Subscribe to our RSS Feed

စောင့်လေမျိုးနွယ်

အထက်မှာ ပြထားတဲ့ ပုဂ္ဂိုလ် (၃) ယောက်ကိုကြည့်ပါ။ မယုံမရှိပါနဲ့ အဲ့ဒါ အမျိုးတွေပါ။ ဝဲ ဖက်အစွန်က ဗိုလ်မင်းရောင်၊ အလယ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျန်တစ်ယောက်ကတော့ ကင်မ် ပါ။

ဗိုလ်မင်းရောင်

ဗိုလ်မင်းရောင်ဆိုတာ နာမည်ကျော် “ရွှေလရောင်”ဘွဲ့ခံ မြို့လုလင် မြို့သူကြီး ဦးမင်းရောင် ဖြစ်ပါတယ်။ မြန်မာသွေးစစ်စစ်ဖြစ်ပါတယ်။ မျိုးချစ်စိတ် အလွန်းကြီးမားသူဖြစ်ပါတယ်။ မြန်မာဆန်ဆန်ယောင်ထုံးနဲ့ ချိတ်ပုဆိုး ကို အမြဲ ဝတ်ဆင်သူဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့ မြောက်လက်နေ သူကြီးမျိုးရိုးဖြစ်သူ သွေးသောက်ဘွဲ့ရ ဦးမှူး၊ ဒေါ်ပိုတို့၏ သားဖြစ်ပါတယ်။ အဖရော အမိ ပါ မြန်မာစစ်စစ်တွေဖြစ်ပါတယ်။ ဗိုလ်မင်းရောင်၏မိခင် ဒေါ်ပိုမှာ ကိုင်းရွာသူဖြစ်ပါတယ်။ အချိတ်ပုဆိုးဝတ်၍ မြင်းစီးပါက အလွန်ကြည့်ကောင်းပြီး ကျားကျားရားရားရှိလှပါတယ်။ ဦးမင်းရောင်သည် စိတ်ထက်မြက်ပြီး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်တတ်သူဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် (၁၂၄၇) ခုနှစ်၊ ခရစ် (၁၈၈၆) တွင် မန္တလေး နေပြည်တော်မှ နေလနှစ်ဆူ ပေါတော်မူသောအခါ အင်္ဂလိပ်များ အထက်မြန်မာပြည်ကို သိမ်းပိုက်စဉ် ဗိုလ်မင်းရောင်သည် သူ့ကျွန်အဖြစ် နွံနစ်မခံ၊ ကုလားဖြူတို့အား မကြည့်လိုသော ဇာတိမာန်နဲ့ လူသူ ၃၀၀၀-ခန့် စုပြီးလျှင် နယ်ချဲ့တို့ကို တော်လှန်ခဲ့ပါတယ်။ ဗြိတိသျှအစိုးရသည် ဗိုလ်မင်းရောင်ကို မဖမ်းနိုင်သရွေ့ တောင်တွင်းမြောက်လက် နယ်များကို ငြိမ်းချမ်းစွာ မအုပ်စိုးနိုင်ကြောင်း သိသဖြင့် ဗိုလ်မင်းရောင်ကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ၊ ဖမ်းဆီးပေးနိုင်သူအား ဆုငွေ၁၀၀၀ိ/ ကျပ် ပေးမည်ဟု ကြေငြာခဲ့သေးပါတယ်။ အဲ့ဒီနောက် လေးတိုင်စင်ရွာ တိုက်ပွဲတွင် ရွှေလရောင်မှာ ပေါင်ကျည်ဆန်သင့်သော ဒဏ်ရာနှင့် အင်္ဂလိပ်တို့ တွေ့ရှိဖမ်းမိသွားရာ ဗိုလ်မင်းရောင် အား အင်္ဂလိပ်၏ သစ္စာခံရန်နှင့် သစ္စာခံက အသက်ချမ်းသာပေးမည်ဟု ဗြိတိသျှတို့က ဖြားယောင်းခဲ့သေးပါတယ်။ ဒါပေမယ့် ဗိုလ်မင်းရောင်က သစ္စာမခံသည့်ပြင် ပြန်လည်တုံ့ပြန် ပြောဆိုခဲပါတယ်။ ““ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက ခုချက်ချင်းပင် သတ်ပါ”” လို့ ပြောဆိုရာ အင်္ဂလိပ်တို့က ဗိုလ်မင်းရောင်ကို ခေါင်းဖြတ် သတ်ပစ်လိုက်ပါတယ်။ ထို့နောက် ဦးမင်းရောင်၏ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော်ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားကာ လူအများအား လာရောက် ကြည့်စေခဲ့ပါတယ်။ ကြက်သီးထရလောက်အောင် လေးစားရသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဗိုလ်မင်းရောင်၏ မြေး ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်မင်းရောင်ရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ပါတယ်။ ဗိုလ်မင်းရောင်လိုပဲ မြန်မာ့သွေးစစ်စစ်ဖြစ်ပြီး ဗိုလ်မင်းရောင်လိုပဲ မျိုးချစ်စိတ် ကြီးမားသူဖြစ်ပါတယ်။ ဗိုလ်မင်းရောင်လိုပဲ မိဘ နှစ်ပါးလုံးက မြန်မာစစ်စစ်တွေဖြစ်ပြီး အဖမှာ ဦးဖာ၊ အမိမှာ ဒေါ်စု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလည်ပိုင်း နတ်မောက် မြို့မှာ မွေးပြီး နက်မောက်နဲ့ ရေနံချောင်းတို့မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်ရာမှာ သူ့အဘိုးလိုပဲ ဖမ်းဝရမ်း ထုတ်ခံခဲ့ရာမှ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရပါတယ်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့ပါတယ်။ ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူမှာ ဦးဘဝင်းဖြစ်ပြီး ညီကို နှစ်ယောက်လုံး နိုင်ငံအတွက် အများကြီး အကျိုးပြုခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို အလွန်ချစ်မြတ်နိုးတန်ဖိုးထားပြီး ကျေလက်သူ ကျေးလက်သား ဖြစ်ရတာကို ဂုဏ်ယူနေသူဖြစ်ပါတယ်။ ဒါကြောင့် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ဆိုတဲ့ ကလောင်နာမည်နှင့် စာတွေရေးသားခဲပါသေးတယ်။

ဗိုလ်မင်းရောင်၏ မြေး ဗိုလ်ချုပ်အောင်ဆန်း ၏ မြေး ကင်မ်

ဗိုလ်မင်းရောင်ရဲ့ ဆဌမ မျိုးဆက် ကတော့ ကင်မ် လို့ခေါ်တဲ့ ကပြား ဖြစ်ပါတယ်။ မြန်မာ့သွေးစစ်စစ်တော့ မဟုတ်ပါဘူး။ အမေက မြန်မာသွေးစစ်စစ်ပေမယ့် အဖေက တိုင်းတပါးသား မိုက်ကယ်အဲရစ် ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်တွင် အဘီဖြစ်သူ ဗိုလ်မင်းရောင်ကို လုပ်ကြံခဲ့သည့် ဗြိတိသျှတို့ နေထိုင်ရာ လန်ဒန်မြို့မှာ မွေးခဲ့ပါတယ်။ မြန်မာပြည်မှာ မွေးခဲ့တာ မဟုတ်သလို မြန်မာပြည်မှာလဲ မနေဖူးပါဘူး။ မြန်မာပြည်အတွက်လည်း ဘာမှမလုပ်ပေးဖူးပါဘူး။ ဒါပေမယ့် မြန်မာအတိုက်အခံတို့က သူ့ကို ချစ်ခင်လေးစားကြပါတယ်။ ဘာကြောင့်မှန်းတော့ မသိပါဘူး။ သူ့မှာလည်း အစ်ကို တစ်ယောက်ရှိပြီး နာမည်ကတော့ အလက်ဇန္ဒားဖြစ်ပါတယ်။ ကင်မ်ရဲ့ မြေးဖြစ်သူ ကျရင်တော့ ဗိုလ်မင်းရောင်တို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အမျိုးတော်ကြောင်း ပြနိုင်ကောင်းပါရဲ့။ 6G မှာတောင် ဓာတ်ပုံချင်းယှဉ်ကြည့်လို့ ဒီလောက်ကွဲနေရင် 8G ကျရင်တော့ ဘာပုံတွေထွက်လာအုံးမယ်မသိ။

29 comments:

Taaut!!! Yin Nar lite tar...!!!

ဒေါ်စု ကို အဘယ်ကြောင့် ပြည်သူ တွေ တစ် စု စု ဖြစ်နေလဲ တော့ မသိ... တိုင်းတစ်ပါးသားကို ယူထားတဲ့  အချက်တစ်ချက် တည်းနဲ့ တင် လေးစားလို့ မရတော့ပါ။

ယူခဲ့ပြီ။

ဒါက မင်းအယူအဆမှားတာပဲ...တို့အမျိုးတို့ထိန်းသိမ်းမှလေ။ ကိုချစ်တဲ့သူကို ချည်းအကောင်းပြောလို့ဘယ်ရမလဲ။ဥပမာ ကုလားတစ်ယောက်က မင်းမိဘတွေကို သတ်တယ် အဲကုလားမျိုးကိုပဲ မင်းညီမ ကယူခဲ့ရင် မင်းတော်လိုက်တဲ့ညီမလို့ ချီးကျူးထောပနာ ပြုမယ်ဆိုရင်တော့ ... မပြောတတ်ဘူး....

ဒေါ်စုကိုချစ်တာလား ဗိုလ်ချုပ်အောင်ဆန်းကိုချစ်တာလား သိအောင်အရင်မေးသင့်ပါတယ် ။ ဒေါ်စုက ငယ်ရွယ်စဉ်က ဘာကြောင့်နိုင်ငံရေးစိတ်မ၀င်စားတာလဲ. ? ဒေါ်စုမှာ နိုင်ငံရေးစိတ်ဝင်စားတယ်ဆိုရင် နိုင်ငံခြားသားကို ယူဖို့တောင် သူ့စိတ်မှာ ရှိမှာမဟုတ်ဘူး ။ မြန်မာတို့ရဲ့ ယဉ်ကျေးမှုက အရမ်းလူငယ်တယောက်ရဲ့ လွတ်လပ်မှူကို တားဆီးပါတယ် ။ မြန်မာယဉ်ကျေးမှုကိုတောင် မချစ်လို့ တိုင်းတပါးသွားတာပဲ ကြည့်လိုက်ပါ။ ဒေါ်စုဘာလုပ်ခဲ့သလဲ ? ဖခင်အုပ်ဂူကိုတောင် တနှစ်တခေါက်လောက်လာပြီး တာဝန်ကျေအနေဖြင့်လာတာပဲကြည့်ပါ ။ သူမကို မတော်ဘူး မပြောပါဘူး ။ သို့သော် သူမ မြှောက်ပင့်မှု အလွန်ကြိုက်ပါသည်။ သူမမြန်မာပြည်ကို လာမည်ဆိုစဉ်က NLD ကို ဦးဆောင်ဖို့မဟုတ်ပါဘူး ။ မြန်မာရောက်တဲ့အခါမှာ NLD မှာ တည်မြဲအောင်လုပ်နိုင်ဖို့ ကြာရှည်အောင်ရပ်တည်ဖို့ Sponser လိုနေပါတယ်။ အဲဒါကို အခွင့်ကောင်းတခုအနေနဲ့ ဒေါ်စုကို ခေါင်းဆောင်တင်ပြီး မြှောက်ပင့်လိုက်တာပဲဖြစ်တယ်။ ဒေါ်စုလုပ်တော့ ဘာတွေ တိုးတက်လာသလဲ ။ 8888 ကိုပဲကြည့်ပါ ။ အမှန်တကယ် မြန်မာတယောက်ရင်ထဲမှာ ရှိတာ ဒေါ်စုမဟုတ်ပါဘူး ဗိုလ်ချုပ်အောင်ဆန်းပါ ....ဘယ်တော့မှမမေ့ထိုက်တဲ့ပုဂ္ဂိုလ်တယောက်ပါ ။ အယူစွဲပြီး ဓလေ့စွဲရှိတဲ့ အချက်ကို အပိုင်ကိုင်ပြီး ဗိုလ်ချုပ်သမီးကို ရှေ့တင်ပြီး နိုင်ငံရေးလုပ်တဲ့ NLD ပါတီကိုတော့ လေးစားပါတယ် ။ သို့ပေမယ့် ဘာမှနားမလည်တဲ့ ပြည်သူတွေကိုတော့ သနားပါ။ ဥပမာ နိုင်ငံရေးသမား ဘာမှစီးပွားမရှိပဲ ကားစီးနိုင်တယ် တိုက်နဲ့နေနိုင်တယ် စဉ်းစားကြည့်ပါ ဘယ်ကရသလဲဆိုတာ ။ ဒေါ်လာစားမဟုတ်တဲ့သူတွေများကတော့ နေပူထဲလဲအော် ထောင်လဲမျှော်လိုဖြစ်နေတယ်။ဒီလိုပြောခြင်းအားဖြင့် နအဖ ကောင်းတယ်လို့မပြောပါဘူး သူတို့လဲ အမှားများစွာရှိပါတယ် ။ စဉ်းစားပါ မြန်မာ.....တွေးတောပါ မြန်မာ....ဆုံးဖြတ်ပါ...။
ဖိုးစံ

ကျွန်တော်တို့ လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို နာမည်ခံပြီး ဗိုလ်ချုပ်သမီးကို မြှောက်ပင့် ခေါင်းဆောင်နေရာပေးပြီး လုပ်စားနေကြတဲ့ နိုင်ငံရေးသမားတွေကို အတော့်ကို အံ့သြမိပါတယ်..တကယ် ကြားညှပ်ခံနေရတာ ရိုးသား ဖြူစင်တဲ့ ဗိုလ်ချုပ်ကို ချစ်တဲ့ ပြည်သူတွေလို့ ထင်ပါတယ်...နိုင်ငံတော်ကို တကယ်ကြီးပွားတိုးတက်စေချင်တဲ့ ဆန္ဒရှိတဲ့ သူတွေက ပြည်သူတွေကို အချိန်ကုန် လူပန်းဖြစ်စေတဲ့ ဒုက္ခမျိုး ပေးမယ် မထင်ပါဘူး..ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လည်း အခုချိန်မှာ ပြည်သူတွေကို ချစ်ပါတယ်လို့  အတွင်တွင် ပြောနေတာဟာ မင်္ဂလာဆောင်စဉ် အချိန်တုန်းက ဘာလို့  မစဉ်းစားခဲ့ပါသလဲ လို့  သိချင်ပါတယ်..အဲဒီ အချိန်ကတည်းက နိုင်ငံတော်အတွက် စဉ်းစားခဲ့မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ အခုချိန်မှာ အရှေ့ တောင်အာရှမှာ ထိပ်ဆုံးမှာ ရောက်ရှိနေမယ်လို့  ထင်မိပါတယ်..

ဟုတ်လား ကင်အတွက်မပူပါနဲ့ ကင်အတွက်ပူပါဘူး...စရင်းထဲတောင် မထည့်ဘူး...
ဒါပေမယ့်...စိတ်မကောင်းတာကတော့ ငါတို့ ဗိုလ်ချုပ် မျိုးဆက် ပြတ်သွားတာ တော်တော်စိတ်မကောင်းဖြစ်မိပါရဲ့ဗျာ...
ခင်ဗျားတို့ ပြောတယ်နော်..ဗိုလ်ချုပ်တုန်းက ခင်ဗျားတို့ ပေါ့လို့တဲ့ ..ဟုတ်မှာပါ...နိုင်ငံသူနိုင်ငံသားအားလုံးပေါ့လို့ ခံလိုက်ရတာ...ဖြစ်တော့ နိုင်ငံသား အချင်းချင်း ဖြစ်တယ်..
ကောင်းသလားဆိုးသလားတော့ ယခုအချိန်ဆို မြန်မာတွေသိရောပေါ့...မြန်မာအချင်းချင်းဖြစ်ရင် ဘယ်လိုဖြစ်တယ်ဆိုတာ...
အခုအချိန်အထိ အစိုးရက မြန်မာအချင်းချင်းဖြစ်ဖို့ စကားတစ်လုံးပြောဘူးလား..ဘယ်ကောင်တွေပြောလည်းသိရောပေါ့...
မြန်မာတွေ ငတ်အောင် အစိုးရက လုပ်နေတာပါလို့စွပ်စွဲနေတယ်နော်...မြန်မာတွေငတ်နေလား..ကျုပ်တို့ မြန်မာ လူမျိုး ဘယ်တော့ မှ မငတ်ဘူး..စိတ်ချ..စစ်ဖြစ်ရင်တောင် တွေရာနေရာ ဟင်တစ်ခွတ်ဖန်တတ်တယ်....ဒါပေမယ့်..တိုင်းပြည်စီးပွားရေးကြပ်တည်းအောင်လုပ်နေကြတဲ့ သူတွေကတော့ ဘယ်ကောင်တွေလည်းဆိုတာ..ဒီအချိန်ဆိုသိလောက်ရောပေါ့..တစ်ခုပဲ ဆုတောင်းတယ်..အစိုးထဲကအကောင်းလေးပါ..ဘာလည်းဆိုတော့..အခုဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့ အချိန်မှာ သူမမှာ သာနိုင်ငံချစ်စိတ်တကယ်ရှိရိုးမှန်ရင် တိုင်းပြည်ချစ်စိတ်ပျောက်နေတဲ့ သူတွေကို တိုင်းပြည်ချစ်စိတ်ကလေး ၀င်လာအောင် သင်ပေးနိုင်ပါစေလို့ပဲဆုတောင်းတယ်..ဒါကအဆိုးထဲကအကောင်း..သူသာ ဗိုလ်ချုပ်သမီးဆိုတဲ့ စိတ်ရှိမယ်ဆိုရင် သူမအာဏာရဖို့ထက်...ငါတို့ ဗိုလ်ချုပ်အောင်ဆန်းလို့ တိုင်းပြည်စည်းလုံးညီညွတ်အောင် အရင် လုပ်သင့်တယ်လို့ပဲမြင်တယ်..ဒါအမှန်ပဲ...

မင်းတို့ ပြောနေတဲ့ NLD ကနိုင်ငံရေးသမားတွေ
ခုထောင်ထဲမှာအနစ်နာခံပေးဆပ်နေတာမင်း
တို့ အမြင်ပဲသူတို့ ဘ၀ရဲ့ သက်တမ်းတစ်ဝက်
လောက်ထောင်ထဲမှာအချိန်ကုန်ခဲ့ တယ်
ခုလည်းထောင်ထဲမှာပဲအမေစုကိုနိုင်ငံရေးအရ
တိုက်ခိုက်ချင်လို့ အော်နေတဲ့ (နိုင်ငံခြားသားကို
လက်ထပ်လို့ )မင်းတို့ အဖေတွေလေသံအတိုင်း
ပဲ...မင်းတို့ လဲလိုက်အော်တယ်မနေ့ တစ်နေ့ ကမှနိုင်ငံရေးပါတီထောင်ဖအေတွေအကြိုက်
လိုက်လုပ်...တိုင်းရင်းသားစည်းလုံးညီညွတ်
ရေးအတွက်အမေစုကဒုတိယပင်လုံညီလာခံ
ကိုပြန်လည်ဆောင်ရွက်မယ်လို့ ပြောနေတာ
တောင်ဒုတိယပင်လုံညီလာခံကိုကန့်် ကွက်
တယ်ဆိုတဲ့ ကောင်တွေ....စိတ်တော့ မဆိုးနဲ့ 
ရိုင်းရိုင်းပြောခဲ့ မယ်ခွေးလေးခုန်လို့ ဖုန်မ
ထဘူးမင်းတို့ ဘာပဲအော်အော်NLD နောက်
မှာငါတို့ ပြည်သူတွေရှိတယ်မင်းတို့ ဘယ်လို
ကောင်တွေဆိုတာငါတို့ သိတယ်

အော်..မသိတဲ့မင်းကို ငါပြောပါ၇စေကွာ...မင်းပြောတဲ့ဒုတိယပင်လုံညီလာခံကပြီးနေတာဖြင့်ကြာနေပါပြီကွာ...မင်းတို့ တွေပြည်ထောင်စုနေလို့ သတ်မှတ်ပြီး ကျောင်းတွေပိတ်ကြတာပေါ့..မင်းပြောချင်လဲ..စာလေးတော့ဖတ်ထားဖို့ ကောင်းပါတယ်..ငါက အနေသာကြီးပါ..တွေ့နေ၇တော့ပြောပြချင်လာတယ်ကွာ..မင်းသေချာသိချင်၇င်တော့..ဗိုလ်ချုပ်၇ဲ့ အောင်ဆန်းအက်တလီပြန်..ကိုယ်ေ၇းအကျဉ်းစာအုပ်တစ်အုပ်၇ှိတယ်ကွ..ကိုယ်ဘာသာ ၇ှာဖတ်တော့ကွာ..ပြည်ထောင်စုနေ့သမိုင်းတောင် မသိတဲ့ ကောင်လေးး..ကြီးကြီးကျယ်ကျယ် မပြောပါနဲ့ ..အေး..NLD နောက်မှာ ပြည်သူတွေ၇ှိတယ်ဆိုတော့..မင်းအမျိုးတွေဖြစ်မယ်ထင်တယ်..ကိုက မ၇ိုင်းပါဘူး...ခွေးလေးခုန်တော့ ဖုန်မထပေမယ့် ...မင်းတို့ လိုချေးစားသက်တမ်း၇င့်တဲ့ ခွေးကြီးခုန်၇င်တော့..ဖုန်ထမှာပေါ့ကွာ...

လူတစ်ဦးဟာ အားလုံးကောင်းတွေပဲ မရှိသလို အနည်းနဲအများတော့ရှိကြတာချည်းပဲ။ သူ အားနည်းချက်တခုတဲနဲ့ သွားပြီးအအားလုံးမကောင်းဘူးလို့ ပြောတဲ့လူဟာအမြင်ကျဉ်းတဲ့သူတွေပြောတဲ့စကား။ ဒေါ်စုက နိုင်ငံခြားနဲ့ လက်ထပ်လို့ မလေးစားတော့ဘူးဆိုတာ...ဒါဘာမှအဓိပါယ်မရှိတာ။ ငတုံးရဲ့။ ဒေါ်စုကငယ်ငယ်ကတည်းကဘာဖြစ်လို့ နိုင်ငံရေးစိတ်မ၀င်စားရတာလဲ။ ငတုံး..လူဆိုတာ အချိန်အခါနဲ့ အခြေအနေ အချိန်အခါဆိုတာရှိသေးတယ်။ သူ့ အရည်အချင်းသူ့ အချိန်နဲ့ ပဲ အစွမ်းပြမှာပေါ့။ အချိန်အခါမသိတဲ့သူက သန်းရွေလို ငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာကိုင်ထားသေးတယ်လေ။။ ငယ်လွန်းလို့ အားမနိုင်တာ လက်တုန်သွားလိုက်သေးတယ်

"6G မှာတောင် ဓာတ်ပုံချင်းယှဉ်ကြည့်လို့ ဒီလောက်ကွဲနေရင် 8G ကျရင်တော့ ဘာပုံတွေထွက်လာအုံးမယ်မသိ။" မင်းတောင်မင်းအဖိုးစောက်ခွက်နဲ့တူလို့လား။

((မိမိနှင့်မိမိအမျိုးကောင်းစားရေးကိုသာကြည့်တတ်သော..
ဘယ်သူသေသေ အာဏာမြဲရေးဒို့အရေးဆိုတာသာ လက်ကိုင်ထားသော..
ထေရ၀ါဒနိုင်ငံရဲ့ ဥသျှောင်ဖြစ်သော သံဃာတော်များကိုတောင် သတ်သော...
နိုင်ငံရင်နှစ်သည်းချာ ကျောင်းသားလူငယ်များကိုလည်း.. အာဏာမြဲရေးရှေ့တန်းတင်ကာ...လက်နက်အားကိုးနဲ့..
ရက်ရက်စက်စက်သတ်သော.))
ခင်ဗျားပြောတဲ့ ကျောင်းသားတွေ၊ဘုန်းကြီးတွေက သူအလုပ်သူလုပ်ရင်းတဲ့ ဖြစ်သွားတာလား.. ဘယ်သူ့ကိုမှရန်မရှာအကြမ်းမဖက်ပဲ အဖမ်းခံအသတ်ခံရတဲ့လူတွေလား.. အကြမ်းဖက်ဆန္ဒပြခဲ့တဲ့သူတွေဆိုရင် ဆူပူမှုတွေမဖြစ်အောင်တာမြစ်ဖို့တာဝန်ရှိသူတွေက တားမြစ်ကြမှာပဲ..
ခင်ဗျားလေးစားပါတယ်ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းကိုခင်ဗျားနားမထောင်ဖူးဘူးထင်တယ်.. ဆူပူမှုတွေဖြစ်လာရင်စစ်တပ်ကိုနှစ်ဆတိုးပြီးချရမယ်..အဲဒီလိုစစ်တပ်ချတဲ့အခါ စစ်သုံးစရိတ်တွေကုန်မယ် အရင်စစ်တပ်လုပ်မယ့် တာဝန်တွေ ပျက်ကွက်မယ်.. အဲဒီအတွက် ကိုယ့်နိုင်ငံမှာ ဖြစ်လာမယ့် ဘယ်လိုဆူပူမှုမျိုးကိုမဆို တာဆီးကြဖို့နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာလေ

((ဗိုလ်ချုပ်ကသူ့လိပ်ပြာခုံရုံးရှေ့မှာ သူနေ့တိုင်းအစစ်ခံဝံ့တယ်တဲ့..
အဲလိုပဲ သူ့သမီးကလည်း သူကိုယ်သူအစစ်ခံဝံ့ပါတယ်တဲ့..))ဗိုလ်ချုပ်လို ဗိုလ်ချုပ်စိတ်ထားနဲ့ လောက်မမှီရင်တောင် ဗိုလ်ချုပ်လိုပဲပြောမယ်.. ဒေါ်စုလိုမဖောဘူး လိပ်ပြာခုံရုံးရှေ့မှာနေတိုင်းအစစ်ခံနိုင်တယ်.. ဒေါ်စုကို ကျုပ်တို့ဗိုလ်ချုပ်နဲ့မခိုင်းနှိုင်းပါနဲ့.. ဗိုလ်ချုပ်နဲ့လားလားမှမတူဘူး (တိုင်းတစ်ပါးသားလူမျိုးခြား ကုလားဖြူလို့ခေါ်တဲ့ (အခု ဗြိတိသျှ) ကိုတိုက်ထုတ်တာသည်.. လူမျိုးကို မုန်းလို့မဟုတ်)ဒါပေမယ့် ဗိုလ်ချုပ်က ကိုယ့်သွေးကိုယ့်သား ကိုယ့်မျိုးဆက် ပေးမယ်၊ အပျောက်ခံမယ်လို့ထင်သလား အဲလိုမပေးချင်၊မျိုးဆက်အပျောက်မခံချင်လို့ ကျုပ်တို့မြန်မာနိုင်ငံကို သူတို့ဆီက ရအောင်ပြန်ယူခဲ့တာပဲ.. သဘောပေါက်ထားဦး တလွဲဆံပင်ကောင်းမနေနဲ့.. ဒေါ်စုကိုပြန်ကြည့်ပါဦး.. ဘယ်မလဲ တူသလား လင်ကဘာကောင်လဲ သားကဘာကောင်လဲ ဗိုလ်ချုပ်မျှော်လင့်ခဲ့တာ အဲလိုတွေလား.. ?

(ထိုသောများစွာသော မကောင်းအထူးပြုနာမ၀ိသေသနများကိုပိုင်ဆိုင်ထားသည့်အစိုးရအုပ်ချုပ်ခြင်း
ခံရသည့် ငါတို့နိုင်ငံ)အဲလိုတွေဖြစ်အောင် ဘယ်သူတွေလုပ်နေတာလဲ ၁၉၉၆ ကမ္ဘာခရီးသွားနှစ် ဒေါ်စုကြောင့် ဘာတွေဘယ်လိုဖြစ်ခဲ့သလဲ အနောက်နိုင်ငံ တွေကို မြန်မာနိုင်ငံကိုမလာကြပါနဲ့ ဆိုလို့ အဲဒီနှစ်မှာပဲပုဂံသူ၊ပုဂံသားအဓိက ပျက်စီးဆုံးရှုံးခဲ့တဲ့နှစ်ပဲ.. မင်းတို့နဲ့ဒေါ်စု ဘာတွေကောင်းကျိုးပေးလဲ စီးပွားရေးပိတ်အောင်လုပ်တယ်.. ပြည်သူတွေစီးပွားရေး မချောင်လည်တော့မှ အဲဒါအဲဒီအစိုးရအုပ်ချုပ်တာမကောင်းလို့ဆိုပြီး လက်ညှိုးထိုးတယ် အဲဒါကောင်းလား.. မင်းတို့ဒေါ်စုဘာအသိပညာတွေ ဘယ်လောက်ကောင်းလဲတော့မသိဘူး ယုတ်မာတာကတော့ ပတ်စက်တယ်..

သို့ tai >> မင်းချည်း ပြည်သူမဟုတ်ဘူးကွ . စစ်သားကလဲ မိုးပေါ်က ကျလာတာမဟုတ်ဘူး . ပြည်သူတွေထဲကနေပဲ စစ်သားဖြစ်လာတာ . နည်းနည်းလေး . ပြန်စဉ်းစား . မင်းတို့ ပြည်သူတွေ တခြားလူမျိုးမကျူးကျော်အောင် . defence လုပ်ပေးနေရတာ . သေမယ်ပြတ်မယ်ဆိုလဲ . ငါတို့က အရင် သေရ. ပြတ်ရတာ . မင်းတို့ကောင်တွေက . ပိုက်ဆံလေးရှာပြီး အေးဆေးနေယုံပဲ . မင်းက မြန်မာနိုင်ငံချည်း တခုတည်း စစ်တပ်ကို ပြည်သူတွေက ထောက်ပံ့ရတာ မဟုတ်ဘူး . နိုင်ငံတကာ မှာ ရှိတယ် ကွ . နားလည်လား .

ဒေါ်စု ဒေါ်စုနဲ့ . တခုလောက်မေးချင်တယ် .ကွာ . ဒေါ်စု ကိုယုံကြည်တဲ့သူတွေ . ဗိုလ်ချုပ်သမီးမို့လို့ လေးစားတယ်ဆိုရင် ( ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်ယုတ်မာတဲ့ .့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေ ရဲ့ . သားသမီးတွေကို . ခင်ဗျားတို့ .သွားပြီး ပြောရဲပါသလား . ) ပြီးတော့ .ဒေါ်သူ့ဘာသာ ဘယ်လောက်ချည်းတော်နေပါစေ .ကျုပ်တို့ နိုင်ငံသည် . ဗုဒ္ဓဘာသာ ( နိုင်ငံ .တည်ထောင်ခဲ့ သူတွေသည် မိန်းမ တယောက်မှ မပါပါ ). မိန်းမသည် . ယောက်ျားထက်နိမ့် သည်မှာ (ဘာသာတရား အရ ကော . လောက အရပါ ) ဖြစ်ပါသည် .(ဥပမာ ဘုန်းကြီး ) ( အဲ့ဒီ မိန်းမတယောက်ကို ယုံကြည်အားကိုးသောသူများ .ကိုယ့်ကိုကိုယ်ရှက်သင့်လှပါသည် . )
ကိုယ်ပိုင်အရည်အချင်းအားမကိုးပဲ သူများကိုအားကို ရင်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ် . (အမေစု အမေစု နှင့် . ကိုယ့်ရဲ့ မိဘအရင်းကိုအဲ့လိုသာရိုသေလေးစားမယ်ဆို နတ်ပြည်တွင် လဲ နတ်သား နတ်သမီးများ . နှင့် ပြည့်ကျပ်နေပြီး သိကြားခေါင်းကိုက်မှာ အသေအချာပင် ) (ကိုယ့်ကိုကိုယ်ရှက်သင့်နေပါပြီ .) ..

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်လေးစား တာနဲ့
ဒေါ်အောင်ဆန်းစုကြည်(ခေါ်)မစ္စက်အဲရစ် ကို မျက်စိစုံမှိတ် မယုံကြည်သင့်ပါ။
ဒေါ်စုရဲ့ ပညာအရည်အချင်းဆိုတာလည်း ဘာများထူးဆန်းလို့လဲ။
သူ့စကားအတိုင်းပြောရရင် "နိုင်ငံခြားမှာနေလို့ နိုင်ငံခြားသားနဲ့ရတာပါ" ဆိုသလို
နိုင်ငံခြားမှာနေလို့ ဒီဘွဲ့တွေရတာပဲ ဘာများထူးဆန်းလို့လဲနော်။
အားလုံးသော လူတိုင်းမှာ ချို့ယွင်းချက်တွေရှိပါတယ်။
ဘယ်သူမှ ခြောက်ပြစ်မကင်းပါဘူး။
ဒါပေမဲ့ ဒေါ်စုရဲ့ အပြစ်ကတော့ ဆေးကြောလို့၊ပြုပြင်လို့ မရတော့တဲ့ သမိုင်းတွင်သွားတော့မယ့် အပြစ်လေ။
ဘာတွေပဲ လုပ်နေလုပ်နေ မစ္စက်အဲရစ် ဆိုတဲ့ နာမည်ကတော့ သေသည်အထိ လက်ခံသွားရမှာ အမှန်ပါ။
မည်သူမဆို ကိုယ်သဘောကျနှစ်သက်သူကို လွတ်လပ်စွာ ရွေးချယ်လက်ထပ်နိုင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တစ်ဦးတည်းသာရှိတဲ့ သမီးဖြစ်နေတဲ့ အတွက် နှလုံးသားကို ဦးစားမပေးပဲ
ဦးနှောက်နဲ့ သေချာစဉ်းစားဆုံးဖြတ်ခဲ့ရမှာပေါ့။
မြန်မာ့ သမိုင်းမှာ ရာဇ၀င်တွင်တဲ့ ရွှေအိမ်စည် မင်းသမီးဆိုရင် ရွေးချယ်မှုမှန်ကန်ခဲ့တဲ့ အတွက် အလောင်းစည်သူ လို မင်းကောင်းမင်းမြတ် ကိုမွေးထုတ်ပေးနိုင်ခဲ့တယ်ဆိုတာ ဒေါ်စုလည်း သိမှာပေါ့။
သိချင်မှ လည်းသိမှာပါလေ အနောက်နိုင်ငံမှာ ပညာသင်ခဲ့တဲ့သူဆိုတော့ လည်း မြန်မာ့သမိုင်းကို သိချင်မှ သိမှာပေါ့။
ဘယ်သူတွေ ဘယ်လိုပဲ ပြောနေကြပါစေ၊
ကိုယ့်နိုင်ငံ ကို နှစ်ပေါင်းများစွာ ကျွန်ပြုခဲ့တဲ့ လူမျိုးရဲ့
ဇနီးမယား တစ်ယောက်ကတော့ မြန်မာလူမျိုး တို့ရဲ့ ခေါင်းဆောင် မဖြစ်ထိုက်ဘူးလို့ လေးလေးနက်နက် ပြောချင်ပါတယ်။

ဒေါ်စုကိုတင်ပေးမယ်....မြန်မာနိုင်ငံခေါင်းဆောင်ကြီး
ဒေါ်အောင်ဆန်းစုကြည်(ခေါ်)မစ္စက်အဲရစ်..မိုက်တယ်
နော်..မဆိုးဝူး...သမိုင်းတွင်သွားတာပေါ့.......
ပီးရင်သူ့ ရဲ့ အပေါင်းအပါတွေ....ဘယ်လိုနေရာယူကြမ
လည်း...ဘာတွေလုပ်ကြမလည်း....မြန်မာနိုင်ငံကို
ပုံစံပြောင်းလိုက်မှာလား...အင်္ဂလန်စတိုင်.....သိချင်
လိုက်တာ...တခုလောက်တော့မေးချင်တယ်..ပေါင်မုန့် နဲ့ ထမင်းဘယ်ဟာပိုစားကောင်းလည်းလို့ ..ဒေါ်စုကို
ကြုံရင်မေးပေးပါ..သိချင်လို့ ...

လောရှည်ရေ လေလျှော့ကွာ

ကမ္ဘာသူ ကမ္ဘာသား တွေ အတူတူဆိုရင် ဘာလို့ နိုင်ငံတွေ ခွဲပြီး နေကြမှာလဲ။ ဝင်ခွင့်ထွက်ခွင့်တွေ ပိတ်ထားမှာလဲ။ မင်း သမီးတွေ၊ မင်းအမျိုးတွေကျမှ တရုတ်ကြီးတွေ၊ ကုလားကြီးတွေနဲ့ အကုန်ပေးစားလိုက်ကွာ။ ကမ္ဘာသူ ကမ္ဘာသားတွေပဲ။ ညီညီညွတ်ညွတ်ပေါ့။

မြန်မာတွေထမင်းငတ်တဲ့သူမရှိဖူးလို့ဘယ်သူပြောရဲလဲ..မငတ်ရုံတမယ် မသေရုံတမယ် ထမင်း၇ည်သောက်နေ၇တာတွေ..ဆန်ကွဲကျိုစားနေ၇တာတွေ မတွေ့ဖူးလား..မမြင်ဘူးလား..

I am also a Myanmar citizen. I also don't like this military gevernment. My colleagues, relative and my friends also don't like them not because we are a democratic person. We are just only ordinary citizens. Now, they have already changed their uniform like a snake but they haven't changed their mind. Actually, Most of the citizens don't like them. Maybe some like them because they get the profit by association with them, as U Tay Za, U Zaw Zaw and so on. And the others are their relatives because they can make money easily by using their authority. Now, I am working in a foreign country. Actually, i don't want to leave my country. I am myanmar, I love my parents, I love ayeyarwady, I love my hometown, I love longyi, I love mont-hin-khar, I love pickle-tea, I love nga-pe, I love shan-noddle and a lot of things in myanmar and I am happy talking myanmar language. But I leave a lot of things i appreciate because of money problem. I have responsibility for my family, I have no choice. I want to come back to my country when after saving money to establish some own business. As u know, there are so many people like me. They control the country over 20 years but nothing changes for people. They still make more stronger and stronger their power. Obvious changes are they and their partner become rich. That's why no one believe them. They are not eligible to build the country. If they are good leaders, we no need to go other countries to work. Maybe we can work in our country with satisfied salary. But they neglect the people.

ခွေးမျိုးတွေ မစပ်နဲ့ကွာ

အဘီဖြစ်သော ဗိုလ်မင်းရောင် ကိုလုပ်ကြံသော ဆိုလျှင် မပြည့်စုံပါ။ အဘိုးဖြစ်သော ဗိုလ်ချုပ်ကိုလည်း ဒီ အင်းဂလိပ် တွေဘဲ လုပ်ကြံခဲ့တာပါ။ မြန်မာ ပြည်ကြီ အခုလို ဆင်းရဲ မွဲတေ နေအောင်လည်း သူတို့ဘဲ စနစ်တကျ လုပ်ကြံခဲ့ ကြတာပါ။

ခြေမမကောင်းခြေမ လက်မမကောင်းလက်မပေါ့။
အဖိုးကောင်းတိုင်း အဖေတော်တိုင်းသူတို့နဲ့ဆက်နွယ်သူတွေကောင်နေမှာလား။
လုံးဝမဖြစ်နိုင်သလို လုံးဝလည်းလက်မခံနိုင်ပါ။
ဒါကြောင့် ဗိုလ်မင်းရောင်ကဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်းသည်ဗိုလ်ချုပ်အောင်ဆန်း မွေးကတည်းကမြန်မာနိုင်ငံသားဗမာစစ်စစ် ဘာသွေးမှမရောဘူး ဒါပေမယ့်သူတို့နဲ့သက်ဆိုင်တယ် စုကြည်ကတော့စုကြည်ဖြစ်မလာဘူး မစ္စအဲရစ်ဆိုသော လင်နာမည်ကိုဦးထိပ်ပန်ဆင်ခဲတယ်မဟုတ်လား ။မွေးလာတာကကော မောင်ဖြူလား မောင်နီလား သွေးရောထားတယ့်တိုင်းတပါးသားလားဆိုတာ လူတွေလေ စဉ်းစားနိုင်ပါတယ် NLD တွေဝင်ဆရာလုပ်စရာကိုမလိုပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက်ပေးဆပ်တာကကော နေရာတကာဟောင်ပွါလို့ ထိမ်းသိမ်းခံရတာဘဲရှိတယ် ဘာလုပ်ခဲ့လည်း ၈၈ အရေးအခင်းတုန်းက တရားဟောစင်ကနေသေနတ်သံကြားတာနဲ့ လူမမယ်ကျောင်းသားတွေကို အကာအကွယ်ယူပြီး ခွေးပြေးဝက်ပြေးပြေးခဲတာ တိုင်းပြည်အတွက်စတေးတာလား အနောက်အဖွဲ့ရဲ သူကြီးသေနတ် နိုဘယ်ဆုကိုလက်ကိုင်ဒုတ်လုပ်ပြီး တိုင်းပြည်မှာနေရာတကာလေနဲ့ဝင်ရင်းနေတာ မျိုးရိုးပီသစွာတိုင်းပြည်အရေးလုပ်နေတာလား ဒီလိုလူမှာနိုင်ငံခေါင်းဆောင်ဖြစ်သင့်သော အရည်အခြင်းရှိလို့လား။နာယကဂုဏ်တောင်မရှိတာကိုခေါင်းဆောင်မတင်နိုင်တာမှားလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်