ခဲ့ပါလျှင် နိုင်ငံနှင့်လူမျိုးများအပေါ် များစွာ ထိခိုက်နစ်နာပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးကို ဘယ်အစိုးရကမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။


နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ ဘယ်နိုင်ငံသားကမှလည်း လက်ခံနိုင်ကြမှာမဟုတ်ပါဘူး။ အစိုးရနဲ့ ပြည်သူတွေဟာ ဒီလို အခြေအနေမျိုးမပေါ်ပေါက်လာစေဖို့ အစွမ်းကုန်ကြိုတင်ကာကွယ်တားဆီး သွားကြမှာ ဖြစ်ပါတယ်။ မစုအနေနဲ့ ဒီလောက် မိုက်တွင်းနက်လိမ့်မယ်လို့တော့ အကောင်းမြင်တတ်တဲ့ ကျွန်တော်တို့ မြန်မာပြည်သူလူထုက မထင်မှတ်ကြပါဘူး။ မစု မိုက်တွင်းနက်ခဲ့ပါလျှင်လည်း ကျွန်တော်တို့ မြန်မာပြည်သူတွေက မစုရဲ့ မိုက်မဲမှုတွေကို လုံးဝလက်ခံနိုင်မှာ မဟုတ်ဘဲ အဲဒီ့မိုက်မဲမှုတွေကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တားဆီးသွားကြလိမ့်မယ်ဆိုတာကို ကျွန်တော် ရိုးသားပွင့်လင်းပြတ်သားစွာ ပြောလိုက်ပါတယ် မစု။


မစု ခင်ဗျား...... ခုအခါမှာ မစုဟာ( ၆၆) နှစ် အတွင်းသို့ ၀င်ရောက်ခဲ့ပါပြီ။ (၆၆) နှစ်ဆိုတာ ဘဝရဲ့ နေဝင်ဆည်းဆာချိန်ပါ။ ဒီတစ်ခါ မစု ပြန်လည်လွတ်မြောက်လာခြင်းဟာ မြန်မာနိုင်ငံတော်နဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို မစု သယ်ပိုးဆောင်ရွက်ပေးနိုင်ဖို့ နောက်ဆုံးအခွင့်အလမ်း တစ်ရပ်ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို မစုလက်မလွတ်စေသင့်ပါဘူး။ မစုသာ နိုင်ငံနဲ့ လူမျိုး ချမ်းသာကောင်းစားရေးအတွက် လုပ်ဆောင်မယ် ဆိုပါလျှင် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ သက်ဆိုင်ခြင်းမရှိတဲ့ ကျွန်တော်ငါးမင်းဆွေဟာ အမျိုးသားနိုင်ငံရေးစိတ်ဓာတ်ဖြင့် မစုနဲ့ လက်တွဲဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်။ အနည်းဆုံးတော့ မစုရဲ့ ယာဉ်မောင်းတစ်ယောက်အဖြစ် မစုကို ကူညီဆောင်ရွက်ပေးနိုင်ပါတယ် မစု။


မစု ခင်ဗျား... ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ မစုရဲ့ ဆည်းဆာ မေတ္တာရောင်ခြည်ကို မျှော်လင့်နေကြဆဲပါ။

ရိုသေစွာဖြင့်
ငါးမင်းဆွေ








Myanmar Express

ငါးမင်းဆွေကြောင့် ငါးပါးမှောက် ရတဲ့ ဒေါ်စု နှင့် NLD ဒရဝမ်များ


လူထုအားလုံးက ထောက်ခံတယ်၊ ပြည်သူအားလုံးက ကြိုဆိုကြတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ငါးမင်းဆွေနဲ့တွေ့မှ ငါးပါးမှောက်တော့တာပါပဲ။ ငါးမင်းဆွေ ဆိုတာ ၁၉၇၅ ဦးသန့် အရေးအခင်း ကျောင်းသား လှုပ်ရှားမှုမှာ ခေါင်းဆောင်ငယ် တစ်ယောက်ဖြစ်ပြီး အစိုးရ ရဲ့ ဖမ်းဆီး အပြစ် ပေးခြင်းကို ခံခဲ့ရတဲ့သူပါ။ ငါးမင်းဆွေဟာ ဒီနေ့ (နို ၂၅) မနက် ၁၁ နာရီမှာ ဒီချုပ်ရုံးချုပ် ရှေ့ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါနဲ့၊ မော်နီတာ ဂျာနယ်က ငါးမင်းဆွေ၏ မေတ္တာလမ်းစဉ်မှ တပါး အခြားမရှိပါ ဆောင်းပါးအား ဒေါ်အောင်ဆန်းစုကြည်သို့ ပို့ပေးပါ ဆိုတဲ့ စာသား ရိုက်ထားတဲ့ တီရှပ်ဝတ်၊ သူ့ဆောင်းပါး မိတ္တူတွေကို လက်ကကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခဲ့ပါတယ်။

ရိုးတယ်၊ အတယ်၊ သဘောကောင်းတယ် ဒါပေမယ့် အမှန်တရားအတွက် အရာရာရင်ဆိုင်ရဲတယ်

ပြန်လွတ်လာ ပြီးထဲက တွေ့ဆုံ ဆွေးနွေးမယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးက လုပ်ဖော် ကိုင်ဘက်ပါ။ ပြည်သူတွေရဲ့ အသံကို ကြားချင်ပါတယ် ဆိုပြီး လေလုံးမိုးလုံး ထွားခဲ့တဲ့ ဒေါ်စုနဲ့ သူ့တပည့်တွေက ရုံးရှေ့ ရောက်လာတဲ့ ငါးမင်းဆွေကို ဘယ်လိုလုပ်တယ် ထင်ပါသလဲ။ ဒေါ်စုအနားမှာ သူတို့ကိုယ် သူတို့ အမေရိကန် သမ္မတနားက လုံခြုံရေးတွေလို ထင်တစ်လုံးနဲ့ လက်ကားယား၊ ခြေကားယား၊ ဟိုတွန်း၊ ဒီတွန်း လုပ်နေတဲ့ မောင်တွေက ငါးမင်းဆွေကို ရုံးရှေ့ကနေ ဆွဲထုတ်ဖို့ လုပ်သတဲ့။ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဘေးကလူတွေ ဝိုင်းလာမှ ဗိုလ်ကြီးဟောင်း ဝင်းထိန် ထွက်လာပြီး အထဲဝင်ခိုင်းပါတယ်။ အထဲရောက်တော့ ဝိုင်းပြီး သက်ကြ ဖြတ်ကြတော့မယ့် ပုံစံတွေနဲ့ ကြည့်ကြပါတယ်။ တစ်ရုံးလုံးက လူတွေအားလုံးခေါ်ခိုင်းပြီး ဝိုင်းထားပါတယ်။

ငါးမင်းဆွေက ဒေါ်အောင်ဆန်းစုကြည် ဖတ်ဖို့ ဆောင်းပါးပေးချင်တဲ့ အကြောင်းနဲ့ အဲ့ဒီဆောင်းပါးမှာ ဒေါ်စုအကြောင်းပါပြီး အဲ့ဒီထဲမှာ မှားနေတာတွေ ရှိရင်လည်း ပြန်ပြီး ပြောနိုင်တဲ့ အကြေင်း ပြေပြေလည်လည် ပြောပြီး ဆောင်းပါးပေးလိုက်ပါတယ်။ အဲ့ဒါကို ဗိုလ်ကြီးဟောင်း ဝင်းထိန်က ဆောင်းပါးမှာ ဒေါ်စုကြည် လို့ ရေးထားလို့ အထက်ကို တင်ပြမှာမဟုတ်ဘူးလို့ ပြောပါတယ်။ တကယ်တော့ အမှန်တရားတွေကြောင့်ပါ။ ဒေါ်စုကြည်မကလို့ ဒေါ်စုလို့ ရေးရင်လည်း အကြောင်းမဟုတ်ပါဘူး။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြစ်ရှိလို့ အပစ်ပေးခံရပြီး အကျယ်ချုပ်က ထွက်ခါစ သာမန် လူတစ်ယောက်ပါ။ ဒါကို နာမည် တပ်တာ အကြောင်းပြပြီး ငြင်းပါတယ်။ ဆောင်းပါးကိုတော့ ယူထားပါမယ်တဲ့ ဒါပေမယ့် ဆောင်းပါးမှာ ဒေါ်စုကြည်လို့ ရေးထားလို့ ဒေါ်စုကို မပြနိုင်ပါဘူးတဲ့။ ဘာမှတောင် အာဏာမရသေးပဲနဲ့ NLD မှာ ပြည်သူထဲက ပြည်သူတစ်ယောက်ပေးတဲ့စာက အထက်ကို မရောက်ချင်တော့ပါဘူး။ အာဏာများရသွားရင်တော့ ပြည်သူတွေ က ပေးသမျှ စာမှန်သမျှ NLD ရုံး အစောင့်တွေကပဲ အိမ်မှာ စု ထားပြီး ပိဿာချိန် နဲ့ ပြန်ရောင်းစားမယ့်အနေအထား ရှိပါတယ်။ နိုဝင်ဘာ (၁၅) ရက်နေ့တုန်းကလည်း NLD ဒရဝမ် လိုလို ဗီလိန်လိုလိုနဲ့ နိုင်ငံကောင်းအောင် လုပ်ပါမယ် ဆိုတဲ့ လူတွေက သတင်းထောက်တွေကို ဆဲဆိုကြိမ်းမောင်း လိုက်ပါသေးတယ်။ လုပ်ပြန်ပါပြီ။



ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာကို ဒေါ်အောင်ဆန်းစုကြည် သိမှ ဖြစ်မည့်အကြောင်းနဲ့ မဟုတ်ဘူးဆိုရင် လူသိရှင်ကြား ကန့်ကွက်လျှင်သော်လည်းကောင်း၊ ငါးမင်းဆွေကို ရှုံ့ချလိုလျှင်သော်လည်း ကောင်း လုပ်နိုင်ကြောင်း ပြောပြပါတယ်။ အဲ့ဒီနောက်မှာမှ ဗိုလ်ကြီးဟောင်း ဝင်းထိန်က ယူတော့ ယူထားလိုက်မယ်၊ ဒေါ်စု ဖတ်မဖတ်တော့ မတတ်နိုင်ဘူး ဆိုပြီး ရတိပြတ် ပြောကာ ပြန်လွှတ်လိုက်ပါတယ်။ တခြား ရုံးထဲက အဖွဲ့ဝင်တွေကလည်း မြည်တွန်တောက်တီးလိုက်ကြပါသေးတယ်။ အဲ့ဒီလူတွေ အာဏာရသွားရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကတော့ ရင်လေးစရာပါပဲ။

မြန်မာတစ်နိုင်ငံလုံးကောင်းစားဖို့ လုပ်မယ့် ရုံးကြီးက မြန်မာပြည်မြေပုံတောင်မရှိဘူး။ ဆန်တောင်းလို့ ကောင်းတဲ့ပုံတွေနဲ့ ဒန်အိုးတွေပဲ တွေ့တယ်။ ရုံးလာကြ၊ ဘာအလုပ်မှမရှိကြ၊ အချိန်တန်တော့ အထောက်အပံ့တွေနဲ့ စားကြသောက်ကြ။ ပျင်းရင် ကြေငြာချက်ထုတ်ကြ။


၇ နှစ်လုံးလုံး ပြည်သူ့စကားတွေ နားထောင်နေပါတယ်၊ ပထမဆုံး မိန့်ခွန်းမှာတောင် ပြည်သူ့အသံတွေ ကြားချင်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာမည်မကြိုက်လို့ အထက်ကို မတင်နိုင်ပါဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ တို့ကိုတော့ ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ ဒေါ်စု ပြောတဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ဒေါ်စု ကြားချင်တဲ့ ပြည်သူ့အသံ ဆိုတာတွေက တကယ်တော့ သူအကြိုက် လိုက်ပြောမယ့် အနားပြာတွေရဲ့ အသံ။ ဒေါ်စု မူဝါဒတွေ၊ ဒေါ်စု အကျင့်စရိုက် တွေကို မသိဘဲ ဗိုလ်ချုပ် သမီးလေးဟဲ့ ဆိုတဲ့ ထင်တလုံးနဲ့ လာကြည့်ပြီး လက်ခုတ်တီးသူ တွေရဲ့ အသံပဲ ဖြစ်နေတယ်ဆိုတာ မထင်ရှား ဘူးလား။ သူနဲ့ ကွဲလွဲတဲ့ သဘောထားကို တင်ပြမယ့်သူ၊ တင်ပြထားတဲ့စာ ဆိုရင် မကြည့်ချင်၊ မမြင်ချင်တဲ့ သဘော၊ မတွေ့ရဲ၊ မကြားရဲတဲ့ သဘော ဖြစ်မနေဘူးလား။ တနည်းအားဖြင့် တကယ့် ပြည်သူ့အသံကို ကြားရမှာ၊ တကယ် ပြည်သူတွေနဲ့ တွေ့ရမှာကို ဒေါ်စု ကြောက်နေတယ် ဆိုတာ ထင်ရှားတယ်။ ဒါဟာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးရဲ့ စရိုက် မဟုတ်ဘူး။ ဒီမိုကရေစီ ခေါင်းဆောင်ဆိုတာ ကွဲလွဲတဲ့ အမြင်တွေ ကိုလည်း နားထောင်နိုင်ရမယ်။ ဆွေးနွေး နိုင်ရမယ်။ ဒါတွေ မလုပ်နိုင်ဘဲနဲ့ လျှာဖျားလေးနဲ့ ဒီမိုကရေစီ ပြောနေတာကတော့ ငါ ပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတာထက် မပိုဘူး။

NLD ရုံးမှ ပြန်ထွက်လာပြီးနောက် ငါးမင်းဆွေ က မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့မှုဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် လုပ်နေကြောင်းနဲ့ အဲ့ဒီစီးပွားရေး ပိတ်ဆို့တယ်ဆိုတာ ပြည်သူတွေကို သက်သက် ဒုက္ခပေးနေခြင်းဖြစ်သလို အကြမ်းဖက် ခြင်းဖြစ်ကြောင်း၊ အဲ့ဒီအကြောင်းတွေကို ဂျာနယ်ထဲမှာ အပြည့်အစုံရေးထားကြောင်း ပြောပြရာ ပြည်သူများက ဂျာနယ်များကို အတင်း တောင်းရမ်း ဖတ်ကြလို့ ပါလာတဲ့ ဂျာနယ် တစ်ထပ်ကြီးက ခဏ နဲ့ ကုန်သွားခဲ့ရပါတယ်။



နိုဝင်ဘာ ၁၅ ရက်နေ့က သတင်းထောက် တစ်ဦး ပို့လိုက်တဲ့ စာအပြည့်အစုံကတော့

ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။

သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမားတာဝန် ကျေချင်တဲ့အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။

သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ်။ အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။

အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။

ကျနော်တော့ ဒီနေ့ တရား တော်တော်ရသွားတယ်။ လုံခြုံရေးသဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့ ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။

ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ။ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရှိပြီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချည်း ပါပဲ။

အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။

အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ။ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ။ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ်။ သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့လည်း သံသယ၀င်မိပါတယ်။

ဒီစာတွေကိုတော့ အန်တီဖတ်မိ စေချင်ပါသေးတယ်။ ကျနော်လည်း စိတ်ထဲရှိတာတွေ အကုန်ပြောလိုက်ရလို့လား မသိဘူး နည်းနည်းတော့ ပေါ့သွားတယ်။

အခြား ဆက်စပ် သတင်းများ

(၁) ဆွေးနွေးပွဲ ရလဒ်
(၂) ပြောစရာတွေတော့ ဖြစ်ကုန်ပြီ



Myanmar Express

သတင်းထူး ကဏ္ဍ - ၁

ဒီတပတ်အတွက် အထူးခြားအရေးပါဆုံး သတင်းထူးတစ်ခုကို ၂၃.၁၁.၂၀၁၀ ရက်နေ့က မလေးရှားရောက် အလုပ်ကြမ်းသမား ပညာမဲ့သူ များ အလုပ်ပြုတ်ရင်း ကြံရမရ လို့ စီးပွားဖြစ်ဘလော့ရေးကြရင်း ပူးပေါင်း ထူထောင်ထားတဲ့ မျိုးသာကီအတွက် ရဲဝံ့ဇာနည် ဆိုတဲ့ ဘလော့ မှာဖြစ်ပါတယ်။ သတင်းခေါင်းစဉ်က သိပ်ကို အံ့သြောတုန်လှုပ်စရာ ကောင်းပါတယ်။ ခေါင်းစဉ်က ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်လေဆိပ် အာဏာပိုင်များ ကြောက်ရွံ့တုန်လှုပ် ပါတဲ့။

သတင်းစုဆောင်းမှု အလွန်ကောင်းကြောင်း သိသာစေပါတယ်။ ဒါ့အပြင် မန်ဘာဝင်အားလုံးဖြစ်သော 1. Arzarnimg@gmail.com 2. Ahbayah@gmail.com 3. Downtamun@gmail.com 4. Freeburma.freeburma@gmail.com 5. Minmawsoe1975@gmail.com 6. Nayminthuria@gmail.com 7. Nyiarzarni@gmail.com 8. Nyonya.nay@gmail.com 9. Ronal50@gmail.com 10. Thadarmay@gmail.com 11. Truemmnews@gmail.com 12. Tw23tinwin@gmail.com 13. Wunnahtun1944@gmail.com 14. phyowai1984@gmail.com တို့ရဲ့ ဦးနောက်နဲ့ အသိဥာဏ် ကို သိနိုင်ပါတယ်။ အာဇာနည် ဘလော့အနေနဲ့ အခုလို တန်ဖိုးရှိတဲ့ သတင်းထူးတွေ များများဆက်တင်ရင်း မြန်မာနိုင်ငံ ဒီမိုကရေစီအမြန်ရအောင် ဦးဆောင်လမ်းပြနိုင်ပါစေလို့ လို့ ပြောရင်း မှတ်သားဖွယ်ရာ ပို့ အတွက် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။ နောက် ၁၀ နှစ်လောက်ကြာရင် အထက်ပါ မန်ဘာဝင် ၁၄ ဦးတို့ရဲ့ သား၊ သမီးလေးတွေကို ဒီပိုစ့်လေး ပြန်ဖတ်ခိုင်းပြီး ဒါက အဖေတို့ ဘလော့ကွ ဆိုပြီး ဂုဏ်ယူနိုင်ကြပါစေဗျာ......။



နောက်ထပ် အံ့သြောဖွယ်ရာ မြန်မာ့ ဒီမိုကရေစီရေးအတွက် အရေးပါတဲ့ သတင်းတစ်ခုကတော့ ဒီမိုဝေယံ ဘလော့မှာ ၂၃.၁၁.၂၀၁၀ ရက်နေ့က တင်ခဲ့တဲ့ အဖွဲ့ချုပ်အလံ TATOO ကို ဒီဆိုင်မှာ ထိုးခဲ့တာပါတဲ့.. ဆိုတဲ့ သတင်းထူးပဲဖြစ်ပါတယ်။ ကမ်န်အဲရစ် နဲ့ ကိုယ်တိုင် ပြောပြီး သတင်းယူခဲ့တာလား၊ ဒါမှမဟုတ် လက်မောင်းက တက်တူးနဲ့ တက်တူးဆိုင်ရှေ့မှာ ရိုက်ထားတဲ့ ပုံနှစ်ပုံတွေ့လို့ တင်လိုက်တာလားတော့ ဘလော့ပိုင်ရှင် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဘလော့တစ်ခုလုံးမှာ ကိုယ်တိုင်ရေးထားတာ မရှိသလောက်နည်းပေမယ့် ဒီတစ်ကြိမ်မှာ တစ်ပက်အတွင်း သတင်းထူး ကဏ္ဍ မှာ ဖော်ပြခံရလို့ ဂုဏ်ယူပါတယ်။ ဒီမိုဝေယံ ဘလော့အနေနဲ့ အခုလို တန်ဖိုးရှိတဲ့ သတင်းထူးတွေ များများဆက်တင်ရင်း မြန်မာနိုင်ငံ ဒီမိုကရေစီအမြန်ရအောင် ဦးဆောင်လမ်းပြနိုင်ပါစေလို့ ပြောရင်း မှတ်သားဖွယ်ရာ ပို့ အတွက် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။ နောက် ၁၀ နှစ်လောက်ကြာရင် demowaiyen@gmail.com ရဲ့ သား၊ သမီးလေးတွေကို ဒီပိုစ့်လေး ပြန်ဖတ်ခိုင်းပြီး ဒါက အဖေဘလော့ကွ၊ ဒီသတင်း အဖေတင်ထားတာကွ ဆိုပြီး ဂုဏ်ယူနိုင်ပါစေဗျာ......။



Myanmar Express

ကဲ ကျွန်တော်တို့ ဘာတွေချန်ထားခဲ့ကြမှာလဲ

လူတိုင်းပါးစပ်ဖျားမှာ လွယ်လွယ်ပြောတတ်ကြတဲ့ ရှေးရိုးစဉ်လာ စကားတချို့ကို သဘောမကျ နိုင်ကြောင်း မကြာခဏဆိုသလို ရေးဖြစ်ခဲ့တယ်။ ဘုရားတောင် အမှီရှိမှပွင့်တယ်ဆိုတဲ့ စကား မျိုးဟာ ‘အတ္တာဟိ အတ္တနောနတ္ထော’ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ မြတ်စွာဘုရားသခင်ရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေရုံမျှမက ဘုရားသခင်ရဲ့ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုပါ သေးသိမ် အောင်ပြုသလို ဖြစ်နေကြောင်း ရေးခဲ့ဖူးတယ်။


သီလကြောင်တွေက ခုတုံးလုပ်

အလားတူပဲ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ဆိုတဲ့ စကားကို အကျင့်ပျက် သီလကြောင် တွေက ခုတုံးလုပ်ပြီး ထင်ရာစိုင်းတတ်တဲ့ အကြောင်းလည်း ရေးဖူးတယ်။ မကြာခင်လေး က တောင် ‘ရေကိုသားလို့ အကြားမထင်’ ဆိုတဲ့ တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီ ညွတ်ရေး အညွှန်းစကားဟာ လူအမျိုးမျိုး စိတ်အထွေထွေ လောကမှာ မဖြစ်နိုင်ရုံသာမက ဒီမို ကရေစီရဲ့ သဘောနဲ့လည်း ဖီလာဆန့်ကျင် ဖြစ်နေတဲ့အကြောင်း ရေးဖြစ်လိုက်သေးတယ်။


စကားနောက်တရားပါ

အစိုးရဆိုတာ မိဘသဖွယ် တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ရမယ်ဆိုတဲ့ စကားဟာ ပဒေသရာဇ် မင်းရှင်ဘုရင်များ အုပ်ချုပ်တဲ့ ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်ပေမယ့် အစိုးရကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီခေတ်မှာ မဲဆန္ဒရှင် ပြည်သူ လူထုကသာ အကြွင်းမဲ့ အာဏာပိုင်စိုးသူ အကြီးအမှူး နာယက မိဘနေရာက ထားရမှာ ဖြစ်ပြီး အစိုးရနဲ့ အစိုးရ၀န်ထမ်းများက (Public Servant) ပြည်သူ့အစေခံများသာ ဖြစ်ကြောင်းကို လည်း ‘အစိုးရက မိဘလား၊ ပြည်သူက မိဘလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၁-၁၁-၂၀၁၀ နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးခဲ့တယ်။ တချို့စကားတွေက ‘ပညတ်သွားရာ ဓာတ်သက်ပါ’ ဆိုသလို ဖြစ်နေတတ်တယ်။ တချို့ကျတော့ စကားလုံးကြောင့် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ထမ်း ထားရသလို လေးလံဖိစီးနေလေ့ ရှိတယ်။ အထက်မှာ ပြောခဲ့တဲ့ ‘ရေကိုသားလို့ အကြား မထင်’တဲ့ ညီညွတ်ရေးဆိုတဲ့ စကားမျိုးဆိုပါတော့ တစ်သွေးတစ်သားတည်း ပေါင်းစည်း ညီ ညွတ်ရေးဆိုတဲ့ စကားလုံးကြီး ခေါင်းစဉ်ထဲမှာ အမြစ် တွယ်နေလေတော့ သဘောထားမတူ ကွဲပြားခြားနားတာကို နည်းနည်းလေးမှ သည်းမခံနိုင်တော့ဘဲ မတူတာမှန်သမျှ ရန်ဘက် ပဋိ ပက္ခလို့ မှတ်ယူလိုက်တော့တယ်။ ရှေးစကားတွေ၊ စကားပုံတွေဆိုတာ ရှေးခေတ်က ပညာရှိကြီး တွေ ပြောခဲ့ကြ ရေးခဲ့ကြတာတွေပါ။ ကာလကြာညောင်းတော့ နောက်လူတွေက စကားပုံတွေလို့ သတ်မှတ်လိုက်ကြတာ ဖြစ်တယ်။ ရှေးလူကြီးတွေ သူ့ခေတ်သူ့အခါမှာ သူတို့ တာဝန်ကျေခဲ့ ကြသလို အခုနှစ်ဆယ့်တစ်ရာစု လူသားတွေလည်း နောင်လာနောက်သားတွေ အတွက် ဆိုရိုး စကားတွေ၊ စကားပုံတွေ ချန်ထားရစ်ကြရမှာ မဟုတ်ဘူးလား . . .


ပညတ်နောက်ဓာတ်လိုက်

လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတာ သဘာဝတရားက ဖန်တီးပေးလိုက်တာပဲ။ မိဘနဲ့ သားသမီး တောင်မှ စိတ်ဓာတ်တစ်ထပ်တည်းကျတယ်လို့ ရှိမှမရှိတာ။ ဒါကို လူတိုင်းသိနေကြတယ်။ သိပေ မယ့် တစ်သွေးတစ်သားတည်း ရေကိုသားလို့ အကြားမထင်သလို ပေါင်းစည်းညီညွတ်ရမယ် ဆိုတဲ့ ပညတ်နောက်ကို ဓာတ်ကလိုက်သွားတဲ့ သဘောကြောင့် မတူကွဲပြား ခြားနားမှုကို လက် မခံနိုင်အောင် ဖြစ်နေကြတယ်။ သည်းမခံနိုင်ရာက တစ်ဆင့်တက်တော့ ‘ငါနဲ့မတူ ငါ့ရန်သူ’ ဖြစ် သွားကြရော။ ဒီလိုနဲ့ပဲ ကမ္ဘာကြီး တစ်ခုလုံးမှာ ပဋိပက္ခတွေ ကြီးသထက် ကြီးထွားပြီး စစ်မီးတွေ မငြိမ်းနိုင်အောင် ဖြစ်နေကြတာ။


မြန်မာမှန်းသိအောင်

ရှေးရိုးစဉ်လာ ဓလေ့စရိုက်တွေနဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတာ မှန် တယ်။ ဒါပေမဲ့ ရှေးရိုးစဉ်လာတွေအတိုင်း အားလုံးလိုက်လုပ်ရမယ်၊ ပြောဆိုရမယ်၊ ကျင့်သုံး ရ မယ် လို့တော့ အဓိပ္ပာယ် မကောက်သင့်ဘူး။ ပြတိုက်ထဲမှာ ထိန်းသိမ်းထားသင့်တာ တချို့ကို ထိန်းသိမ်း စောင့်ရှောက်ပြီး တချို့ကိုတော့ ကျမ်းစာအုပ်တွေထဲမှာပဲ သိမ်းထားသင့်တယ်။ နှစ် ဆယ့်တစ်ရာစုခေတ်အထိ ခေတ်မီနေသေးတဲ့ ရှေးရိုးစဉ်လာတွေ၊ ယဉ်ကျေးမှုတွေကိုတော့ မြန်မာပီသအောင်၊ မြန်မာမှန်း သိအောင် ဆက်လက်သုံးစွဲပြီး ရှင်သန်နေအောင် လုပ်ကြရမယ်။ ဒါမှ ကမ္ဘာ့အလယ်မှာ မြန်မာဆိုပြီး တင့်တယ် ၀င့်ကြွားနိုင်မှာ ဖြစ်တယ်။


ဆင်ခြေမပေးနဲ့

နှစ်ဆယ့်တစ်ရာစုကို အမီလိုက်ဖို့ဆိုပြီး တိုးတက်တဲ့ သူများနိုင်ငံတွေဆီက အရာမှန်သမျှကို စကားအသုံးအနှုန်းကစ ယူသုံးနေလို့ မဖြစ်ပါဘူး။ နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေနဲ့ ပတ် သက်တဲ့ စကားလုံး ဝေါဟာရတွေကို ဘာသာပြန်လို့ မရဘူး ဆိုတဲ့ ဆင်ခြေမျိုးပေးပြီး ဆင် ဝှေ့ရန်ရှောင် လုပ်ဖို့ မစဉ်းစားပါနဲ့။ ဒီ ဆင်ခြေမျိုးတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း များ စွာ ကတည်းက ဆရာကြီး ဦးဖေမောင်တင်က ပြောခဲ့ပြီးသားပါ။ အင်မတန် ခက်ခဲနက်နဲလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေကိုတောင် မြန်မာလို ဘာသာပြန်နိုင်ပါလျက်နဲ့ လောကီ ပညာရပ်တွေကို ဘာသာပြန်လို့ မရဘူးဆိုတာ မရှိပါဘူးလို့ ဆရာကြီးက ပြောခဲ့ပါတယ်။


ဘာချန်ထားခဲ့မှာလဲ

ကျွန်တော်တို့ အပျင်းထူပြီး ကြိုးစားအားထုတ်မှု မပြုကြလို့သာ ဘာသာမပြန်နိုင်တာပါ။ ရှေး စကားတွေ၊ စကားပုံတွေဆိုတာ ရှေးခေတ်က ပညာရှိကြီးတွေ ပြောခဲ့ကြ ရေးခဲ့ကြတာ တွေပါ။ ကာလကြာညောင်းတော့ နောက်လူတွေက စကားပုံတွေ လို့ သတ်မှတ်လိုက်ကြတာ ဖြစ်တယ်။ ရှေးလူကြီးတွေ သူ့ခေတ်သူ့အခါမှာ သူတို့ တာဝန်ကျေခဲ့ကြသလို အခု နှစ်ဆယ့်တစ်ရာစု လူသားတွေလည်း နောင်လာနောက်သားတွေအတွက် ဆိုရိုးစကားတွေ၊ စကားပုံတွေ ချန်ထား ရစ်ကြရမှာ မဟုတ်ဘူးလား။ ကဲကျွန်တော်တို့ ဘာတွေ ချန်ထားခဲ့ကြမှာလဲ။


လူထုစိန်ဝင်း

မြန်မာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်များ စုဝေးရာ ထူးဆန်းသော အဖွဲ့ကြီး

ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

အသက်(၆၀) မပြည့်က မဝင်ရ၊

တောင်ဝှးကိုင်ပြီး နိုင်ငံကို ကာကွယ်မယ်၊

ကမ္ဘာ့အသက်အကြီးဆုံး ပါတီခေါင်းဆောင်များ၊

ပြည်သူအားလုံး ပါရမယ် (ဆံပင်ဖြူသူ၊ သွားမရှိသူ၊ ထိပ်ပြောင်သူ၊ မျက်စိမှုန်သူ၊ နားလေးသူ)၊

ဗာရာနသီပြည်ကို ဗြဟ္မဒတ်မင်းကြီးရဲ့ အုပ်ချုပ်ခဲ့တဲ့ အခြေခံဥပဒေ မူကြမ်းကိုပဲ ထောက်ခံရမယ်၊

ဘာမှမပူနဲ့ အဘိုးတို့ရှိတယ်၊

၁၂ ကို စိတ်ထဲမှာ မှတ် လက် ၁၀ ချောင်းထောင်၊

ဒါတော့ အဘယူလိုက်မယ် ကျန်တာတော့ ကိုယ့်ဘာကို ဝေစုခွဲကြ

ကျယ်ကျယ်ပြော မကြားရဘူး၊

မသေခင် ဝန်ကြီးတစ်နေရာလောက်ရရင် ကျေနပ်ပါပြီ၊

ရှေ့ကနေ ဦးဆောင်ပြီး တကမ္ဘာလုံးကို ကျော်တက်ပြမယ်၊