Subscribe to our RSS Feed

မြေမြိုလို့လူမျိုးမပြုတ်ဘူး၊ လူမြိုရင်လူမျိုးပြုတ်မယ်


ဒီခေါင်းစဉ်လေးရဲ့ အဓိပ္ပါယ်ဟာ အင်မတန် တန်ဘိုးရှိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး အများစု အမြဲတမ်းနှလုံးသွင်းထားသင့်တဲ့ စာသားလေးပါ။ ဒီအကြောင်းအရာလေးကို ဖော်ပြရတဲ့ ရည်ရွယ်ချက်ဟာ တခြားလူမျိုးတွေကို ထိခိုက်စော်ကားလိုတဲ့ သဘောမျိုးနဲ့ ပြောလိုတာ မဟုတ်ပါဘူး.. ကျွန်တော်တို့ မြန်မာလူမျိုးတွေ.. ကိုယ့်လူမျိုး၊ ကိုယ့်အစဉ်အလား၊ ကိုယ့်မျိုးဆက်၊ ကိုယ့်ဘာသာသာသနာကို အမြတ်တနိုးတန်ဖိုးထားတတ်ပြီး ထိန်းသိမ်းစောင့်ရှောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက်၊ ကိုယ့်အမျိုး ကိုယ့်ဘာသာသာသနာကို တိုးတက်အောင် မစွမ်းဆောင်နိုင်ချင်နေပါစေ… စောင့်ရှောက်ရမယ့် တာဝန်ဆိုတာတော့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ မိဘတွေရဲ့ သားသမီးတွေအပေါ်မှာ ထားရှိတဲ့ မျှော်လင့်ချက်ငါးခုဖြစ်တဲ့ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမ၊ံ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ဆိုတဲ့အချက်မှာ နောက်ဆုံးအချက်ဖြစ်တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ အဓိကအချက်ကို ပြောပြလိုခြင်း ဖြစ်ပါတယ်။

ဘာလို့ စောင့်လေမျိုးနွယ်ဆိုတဲ့ အချက်ကို အဓိကလို့ ပြောရတာလဲ ဆိုတာလေးကို အရင်ဆုံး ဖော်ပြလိုပါတယ်။ ယခုလို တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အဖက်ဖက်မှ မိမိဘာသာ မိမိလူမျိုးကို ဘက်ပေါင်းစုံကနေ တိုက်ခတ်မှုတွေ ရှိပါတယ်။ ကိုယ့်နိုင်ငံထဲမှာတင်ပဲ ကိုယ့်လူမျိုးကို သူ့လူမျိုးဖြစ်အောင်.. ကိုယ့်ကိုးကွယ်နေတဲ့ ဘာသာသာသနာကို သူ့ဘာသာသာသနာဘက် ရောက်သွားအောင် ငွေကြေးနဲ့ သိမ်းပိုက်၊ ယုတ်မာမှုတွေနဲ့ မတရားသိမ်းပိုက်ခံနေရတာ တွေရှိပါတယ်။ အဓိကကတော့ လူမျိုးခြားတွေနဲ့ လက်ထပ်ပြီး ကိုယ့်ဘာသာသာသနာကို အများအလယ်မှာ အဖတ်ဆယ်လို့မရအောင် ဖြစ်သွားတဲ့ အကြောင်းတွေကြောင့်ပါပဲ။ ဘယ်လောက်ကြီးပဲ ချစ်ပါတယ်ပြောပြော.. ကြိုက်ပါတယ်ပြောပြော.. ကိုယ့်ရဲ့ အတ္တတစ်ခုကို ရှေ့တန်းမတင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဘာသာခြားတစ်ယောက်နဲ့ လက်ထပ်လိုက်တာဟာ မိမိတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။

ဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျမယ်ဆိုရင် သူနဲ့အတူနေပြီး ရလာမယ့် သားသမီးတွေ ရှိလာပါမယ်။ ဖခင်ကဦးစီးပြီး လုပ်ကိုင်ရှာဖွေ ကျွေးမွေးရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ဒီသားသမီးတွေဟာလည်း တခြားဘာသာဝင်တွေ၊ တခြားနိုင်ငံသားတွေ ဖြစ်သွားမယ်ဆိုတာ မလွဲပါဘူး။ တခြားနိုင်ငံမှာပဲနေပြီး တခြားဘာသာစကားတွေကိုပဲ ပြောကြပါလိမ့်မယ်။ ချစ်စခင်စ ကြင်နာစ မယူခင်တုန်းကတော့ မင်းလည်း မင်းဘာသာ လွတ်လွတ်လပ်လပ်ကိုးကွယ်.. ငါလည်း ငါ့ဘာသာ လွတ်လွတ်လပ်လပ် ကိုးကွယ်မယ်ဆိုတဲ့ စကားတွေဟာ ရပြီးနောက်ပိုင်း အနေကြာလာတော့မှ ဗြောင်းပြန်တွေ ဖြစ်ကုန်မှန်း.. မှားမှန်းသိရတဲ့ မြန်မာအမျိုးသမီးတွေ မရေမတွက်နိုင်အောင် များလွန်းလာတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ အလွန်အင်မတန်မှ လေးစားလောက်စာ ကောင်းပါတယ်ဆိုတဲ့၊ မြန်မာတစ်နိုင်ငံလုံးက ယောင်္ကျားတွေရော မိန်းမတွေရော အားလုံးနီးပါး အထင်ကြီးလှတဲ့ လူထုခေါင်းဆောင် နာမည်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ကြည့်ပါ။ နောက်ဆုံးတော့ အမှားတွေကို မှားပြီးရင်းမှားရင်း.. ကိုယ့်အပေါ်မှာမူတည်ပြီး ရလာမယ့် သားသမီးတွေပါ ဗုဒ္ဓဘာသာကနေ တခြားဘာသာကို ပြောင်းလဲသွားကြရတယ်၊ မြန်မာနာမည်ဘယ်သူမှမခေါ်တော့ဘူး၊ မြန်မာနိုင်ငံသားလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံအတွက်လည်း ဘာတစ်ခုမှ မလုပ်ပေးနိုင်တော့ဘူး။ မြန်မာရုပ်မပေါက်တဲ့အပြင် မြန်မာစကားတောင် ကောင်းကောင်းမပြောတတ်၊ မရေးတတ်၊ မဖတ်တတ်တော့ပါဘူး။ ဒါ့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက် ဘာသာခြားနဲ့ လက်ထပ်လိုက်တာဟာ သူတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်ဘူးလို့ အဓိက ပြောလိုခြင်းဖြစ်ပါတယ်။

ဒီခေတ်ကြီးထဲမှာ တစ်ချို့တွေက ပြောကြပါတယ်။ အချစ်ဆိုတာ လွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ စကားတစ်ခုပါ။ ဟုတ်ပါတယ်.. ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် ဒီစကားကို လက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အတ္တတစ်ခုကို ရှေ့တန်းတင်ပြီးတော့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ခြေစုံကန်ပြီး ကိုယ့်ရဲ့မျိုးဆက်တွေကိုပါ ဘာသာခြား ဖြစ်သွားစေမယ့် အထိ၊ ကိုယ့်မျိုးဆက်တွေကို လူမျိုးခြားဖြစ်သွားစေမယ့် အခြေအနေအထိ၊ ကိုယ့်မျိုးဆက်တွေကို ကိုယ့်မိဘတွေနဲ့ အဖိုးအဖွားတွေကို မပြရဲလောက်တဲ့ အထိတော့ အချစ်ကို လွတ်လပ်စွာ မကိုးကွယ်သင့်ဘူးလို့ ကျွန်တော်ကတော့ ယူဆမိတယ်။ ဓမ္မဘေရီဆရာတော် ဆုံးမသြ၀ါဒ ပေးသလိုမျိုးဆိုရင်တော့.. မိဘက ကိုယ့်သားသမီးကို ကိုယ့်သားသမီးပါလို့ မပြောချင်လောက်အောင်.. ဆရာက ကိုယ့်တပည့်ကို ကိုယ့်တပည့်ပါလို့ မပြောချင်လောက်အောင်တော့ မမိုက်သင့်ပါဘူး.. ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒီစကားလေးဟာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ အမြတ်တနိုး တန်ဖိုးထား လိုက်နာသင့်တဲ့ ဆုံးမစကားလေးပါ။

ကျွန်တော်ပြောတဲ့အထဲမှာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အဓိကထားပြီးပြောတာဟာ အကြောင်းအရင်း ရှိပါတယ်။ ဘာသာခြားတွေနဲ့ အများဆုံးအိမ်ထောင်ကျတာ ကြည့်လိုက်ရင် ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေပါ။ ဒါဘာလို့လည်းဆိုတော့ လူမျိုးပြုတ်အောင် လူအချင်းချင်း မြိုလိုက်တဲ့ အဓိပ္ပါယ်ပါပဲ။ သူနဲ့ရလာမယ့် သူရဲ့မျိုးဆက်ကိုပါ ဘာသာခြားအဖြစ် စည်းရုံးသိမ်းသွင်းလိုတဲ့ အတွက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကစပြီးတော့တောင် နိုင်ငံခြားသားကိုယ် ယူပြီးတဲ့နောက်မှာ ကိုယ့်သားသမီးကို ကိုယ့်နိုင်ငံမှာ မမွေးပါဘူး၊ ကိုယ့်နိုင်ငံမှာ ကျောင်းမထားပါဘူး။ သမြန်မာ့ယဉ်ကျေးမှု၊ မြန်မာအသိုင်းအဝိုင်းနဲ့ ထိုက်တန်တယ်လို့ ယူဆမထားပါဘူး။ ခုဆိုရင် သူ့သားကလည်း အားလုံးမြင်ရတဲ့အတိုင်းပါပဲ။ ဒီတော့ ဒီနေ့ခေတ် မြန်မာလူငယ်များအနေနဲ့လည်း သူ့လို အမှားမျိုး ထပ်မှားအောင် ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှေ့မှာ လူမိုက်တယောက် မှားထားတာ ရှိမှန်းသိလျှက် ထပ်မှားမယ်ဆိုရင် ကိုယ်က သူ့ထက်မိုက်တဲ့သူ ဖြစ်ပါလိမ့်မယ်။ သူ့ကျွန်အောက် ရောက်သွားမယ် ဆိုရင်တောင် ပြန်တော်လှန်လို့ ရပါသေးတယ်၊ လူမျိုးအချင်းချင်း အမြိုခံရရင်တော့ ဘယ်တော့မှ ပြန်တော်လှန်လို့ မရသလို ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတဲ့စကားပါ ကမ္ဘာ့မြေပုံမှာ ပျောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီအကြောင်းအရာလေးကို အဓိကထား ပြောပြချင်တာပါ။

အခုခေတ်မှာ ဗုဒ္ဓဘာသာလူမျိုးအများစုဟာ ဘာသာရေးအသိတရား အင်မတန်နည်းပါတယ်။ မိဘကလည်း ဘာသာရေးအသိမရှိ.. သားသမီးကလည်း ဘာသာရေးအသိ မရှိတဲ့အတွက်.. မိရိုးဖလာ ဗုဒ္ဓဘာသာတွေများပြီး ဘာသာခြားတွေနဲ့ လွယ်လွယ်ကူကူ အိမ်ထောင်ကျကာ ကိုယ့်ဘာသာကနေ တခြားဘာသာတွေ ဖြစ်သွားကြတာလည်း မရေမတွက်နိုင်ပါပဲ။ အင်မတန် ၀မ်းနည်းစရာပါ။ ဒီလိုဖြစ်လာတာကို အထင်မသေးပါနဲ့..။ လူလူချင်းမြိုပြီး လူမျိုးပါ အပျောက် ဖြစ်သွားအောင် လုပ်နေတာပါ။ ဘာသာရေးအသိမရှိပဲနဲ့ မွေးလာတဲ့ သားသမီးတွေဟာလည်း ကိုယ့်ဘာသာကို တန်ဖိုးထားရမှန်း မသိတောတဲ့အတွက် ဘုရား၊ တရား၊ သံဃာကို ကြည်ညိုရမှန်း မသိတော့ပါဘူး။ မကြည်ညိုတော့ သာသနာတော်ကို စောင့်ရှောက်ထိန်းသိမ်းနေတဲ့ ဘုရားတပည့်သား သံဃာတော်တွေကို ကိုးကွယ်ဆည်းကပ်ရမယ် ဆိုတာလည်း နားမလည်တော့ပါဘူး။ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ရဟန်းတွေပဲရှိပြီး.. သာသနာတော်ကို ထောက်ပံ့ကြည်ညိုတတ်တဲ့ လူပုဂ္ဂိုလ်တွေမရှိရင် သာသနာဟာ အနှေးနဲ့ အမြန်ကွယ်ပျောက်မယ်ဆိုတာ မလွဲဧကန်ပါပဲ။

ဒါ့ကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တစ်ယောက်သိသိ နှစ်ယောက်သိသိ သိအောင်တော့ ပြောပေးပါလို့ အကြံပေးလိုပါတယ်။ ကိုယ့်မျိုးဆက်ကို ကိုယ်မှမထိမ်းရင် ဘယ်သူမှ မထိမ်းပါဘူး။ ကိုယ့်ဘာသာစကားနဲ့ ကိုယ့်စာပေကို ကိုယ်မှ မလေးစားရင် ဘယ်သူမှ မလေးစားပါဘူး။ ကိုယ့်နိုင်ငံကို ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ပါဘူး။ ကိုယ့်ဘာသာသာသနာကို ကိုယ့်လူမျိုးဗုဒ္ဓဘာသာတွေမှ မကြည်ညိုရင် ဘယ်သူမှ မကြည်ညိုပါဘူး။ ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးမထားပါဘူး။ ကိုယ်ကတော့ တရားတွေ အားထုတ်.. ရိပ်သာတွေဝင်ပြီး.. ကိုယ့်သားသမီး မြေးမြစ်တွေကတော့ ဘာသာခြားတွေ ဖြစ်ကုန်မယ်ဆိုရင်တော့ အိပ်ပေါက်နဲ့ ဖားကောက်ရုံတင် မဟုတ်တော့ဘူးနော်.. ဖားတွေပါ မျိုးတုန်းပြီး ကောက်စရာမကျန်အောင် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာ ဗုဒ္ဓရဲ့အဆုံးအမတွေ.. ဗုဒ္ဓဘာသာရဲ့ တန်ဖိုးတွေကို မိမိလည်းသိအောင်ကြိုးစားပါ.. မိမိသိသလို အခြားသူငါကိုလည်း မိမိသိသလောက်လေး ပြောဆိုအကြံပေးပြီး ထိန်းသိမ်းစောင့်ရှောက်ပါလို့ တိုက်တွန်းလိုပါတယ်။

မေတ္တာရှင်ဆရာတော် အရှင်ဇ၀နရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်။ သာသနာပြုတယ်ဆိုတာ ဘုရားတွေလိုက်တည်တာကို ပြောတာမဟုတ်ဘူး.. လူတွေရဲ့နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ လိုက်နာကျင့်ကြံတတ်အောင်.. ဘုရားအဆုံးအမတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတာကို သာသနာပြုတယ်လို့ ခေါ်တယ်.. ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာလည်း ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဘုရားရှင်ရဲ့ အဆုံးအမတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အနုနည်းနဲ့တစ်ဖုံ အကြမ်းနည်းနဲ့တစ်မျိုး စည်းရုံးသိမ်းသွင်းပြီး ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်သွားတဲ့အကြောင်းကို အထက်မှာ ဖော်ပြထားတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ အားလုံးကိုလည်း အဲ့ဒီ့စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းလိုပါတယ်။ စာမျက်နှာ (၁၄၃)မျက်နှာပဲ ပါရှိပါတယ်။ ကျွန်တော့်လို စာဖတ်ပျင်းတဲ့လူတောင် တစ်ခါထဲပြီးအောင်ဖတ်ပြီး ၀မ်းနည်းစွာနဲ့ မခံနိုင်အောင် ဖြစ်မိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာမှန်ရင်တော့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါပဲ။ ဒီအကြောင်းတွေ သိမှလည်း ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေ ဒီလိုဘာသာခြားတွေရဲ့ လူလူချင်းအမြိုခံရတဲ့ အန္တရယ်တွေက ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်ဂျီမေးလ်ထဲမှာ.. ဒီစာကိုဖြန့်ရင် ဒီကလေးအတွက် (၅)ရာခိုင်နှုန်းရပါတယ်ဆိုတဲ့ ဖော်ဝက်မေးလေး ဆယ်ကြိမ်မက ရောက်ပါတယ်။ ဒီမေးလ်လေးဟာ ဒီကလေးတစ်ယောက်အတွက် (၅)ရာခိုင်းနှုန်းလောက်ပဲ ရတာပါနော်.. ဒီစာအုပ်လေးကို ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း လက်ဆင့်ကမ်းပြီး ဖတ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ လူမျိုးတွေအတွက် (၁၀၀)ရာခိုင်းနှုန်းတိတိ သာသနာပြုရာ.. အကျိုးပြုရာ.. ရောက်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်လေးကို အမှတ်တမဲ့ ဖတ်မိတဲ့ မြန်မာမိန်းကလေးတစ်ယောက် အသိတရားတစ်ခု ရသွားမယ်ဆိုရင် သူ့ရဲ့မျိုးဆက်တစ်ခုလုံးကို ကယ်တင်လိုက်ရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း စာအုပ်လေးကို ဆက်လက် လက်ဆင့်ကမ်းဖြန့်ဝေပေးပါလို့ အလေးအနက်မှာလိုတာပါ။ ကျွန်တော်ရေးသားထားတဲ့ စာသားတွေ.. ကျွန်တော့် နာမည်တွေမပါချင်နေပါ.. ဆရာတော် အရှင်ပညောဘာသရေးသားတဲ့ "အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ ဆိုတဲ့ စာအုပ်လေးကိုတော့ ဖြန့်ဝေပေးရင်း တတ်နိုင်သလောက် သာသနာပြုပေးကြပါလို့ ဆန္ဒပြုတိုက်တွန်းလိုပါတယ်။ အရှင်ပညောဘာသအား ရှိခိုးဦးတင်ရင်း.. ဆန္ဒပြုလိုသည်မှာ.. ဗုဒ္ဓ၏အဆုံးအမများ ကမ္ဘာတည်သ၍ ဆက်လက် တည်တံ့ပါစေ။ မြန်မာအမျိုးကောင်းသမီး၊ အမျိုးကောင်းသားများ အတ္တနဲ့ တဏှာနောက်ကိုလိုက်ရင်း မျိုးဆက်ညံ့ဖျင်း တိမ်ကောမှုမှ ရှောင်ရှားနိုင်ကြပါစေ....။

10 comments:

မြေမြိုလို့ လူမျိုးမပြုတ်ဘူး လူမြိုရင်လူမျိုး ပြုတ်မယ် ဆိုတဲ့ ထဲမှာ စာမျက်နှာ 143 မျက်နှာပဲ ရှိတယ် ဖတ်ဖြစ်အောင်ဖတ်ပါဆိုတာ ဘာစာအုပ်လဲဗျာ ။ ဒေါင်းချင်တယ် လူတိုင်းသိအောင်ဖြန့်ချင် တယ်။အဲဒါမျိုးဆို လူပဲသတ်ရသတ်ရ ကျုပ်က လုပ်မယ့်ကောင်။ လွယ်ရင် တင်ပေးပါ ဒေါင်းပြီး ဖြန့်ပေးမယ်။ ဘယ်လိုနည်းနဲ့ယူလို့ရမလဲ လိုချင်တယ် ပို့လို့ရရင်လဲ lumone99@gmail.com အဲကိုသာပို့လိုက်ဗျာ.. ( အမျိုးပျောက်မှာ စိုးကြောက်စရာ) ဆိုတဲ့ စာအုပ်မျိုးလဲ ရှိသေးတယ် လွယ်ရင်တင်ပေးပါဦး ဖြန့်ချင်လို့ ဒေါင်းပြီးတော့....

ကိုဒေါ်လာစားခင်ဗျာ..
ဒေါ်စု နဲ့ပက်သက်တဲ့ အရာလေးတွေ ရေးပေးစေချင်တယ်။

http://dl.dropbox.com/u/9622587/m.pdf
မြန်မာတစ်မျိုးသားလုံး ဖတ်သင့်တဲ့ စာမျက်နှာ 143 မျက်နှာရှိတယ်ဆိုတဲ့ စာအုပ်လေးပါ ဒေါင်းဖို့လင့်ပေးထားပါတယ်
http://dl.dropbox.com/u/9622587/m.pdf

ကျေးဇူး ကို Aung Myint

မောင်မျိုးမင်းထွန်းဆိုသူက အမျိုးပျောက်မှာ စိုးကြောက်စရာဆိုတဲ့စာအုပ်ပါ အကြောင်းအရာအချို့ကို ဦးဌေးလွင်ဦး ထံမေးမြန်းရာ-

ဦးဌေးလွင်ဦး-

မင်္ဂလာပါ ညီလေး-

နိုင်ငံနဲ့ လူမျိုးအပေါ်မှာ တစ်ကယ် စေတနာကြီးပြီး မေးတာလို့ ခံစားမိလို့ ညီလေးရဲ့ မေးခွန်းတွေ ကို ပြန်ဖြေပေး ပါမယ်။ နိုင်ငံနဲ့ လူမျိုးပျောက်ဆုံးရမှာကို ကြောက်သူများထဲမှာ အကိုလည်း ပါဝင် ပါတယ်။ ဒီလိုကြောက်ရွံသူများ အနေနဲ့- မိမိနိုင်ငံနဲ့ မိမိလူမျိုး မပျောက်ရအောင် ဘယ်လိုလုပ် မလဲပေါ့။ ဒါကို စဉ်းစားရမှာပါ။ ဒါပေမယ့် စဉ်းစား နည်းမှားယွင်းရင်- ပျောက်ဆုံးတာ ပိုမိုလျှင်မြန် သွားနိုင်ပါတယ်။

(၁) အကိုတို့အနေနဲ့ လူမျိုးနဲ့ ဘာသာ ဆိုတာကို ခွဲခြားမြင်တတ်ဘို့ အရေးကြီးပါတယ်။ မမြင်တတ် ရင် ကိုယ့်လူမျိုးကို ကိုယ်ထိန်းသိမ်းစောင့်ရှောက်လို့ မရနိုင်ကောင်းပါ။

ဘာသာ- ဆိုတာက အယူဝါဒ ဖြစ်ပါတယ်။ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဓနရှင် ၀ါဒ မျိုး ဖြစ်တယ်။ လူမျိုး တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံရဲ့ လူသားများ တောင့်တမှု အလျှောက်၊ ဓလေ့ထုံးတမ်းအလျှောက် ကြိုက်ရာ ၀ါဒကို ကူးပြောင်းလက်ခံနိုင်ပါတယ်။ ၀ါဒကို လက်ခံခြင်းကြောင့် လူမျိုး မပျောက်ဆုံးနိုင်ပါ။ ဥပမာ- ကရင်လူမျိုး တွေထဲမှာ- ဘယ်ဘာသာကိုမှ မကိုးကွယ်ရသေးတဲ့ တောတွင်းကရင်လူမျိုးတွေရှိတယ်။ ခရစ်ယာန်ကို ယုံကြည် သက်ဝင်သူ ရှိတယ်၊ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူရှိတယ်၊ အစ္စလာမ်ကို ယုံကြည်သက်ဝင်သူရှိတယ်။ ဒါပေမယ့် ကရင်က ကရင်ပါပဲ။ ၀က်သားစားတာနဲ့ မစားတာပဲ ကွာခြားပါတယ်။ သူတို့တွေက ဘာကိုမှ မပြောင်းသွားဘူး။

အလားတူပဲ ညီလေး ထောက်ပြခဲ့တဲ့ နိုင်ငံတွေကို ပြောမယ်။ အာရဗ်- သူတို့တွေက ဟိုစဉ်က အများစုကြီးက ခရစ်ယာန်များ၊ ဂျူးများ ဖြစ်ခဲ့တယ်။ အနည်းစုက ရိုးရာ နတ်တို့၊ နတ်ကွန်းရုပ်ပွား တို့ကို ကိုးကွယ်သူများဖြစ် ခဲ့တယ်။ အဲ့ဒီမှာ အစ္စလာမ်သာသနာ ပေါ်လာတယ်။ သူတို့တွေက အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည် လာတယ် (အလွယ်တကူ လက်ခံလာတာ မဟုတ် ဘူးနော်၊ အစပိုင်းက အစ္စလာမ်ကို လက်ခံလာသူတိုင်း ညှင်းဆဲ သတ်ဖြတ်ခံခဲ့ရတယ်။ တိုင်းပြည် က မောင်းထုတ်ခံခဲ့ရတယ်- သမိုင်းကို သိလိုရင် နောက်ပိုင်း ရှင်းပြ ပါမယ်။) ဆိုလိုတာက အာရဗ် က ဂျူးဘာသာကို ယုံကြည်ရင်လည်း အာရဗ်ပဲ၊ ခရစ်ယာန်ဘာသာကို ယုံကြည်ရင်လည်း အာရဗ်ပဲ။ အစ္စလာမ်ကို ယုံကြည်တော့လည်း အာရဗ်ပဲ။ အဲ့ဒီသာသနာက စနစ်ကောင်းတယ်၊ အုပ်ချုပ်ရေး စနစ်လည်းကောင်းတယ်ဆိုတော့ အနီးအနားက လူထုက လက်ခံလာတယ်၊ လက်ခံလာတဲ့ လူထု က သူတို့ဘုရင်တွေကို တောင်းဆိုတယ် (ဒီမိုကရေစီ တောင်းဆိုသလိုပါ)။ ဒီမှာ အစ္စလာမ်က ကျယ်ပြန့်လာခဲ့တယ်။ ဘယ်လူမျိုးက အစ္စလာမ်ကိုလက်ခံ လက်ခံ အဲ့ဒီ လူမျိုးက အဲ့ဒီလူမျိုး သာ ဖြစ်ပါတယ်။ ဥပမာ ဗမာက ဗုဒ္ဓဘာသာကို လက်ခံလို့ နီပေါလ်လူမျိုး ဖြစ်မသွားဘူး၊ အလားတူ မွန်က ဗုဒ္ဓဘာသာကို လက်ခံ လို့လည်း နီပေါလ်လူမျိုး ဖြစ်မသွားဘူးလေ။ မြန်မာနိုင်ငံပဲကြည့်ပါ- ဗုဒ္ဓဘာသာကို အဓိက လက်ခံတဲ့ လူမျိုးကြီး ငါးခု ရှိတယ်။ ရခိုင်၊ မြန်မာ၊ မွန်၊ ရှမ်း နဲ့ ပအို့ လူမျိုးတို့ ပါ။ ကျန်လူမျိုးများက ဗုဒ္ဓဘာသာ ရာနှုန်းမများဘူး- ခရစ်ယာန်ရာနှုန်းများတယ်။ ဘယ်လိုဖြစ်ဖြစ် မွန်က မြန်မာ ဖြစ်မသွားသလို၊ ရခိုင်ကလည်း မွန်ဖြစ်မသွားဘူး။ အလားတူ ခရစ်ယာန်ကို ကိုးကွယ် တဲ့ ကချင်၊ ချင်း၊ ကရင် လူမျိုးများကလည်း အင်္ဂလိပ် ဖြစ်မသွားဘူး။

အစ္စလာမ်ကို လက်ခံတဲ့ နိုင်ငံများလည်း ဒီလိုပဲ။ ပါကစ္စတန်က ပထန်လူမျိုးများတယ်၊ ဘင်္ဂ လားဒေ့ရှ်က ဘင်္ဂါလီ များတယ်၊ အင်ဒိုနီးရှားက မလိုင် လူမျိုးများတယ်၊ မလေးရှားလည်း မလိုင် လူမျိုးများတယ်။ (မလိုင် ဆိုတာက မလက်ကာ ရေလက်ကြားဝန်းကျင် လူမျိုးကိုခေါ်တာပါ။) ဒါပေမယ့် နိုင်ငံတိုင်းမှာ လူမျိုးစုံ ရှိပါတယ်။ ဘာသာစုံ လည်း ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ရဲ့ နိုင် ငံတော် ဘာသာကြီး ငါးရပ်ထဲမှာ ဗုဒ္ဓဘာသာ ပါဝင်တယ်။

(၂) လူမျိုး- ဒါကိုခွဲခြား နားလည်ဘို့ လိုပါတယ်။ အကိုတို့နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး (နိုင်ငံတည်ရှိ မှု ဒေသ) က လူဦးရေ အလွန်များတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ကြားမှာ ညပ်နေတယ်။ ဒီနိုင်ငံများက လူဦးရေ အကိုတို့ နိုင်ငံထဲကို ပြိုမကျစေဘို့ အရေးကြီးပါတယ်။

ဒီမှာလည်း မြန်မာနိုင်ငံက စီးပွားရေး ကောင်းလာပြီး ပတ်ဝန်းကျင်နိုင်ငံများက စီးပွားရေးကျနေ ရင်တော့ လုပ်ကိုင်စားသောက်ဘို့ လူတွေ ရောက်လာမှာပဲ။ အခုပဲကြည့်လေ- မြန်မာနိုင်ငံက စီးပွားရေးကျနေတော့ ထိုင်းနိုင်ငံ တစ်ခုတည်းမှာ မြန်မာနိုင်ငံသား ငါးသန်းကျော်ရှိနေပြီ။ မလေး၊ အင်ဒို၊ စင်္ကပူ၊ ဂျပန်၊ တောင်ကိုးရီး ယား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး တို့မှာလည်း အများကြီးပါ။ အနောက်နိုင်ငံများနဲ့ အမေရိကန်မှာလည်း မနည်းတော့ဘူးဗျာ။ ဒီလို နိုင်ငံတကာ ကို ရောက်နေတဲ့ မြန်မာနိုင်ငံသားများက - နီးစပ်ရာနဲ့ အိမ်ထောင်ကျ မယ်၊ မွေးလာတဲ့ကလေးက လူသားပီပီ သူ့ကို မွေးခဲ့တဲ့ အရပ်မှာပဲ သူကပျော်မယ်၊ ခင်တွယ်မယ်- ဒီလိုနဲ့ နောက် တစ် ၂၀ ကြာ ရင် အဲ့ဒီကလေးက မြန်မာပြည်ကို ပြန်လာရရင်တောင် သူမပျော်တော့ဘူး ဖြစ်သွားမယ်။ ပိုဆိုးတာ က နောက် နှစ် ၅၀ ကြာရင် အဲ့ဒီကလေးကလည်း သူ့ကိုမွေးတဲ့ အရပ်မှာပဲ အိမ်ထောင်ကျ သား၊ မြေးရ မြန်မာပြည်ဆိုတာ သူ့အတွက် အတိတ်ရာဇ၀င်ထဲမှာပဲ ကျန်တော့မယ်လေ။ အလား တူပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က အာရှတခွင်မှာ မြန်မာက စီးပွားရေးကောင်းတယ်။ ဒီတော့ အိန္ဒိယသားတွေ၊ တရုတ်တွေ လာခဲ့တယ်။ သူတို့က မြန်မာပြည်မှာ နှစ်ပေါင်းများစွာ (အင်္ဂလိပ် အုပ်ချုပ်စဉ် နှစ်ပေါင်း ၆၀) လောက်နေလိုက် တော့ စတင်လာခဲ့သူက သေသွားပြီ။ သူ့ သားမြေးတွေက မြန်မာပြည်ကလွဲ ဘယ်ကိုမှ သွားလာဘို့ မသိတော့ ဖြစ်သွားတယ်။ ဒီတော့ သူ့စိတ်ထဲမှာ မြန်မာပြည်ဟာ သူ့ပြည် ဖြစ်ပါတယ်။ ဒါပေမယ့် လူဦးရေက မြန်မာကို မြိုပစ်နိုင်တဲ့ လူဦးရေ မရှိဘူး-၊ မြန်မာပြည်ကိုလာခဲ့တဲ့ နိုင်ငံခြားသား လူဦးရေက အများဆုံးရှိလှ ၂ သန်း လောက်ပါ။ အခုခေတ်မှာ မြန်မာပြည်က လူများ ထိုင်းကို ရောက်နေတာလောက် မများပါ။ အခုခေတ်မှာ အိန္ဒိယ တရုတ်၊ ဘင်္ဂလားဒေ့ရှ်က မြန်မာပြည်ထက် စီးပွားကောင်းနေပါတယ်။ ဆက်လက်တိုးတက်နေပါတယ်။ ဒီတော့ မြန်မာပြည်သားများက လူသား ဆိုတော့ စီးပွားရှိရာကို သွားရောက် စီးပွားရှာစားကြတာပဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ ရခိုင်လူမျိုးတွေ သန်းချီပြီး ရှိနေပါတယ်။ ညီလေး လေ့လာကြည့်ပါ။ အလားတူ အိန္ဒိယထဲမှာလည်း သန်းနဲ့ချီ ရှိနေပါတယ်။

(၃) သို့သော် မိုးမပြို ပြိုခဲ့သည် ရှိသော်- လူဦးရေများတဲ့ နိုင်ငံက လူဦးရေနည်းတဲ့ နိုင်ငံကို လူတွေ ပိလာနိုင်ပါ တယ်။ ဒါလည်း မလွယ်လှဘူး။ လူဆိုတာ ဘယ်လောက်လူဦးရေ များများ ကိုယ့်မြေ ကိုယ့်ရေကို ကိုယ်ချစ်တာပဲ။ ကိုယ့်အိမ်ကို ကိုချစ်တာပဲ။ ကိုယ့်အိမ်မှာ နောက်ထပ်ကလေး တစ်ဦး ထပ်မွေးလာလို့ အိမ်ကို စွန့်သွားသူ မရှိဘူး။ သူတို့တွေ သူတို့အရပ်မှာ ထမင်းရှိနေသ၍၊ နောက်နေ ရာကို ပြောင်းသွားဘို့ မလွယ်ဘူး။

ဒါပေမယ့် စစ်ပွဲကြောင့် ထွက်ပြေးတိန်းရှောင်မှုများ ဖြစ်နိုင်တယ်။ ဒါက အသက်လုရတဲ့ အခြေ အနေပါ။ ဒီအဖြစ် မျိုး ဒီဘက် သမိုင်းမှာ မြန်မာနိုင်ငံထဲကို နိုင်ငံခြားသား ၂ ကြိမ်ဝင်ဘူးတယ်။ ပထမအကြိမ်- တရုတ်ပြည်မှာ ကွန်မင်တန်၊ ကွန်မြူနစ် စစ်ဖြစ်တော့ ကွန်မင်တန်တွေရှုံးတယ်-သူတို့ကို တရုတ်ဖြူတွေလို့ခေါ်တယ်။ သူတို့က ထိုင်ဝမ်ကိုပြေးရတယ်။ ဒါပေမယ့် တရုတ်ပြည် အနောက်ပိုင်းက လူတွေက ထိုင်ဝမ်ကိုပြေးဘို့ ဝေးနေတော့ မြန်မာပြည်ကို ဖြတ်ရတယ်။ လာအို ကို ဖြတ်ရင်နီးပေမယ့် လာအိုကလည်း ကွန်မြူနစ်ကြီးစိုးတော့ မြန်မာပြည် ကိုပဲ ဖြတ်ပြီး မဲခေါင်မြစ် က ပြေးဘို့ စဉ်းစားတယ်။ ဒီတော့ ပြေးလာသူကများ ခရီးကကြန့်ကြာနဲ့ မြန်မာပြည်မှာ သောင် တင်သွားတယ်။ ၀င်လာတဲ့ လူဦးရေက သန်းပေါင်းများစွာ ဖြစ်နေတယ်၊ မြန်မာအစိုးရက တရုတ်ဖြူ စစ်ဆင်ရေးလုပ်ပြီး ကာကွယ်ရတယ်။ နို့မဟုတ်ရင် လူဦးရေများသူက လူဦးရေနည်းတဲ့ မြန်မာကို မြိုသွားမှာ သေချာပါတယ်။ ဒါတောင် ၀ နယ် နဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမှာ တရုတ်လူဦးရေက အတော်ကိုများသွားတယ်။

ဒုတိယ အကြိမ်က ၁၉၇၁- ၇၃ ထိ ဘင်္ဂလားဒေ့ရှ်မှာ လွတ်လပ်ရေးတိုက်ပွဲဖြစ်တယ်။ အဲ့ဒီအခါက ဘင်္ဂလားဒေ့ရှ် ကို ပါကစ္စတန်က အုပ်ချုပ်ထားတာပါ။ သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ စစ်ပြေးတွေ က မြန်မာပြည်ထဲကို ၀င် လာတယ်။ ဒါကို အစိုးရက နဂါးမင်းစစ်ဆင်ရေး ဂဠုံမင်းစစ်ဆင်ရေးတွေနဲ့ လိုက်တားရတယ်။ အခုခေတ်မှာ မြန်မာပြည်က လူတွေက စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်ဘက်မှာ အများကြီးရှိ တယ်။ အပြန်အလှန်စဉ်းစားပါ။

သူတို့ရဲ့ ပြည်တွင်းစစ်အတွင်း ဘင်္ဂလားဒေ့ရှ် လူမျိုး တော်များများဟာ မြန်မာနိုင်ငံတစ်ခုတည်းကို မဟုတ်ဘူး နီးစပ်ရာ အိန္ဒိယနိုင်ငံထဲက အာသံ၊ မဏိပူရဘက်ကိုလည်း ပြေးရတာပဲ။ ဒီလို အခြေ အနေမှာ နေရာတစ်ခုမှာ ကြာလာတော့ အိမ်ထောင်ကျမယ်၊ ကလေးမွေးမယ်၊ အဲ့ဒီမှာ အခြေကျ သွားတယ်။ အခုမြန်မာတွေ နိုင်ငံရပ်ခြား မှာအခြေကျသွားသလိုပေါ့။

(၄) အခုခေတ်နောက်ပိုင်းမှာ- သူတို့နိုင်ငံအားလုံးက မြန်မာထက် စီးပွားရေးကောင်းနေ တယ်၊ နိုင်ငံရေး တည်ငြိမ်နေတယ်။ ဒီတော့ လူဦးရေ မပြိုနိုင်သေးဘူး။ ဒါပေမယ့်- နိုင်ငံရေး တင်းကြပ်မှုရှိတဲ့ တရုတ်နိုင်ငံကို ထည့်စဉ်းစားထားရမယ်။ ဘင်္ဂလားဒေ့ရှ်ကို မေ့ထားဘို့ မဆိုလို ဘူးနော်။ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေး အခြေအ နေက တရုတ်ထက် အနေချောင်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ မြန်မာနဲ့ ရခိုင်များက ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ လွတ်လပ်ခွင့် အပြည့်ရှိနေ တယ်။ လူမျိုးစု လွှတ်တော်မှာ ဥက္ကဌထိ ဖြစ်နေတယ်။ ရခိုင်အမျိုးသမီး တစ်ဦးတောင် ၀န်ကြီးဖြစ်နေတယ်။ ပြီးတော့ အမေရိကန်နဲ့ နိုင်ငံကြီးများက ဘင်္ဂါလီ လူမျိုးတွေကို တရားဝင် သွားလာ နေထိုင်ခွင့် ဗီဇာ ပေးထားတယ်။ မောလ်ဒိုက်နိုင်ငံက သူ့နိုင်ငံမှာ အချိန်မရွေးလာနေဘို့ ကမ်းလှမ်းထားတယ်။ နောက်ဆုံး သူ့နိုင်ငံမှာ လူဦးရေ သန်း ၁၀၀ လောက်ပဲရှိတာပါ။ မြန်မာပြည် ထဲကို ပြိုကျတယ် ထားဦး မီးကုန် ယမ်းကုန် ၁၀ သန်းပဲ- (ဒါတောင် မဖြစ်နိုင်ဘူး)။ သူ့နိုင်ငံနဲ့ တစ်ဆက်တည်း အိန္ဒိယပိုင် အနောက်ဘင်္ဂလား ပြည်နယ်က သူနဲ့ လူမျိုးတူတယ်၊ ဘာသာစကား တူတယ်၊ ယဉ်ကျေးမှုတူတယ်၊ ထိစပ်နယ်မြေ ပိုမို ကျယ်ပြန့် တယ်။ ၀င်ရောပြိုကျစရာရှိရင် သူတို့ အနေနဲ့ အနောက်ဘင်္ဂလားဘက်ကိုပဲ ပြိုကျသွားမှာပါ။ တကယ်လို့ လူဦး ရေ ၁၀ သန်းပြိုကျတယ် ထားဦး- လူဦးရေ သန်း ၆၀ ရှိတဲ့ မြန်မာကို ဘယ်လိုမှ မဖုံးလွှမ်းနိုင်ဘူး။ မြန်မာကပဲ ပြိုကျတဲ့ လူတွေကို မြိုပစ်လိုက်မှာပါ။

ပိုပြီး စိုးရိမ်ရတာက တရုတ်ပြည် ဖြစ်ပါတယ်။ နိုင်ငံရေးက တင်းကြပ်မှုရှိတယ်။ မတော်တဆ အသွင်ပြောင်းမှု ဖြစ်ရင် အချင်းချင်း စစ်ဖြစ်မယ်။ ဒီတော့ လူသားများ ထွက်ပြေးရမယ်။ ဒီလိုဆိုရင် သူတို့အနေနဲ့ မြန်မာပြည်ထဲ ကိုပြိုကျနိုင်တယ်။ တရုတ်နဲ့ မြန်မာ နယ်စပ်က မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ထက် အဆပေါင်း ၃၀၀ ကျော် ပိုမို ရှည်လားတယ်။ ယဉ်ကျေးမှု ပိုမိုနီးစပ်တယ်။ ရုပ်ရည် နီးစပ်မှု ရှိတယ်။ တရုတ်ပြည်ရဲ့ လူနေအထူထပ်ဆုံး အပိုင်းနဲ့ မြန်မာက ထိစပ်နေ တယ်။ ဒီတော့ သူတို့က ပြိုကျရင် သန်း ၁၀၀ လောက်ပြိုကျနိုင်တယ်။ ဒီလိုဆိုရင် မြန်မာလူမျိုးကို သူတို့က ဖုံးလွှမ်းသွားနိုင်တယ်။ အဓိကပြသနာ တစ်ခုရှိသေးတယ်။ အဲ့ဒါက တရုတ်ပြည်မှာ သားထိန်း စနစ်ကြောင့် မိဘတွေက သမီးမိန်းကလေးကို မမွေးချင်ဘဲ ဖျက်ချခဲ့တာ- အခုဆို နှစ် ၆၀ ကျော်ပြီ။ ဒီတော့ အခုခေတ် တရုတ်ပြည်လူဦးရေစာရင်းကို စစ်တမ်းကောက်ကြည့်တော့ ယောက်ျားဦးရေက မိန်းမဦးရေ ထက် သန်း ၇၀ ပိုနေတယ်။ အဲ့ဒီမှာ အိမ်ထောင်ပြုနိုင်တဲ့အရွယ် ယောက်ျား သန်း ၄၀ အတွက် မိန်းမမရှိဘူး ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက မိန်းကလေးတွေဟာ လူမှောင်ခိုလမ်းက တစ်ဆင့် အရောင်းစားခံနေရတာ များတယ်။ လောလောဆယ်ကို ဖြစ်နေတဲ့ ကိစ္စကို ပြောတာ ပါ။ မြန်မာပြည်မှာကလည်း စီးပွားကကြပ်တည်း၊ နိုင်ငံခြားကို အထင်ကြီး- တရုတ်ပြည်ကလည်း တိုးတက်လာ- အဲ့ဒီ အခြေအနေမှာ မြန်မာ မိန်းကလေး သန်း ၂၀ လောက်ဟာ ဆယ်နှစ်အတွင်း တရုတ်နဲ့ ငြားသွားနိုင်ပါတယ်။ အခု လက်ရှိစစ်တမ်းအရ ကုလားပြည် ဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှာက မိန်းမဦးရေပိုများတယ်။ ယောက်ျားတွေ ယူလို့ မကုန်လို့ ယောက်ျားတစ်ဦးကို မိန်းမနှစ်ဦး သုံးဦး ယူနေရတယ်။ (ဟိန္ဒူရော- မွတ်စ်လင်ရော ကိုပြောတာနော်။ အိန္ဒိယ လူဦးရေ စစ်တမ်းကို ကြည့်ပါ။)

ဒီတော့ ညီလေးတို့ အစ်ကိုတို့ အနေနဲ့ တစ်ကယ့်လက်တွေ့ကို ဆင်ခြင်သင့်တယ်။ ဘင်္ဂလားဒေ့ရှ်က လူဦးရေ ပြသနာကို ညီလေးထက်စာရင် အကိုပိုသိနိုင်ပါတယ်။ အကိုက မိဘမျိုးရိုး ရခိုင်အစစ်ပါ။ အကိုတို့ရွာသားတွေ ရဲ့ ဓါတ်ခံစိတ်ကိုယ်က ကုလားမုန်းတဲ့ ရောဂါရှိပြီးသားပါ။ ဒါပေမယ့်- ဘင်္ဂလားဒေ့ရှ်က လူတွေ ရခိုင်ကို ၀င်နိုင်အား က တရုတ်ပြည်က လူတွေ ကချင်၊ ၀၊ ရှမ်း တို့ ကို ဖြတ်ပြီး ၀င်နိုင်အားထက် အဆ ၃၀၀ နည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့-

ဖြစ်နေပုံက အကိုတို့ မြန်မာနိုင်ငံသားတွေဟာ တရုတ်တို့ရဲ့ လှည့်စားခြင်းကို အပြီးခံနေရတာပါ။ ကုလားတွေ သူတို့ချင်းချင်း စားသောက်ရလွယ်ကူအောင် ၇၈၆ ဆိုတဲ့ ကဏန်းလေး သုံးလုံး ရေး ထားတာပဲ မဲသဲပြီး အကြောင်းပြနေပြီး တစ်ဘက်မှာ တရုတ်စာ သောင်း၊ သန်း မက ဆိုင်း ဘုတ်တွေကို ကြောင်တောင်ကန်းနေ အောင် လုပ်ထားတယ်လေ။ ကုလားတွေမှာ ၇၈၆ ဆိုတာ ကိုတောင် ကုလား လိုရေးထားတာ မရှိဘူး။ မြန်မာလို အများစု ရေးတယ်။ သို့မဟုတ် အင်္ဂလိပ်လို အနည်းအကျဉ်းရေးတယ်၊ အာရ်ဗီလို ရေးတာ အလွန့်အလွန်နည်း တယ်။ ညီလေးတို့ အနေနဲ့ တည့်တည့် တိတိကျကျ မြင်တတ်အောင် ကြည့်စေချင်တယ်။ နို့မဟုတ်ရင် ၁၁၊ ၁၂ ရာစုမှာ အာရဗ်တွေ ခံသလို ခံလိုက်ရလိမ့်မယ်။

၁၁၊ ၁၂ ရာစုလောက်မှာ မွတ်စလင် အာရဗ်တွေဟာ ဥရောပသားတွေနဲ့ တတိယ ကရူးဆိတ်ကို ရင် ဆိုင် ဖြစ်နေ ရတယ်။ (ကရူးဆိတ် စစ်ပွဲ ဆိုတာ ညီလေးအပါအ၀င် မြန်မာနိုင်ငံသားများ သိထား တာ သမိုင်းအမှား ဖြစ်နေ တယ်နော်၊ wiki ထဲမှာ Crusade war ကို ရိုက်ပြီး ရှာကြည့်လိုက်ပါ။ အဲ့ဒီမှာ အဲ့ဒီစစ်ပွဲကို ဘယ်သူက စခဲ့သလဲ၊ ဘာလို့ စခဲ့သလဲ- သိရလိမ့်မယ်၊ စတုတ္တ၊ ပဉ္စမ၊ ဆဌမ ကရူးဆိတ်များက ဥရောပသားတွေ မွတ်စလင်ကို တိုက်စရာ မရှိလို့ သူတို့ချင်း ခရစ်ယာန် ဂိုဏ်း ကွဲတွေ အာဏာလု တိုက်နေကြတဲ့ ပွဲတွေ ဖြစ်တယ် ဆိုတာပါ သိသွားလိမ့်မယ်။) ကရူးဆိတ် စစ်ပွဲ တိုင်းက အာရဗ်မြေပေါ်ကို ဥရောပသားတွေက လာတိုက်တာချည်းပဲနော်။ တတိယ အကြိမ်မှာ လည်း အာရဗ်မြေကို ကျူးကျော်လာတဲ့ ဥရောပသားတွေကို အာရဗ်တွေက တော်လှန်ခုခံ ဘို့ သဲကြီးမဲကြီး အာရုံပြုနေတုံး- နောက်ကျောကနေပြီး- မွန်ဂိုးလီးယားတွေက အာရဗ်ကို ၀င်သိမ်း ပစ်လိုက် တယ်။ ဘက်ဒတ်က အဓိက တက္ကသိုလ်ကြီးကို ဖျက်ဆီးပစ်လိုက်တယ်။ မိန်းမတွေကို မယားငယ်၊ လိင်ကျေး ကျွန်လုပ်ပစ်တယ်။ မွန်ဂိုလီးယား ဆိုတာ တရုတ်မျိုးနွယ်ပါ။ အိန္ဒိယ ကုလား များ မဟုတ်ဘူးနော်။ အလားတူပဲ အခုလည်း မြန်မာတွေက ဘင်္ဂါလီ နှစ်ယောက်တစ်ပိုင်းကို မျက်လုံးစပါးမွေးစူးနေတော့-နောက်ကျောက တရုတ်ကြီးဝင်စီးထားတာကို မေ့နေကြတယ်လေ။

၁၉၈၈ အရေးအခင်းပြီး- မြန်မာပြည်စီးပွားရေးကျနေစဉ် ကာလမှာတောင် တရုတ်က မြန်မာပြည် ကို ၀င်လာတဲ့ ဦးရေ သုံးသန်းက ငါး သန်းထိ ရှိတယ်။ immigrant into Burma လို့ ရိုက်ပြီး အင်တာနက်မှာ ရှာကြည့်ပါ။

အကိုက အမှန်တွေကို ပြောတာနော်- ညီလေး လူမျိုးမုန်းတီးရေးကို လှုံဆော်တာ မဟုတ်ဘူး၊ လူ - ဆိုတာ လူ ပါပဲ အချင်းချင်း မုန်းတီး ရန်ဖြစ်၊ သတ်ဖြတ်နေဘို့ မလိုဘူး။ မိမိလူမျိုး မပျောက် ပျက်ရေး ဆိုတာက ဘာသာ တရား အယူဝါဒနဲ့ မဆိုင်ဘူး-ဆိုတာပဲ နားလည်စေချင်တယ်။ ကချင်တွေ အများစုက ခရစ်ယာန်ကို ကိုးကွယ် တယ် ဒါကြောင့် ကချင်က လူမျိုးပျောက်သွားတာ မဟုတ်ဘူး ဆိုတာ ညီလေး မြင်တတ်အောင်ကြည့်ပါ။ အလားတူ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာကို မကိုးကွယ်မှီကလည်း အင်ဒိုနီးရှားလူမျိုးပဲ။ ဗုဒ္ဓဘာသာမှ တစ်ဆင့် အစ္စလာမ်ကို ကူးပြောင်း သွားတော့လည်း အင်ဒိုနီးရှား လူမျိုးပဲ- အာရဗ်တွေလို နှခေါင်းရှည်လာတာ မဟုတ်သလို မျက်လုံးကျယ်လာတာလည်း မဟုတ်ဘူး၊ အာရဗ်စကားလည်း မတတ်ဘူး၊ သူတို့ဓလေ့နဲ့ သူတို့လူမျိုးဟာ သူတို့လူမျိုးပါပဲ။

လူမြိုမှ လူမျိုးပြုတ်နိုင်တာပါ၊ ဘာသာမြိုလို့ လူမျိုးမပြုတ်နိုင်ဘူး ဆိုတာကို နားလည်စေချင်တယ်။ ဘာသာက တော့ လူသား ဆိုတာ ကြိုက်တာကို လက်ခံမှာပဲ။ လူမြိုမှာ ကြောက်လို့ လူမျိုးကို ကာ ကွယ်ရင် ကာကွယ်သူ ဟာ သမိုင်းမှာ သူရဲကောင်း ဖြစ်ပါတယ်။ အယူဝါဒမြိုမှာ စိုးလို့ အယူဝါဒကို တားဆီးရင် သမိုင်းမှာ လူယတ်မာ ဖြစ်တတ်တယ်။ ဥပမာ- ဒီမိုကရေစီဝါဒ ကို ကာကွယ်တား ဆီးနေသူနဲ့ ခံစားကြည့်ပါ။ သို့မဟုတ် ရှင်အရဟံက သာသနာလာပြုတော့ ခုခံကာကွယ်ခဲ့တဲ့ အရည်းကြီးရဟန်းများနဲ့ နှိုင်းယှဉ်ခံစားကြည့်ပါ။

အစ္စလာမ့်သမိုင်းကို ရေးနေရင်တော့ စာက သိပ်ရှည်သွားလိမ့်မယ်။ ဖြစ်နိုင်ရင် ညီလေးအနေနဲ့ Wiki မှာ ဖတ်ကြည့်ပါ။ သို့မဟုတ် ဘာသာပြန်ဖတ်လိုရင် အကို့ဆိုက်မှာ ဖတ်ပါ။ အတတ်နိုင်ဆုံး ဘက်မလိုက်မိအောင် ဘာသာ သုံးခု လုံးရဲ့ သမိုင်းကို ဘာသာပြန်ပေးထားပါတယ်။ သုံးခုလုံးကို ဖတ်မှ ဇတ်ရည်လည်နိုင်မယ် ညီလေး။

လေးစားလျှက်
ဌေးလွင်ဦး (www.islammyanmar.com)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်