Subscribe to our RSS Feed

အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ


b4721
ပစ္စည်းတစ်ခုကို တန်ဖိုး ဘယ်ရွေ့ဘယ်မျှ ဆိုပြီး ဈေးနှုန်း ရေးရေး မရေးရေး ဘယ်လောက်တော့ တန်တာဘဲ၊ ဘယ်လောက်တော့ တန်မှာလဲ စသဖြင့် ယေဘုယျလောက်တော့ သိကြ၊ လက်ခံကြတတ်ပါတယ်။
လူတွေဆိုရင် . . .
ရန်ကုန် ၀ိဇယမီးပွိုင့်မှာပါ။
ကားတွေ ဥဒဟို ဖြတ်သန်း မောင်းနှင်နေချိန်မှာ မီးပွိုင့်က စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်နဲ့။ တစ်ခုသော စိမ်းဝါနီမှာပေါ့ဗျာ။ ဘယ်ဘက်ကွေ့ကြောမှာ ကွေ့နေကြတဲ့ ကာတွေထဲက ကားကြီးကားကောင်း တစ်စီးကွေ့ရင်း
မီးနီမိသွားတယ်။ ဒီတော့ ကွေ့လက်စ နေရာ လမ်းဆုံရဲ့ အလယ်ခေါင်မှာ ရပ်တယ်။
မြင်လိုက်တာနဲ့ အင်မတန့် အင်မတန်မှ ဈေးကြီးမှန်း သိသာတဲ့ကားကြီးပေါ့။ အဲဒီကားကြီး ကိုးလို့ကန့်လန့် ရပ်ထားတော့ မီးပွိုင့် လွတ်လာတဲ့ကားတွေ ဒုက္ခရောက်ကုန်တယ်။ တည့်တည့်သွားဖို့ထားတဲ့ ယာဉ်ကြောနှစ်ကြောထဲက တစ်ကြောက လုံးဝ ပိတ်သွားတယ်။
တစ်ဖက်ကနေ တည့်တည့်သွားမယ့် အငှားကား ယာဉ်မောင်းကတော့ သည်းခံနိုင်ဟန် မရှိတော့ပါဘူး။ ကားခေါင်းထဲကနေ ခေါင်းပြူပြီး ''ခင်ဗျားတို့ ဘယ်လိုလုပ် ရပ်ထားတယ်။ နောက်ပြန်ဆုတ်ပါလား။ ဒီမှာ ကားတွေပိတ်ကုန်ပြီတဲ့''။
စိတ်တိုတိုနဲ့ အော်ပါရော။
ကားကောင်းကြီးကတော့ ခပ်တည်တည်နဲ့ နောက်မဆုတ်တဲ့ အပြင် ကားပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ မိန်းမကြီးတစ်ယောက် အငှားကားယာဉ်မောင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြန်အော်ပါရော။ ''ဟဲ့ နင်ခိုင်းတိုင်းလုပ်ရအောင် နင်က ဘာကောင်မို့လို့လဲ။ အောက်တန်းစား တက်စီသမားကများ လူပါးဝလို့''
ပြောတဲ့စကားနဲ့ လေယူလေသိမ်းနဲ့ မျက်နှာပုံစံ၊ အသားအရည် အရောင်အသွေးက အဲဒီမိန်းမကြီး ကိုယ်စားပြုတဲ့ မျိုးနွယ်စုကို အထင်သား ဖော်ပြနေတယ်။
စိတ်တိုဒေါသထွက်စွာနဲ့ အငှားကားယာဉ်မောင်း တံခါးဖွင့်ပြီး လမ်းပေါ်ဆင်းလာတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်မီးပွိုင့်က စိမ်းသွားတာနဲ့ ကားအကောင်းစားကြီး ၀ူးကနဲ မောင်းထွက်သွားတယ်။ မိန်းမကြီးက တံထွေးတစ်ချက် ထွီကနဲထွေးရင်း လမ်း ပေါ်က အငှားကား ယာဉ်မောင်းကို စေ့စေ့ကြည့်သွားတယ်။ လမ်းပေါ်က ကားဆရာခမျာ လက်သီးလက်မောင်းတန်းပြီး ဒေါသထွက်လွန်းလို့ တုန်ပြီး ကျန်နေခဲ့တယ်။
အဲဒီမိန်းမကြီးကို မိုက်ရိုင်းခွင့်လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
ရန်ကုန် အေဒီလမ်းမီးပွိုင့်မှာပါ။
ပြည်လမ်းရဲ့ ယာဉ်ကြောသုံးခုထဲက ဘယ်ဘက် အစွန်ဆုံးကြောကို ဘယ်ကွေ့တဲ့ကားတွေအတွက် သီးသန့်ပေးထားပြီး မီးပွိုင့်မှာလဲ မီးစိမ်း သီးခြားအချက်ပြ တပ်ဆင်ထားပါတယ်။
ပြည်လမ်း မီးနီ မိနေချိန်မှာ အရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ကားကြီးတစ်စီး မောင်းဝင်လာတယ်။ ဘယ်ကွေ့ကြောအတိုင်း လာပြီး ရှေ့ဆုံးမှာရပ်တယ်။ ကားရဲ့နံပါတ်က သာမန်ကားနံပါတ်တွေလို မဟုတ်ဘူး။
နံပါတ်သက်သက် အဖြူရောင်နံ ပါတ်ပြားနဲ့။ ကားရှေ့မှာလဲ အလံတိုင်ငယ် တစ်ခုကို သားရေအစွပ် အမဲနဲ့ ကပ်ထားတယ်။ ဘယ်အလံမှန်းတော့ မသိရဘူးပေါ့။ ဗဟုသုတရှိ သူတွေကတော့ ဘယ်ကကားလည်း သိမှာပါ။
မီးစိမ်းတယ်။ ဘယ်ကွေ့ကြောက ကားတွေ လွတ်လွတ်လပ်လပ် ကွေ့နိုင်ဖို့ သီးသန့် အချက်ပြမီးစိမ်းက ပေါ်လာတယ်။ မြားစိမ်းစိမ်းရယ်။ ၂၀၊ ၁၉၊ ၁၈၊ ၁၇ . . .စသဖြင့် တဖြည်းဖြည်း ငယ်သွားတဲ့ ဂဏန်းတွေက အချိန်ကိုပြလို့။
ကွေ့ဖို့ သီးသန့်ခွင့်ပြုထားတဲ့ လိုင်းရဲ့ထိပ်က ကားအကောင်းစားကြီးက လုံးဝမလှုပ်။ နောက်ကားက မီးဖွင့်ပိတ်လုပ်ပြီး သတိပေးတယ်။ မမြင်တာလား။ ဂရုမစိုက်တာလား။ ကားအကောင်းစားကြီးရယ်။ ငြိမ်လို့ ခပ်တည်တည်ပဲ။
ကွေ့ကြောသီးသန့် မီးစိမ်း အပြီးမှာ တည့်တည့်သွားမယ့် မီးစိမ်း ပေါ်လာတယ်။ ၀ူး ခပ်တည်တည် ကားအကောင်းစားကြီး ခပ်တည်တည်ပဲ တည့်တည့် မောင်းထွက်သွားတယ်။ ကွေ့ဖို့ ခွင့်ပြုချိန်မှာ မကွေ့လိုက်ရတဲ့ တသီတတန်းနဲ့ ကားတွေ နောက်မှာရပ်ပြီး မေတ္တာပို့ ကျန်ခဲ့တယ်။
အဲဒီကားမောင်းတဲ့ နိုင်ငံကြီးသားကို စည်းကမ်းဖောက်ဖျက်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။
နာမည်ကြီး နိုက်ကလပ် တစ်ခုမှာပါ။ မပြောပါရစေနဲ့တော့။ ညကလပ်ပါဆိုမှ တရားမှတ်တဲ့လူတွေ ဘယ်လာကြမှာလဲ။ သန်းခေါင်ကျော်လို့ တစ်နာရီတောင် ခွဲနေပြီ။
ကားရပ်တဲ့နေရာမှာ ကားတွေက ဒင်းကြမ်း။ အများစုက ခပ်မိုက်မိုက်ကားတွေ။ အဲဒီကားတွေက ဈေးက မိုးပေါ်မှာဆိုတာ တော်ရုံတန်ရုံလူ သိပါတယ်။ အဲဒီထဲက ကားတစ်စီးရဲ့ နံပါတ်ပြားက ဖြူ၊ နက်၊ နီ၊ ပြာ တစ်ခုမှမဟုတ်တဲ့ တခြားအရောင်။
ကားဝယ်ယူတင်သွင်း ခွင့်ပြုချက် မူလရထားသူပဲဖြစ်ဖြစ်၊ သူ့ဆီကနေ တစ်ခြားသူတစ်ယောက်ယောက်က ခဏယူသုံးတာပဲ ဖြစ်ဖြစ်၊ ယာဉ်မောင်းက ခိုးထွက်လာတာမျိုးပဲ ဖြစ်ဖြစ်၊ ဘာတွေဖြစ်ဖြစ်ပါ မလျော်မကန်ကြီးပါလား ဟရိုး ဆိုပြီး အော်ချင်မိတာ အမှန်ပါ။
အဲဒီသူတို့ကို လုပ်ချင်ရာလုပ်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။


ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။ လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ . . .
အဆင့်မြင့် စားသောက်ဆိုင်ကြီး တစ်ခုမှာ။ အထပ်အမြင့်ကြီးမှာ ဖွင့်ထားလို့ အဆင့်မြင့်ပြောတာ မဟုတ်ဘူး။ သန့်ရှင်းသပ်ရပ် လှပခန့်ညားပြီး ဈေးကလဲ အင်မတန်ကြီးတာမို့ ပြောတာ။ နောက်ပြီး ဇွန်းခရင်းတွေကလဲ ငွေသားစစ်စစ်တွေ။ လာတဲ့သူတွေကလဲ ကြေးရတတ်တွေပဲများတာ။
အဲဒီတစ်ခုသော သီးသန့်ခန်းမှာ ရေပေါ်ဆီတစ်စု ညစာ သုံးဆောင်ကြတယ်။ ထုံးစံအတိုင်း စားစားသောက်သောက် ပြောပြောဆိုဆိုနဲ့ပေါ့။ သူ့ ရိုးလက်နာရီက ဘယ်လောက်တန်တာ။ ငါ့ကိုရမ်နာရီက ဘယ်လိုဈေးကြီးတာတွေလဲ ပါတယ် ဘောလုံးပွဲ၊ ရုပ်ရှင်၊ ကိုရီးယားမင်းသား၊ မင်းသမီး ဘာညာစုံပါရော။
အဲဒီမှာတင် ဟိုတစ်ယောက်က ငါနဲ့ဘယ်မှာ ဘယ်လိုဖြစ်ဖူးတာတို့၊ ဘာတို့ညာတို့ကို နာမည်တွေနဲ့ ပျစ်ပျစ်နစ်နစ် တစ်ယောက်နဲ့တစ်ယောက် အားကျမခံ ပြောကြပါရော။ တကယ်ပဲလား။ ပါးစပ်အရသာခံ ပြောတာလား။
ဘာပဲဖြစ်ဖြစ် မကောင်းတာအ မှန်။ စောင့်ရမယ့် ''စည်း''ကို ကျော်ပြီး ပြောချင်ရာ ပြောကြာတာဗျာ။ နောက်ပြီး စားပွဲထိုးလေးကို လှမ်းပြောသေးတယ်။ ''နင် ငါတို့ အခုပြောနေတာတွေကို ဘယ်သူ့မှ လျှောက်မပြောနဲ့နော်''တဲ့။
သေချာပါတယ် ပြောမှာ။
အဲဒီပုဂ္ဂိုလ်များကို တစ်ဖက်သား ထိခိုက်နစ်နာအောင် အသရေဖျက်ပြောခွင့် လိုင်စင်ပေးထားတာ မဟုတ်ဘူး။
အဆင့်မြင့် ဂေါက်ကွင်းကြီး တစ်ခုမှာ။
ပိတ်ရက်ဖြစ်တော့ ထုံးစံအတိုင်း လူကများလှသပေါ့။ ဒီတော့ တီရုံမှာ စထွက်ရဖို့ အရေးက စောင့်ရတယ်။ ကြာတယ်။ စရိုက်မဲ့အဖွဲ့၊ ရိုက်ဖို့ပြင်နေတဲ့ အဖွဲ့၊ နောက်လိုက်မဲ့ အဖွဲ့ စသဖြင့် အနည်းဆုံး သုံးဖွဲ့လောက်
နေရာယူထားတာဆိုတော့ လူဆယ့်လေးငါးယောက်လောက် ရှိသပေါ့ဗျာ။ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်ခွဲရသလို ကြွားချင်တဲ့ ပုဂ္ဂိုလ်များဆိုလည်း ကြွားဖို့ အင်မတန် အဆင်သင့်ချိန်ပေါ့။
''ဟဲ့ကေင်မလေး၊ ငါ့ဒရိုင်ဗာ အသစ်ယူခဲ့စမ်း''
ကျယ်ကျယ်ဟဟ အသံထွက်လာတော့ ဂေါက်သီးရိုက်မယ့် လူတွေရော၊ ကျန်တဲ့ ကယ်ရီ၊ ထီးမိုး၊ တီဇုံဝန်ထမ်း စတဲ့ လူတွေရဲ့ အာရုံက အသံလာရာဆီကို ရောက်သွားကြတယ်။
''ငါ့ကို ဂေါက်တုတ် အသစ်နော်၊ အဲဒီ တစ်ချောင်းထဲကို သိန်းငါးဆယ် ပေးရတာ''
ဘာကြီးလဲဟ၊ သူ့ဖာသား ငါးဆယ်မလို့ ငါးရာဖြစ်ဖြစ်၊ ငါးထောင်ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အားကျအထင်ကြီးတဲ့ မျက်လုံးတွေလဲရှိရဲ့။ ဆက်လာတဲ့စကားက နားထဲကို ခါးသီးစွာ ၀င်လာတယ်။
''ကောင်းကေင်းကိုင်ခဲ့၊ ထိခိုက် ပွန်းပဲ့သွားလို့ကတော့ ငါနဲ့တွေ့မယ်။ အဲဒီလောက်ပိုက်ဆံ နင်ဟိုဟာလုပ်ရှာတောင် တစ်သက်လုံးရမှာ မဟုတ်ဘူး''
သွားပြီ။ ကယ်ဒီလေးမျက်နှာ ရဲကနဲ ဖြစ်သွားတယ်။ အနားက ဂေါက်သမားတချို့ မျက်နှာလည်း မည်းကနဲနဲ့။
အဲဒီလူကို နိုင်ထက်စီးနင်း ပြုကျင့်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။
ရန်ကုန်က နာမည်ကျော် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုမှာ သူငယ်ချင်းတစ်စု လက်ဖက်ရည်သောက်၊ မနက်စာစားရင်း စကားပြောနေကြတယ်။ မရှိမရှား ပုံစံတွေကြားမှာ တစ်ယောက်ကတော့ စီးပွားရေး အလွန်ကောင်းပုံ ပေါက်ပါတယ်။ သူ အဆင်အပြင် အဆင်တန်ဆာတွေက သက်သေလေ။
''ကဲရှင်းမယ်၊ ပိုက်ဆံတွက်''
ပိုက်ဆံအိတ်ကြီးကို ဘုတ်ကနဲ ထုတ်ယူပြီး ပြောတယ်။ ''ဒါနဲ့ဟိုကောင်၊ မနက်ဖြန်မနက် ၆ နာရီတိတိ စရိုက်မှာနော်။ ကွင်းကြေး သောင်းကျော်ရော၊ ကယ်ဒီမုန့်ဖိုးပါ ငါပေးနေတာ။မင်းဘာကုန်ရတာ မို့လို့လဲ။ ဂေါက်သီးလေး လာရိုက်ပေးပါတယ်။ အရေးထဲ ပင့်ရဖိတ်ရနဲ့၊ မင်းဖာသာဆို ဒီလိုကွင်းမျိုး သွားနိုင်လို့လား''
အပြောခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ ရင်ထဲမှာ ကျင်ခနဲ နာသွားတယ်။ သံယောဇဉ်နဲ့ လုပ်ပေးနေတာတွေကိုကွာ၊ မင်းလက်အောက်ငယ်သားလဲ မဟုတ်ရပေါင်ကွာ။ စိတ်ထဲက စကားတွေက နှုတ်ဖျားကို ရောက်မလာပါဘူး။ နောက်ပြီး အမြဲတမ်းလဲ အားချင်မှအားမှာ၊ ပြီးတော့ အချိန်၊ လစ်ဟာသွားတဲ့ မိသားစုတာဝန်။တခြားဟာတွေတော့ ဖယ်ထားလိုက်ပါတော့။
ပစ္စည်းရှိတဲ့လူ အနေနဲ့ ပစ္စည်းမဲ့တဲ့လူကို စိတ်ဒဏ်ရာရအောင် လုပ်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။
ပုံပြင်လေးတစ်ပုဒ်ပါ။ သူဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။ (အိပဲ့၊ အိပဲ့ ငှက်သဗ္ဗာန် ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။)
''ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အ၀တ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး''
''ဟုတ်ကဲ့''
ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။
''အခု တစ်နေ့ ဘယ်လောက်ရတုံး''
''အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့''
''၀င်ငွေဘာမှမရပါလား။ တယ်ညံ့သကိုး''
ခဏနေပြန်တော့ ''မင်းမှာ အိမ်ရောရှိရဲ့လား''
''မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာ နေတာ''
''အိမ်ကလေး တစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး''
ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုး ဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။ အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။
''ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကိုဆယ်ပါဦး''
''ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး'' ပြောပြောဆိုဆိုနဲ့ သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော''
ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။
လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ။
ကိုယ်အဆင်ပြေစေဖို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကြောင့် အဆင်မပြေ ဖြစ်ရတာတွေလဲ ရှိလာတယ်။
အားလုံးကို ဆိုလိုတာ မဟုတ်ပါ ဘူး။ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာချိန်မှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်။ ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။ ပုံမှန် ဆက်ဆံရေးတွေ ကွယ် ပျောက်လာတယ်။
''ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်''လို့ ပြောတတ်ကြပါတယ်''
ကိုယ်တစ်ယောက်ထဲနဲ့ ပြီးသွားမယ်ဆိုရင် ပြဿနာ မရှိပါဘူး။ ကိုယ့်လူမျီုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်အလွှာ၊ ကိုယ့်ပတ်ဝန်းကျင် စသဖြင့် ရိုတ်ခတ်မှုက အနည်းအများ ရှိမှာ။ ဒါ အသေအချာ။
မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းရဲ့အိမ် ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာလေးတစ်ပိုဒ် ရှိပါတယ်။ ကောင်းတယ်ဗျ ဆိုပြီး သဘောကျသမို့ မှတ်သားခဲ့ဖူးတာ ဖောက်သည်ချပါရစေ။ (ခွင့်တော့
မတောင်းတော့ပါဘူး။ အစ်ကိုကြီးရေ)
''အဖိုးတန်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင် အသုံးပြုနိုင်ရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ ရိုးသားစိတ်ကောင်းထားပြီး လူ့လောက ကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဆောင်ရွက်မှ တကယ့် လူ့အဖိုးတန်တဲ့ဗျား။''

မောင်စံပေါ

နိုင်ငံခြား ရောက် မြန်မာနိုင်ငံက လူတွေ (ပေးစာ - ၁၂)

နိုင်ငံအသီးသီးကို မြန်မာနိုင်ငံသားတွေ အလျှိုအလျှိုနဲ့ထွက်လာတာ ခုဆိုရင် စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကား၊ သြစတေးလျ၊ ယူကေ၊ နော်ဝေ တို့မှာဆိုရင် သွားလေရာမှာ မြန်မာချင်းမတွေ့အောင် မနည်းကိုရှောင်နေရပါတယ်။ အဲ့လိုရှောင်ကြတဲ့အကြောင်းကလည်း မြန်မာအချင်းချင်းမြင်သွားရင် ကိုယ့်လူမျိုးချင်း နှာခေါင်းရှုံ့ကာ အပစ်တင်တတ်ကြလို့ပါပဲ။ နောက်တစ်ခုကတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို လူမသိစေချင်ကြတာပါ။ ဒါပေမယ့် အဲ့လို မြန်မာတောမတိုးချင်တဲ့လူတွေက မြန်မာနိုင်ငံရောက်သွားရင်တော့ အိမ်ထဲမှာတောင် မနေချင်ပါဘူး လူစည်ကားပေ ဆိုတဲ့နေရာတွေကိုမှ သွားချင်ပါတယ်။ နိုင်ငံခြားပြန်၊ စင်္ကာပူပြန်၊ ယိုးဒယားပြန်၊ ဂျပန်ပြန် ပေါ့... ဘာသွားလုပ်တာလဲတော့ သွားမမေးနဲ့ ဘယ်တော့မှာ အမှန်ကို တိတိကျကျ မပြောတော့ဘူး။

ထားပါတော့.. ခုပြောချင်တာကတော့ တတိယနိုင်ငံတွေပါ။
အထူးသဖြင့် အမေရိကားလိုပေါ့။ တတိယနိုင်ငံတွေကို ရောက်လာတဲ့ မြန်မာတွေကို ၃ မျိုး ခွဲလို့ရပါတယ်။
(၁) ကိုယ်စွမ်းကိုယ်စ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်အဆက်အသွယ်နဲ့ လာကြသူတွေ
(၂) ကံဇာတာကောင်းပြီး ဗီဇာ မဲပေါက်လို့ ကံကောင်းလို့ရောက်တဲ့သူတွေ
(၃) ဒုက္ခသည်စခန်းကနေ အသနားခံပြီးရောက်လာတဲ့ ပေစုတ်စုတ်တွေနဲ့ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် လူတောမတိုးသူတွေပါပဲ..။ သုံးမျိုးလုံးက ကိုယ့်အကန့်နဲ့ကိုယ်နေကြတာပါ။ ပထမတန်းစားအဖွဲ့တွေက အောက်က နှစ်မျိုးနဲ့ တော်ယုံ ပေါင်းလေ့မရှိပါဘူး။ သိက္ခာကျမှာဆိုးတာကြောင့်လည်းပါပါတယ်။ ဒုတိယ တန်းစားကတော့ ဟိုမရောက် ဒီမရောက်ပါ။ ဒါပေမယ့် ကံကောင်းလို့ရောက်လာပြီး ဘာမှ ဘက်ဂရောင်းမရှိတော့ ကျွဲလို နွားလို ရုန်းနေရသူတွေပါ။ အောက်ဆုံးတန်းက အဖွဲ့တွေကတော့ ဘယ်သူမှ အဖက်မလုပ် အပေါင်းသင်းမလုပ်တဲ့လူတွေပါပဲ။ သူတို့အချင်းချင်းလဲ သိပါတယ်။ ဒါပေမယ့် အပြင်မှာနေပုံထိုင်ပုံက ပေစုတ်စုတ် ကုပ်ချောင်းချောင်းပေမယ့် ဘလော့နဲ့ facebook တွေမှာတော့ တကယ့်လူတွင်ကျယ်တွေပါပဲ။

သူများနိုင်ငံသားနဲ့ယှဉ်လိုက်ရင် လူမွှေးလူတောင် မပြောင်နိုင်သည့် အော်ဇီရောက် မြန်မာဘလော့ဂါကြီး ငယ်နိုင်
(အိမ်ပေါ်မဟုတ်ပါ)

အဓိကပြောချင်တာကတော့ ဒီလိုပါ။ အနောက်နိုင်ငံ တနိုင်ငံဖြစ်သောအမေရိကားကိုမြန်မာနိုင်ငံအပါအ၀င်တခြားနိုင်ငံတွေကပါ ပြေင်းရွေ့ အခြေ ချလာသူတွေဟာ မနည်းပါဘူး။ ကျွန်တော် ပို့ စ်ခေါင်းစဉ်မှာ မြန်မာနိုင်ငံသားတွေလို့  မသုံးနှုံးပဲ မြန်မာနိုင်ငံ ကလူတွေ လို့ ကျွန်တော်သုံးနှုံးလိုက်ရတာဟာ ၊ တချို့ သော အမြင်ကျဉ်းသော တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံသား လို့ ပြောတာနဲ့  ၊ ငါတို့ ကို ပြောတာ မဟုတ်ဘူး မြန်မာလူမျိုးတွေကိုပြေတာဆိုပြီး ယူဆ တတ်ကြပါတယ် ။ ထို့ ကြောင့် မြန်မာနိုင်ငံသားတွေ လို့  မသုံးနှုံးပဲ မြန်မာနိုင်ငံက လူတွေ လို့ ရေးလိုက်တာပါ ။ ဒါမှအကုန်လုံး အကျုံးဝင်မှာလေ။

ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံကနေထွက်ခွာလာသော လူတွေဟာ အမေရိကားကို ပုံစံအမျိုးမျိုး၊ အကြောင်းအမျိုးမျိုး နဲ့ အခြေချလာရောက်နေထိုင်နေကြရပါတယ်။ အမေရိကား ကိုစရောက်ပြီ ဆိုကတည်းက သူ့ ရဲ့ ဥပဒေ ၊ သူ့ ရဲ့ ယဉ်ကျေးမှု ၊ သူတို့ ရဲ့ စရိုက်တွေနဲ့ လိုက်လျှောညီထွေစွာ နေထိုင် နိုင်အောင် ကြိုးစားရပါတယ် ။ ရောမ ရောက်ရင် ရောမ လိုကျင့်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အကျင့် မလွန်ဖို့ တော့ သတိထားကြစေချင်ပါတယ်။ နိုင်ငံ ကိုပြောင်းလဲပြီးနေထိုင်လို့ ရပေမယ့် အမျိုးဆိုတာကိုတော့ ပြောင်းလဲလို့ မရဘူးဆိုတာ သတိထားကြစေချင်ပါတယ် ။ ဒီနေရာမှာ အဓိကပြောချင်တာကတော့ အမေရိကား မှာအတုခိုးစရာတွေ အများကြီးပါ ။ အတုယူစရာတွေ ရှိသလို ၊ လိုက်ပြီးမတုပသင့်တာတွေ အများကြီးပါ ။ အမေရိကား မှာ တန်းစီ စနစ်ကိုနေရာအတော်များများ မှာ ကျင့် သုံးပါတယ်။ ကျွန်တော် တွေ့ ရသလောက်ကတော့ အမေရိကန်နိုင်ငံသားတွေဟာ စည်းကမ်းရှိစွာ တန်းစီ တာကိုတွေ့ ရပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံက လူတွေကတော့ အတင်းတိုး ၊ ကြားဖြတ်ကြပါတယ်။ ကား မှတ်တိုင်တခု မှာ ကျွန်တော် ကြုံတွေ့ ခဲ့ တာ တခုကိုပြောပြပါ့မယ်။ ကျွန်တော်ဟာ မြို့ ထဲ ကိုကိစ္စ တခု ဖြင့်သွားဖို့  ဘ(စ်)ကားစီး စောင့်ရင်း ကြုံတွေ့ ခဲ့ တာပါ ။ ကားမှတ်တိုင် မှာ လူ အတော် အများများ စောင့်ဆိုင်းနေကြပါတယ် ။ ဒီအထဲမှာ မြန်မာနိုင်ငံက လူတွေလည်း အပါအ၀င်ပါပဲ ။ ကားရောက်လာတာ နဲ့ အားလုံးဟာ တန်းစီလိုက်ကြပါတယ်။ အမေရိကားမှာက အမျိုးသမီး ၊ ကလေး ၊ ကလေးမိခင်တွေ ကို ဦးစားပေးပြီး ကားပေါ်ကိုတက်ခိုင်းကြပါတယ်။ အဲဒီမှာတင် မြန်မာနိုငငံက လူတွေက ကြားဖြတ်ပြီး အတင်းကို လုတက်ကြပါတယ် ။ကျွန်တော် ကိုလည်းတွန်းသွားပါသေးတယ် ။ကျွန်တော် သူတို့ ကို နားမလည်ပါဘူး ။ ဒီနိုင်ငံ ကလူတွေ သူတို့ ကို ဘယ်လိုအကြည့်နဲ့ ကြည့်နေလဲဆိုတာ သူတို့ တွေ မသိကြ ပါဘူး ။

နောက်ပြီး မြန်မာနိုင်ငံက လာသောလူငယ်တွေ ၊ သူတို့  အချင်းချင်း ပြောနေကြတာက ကိုယ်ကျွမ်း ကျင်သော မိခင်ဘာသာ စကား ၊ ပြောနေရင်းက ပါးစပ်ထဲက ထွက်ကြလာတာက တဖပ်ဖပ်(fuck ၊ fuck) တရှစ်ရှစ်( shit၊shit ) ((ရိုင်းသွားရင် ခွင့်လွတ်ပါ)) .နဲ့ ပါ ။ ကျွန်တော် က သူတို့ ကိုကြည့်ရင်းက အရမ်း ရယ်ချင်ပါတယ်။ ဘေးကလူတွေ သူတို့ ကိုကြည့်နေတာ သူတို့ သတိမထား မိပါဘူး။ ဘေးပတ်ဝန်းကျင် ကို ဂရုမစိုက်ပဲ တဖပ်ဖပ် ၊ တရှစ်ရှစ် လုပ်နေကြတာပါ။ တော်တော်လေး အရသာတွေ့ နေကြတဲ့ပုံပါပဲ ။ နောက် အမေရိကားမှာ လူမည်းတွေဟာ အ၀တ်အစားကို ပွပွကြီးတွေ ၀တ်ကြပါတယ် ။ ဘောင်းဘီ ဆိုလည်း ဒီ လိုပဲဝတ်ကြပါတယ် ။ HIP HOP ပုံစံပါပဲ ။ အမေရိကားမှာ အနွေးထည်ဝတ်ပြီး HIP HOP သီချင်း ဆိုတာ က အမေရိကားနိုင်ငံက အေးလို့ ပါ။ မြန်မာနိုင်ငံက HIP HOP အဆိုတော်တွေကတော့ နွေခေါင်ခေါင်ကြီး လည်း အနွေးထည်ကြီး ခေါင်းမြီးခြုံလို့ ပါပဲ ။

အခုအမေရိကားမှာ လူမည်း( ကပ္ပလီ) တွေဘောင်းဘီဝတ်ကြတဲ့ ပုံကတော့၊ ဂျင်းဘောင်းဘီ ကို ဖင်(တင်ပါး) ((ရိုင်းရင်ခွင့်လွတ်ပါ)) ..တ၀က်ပေါ်အောင် ၀တ်ကြပါတယ်။ အဲဒီ ဂျင်းဘောင်းဘီ ရဲ့  အောက် မှာ အားကစားဘောင်းဘီ အတိုကိုအောက်ခံ အဖြစ်နဲ့ ဝတ်ထားပါတယ်။ တော်သေးတာပေါ့ မပေါ်လို့ ။ သူတို့  ကိုယ်ခန္ဓာနဲ့  သူတို့ ဝတ်ပုံ၊ ပြောပုံ၊ ဆိုပုံ ကတော့ ဟုတ်နေတာပါပဲ။ ကျွန်တော် မျက်စီထဲမှာတော့ ၀က်ဝံမည်းကြီး ကို ဘောင်းဘီ တ၀က်ပဲပေးဝတ်ထားသလိုပါပဲ ။ မျက်စီထဲ မြင်ယောင်ကြည့်ကြပါ ။အဲဒီမှာ ကျွန်တော် တို့ ရဲ့ ကိုကာလသား ပေါက်စတွေက လိုက်တုကြတော့တာပဲ ။အမေရိကားမှာက အသက် ၁၈နှစ် ပြည့်တာနဲ့  လူကြီးဖြစ်ပြီ ၊ ကောင်းတာ ၊ ဆိုးတာ ၀င်မပြောနဲ့ ဆိုတာပါပဲ။ ဒါက သူတို့ ရဲ့  ပုံစံ ပါ။ အဲဒီမှာ မြန်မာနိုင်ငံက ကိုကာလသားပေါက်စတွေက ကြည့်တော့ ညောင်နာနာ နဲ့  လေတိုက်ရင် လဲတော့မယ့် ပုံစံနဲ့ ၊ ဒီလူမည်း( ကပ္ပလီ)တွေလို ဂျင်းဘောင်းဘီပွပွ ကို ( ဖင်)တ၀က်ပဲပေါ်အောင် လိုက်ဝတ်ကြတော့ တာပါပဲ။ ကျွန်တော် ဒီလိုရေးလို့  ကိုယ်နိုင်ငံဘက်ကို နှိမ့်ကျတယ် ၊ တခြားနိုင်ငံသားကို အထင်ကြီးတယ် လို့ မသတ်မှတ်ပါနဲ့ ။ ကျွန်တော် ဟာ ဘယ်နိုင်ငံပဲ ရောက်ရောက် မြန်မာနိုင်ငံသွေး ဆိုတာ အမြဲရှိသူပါ။ အတုမခိုးသင့်တာ အတုခိုးကြတဲ့ ကိုယ်နိုင်ငံသား တွေကိုကြည့်ပြီး မချင့်မရဲ ဖြစ်လို့ ပါ။ အမေရိကား က လူမည်း(ကပ္ပလီ)တွေ သူတို့ ရဲ့ မိဘတွေ ဆုံးမတာ မဆုံးမတာ၊ အတူနေတာ မနေတာ၊ သူတို့ ရဲ့ အပိုင်း။ မြန်မာနိုင်ငံက ထွက်လာကြတဲ့  ကိုကာလသားပေါက်စတွေကတော့ အမိမြေက ထွက်လာကတည်းက မိဘ၊ အကို၊အစ်မ၊ အဘိုး၊အဘွား တွေ ပါလာကြတဲ့သူတွေ ရှိသလို ၊မပါလာကြတဲ့ သူတွေလည်းရှိမှာပါ။ ပါလာခဲ့ရင်လည်း ဒီလိုဝတ်ရင်သင့်တော်ပါ့မလား၊ ကိုယ်ပုံစံ နဲ့ အံဝင်ခွင်ကျ ဖြစ်ပါ့မလား၊ ကိုယ်ဒီလို ၀တ်စားတာရင် ကိုယ်နဲ့ ပက်သတ်တဲ့  အသိုင်းအ၀ိုင်းက ကိုယ့်ကိုတမျိုးမြင်မလားဆိုတာ ဆင်ခြင်သင့်ပါ တယ်။

နော်ဝေရောက် ဘုရားစူး ဒုက္ခသည် မြန်မာတစ်ဦး
(.... မဟုတ်ပါ။ မဗေဒါရဲ့ ပထမယောင်္ကျားရဲ့သမီး ရုရှားပြန် ဒီဇင်ဘာ ပါ)

ကျွန်တော် နေထိုင်တဲ့ အိမ်ရာမှာ အထပ်သုံးထပ်ရှိပါတယ်။ အပေါ်ဆုံးအထပ်မှာ (ဘယ်လူမျိုး လို့ ထည့် မရေးတော့ပါဘူး) အဘွားကြီး တစ်ယောက်၊ ကိုကာလသားပေါက်စ နှစ်ယောက် နဲ့  သူတို့ ရဲ့ မိဘတွေ လည်းရှိကြပါတယ်။ ကိုကာလသားပေါက်စ နှစ်ယောက်ကတော့ သူတို့ ကို သူတို့  ဘာထင်နေလလဲ မသိပါဘူး။ ခုနက ပြောသလိုဝတ်စားပြီး ၊ တဖပ်ဖပ် ၊တရှစ်ရှစ် လုပ်နေတော့တာပါပဲ။ သူတို့  ဒီလို နေထိုင် တာ ကျွန်တော်ကို မထိခိုက်ပေမယ့်၊ သူတို့ ရဲ့  မိဘ၊ နိုင်ငံ ၊ လူမျိုးကိုသွယ်ဝှိက်ပြီး ထိခိုက်နိုင်ပါတယ် ။ ကျွန်တော် အံ့သြတာက သူတို့ ရဲ့ မိဘ ၊ အဘွားတွေကလည်း ပြောဆိုတားမြစ်ခြင်းမရှိတာကိုပါ ။

ကျွန်တော် ငယ်ငယ်တုန်းက စိတ်နဲ့ ဆို တုတ်နဲ့ လိုက်ရိုက်မိမှာပါ။ ဟုတ်ပါတယ် ။ ကျွန်တော် အေ ဖ က သစ်စက်မှာလုပ်တော့ တုတ်တွေကို ပုံစံအမျိုးမျိုးလုပ်ပြီး အိမ်ကိုယူလာပါတယ်။ ကျွန်တော် က ည ဆိုတာနဲ့ တုတ်တချောင်းကို အဖေ ၊ အမ မသိအောင် ယူကာ အပြင်ထွက် အုတ်ခုံပေါ်မှာ သူငယ်ချင်း နှစ်ယောက်နဲ့ အတူထိုင်ကာ ကိုယ့်မျက်စိ နဲ့ အချိုးမကျရင်တော့ အဲဒီတုတ်နဲ့  လိုက်ရိုက်တော့တာပါပဲ။

သက်သက်မဲ့ အကြောင်းမဲ့ လိုက်ရိုက်သလိုမျိုးပါပဲ။ အခုတော့ အကောင်း၊အဆိုးဆိုတာ သိနေပါပြီ ။ လူဆိုတာ မှားမှန်းသိတာ နဲ့  ပြင်နိုင်ရပါမယ်။ ကိုယ်လုပ်တာ မှားမှန်း သိရဲ့ သားနဲ့ အကြောင်းတစ်ခု ကို ရိုးမယ်ဖွဲ့ ပြီး ဆင်ခြင်ပေးတာဟာ ၀န်မခံရဲ တဲ့ သူလို့ ၊ သတ်မှတ်ရမှာပါပဲ။ ကိုယ်မှာ့ ပြင်သင့်တာကို ပြင်ပြီး ယူသင့်တဲ့ အတု ကိုယူရမှာပါ။ ကွမ်း ကို လူမြင်မကောင်းအောင် ၀ါးပြီး ဟိုနေရာ ဆိုလည်း ဗြစ် ကနဲ ၊ ဒီနေရာ ဆိုလည်း ဗြစ်ကနဲ ထွေးတတ်တဲ့  အကျင့်တွေကြတော့ မပြင် ကြပဲ ၊ မယူသင်တဲ့ အတုခိုးမှုကြတော့ မြန်ပါ့ဗျာ.. တခါတုန်း ကလည်း အမေရိကား မှာ ဖြစ်သွားပါသေး တယ်။ ကွမ်း ကိစ္စပါပဲ ။ အွန်လိုင်း မှာ ဟိုးလေးတကျော်ကျော်ပါပဲ ။ ကွမ်းစားပြီး အ၀တ်လျှော်တဲ့  နေရာ တွေမှာ ကွမ်းတံထွေး တွေထွေးကြလွန်းလို့  ၊ ဆိုင်ပိုင်ရှင်က မြန်မာ မလာရ လို့ ဆိုပြီး စာကပ်လိုက်ရော တဲ့ ။ ကောင်းရော ..........

ကျွန်တော် ပြောချင်တာက အမေရိကား ကိုလာကြတဲ့  မြန်မာနိုင်ငံကလူတွေ ကို ယူသင့်တဲ့ အမူအကျင့်တွေ ကို ယူပြီး ၊မယူသင်တဲ့ အမူအကျင့်တွေတော့ ယူမှာစိုးလို့ ပါ ။ မြန်မာနိုင်ငံ က ထွက်ခွာ လာသူအားလုံးဟာ အမေရိကားကို ရောက်တာနဲ့  ဘ၀င်စိတ်ကြီးဝင်သွားပြီ ၊ မာန်၊ မာန တွေ တက်ကုန် ကြပါတော့တယ်။ သူတို့ က အရင်တုန်းက ဘယ်လိုပုံစံနဲ့  နေခဲ့ရသလဲ၊ စားခဲ့ရသလဲဆိုတာတွေ ကိုမေ့ ကုန်ကြပြီး ၊ အမေရိကားရောက်မှ ဘ၀တွေ မေ့ကုန်ကြပါတယ် ။ ဒီအထဲမှာ အကုန်လုံးတော့ မပါပါဘူး တချို့ တ၀က်ပါပဲ ။ ဒါကြောင့် မိမိ ဘယ်လိုပုံစံနဲ့  လာကြသလဲဆိုတာ မမေ့ချင်ပါနဲ့  လို့ သတိလေးပေး လိုက်ချင်ပါတယ် ။

ရွယ်တူကောင်လေးတစ်ဦး၏ ငယ်ပါကို ငှက်ပြောသီးမစားရတာ ၁၀ ရက်ရှိနေသည့် မျောက်မတစ်ကောင်ကဲ့သို့ အငမ်းမရ အတင်းလိုက်ကိုင်နေသည့် Paishinmalay Jennifer


လေးစားလျှက်......( saitony)........


Myanmar Express

NLD ဆိုတဲ့ စာလုံး နဲ့ ဒေါင်း ပုံမြင်တာနဲ့ကို လန့်နေကြပါပြီ

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ NLD ကို ဝီကီလိခ်က ပြည်သူတွေစိတ်ပျက်နေတဲ့ အဖိုးကြီးတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့ကြီးလို့ဖွင့်ချခဲ့ပါတယ်...။ အခုလောလောဆယ်လည်း တစ်ချို့က တောင်ဝှေးကိုင်၊ တချို့က ဆေးရုံမကြာခဏ သွားနေရ၊ တချို့က မျက်မှန်ပုလင်းဖင်တွေနဲ့ ကိုယ့်ကိုယ်ကိုတောင် မနဲထိန်းနေရတဲ့ အဖိုးကြီး အဖွားကြီးများအဖွဲ့က နိုင်ငံတော်ကို ထိန်းပါမယ်လုပ်နေတုန်းပါပဲ။ ဒါပေမယ့် ဆုံးဖျက်ချက်တွေက အမြဲတမ်းလိုလိုမှားနေ၊ လူကြီးနဲ လူငယ်က မကြာခဏဆိုသလို ရန်ဖြစ်နေတော့ ဒီအဖွဲ့လေးကို နာမည်မပျောက်အောင်ပဲ တစ်နေ့ကို ဆန်တစ်တင်းခွဲချက်လောက် ထမင်းခေါ်ကျွေးပြီး ထိန်းနေရတာပါပဲ။ ဘယ်ကရတဲ့ပိုက်ဆံတွေနဲ့ အဲ့လို နေ့တိုင်း စားသောက်နေကြတာလဲ? အဲ့ဒီပိုက်ဆံတွေကို ဘယ်သူတွေဆီကနေ ပြည်သူလူထု အတွက်ပါဆိုပြီး ညာတောင်းလဲဆိုတာကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ တစ်ကြိမ်လောက် သူတောင်းစားလေးတွေကို ဗွီဒီယိုရိုက်တင်လိုက်ရင်၊ ဒါမှာမဟုတ် ရွာတစ်ရွာလောက်က ဆင်းရဲနွမ်းပါးသူတစ်ချို့ကို ဓာတ်ပုံရိုက်တင်လိုက်ရင် နောက်ဆုံး ဘယ်မှမသွားနိုင်ရင်တောင် အကျဉ်းကျနေတဲ့သူတစ်ယောက်လောက်ရဲ ဓာတ်ပုံလေး ပြလိုက်ရင် သနားပြီး ပေးကြတာ သောက်သောက်လဲပါပဲ။ ဒါပေမယ့် အဲ့ဒါတွေက တကယ်စားသောက်ရမဲ့နေတဲ့လူတွေဆီတော့ ပြန်မရောက်ပဲ အလုပ်မရှိ အကိုင်မရှိ ရုံးတက် စားသောက် နေတဲ့လူတွေလက်ထဲကိုပဲ ရောက်တာပါပဲ။ သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ မြန်မာပြည်သူတို့အချင်းချင်း လူလည်ကျကြပြီး တစ်ဖက်လှည့်နဲ့ ဂုတ်သွေးဆုတ်တဲ့နည်းပါပဲ။ NLD တစ်ခုတင်ဒါမျိုးလား ဆိုတော့... မဟုတ်ပါဘူး.. ပြည်ပ အတိုက်အခံ မီဒီယာတွေနဲ့ ဘလော့ဂါတွေ အားလုံးလည်း ဒါမျိုးတွေချည်းပါပဲ။ ဒါပေမယ့် ဒီကစ္စနဲ့ပတ်သက်ပြီး အဲ့ဒီ NLD ရဲ့ အရှင်သခင် ပုဂ္ဂိုလ်များကတော့ မသိကျိုးကျွန်ပဲ မျက်နှာလွှဲနေကြပါတယ်။ ပြည်ပမှာလည်း ရောက်နေတဲ့အပြင် NLD ပါတီဝင်လည်း ဖြစ်ပါတယ် ဆိုတဲ့လူတွေကတော့ မဖုံးနိုင် မဖိနိုင်အောင်ကိုပဲ မြန်မာလူမျိုးအချင်းချင်းကို ထင်ထင်ပေါ်ပေါ်ကြီးကိုပဲ ရှက်စရာကောင်းလောက်အောင် ဂုတ်သွေးစုတ်နေတော့တာပါ။ ရုတ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပုံကတော့ ဒီလိုပါ။

ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

NLD-LA (Malaysia) က မြန်မာလူထုနဲ့ မီဒီယာကို ဒီလိုလိမ်ပါတယ်

မလေးရှားတွင် အလုပ်လုပ်နေသည့် မြန်မာလူမျိုးတဦးထံမှ ကျော်ကျော်ဦးဆောင်သော NLD-LA (Malaysia) မှ UNHCR ရပါမည်ဆိုကာ ပိုက်ဆံ ၄၆၀ ရင်းဂစ်တောင်းပြီး ယနေ့ထိမရသေးသူတဦး၏ အသံဖိုင်ဖြစ်ပါသည်။

NLD-LA (Malaysia) မှ ပါတီဝင်တဦးတည်းအား ထုတ်ပေးထားသောကဒ် ၂-ခု

Democracy for Burma ဆိုဒ်တွင် တင်ထားသော NLD-LA (Malaysia) ၏ ကြေငြာချက်ကို ဖတ်မိပြီး သူပေးခဲ့ရသော ငွေကြေးနှင့် အဆမတန်ကွာခြားနေသည့်အတွက် ရင်ဖွင့်ပြောထားခြင်းဖြစ်သည်။


UNHCR သို့ BIO လိမ်တင်ရန်အတွက် NLD-LA (Malaysia) မှ ဇော်မြင့် ရေးပေးသော ရင်းဂစ် ၅၀-တန် BIO

Recording 00 00 00-00 04 40 by mgpala

http://democracyforburma.wordpress.com ပိုင်ရှင်များမှာ မလေးရှား NLD-LA အမည်ခံ အတုအယောင် နိုင်ငံရေးသမား လူလိမ်ကျော်ကျော်၏ လုပ်ရပ်များကို အတွင်းကျကျ မသိသေးဟု ယူဆရပါသည်။ http://democracyforburma.wordpress.com ပိုင်ရှင်များနှင့် နီးစပ်သူများအနေနှင့် ကျော်ကျော်၏ လိမ်ညာနေမှုများကို democracyforburma သို့ ထပ်မံပေးပို့ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးနှင့် တော်လှန်ရေးလမ်းကြောင်းရှိ ဆူးငြောင့်ခလုတ်များဖြစ်သော စုန်းပြူးများကို ဖယ်ရှားရာတွင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

NLD-LA (Malaysia) ၏ လိမ်လည်မှုကို ခံရသော မလေးရှားမှ မြန်မာလူမျိုးများသည် မိမိတို့၏ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြောကြားပြီး မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအတွက် တဖက်တလမ်းမှ ကူညီလိုပါက mgpala@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။



မောင်ပါလ
၂၅.၅.၂၀၁၁



မြန်မာကို မြန်မာက ဂုတ်သွေးစုပ်တာ မခံကြနဲ့ဟေ့

ကျနော် မလေးရှားကို သုံးလေးခေါက် ရောက်ခဲ့ပါတယ်။ ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ UNHCR က တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် ငွေ, ပေးရတာကို တွေ့မိတယ်။ ဘယ်သူတွေကိုပေးရလဲဆိုတော့ အဖွဲ့အစည်းတွေကိုပေးရတယ်။ ဘယ်အဖွဲ့အစည်းတွေလဲလို့မေးရင် ဒီလိုပြောရပါလိမ့်မယ်။

မလေးရှားမှာ ချင်းဒုက္ခသည်များအဖွဲ့၊ ကရင်ဒုက္ခသည်များအဖွဲ့၊ ရခိုင်ဒုက္ခသည်များအဖွဲ့၊ ဗမာဒုက္ခသည်များအဖွဲ့ ဆိုပြီးဒုက္ခသည် အဖွဲ့အစည်းအတော်များများရှိပါတယ်။

နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ်ဌာနခွဲ၊ NLD-LA ဌာနခွဲ၊ ဟိုဌာနခွဲ၊ ဒီဌာနခွဲတွေလည်း တစ်ပုံကြီးပါ။

UNHCR လျှောက်ချင်တဲ့ ဒုက္ခသည်တွေဟာ ထိုင်းမှာလို UNHCR ရုံးကိုသွားပြီး လျှောက်လွှာတင်လို့မရဘူး။ အဲဒိတော့ UNHCR က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေဆီကိုသွားပြီး သူတို့ရဲ့ အဖွဲ့ဝင် လုပ်ရပါတယ်။ ၀င်ကြေးပေးရပါတယ်။ လစဉ်ကြေးပေးရပါတယ်။ ဒီလိုပေးပြီးတာနဲ့ သူတို့ရဲ့ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါတယ်။ ဖရိုဖရဲ လုပ်ထားတဲ့ အဖွဲ့ဝင်ကတ်လေးတစ်ခု ရပါတယ်။ ဒီလို စုတ်ပြတ်သတ်နေတဲ့ ကတ်လေးတစ်ခုရဖို့အတွက် ရင်းဂစ်ငွေ လေးငါးရာလောက်ပေးရတာကို ရင်နာလို့ပါ။ မြန်မာငွေနဲ့ဆိုရင် နှစ်သိန်းလောက်အနည်းဆုံးပေါက်တယ်။

UNHCR က ဒုက္ခသည်တွေကို အသိအမှတ်ပြုတဲ့ ပုံစံကလည်း အတော်ဟာသမြောက်ပါတယ်။ ဒီလ,ကြရင် ကရင်ဒုက္ခသည်အဖွဲ့ကို လူ (၅၀၀) ချပေးမယ်။ ဟိုလကြရင် ရှမ်းအဖွဲ့ကို လူနှစ်ရာစာချပေးမယ်ဆိုပြီး လုပ်ပါတယ်။ ဒါကိုအခွင့်အကောင်းယူပြီး အဖွဲ့အစည်းတွေက ဘယ်လိုလုပ်လဲဆိုတော့ အဖွဲ့ဝင်ကတ်တစ်ခုရဖို့အတွက်ဆိုပြီး ငွေတွေအများကြီးတောင်းပါတယ်။

တချို့ အဖွဲ့တွေဆိုရင် ရင်းဂတ် (၇၀၀) ထိပေးရပါတယ်။ အလုပ်သမားတစ်ယောက်ရဲ့ လစာက ရင်းဂစ်ငွေတစ်ရက်ကို ၃၀-၄၀ လောက်ရတဲ့လူဟာ (၇၀၀) ပေးရပြီဆိုတော့ ဘယ်လောက် ခေါင်းပုံဖြတ် အမျက်ကြီးစားပြီး စီးပွားဖြစ်နေကြလဲဆိုတာ သိလောက်ပါပြီ။

ကျနော်အတော် ဒေါသထွက်မိတယ်။ အလုပ်သမားတွေကလည်း ဒုက္ခသည် UNHCR လက်မှတ်ရရင် မလေးရှားမှာ အဖမ်းအဆီးမခံရနိုင်ဘူးဆိုတော့ တောင်းသလောက် ပေးတဲ့လူအတော်များပါတယ်။ လူတိုင်းနီးပါး UN ကတ်ကို လိုချင်ကြပါတယ်။

ဗမာပြည်က Passport နဲ့ အလုပ်လာလုပ်တဲ့လူတွေလည်း မြန်မာသံရုံးရဲ့  အခွန်တောင်းတဲ့ဒဏ်ကို မခံနိုင်တော့ UN ကတ်ဆီကို လှည့်ကြပါတယ်။ ကံကောင်းရင် နိုင်ငံခြားကိုလည်းရောက်နိုင်တာပေါ့။ ဒီလိုရည်ရွယ်ချက်နဲ့ ငွေ ပေးရလည်း လုပ်ကြပါတယ်။ သူတို့လည်း သိပါတယ်။ UN ကတ်ဆိုတာ အခမဲ့ လုပ်ပေးတဲ့အရာလို့သိပါတယ်။

ဒါပေမဲ့ UNHCR မလေးရှားရုံးရဲ့ မှားယွင်းတဲ့ စနစ်ကြောင့် ကြားပွဲစား အဖွဲ့အစည်းက ခေါင်းဆောင်တွေ သူဌေးဖြစ်ကုန်ကြပါတယ်။

တခါတုန်းက ရှမ်းဒုက္ခသည်အဖွဲ့အစည်းတစ်ခုရဲ့ ရုံးထဲကို ၀င်သွားပါတယ်။ သွားပြီးလေ့လာခဲ့တယ်။ ကျနော် သြစတျေးလျက လာတယ်ဆိုတာ သူတို့မသိပါဘူး။ ကျနော်မိတ်ဆွေက မိတ်ဆက်ပေးတဲ့အချိန်မှာတော့ ဒီလူတွေမျက်နှာပျက်နေကြပြီ။ သူတို့မရိုးမသားလုပ်တာဆိုတော့ ကိုယ့်စိတ်ကို ကိုယ်မလုပ်ကြဘူးထင်ပါရဲ့ ။ ကျနော်လည်း ဘာမှ မပြောခဲ့ပါဘူး။ ကျနော်သွားတဲ့အချိန်မှာ UN ရုံးက ရှမ်းဒုက္ခသည်အဖွဲ့ကို လူဦးရေ ဘယ်လောက်လဲ မသိဘူး ချ, ပေးမယ် ကြားလို့ဆိုပြီး အဖွဲ့ဝင်ကတ်လာလျှောက်ကြတဲ့ လူတွေများနေတဲ့အချိန်ပေါ့။ လူက တိုးလို့တောင် မပေါက်ဘူး။

အဖွဲ့ဝင်ကြေး၊ လစဉ်ကြေးပေးရတဲ့ ငွေတွေက နည်းတာမဟုတ်ပါ။ အဖွဲ့ဝင်ဦးရေကလည်း ထိုင်းက ABSDF တို့ NLD (LA) တို့ထက်များပါတယ်။ အနည်းဆုံး အဖွဲ့ ဝင်ဦးရေ လေးငါးထောင်ရှိပါတယ်။ ချင်းဒုက္ခသည် အဖွဲ့ဆိုရင် သုံးလေးသောင်းတောင် မကဘူးလို့သိရပါတယ်။ တစ်ယောက်ကို ရင်းဂစ်ငွေ (၁၀) ပဲထား။ လူတစ်သောင်းရှိရင် ရင်းဂစ်ငွေ တစ်သိန်းရပြီပေါ့။ ဒါက လစဉ်ကြေးပါ။ လစဉ်ပေးရတဲ့ မန်ဘာကြေးပါ။ ဘာကြေးညာကြေး မရှိသေးတဲ့ ရိုးရိုးသားသား တရားဝင်ကြေးပါ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဘာလုပ်ပစ်ကြလဲ။

အဖွဲ့အစည်းတွေမှာ စနစ်တကျရှိတဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိလဲဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပါဘူး။

နောက်ဆုံး UNHCR မလေးရှားရဲ့ စနစ် မကောင်းမှု့ ကြောင့်ဒီလိုပေါ်ထွက်လာတာပါ။ ဘယ်သူတွေနစ်နာလဲဆိုတော့ တကယ်ရိုးသားတဲ့ မြန်မာတွေပဲ နစ်နာရပါတယ်။ လည်လည်ဝယ်ဝယ်၊ နိုင်ငံရေးရောင်ရောင်၊ လူမှုရေးသမားအရေခြုံ မအေလိုးသူခိုးတွေပဲ သူဌေးဖြစ်ကုန်ပါတယ်။ ကာတွေဝယ်စီးနိုင်တယ်။ မြန်မာပြည်မှာ တိုက်နဲ့အိမ်နဲ့ နေနိုင်တယ်။ မြန်မာလူမျိုးကို မြန်မာလူမျိုးက ဂုတ်သွေးစုပ်တာ မလေးရှားမှာ မမြင်ချင်ဆုံးပါ။

ဒါက UNHCR ကတ် ဆိုတဲ့ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ကတ်လေးတစ်ခုကို အကြောင်းပြုပြီး လူပေါ်လူစီးတဲ့ သာဓက တစ်ခုပါ။

Agency က လိမ်လို့ ဖာ,ဖြစ်သွားတဲ့ မြန်မာအမျိုးသမီးကောင်းလေးတွေ။ ပွဲစားကြောင့် ဗမာပြည်က ရှိစုမဲ့စု ပျဉ်ထောင်အိမ်နဲ့ ယာလေး ပျောက်သွားတဲ့ မြန်မာတွေ အများကြီး။ ဒါတွေကို ဘယ်သူက လုပ်လဲဆိုတော့ ကိုယ့်လူမျိုး မြန်မာတွေပါပဲ။ တိုင်းတပါးမှာ မြန်မာလူမျိုးကို မြန်မာလူမျိုးက မုဒိမ်းကျင့်တယ်။ ရောင်းစားတယ်။ သတ်တယ်။ ခိုးတယ်။ ဒမြတိုက်တယ်။ ဒီလိုလူမျိုးတွေကို နီးစပ်ရာတိုက်ခိုက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

ဘုန်းကျော်


လောက်တစ်ကောင် ၏ ခွေးဝဲစား စိတ်ဓာတ် ကောက်ကျစ် စဉ်းလဲ ယုတ်မာမှုကြောင်


မလေးရှားနိုင်ငံမှ အောက်တန်းကျသော ခွေးဝဲစားစိတ်ဓာတ်လောက်တောင် အဆင့်အတန်းမရှိသော အသားထဲမှ လောက် တစ်ကောင်သည် စဉ်းလဲသော လုပ်ရပ်တစ်ခုကြောင့် ကျနော်၏ အသိမိတ်ဆွေ
အချို့ သည် ၄င်းနိုင်ငံ၏ အာဏာပိုင်များ ထိမ်းသိမ်းခြင်းကို ခံထားရပါသည်။ ထိမ်းသိမ်းခံထားရသော မိတ်ဆွေတို့ အတွက် ကျနော်ကြိုးစားနိုင်သလောက် ကြိုးစားပေးနေရပါသည်။သူတို့ လွတ်မြောက်ရေး အတွက် ကျနော့တွင်ရှိသော ကိုယ်စွမ်း ညဏ်စွမ်း တို့ ဖြင့် ကြိုးစားပေးနေရချိန်များကြောင့် အွန်လိုင်း ပေးဆပ်မှုများအား ခေတ္တရပ်းဆိုင်းထားရခြင်းအား နားလည်ပေးကြပြီး တိုင်းပြည်အတွက် အကောင်းဆုံး
ပေးဆပ်ထားကြသော ကျနော့ မိတ်ဆွေတို့ အတွက် ဆုမွန်ကောင်းများ တောင်းပေးကြပါရန် လေးစားစွာပန်ကြားလိုက်ရပါကြောင်း...........
စူနာမီ လှိုင်း

ဗြောင်လိမ် ဗြောင်စား ကျော်ကျော် ဘာတွေဆက်လုပ်အုံးမလဲ

မလေးရှားရောက် ရွှေမြန်မာတွေထဲမှာ ကိုယ့်မိခင်တိုင်းပြည်ရဲ့အရေးကို စိတ်ဝင်တစားနဲ့ တာဝန်သိတတ်တဲ့ မျိုးချစ်လူငယ်လေးတွေ အများကြီးရှိပါတယ်။ အမေစု ပြန်လည်လွတ်မြောက်လာပြီးနောက် အချင်းချင်းညီညွတ်ရေးဟာ ဒီမိုကရေစီရရှိရေးအတွက် အရေးအပါဆုံး အသက်သွေးကြောတခု ဖြစ်တယ်ဆိုတာ အမေစုပြောတဲ့ မိန့်ခွန်းတိုင်းမှာ ပါဝင်ပါတယ်။ အခုအချိန်ထိ မြန်မာပြည်ကြီးဟာ စစ်ကျွန်ဘ၀အောက်က မလွတ်မြောက်နိုင်သေးတဲ့ တခုတည်းသော အားနည်းချက်ကလည်း အချင်းချင်း မညီညွတ်လို့ပါပဲ။ ကျနော်စဉ်းစားတွေးခေါ်ရသလောက် မညီညွတ်ခြင်း အကြောင်းတရား ၂-ပါးကို ပြောချင်ပါတယ်။

၈၈၈၈-လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာရှင်တွေ အဓိကထား လုပ်ဆောင်တဲ့လုပ်ငန်းကြီးက ပြည်သူလူထုကြား၊ တိုင်းရင်းသား အချင်းချင်းကြား၊ ကျောင်းသားလူငယ်များကြား၊ ရဟန်းသံဃာများကြား အစီအစဉ်တကျ သပ်လျှို သွေးခွဲရေး လုပ်ငန်းစဉ်ကြီးပဲ ဖြစ်ပါတယ်။ ၈၈၈၈-လူထုအရေးတော်ပုံကြီးရဲ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မတရားတာကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ကျောင်းသားလူငယ်များကြား အကြီးအကျယ် ဖြိုခွဲခံလိုက်ရပါတယ်။

ကစဥ့်ကလျားနဲ့ ပြည်ပကို လွင့်စင်ထွက်လာကြတဲ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေဟာ မြန်မာပြည်အပြင်ဖက်ကိုလည်း ရောက်လာရော အချင်းချင်းညီညွတ်ရေးကို မထိန်းနိုင်ခဲ့ပြန်ပါဘူး။ ခေါင်းဆောင်တွေကိုယ်တိုင်ကအစ မှန်ကန်တဲ့ဦးဆောင်မှုကို မပေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ကိုယ်ကျိုးသည်သာ ပထမဖြစ်လာပြီး စုန်းပြူးတွေ တစခန်းထလာတော့တာပါပဲ။

အဲဒီလို တစခန်းထလာတဲ့ စုန်းပြူးတွေထဲမှာ ကျနော်တို့ရောက်နေတဲ့ မလေးရှားက စုန်းပြူးကလည်း ဆရာတဆူလို့ ပြောလို့ရပါတယ်။ ကလိမ်ကကျစ်ကျတဲ့ နေရာမှာတော့ မလေးရှား NLD ကကျော်ကျော်ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ နင်လားငါလား လို့ ပြောရမလောက်ပါပဲ။ NLD ဆိုတဲ့ ခေါင်းစီးရဲ့အောက်မှာ မလေးရှားရောက် လူငယ်တွေရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို စနစ်တကျ ရိုက်ချိုးပါတယ်။

အမေစုရဲ့ မိန့်ခွန်းတွေထဲမှာ ကျနော့်နှလုံးသားထဲ စွဲနေတဲ့ စကားစုလေး ရှိပါတယ်။ အဲဒါက လူငယ်တွေကို အမေစုမှာတဲ့စကား- “သားတို့ခေါင်းဆောင်တင်တဲ့နေရာမှာ ပထမဦးဆုံး ခေါင်းဆောင်လုပ်မယ့်သူဟာ ရိုးသားမှုရှိရဲ့လား။ ပညာရောတတ်ရဲ့လား။ ပညာတော့ မတတ်ဘူး။ ရိုးသားတယ်ဆိုရင် ရွေးသင့်တယ်။ ရိုးလည်းရိုးသားတယ်။ ပညာလည်းတတ်တယ် ဆိုရင် ပိုပြီးရွေးသင့်တယ်။ ပညာတော့တတ်ပါရဲ့၊ ရိုးသားမှု မရှိဘူးဆိုရင် အဲဒီလူကို လုံးဝ မရွေးချယ်သင့်ဘူး” ဆိုတာပါပဲ။

ကျော်ကျော်ဆိုတဲ့ ငနဲကတော့ ပညာလည်းမတတ်ဘူး။ ရိုးလည်း မရိုးသားဘူး။ ဒါဖြင့် သူဘာဖြစ်လို့ NLD-LA (Malaysia) ရဲ့ ဥက္ကဌနေရာမှာ မြဲနေတာလဲ။ ဒါကတော့ ရှင်းပါတယ်။ NLD-LA (Malaysia) ထဲက ကျန်တဲ့လူတွေရဲ့ ညံ့ဖျင်းမှုရယ်။ (ဒီစကားက ပြောသာပြောရတာပါ။ ကောင်းတဲ့လူတွေလည်း အဖွဲ့ထဲမှာ တယောက်မှ မရှိတော့ပါဘူး) NLD-LA (ဗဟို) က လူကြီးတွေရဲ့ မသိကျိုးကျွံ ပြုနေမှုကြောင့်ရယ်၊ သူရဲ့ကလိမ်ကကျစ် အကွက်ဆင်တတ်မှုရယ် ကြောင့်ပါပဲ။

NLD-LA (ဗဟို) ကလူကြီးတွေကို အပိုင်ပေါင်းတယ်။ ပါးစပ်မဟနိုင်အောင် အမြဲတမ်းခွံ့ပေးထားတယ်။ ဗဟိုကလူကြီးတွေကလည်း ထူးမခြားနားပါပဲ။ ဒေါက်တာနိုင်လင်း (ယ္ခု ဘားမားကန်းပိန်း)ရဲ့ nld က ဇော်မျိုးလွင် ထောင်ကလွှတ်လာတော့ NLD(youth)ကို ဖွဲစည်းခဲ့ တယ် (တပြိုင်တည်း နောက်ထပ်ထောင်ထွက်တွေကို ကူညီနိုင်ရန် BRO ကိုဖွဲ့ ခဲ့တယ်) နောက်ပိုင်းမှ ကျော်ကျော်၊ အောင်ကျော်ဆက်၊ လှမင်း၊ မောင်လှ ၊ စိုးမိုး တခြားလူတွေ လွှတ်လာတယ်။ မလေးရှား NLD 2 ဖွဲ့ ကို စေ့စပ်ဆွေးနွှေးဖို့ NLD(LA) က ကျောက်တံခါးအမတ် လှဦး (FTUB)ကို စေလွှတ်ခဲ့တယ်။ လှဦး ကို မောင်လှနဲ့ ဇော်မျိုးလွင်တို့ သွားကြို ပြီး ဇေယျာအောက်ကဆိုင်မှာ ၊ လှဦးက "မင်းတို့ NLD လူငယ်ဆို့ တော့ လူကြီးအောက် ( ဒေါက်တာနိုင်လင်းအဖွဲ့ ကို ၇ည်ရွှယ်ပါသည်) အလိုလိုေ၇ာက်နေတယ်။ NLD ပဲလုပ်၇န်ပြောတယ်.. ဗဟိုကနေ ၂ဖွဲ့ ကို စေ့စပ်ဖို့ လွှတ်လိုက်တဲ့ လှဦး က ၂ ဘက်ခေါင်းဆောင်းတွေကို ခေါ်ဆောင်တွေ့ ဆုံ့ ဆွေးနွှေးပူးပေါင်းစေ၇န် လုံးဝ(လုံးဝ)လုပ်ဆောင်ခဲ့ ခြင်းမ၇ှိပဲ NLD 2 ဖွဲ့ ဖြင့်စေခဲ့ပါတယ် ဆိုတဲ့ nyopyar88888 ရဲ့ ကွန်မန့်ထဲက အတိုင်းပါပဲ။

ကျော်ကျော်ဟာ အဲလိုပဲ ဗဟိုက လူကြီးတွေကို အပိုင်ပေါင်းတဲ့အပြင် UNHCR-Malaysia က မှတ်ပုံတင်ခွင့်ရအောင် နည်းမျိုးစုံသုံးပြီး လာဒ်ထိုးတယ်။ လုပ်ပေါက်တွေထွင်တယ်။ မလေးရှားကနေ ပြည်တွင်းကိုပြန်ဝင်သွားလို့ အဖမ်းခံလိုက်ရတဲ့ အဖွဲ့ဝင်တွေကို ခုတုံးလုပ်တယ်။ သူနဲ့ သူ့အဖွဲ့ အဆင်ပြေရင် ပြီးရော၊ အောက်ခြေက မလေးရှားရောက် မြန်မာလူထုကို မကြည့်ဘူး။ UNHCR-Malaysia က အခွင့်အရေးလည်းရရော၊ သူများချွေးနည်းစာကို အထက်စီးကနေ ခွတုတ်တော့တာပါပဲ။

ဘာမှအထောက်အထားမရှိဘဲ ဒုက္ခတွေ တသီကြီးနဲ့ တကယ်ဒုက္ခရောက်နေတဲ့သူတွေက သူတောင်းတဲ့ငွေ အနည်းဆုံး ရင်းဂစ် ၇၅၀ ကို မပေးနိုင်လို့ ဒုက္ခတောထဲမှာ တ၀ဲလည်လည်၊ သူတို့ကတော့ ကားကြီးကားငယ် အသွယ်သွယ်နဲ့ အိုကေမှာ စိုပြေလို့ပေါ့။ နိုင်ငံတကာက နိုင်ငံရေးဂုရုကြီးတွေ မလေးရှားလာတဲ့အခါ ပေးတန်တာပေး၊ ဖို့တန်တာဖို့ အားလုံးနှုတ်ပိတ်ပြီးသား။ အခုလောက်ထိ ကျော်ကျော် ဘာကောင်လဲဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေတာတောင် တယောက်မှ ပါးစပ်မဟကြတဲ့အပြင် ကျော်ကျော်တော်တယ်လို့ ချီးကျူးတဲ့လူတောင် ရှိသေးတယ်။

ပြည်တွင်းက ထောင်နှုတ်ခမ်းပေါ် စင်္ကြန်လျှောက်ပြီး လုပ်နေကြတဲ့ လူတွေသိရင် စိတ်ဓာတ်တွေ ကျမှာစိုးလို့ မြန်မာ့အရေး လှုပ်ရှားသူအချို့က အချိန်တန်ရင် ရပ်သွားမှာပါလေ၊ သူ့သမိုင်းသူ ရေးနေတာဆိုပြီး ကိုယ်လုပ်သင့်တာတွေကိုပဲ အာရုံစိုက်လုပ်နေကြတာ။

ကျနော်နားလည်တဲ့ ပြည်ပက လှုပ်ရှားတယ်ဆိုတာ ပြည်တွင်းမှာ တကယ့်ကို ရိုင်းစိုင်းစုတ်ပြတ်နေတဲ့ အာဏာရှင်ကို ရင်ဆိုင်တိုက်ပွဲ ၀င်နေကြတဲ့သူတွေကို တဖက်တလမ်းက ထောက်ပံ့ကူညီပေးခြင်းနဲ့ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့ မြန်မာပြည်သားတွေကို မျိုးချစ်စိတ်ဓာတ် ထက်သန်လာအောင်၊ စစ်အစိုးရဲ့ တိုင်းပြည်အကျိုးယုတ်စေတဲ့ မကောင်းတဲ့လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်လာနိုင်အောင် စည်းရုံးလှုပ်ရှားရေးပဲ ဖြစ်ပါတယ်။

ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) အဖွဲ့ကတော့ ပြည်တွင်းကိုလည်း တဦးချင်း တပိုင်တနိုင် လုပ်နေကြတဲ့ လူတွေလောက်တောင် ဘာအကူအညီမှ ဟုတ်တိပတ်တိ မထောက်ပံ့နိုင်၊ ရသမျှအိတ်ထဲထည့်၊ ကိုယ့်စီးပွားရေးကိုယ်လုပ်၊ ကားတ၀ီဝီစီး၊ မှန်မှန်ကန်ကန်လုပ်နေတဲ့ သူတွေကို ပိပိရိရိ နည်းမျိုးစုံနဲ့ နှောက်ယှက်ဖြိုခွဲ၊ အခုလည်း သူရဲ့လုပ်ရပ်တွေကို မကြိုက်ကြလို့ ၂၀၀၈-ခုနှစ်ကတည်းက ပီနန်းဌာနခွဲက ခွဲထွက်ပြီး သူတို့နယ်မြေမှာ မြန်မာ့အရေးကို တတ်နိုင်သလောက်လုပ်နေတဲ့ သူတွေကို သူကပဲတပြန်တည်း မသမာသူလူတစု ရယ်လို့ စွပ်စွဲပြီး RFA သတင်းဌာနကနေ မင်းသားခေါင်း ဆောင်းပြလိုက်ပြန်ပါပြီ။ နောက်ဘာတွေဆက်ပြီး ကလိမ်ကကျစ် လုပ်အုံးမလဲဆိုတာ သတိထားစောင့်ကြည့်ကြပါ။ သတိထားနေရုံနဲ့မပြီးဘဲ NLD ကို ခုတုံးလုပ်ပြီး နိုင်ငံရေးအယောင်ဆောင်နေတဲ့ ဗြောင်လိမ်ဗြောင်စားအုပ်စုကို အပြီးတိုင်ဖယ်ရှားနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

ဇီဒန်း (ပီနန်း)


မေးလ်ထဲကစာ

ကျနော်က ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး။ ဘယ်သူ့ဘက်ကမှလည်း လိုက်မပြောပါဘူး။ အညတြ အခြေခံလူတန်းစားတွေရဲ့ဘဝကို ကိုယ်ချင်းစာပြီးတော့ ကျနော့်ချွေးနည်းစာနဲ့ကျနော် အုတ်တချပ် သဲတပွင့်အနေနဲ့ တကိုယ်ရေ စစ်အာဏာရှင်ကိုဆန့်ကျင်နေတာပါ။ (ဒီမိုကရေစီဆိုတာ ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ဝါဒဆိုတာလောက်ပဲ ကျနော်နားလည်ပါတယ်)

မလေးရှား NLD အမည်ခံပြီး ကောက်ကျစ်လိမ်လည်နေတဲ့ ကျော်ကျော်ရဲ့ အင်တာဗျူးတဲ့ စကားလုံးတွေကို RFA ဆိုတဲ့ သတင်းငှာနကြီးတခုက အကြောင်းအရင်းဇစ်မြစ်ကိုမသိပဲ သတင်းဦးရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်လွှင့်လိုက်တာကို မြန်မာပြည်သူတယောက်အနေနဲ့ ဦးစွာကန့်ကွက်ပါတယ်။ RFA ကသတင်းထောက်ဟာ ဒီသတင်းကိုမတင်ခင်မှာ ကျော်ကျော်ဆိုတဲ့သူရဲ့ စကားအသုံးအနှုန်းထဲမှာပါတဲ့ (မသမာသူလူတစုက) ဆိုတဲ့အသုံးအနှုန်းကို ဦးနှောက်သုံးပြီး ပြန်လည်စီစစ်သင့်ပါတယ်။ ဒီစကားလုံးရဲ့နောက်ကွယ်မှာ မနာလိုမုန်းထားတဲ့ အတ္တရမ္မက်စိတ်တွေဟာ အစိုင်အခဲတခုပမာ အသံရှင်ရဲ့အဇ္ဇျတ္တမှာ ပေါ်လွင်နေတာကိုလည်း မြင်စေချင်ပါတယ်၊ ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတောင်မှ သူ့ရဲ့ရန်သူဦးစောတို့၊ ဗိုလ်နေဝင်းတို့ကို မသမာသူလူတစုတွေ၊ လူယုတ်မာတွေဆိုတဲ့ အသုံးအနှုန်းမျိုး ထွက်ဆိုပြောဘူးတာ မရှိပါဘူးဗျာ၊

သတင်းမီဒီယာတွေအနေနဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်းဘို့အတွက် အမှန်တရားကို ရှာဖွေလိုတဲ့စိတ်နှလုံး
ရှိတယ်ဆိုရင် သတင်းအမှန်ဖြစ်အောင် ကြိုးစားပေးစေချင်ပါတယ်၊ တဖက်စကားကိုသာ အစောတလျင် အတည်မပြုပဲ အဲ့ဒီတစ်ဖက်ရဲ့ဘေးမှာ ပတ်ဝန်းကျင်ဆိုတဲ့ ပြည်သူ့အသံ ရှိသေးတယ်ဆိုတာလေးတော့ အသိအမှတ်ပြုစေချင်ပါတယ်။

ကျော်ကျော်ဆိုတဲ့လူရဲ့ NLD အရေခြုံ အဖွဲ့အစည်းကရော ဘာလုပ်နေကြလဲ၊ ဘာတွေဖြစ်နေကြလဲဆိုတာကို မလေးရှားမှာရှိနေတဲ့ မြန်မာတွေကြားမှာ ခဏတာဝင်ပြီး လေ့လာစေချင်ပါတယ်။ မြန်မာပြည်သားတွေရဲ့ ထောက်ခံမှူရော ရထားလို့လားဆိုတာ မလေးရှာရောက်မြန်မာပြည်သားတွေရဲ့ အသံကိုနားစွင့်စေချင်ပါတယ်။

ယခုအဖမ်းခံထားရတဲ့ အတိုက်အခံအချင်းချင်းကို ကဒ်အတုလုပ်ပြီး ငွေလိမ်စားပါတယ်ပြောရအောင်လည်း
အဲ့ဒီလူတစုက လိမ်းစားတယ်ပဲထားပါဦးတော့။ ကျော်ကျော်ဦးဆောင်တဲ့ NLD (LA) အမည်ခံလူတစုကရော
လူသူတော်ကောင်းတွေမှ ဟုတ်ပါလေစလို့ ကျော်ကျော့်ရဲ့အလိမ်ခံရတဲ့ လူတွေကိုယ်စား မေးခွန်းထုတ်ချင်ပါတယ်။ ကဒ်အတုပါဆိုတဲ့စကားကို သုံးရလောက်အောင် ကျနော်မလေးရှားမှာ ကျင်လည်လာခဲ့တဲ့ ၁၁ နှစ်တာကာလမှာ မလေးရှားလဝကက အသိအမှတ်ပြုထားတဲ့ တရားဝင်ကဒ်လုပ်ပေးတဲ့ မြန်မာအဖွဲ့အစည်းဆိုတာကိုလည်း တကြိမ်တခါမှ မကြုံဘူး မကြားဘူး ပါဘူးဗျာ..

မလေရှား NLD ကို ကျော်ကျော်ဦးဆောင်ပြီး မြန်မာ့နိုင်ငံရေးအတွက် လှုပ်ရှားပါဆိုပြီးတော့လည်း ကျနော်တို့ရဲ့ ဒီမိုကရေစီငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည့်က ခွင့်ပြုထားတာလည်းမရှိပါဘူး ..

ဒီကျော်ကျော်ဆိုတဲ့ မလေးရှားက နိုင်ငံရေးစုန်းပြူးက နိုင်ငံအတွက် နှမ်းစေ့ဘယ်နှစ်စေ့လောက်များ အသုံးဝင်တဲ့သတ္တဝါမို့လို့ အတိုက်အခံအချင်းချင်းအပေါ် မသမာလူတစုဆိုတဲ့စကားမျိုး သုံးပြီးပြောရသလဲဆိုတာကို လူသိရှင်ကြား မေးလိုက်ပါရစေဦးဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ရော (လောကတ္ထစရိယံ) ဆိုတဲ့ လောကအတွက်ရော ဘာကောင်းကျိုးတကွက် ပြုဖူးတဲ့ကောင်မို့လို့လဲဗျာ။ ရိုးရိုးသားသားလုပ်ကိုင်ပြီး ကိုယ့်ကိုယ်ပိုင်အရည်အချင်းနဲ့ အိမ်သာတလုံးတောင် ပိုင်အောင်မစွမ်းဆောင်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမိန်ရေသီနား ခိုစားနေကြတဲ့ကောင်တွေ ပြောတဲ့စကားက ခွေးပါးစပ်က နတ်စကားထွက်တယ် ဆိုတဲ့အတိုင်းပါပဲဗျာ။

ဒီမိုကရေစီ ငြိမ်းချမ်းရေးမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝတလျှောက်လုံး မိသားစုရဲ့ နွေးထွေးမှူဆိုတဲ့မေတ္တာကို မခံစားရရှာပဲ နိုင်ငံနဲ့ပြည်သူ့အပေါ်မှာ မားမားမတ်မတ်ရပ်တည်ပေးဆပ်ခဲ့တဲ့ စေတနာလေးကိုတော့ နိုင်ငံရေးအမည်ခံ နွားတံဆိပ်တွေအနေနဲ့ နည်းနည်းလေးတော့ပြန်ဆင်ခြင်ပြီး စာနာနားလည်သင့်ပါတယ်ဗျာ။

အဆိုးဝါးဆုံးကတော့ မလေးရှားဆိုတဲ့တိုင်းတပါးမှာ ရုန်းကန်လှုပ်ရှားရင်း ၀မ်းစာရှာဖွေရှင်သန်နေရတဲ့ အခြေခံလူတန်စားတွေရဲ့ဘဝပါ။ မိတကွဲ ဖတကွဲ၊ သားတကွဲ မယားတကွဲ ခွဲခွါလာကြပြီး တိုင်းတပါးမှာ မိမိရဲ့အလုပ်ရှင်က ဆူပူ ဆဲဆို၊ ကြိမ်းမောင်းခံရပြီးမှ ရလာသမျှ မသထာရေစာ ငွေကြေးလေးကို သံရုံးကဂုတ်သွေးစုပ်တာကတမျိုး၊ အေးဂျင့်တွေ ပွဲစားတွေကအနိုင်ကျင့်တာကတမျိုး၊ (တောရိုင်းတိရစ္ဆာန်တွေ ကြီးနိုင်ငယ်ညှင်းလုပ်နေသလိုပဲ) အဲ့ဒီလို ခက်ခက်ခဲခဲရုန်းကန်နေရတာကို ကိုယ်တွေ့ဖြစ်လျှက်နဲ့၊ နိုင်ငံရေးအယောင်ဆောင် လောက်ကောင်တွေက UNHCR ဆိုတဲ့ တတိယနိုင်ငံကြီးကို မက်လုံးပေးပြီး မြန်မာပြည်သူတွေအပေါ် ဥပဒေမဲ့လိမ်လည်နေကြတဲ့ လူလိမ်တွေပဲ။

မလေးရှားမှာ အလုပ်လုပ်ချင်စိတ်ရှိပြီး ရိုးရိုးသားသားရှာဖွေစားသောက်ရင် ကိုယ့်တမိသားစုအတွက်တော့ ချောင်ချောင်လည်လည်သုံးနိုင်ပါတယ်ဗျာ။ လက်ကျောမတင်းပဲ နိုင်ငံရေးအယောင်ဆောင်၊ ပြည်တွင်းမှာ စွန့်လွှတ်အနစ်နာခံပြီး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး လိမ်လည်လှည့်ဖျား စားသုံးနေကြတာ ရမ္မက်လွန်နေတုန်း အခိုက်အတန့်လေးပါ၊ နဲ့နဲ့လောက်ဆင်ခြင်မိရုံနဲ့ ဒီလုပ်ရပ်ဟာ အင်မတန်ယုတ်မာပြီး အလွန်ပဲ
ရှက်စရာကောင်းပါတယ်ဆိုတာ သိနိုင်ကြမှာပါ။

တခဏစံစားဘို့အတွက် တစ်နပ်စားဥာဏ်နဲ့ သူတပါးအခက်အခဲနဲ့ ပူပင်သောကတွေ ပေါင်းစုထားတဲ့ အပူရေစာတွေကို မစားချင်ကြပါနဲ့။ အခြေခံလူတန်းစား ဘဝတူတွေချင်း၊ အုပ်ချုပ်ခံ လူတန်းစားချင်းဆိုတာလေးတော့ ကိုယ့်ဘဝကိုယ်နားလည်ကြပါ။ အဲ့ဒီလောက်ကလေးမှ လူ့အသိတရားခေါင်းပါးနေမယ်ဆိုရင်တော့ (ဥပမာ။ ။ ( မိဘ ) မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ် ထိန်းမရတဲ့ ဝါသနာကြောင့်ပဲဖြစ်ဖြစ် သူများမျက်ခုံးမွှေးပေါ်စင်္ကြန်လျှောက်ပြီး လူပါးဝချင်သပဆိုလည်း) မိမိတို့ရဲ့ အဖွဲ့မူပိုင်အမည်တပ်ပြီး လိမ်ညာစားကြပေါ့ဗျာ။

ပြည်တွင်းမှာ ပြည်သူ့အတွက် တကယ်ရင်ဆိုင်ပေးဆပ်နေရတဲ့ သူတွေကလူသားတွေပါဗျ၊ ကျောက်ဆစ်ကျောက်သားတွေ မဟုတ်ပါဘူး။ တိုင်းပြည့်အနာဂတ်ကောင်းဖို့အတွက် ပေးဆပ်နေကြတဲ့ လူတော်လူကောင်းတွေကို မကူညီချင်လို့ ကျေးဇူးမတင်ရင်လည်း နေပါစေ။ အနှောက်အယှက်လုပ်နေတဲ့
စာရိတ္တတွေ၊ စရိုက်တွေနဲ့တော့ မစော်ကားကြပါနဲ့ဗျာ။

ဒါ့ကြောင့် အခုလိုပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ အမည်ခံပြီး ထင်ရာဆိုင်းနေကြတာကြီးကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မူ့ကင်းမဲ့ပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိတဲ့ ပေါက်လွှတ်ပဲစား မိမဆုံးမဖမဆုံးမ သားသမီးတွေလိုဖြစ်နေကြတာပဲဗျာ။

ဖြိုးဝေ
KUALALUMPUR
MALAYSIA

ပေးစာ - ၁၁ (လုပ်ရပ် သာမက စိတ်ဓာတ် ပါ ညံ့ဖျင်းသည့် BHG)

ကျွန်တော်တို့မြန်မာလူမျိုးတွေ အင်တာနက်နဲ့ရင်းနီးလာတာ ၁၀ စုနှစ် တစ်ခုတောင် မရှိသေးပါဘူး။ အင်တာနက်ပေါ်မှာ ဇော်ဂျီဖောင့် စပေါ်လာချိန်ကစပြီး မြန်မာလိုစာတွေ ရေးနိုင်ဖတ်နိုင်ရင်း အသုံးများလာရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အင်တာနက်ဆိုင်တွေများများစားစား ရှိလာတာလည်း ဘာမှမကြာသေးပါဘူး။ အင်တာနက်ဆိုင်လေးတွေ ရှိလာတာနဲ့အမျှ မြန်မာလူကြီး လူငယ်အများစု Internet , E-mail တို့နဲ့ ရင်းနီးလာပြီး E-mail account ကိုယ်စီ ပိုင်ဆိုင်ဖို့ကြိုးစားလာရင်း အင်တာနက်ခေတ်ကြီးမှာ ကမ္ဘာကို အမှီလိုက်ဖို့ ကြိုးစားလာကြပါတယ်။

မြန်မာလူမျိုး အများဆုံးအသုံးပြုကြတဲ့ E-mail က G-mail ဖြစ်ပြီး အင်တာနက် သုံးချိန်မှာ အများဆုံးလုပ်ကြတဲ့ အလုပ်ကတော့ တစ်ယောက်နဲ့တစ်ယောက် စာရိုက်စကားပြောခြင်း (Chatting) နဲ့ သတင်း (သို့) အခြား မသိသော အရာများကို ရှာဖွေကြည့်ကြခြင်းပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အင်တာနက် ဆိုတာ မရှိမဖြစ် အရာတစ်ခုဖြစ်လာပြီး လူသားတွေကလည်း အင်တာနက်မရှိရင် မနေနိုင်တဲ့အထိဖြစ်လာပေမယ့် မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာ ဘာမှန်းမသိသူတွေ အများကြီးရှိနေပါသေးတယ်။ ကွန်ပျူတာ အပါအဝင် အသုံးပြုပစ္စည်းများက မြန်မာလူမျိုးတို့အနေနဲ့ အဖိုးတန်ပစ္စည်းတစ်ခုလို ဖြစ်နေတာက တစ်ကြောင်း၊ အင်တာနက် ချိတ်ဆက်ဖို့အတွက် အခြားအခက်အခဲတွေ အများကြီး ရှိနေသေးတာက တစ်ကြောင်း အများစုက ဆိုင်မှာပဲ သုံးကြပါတယ်။

အင်တာနက်ဆိုင်တွေကလည်း လာယောက်သုံးဆွဲသူများကို သင်ကြားပေးနေတာတွေ ရှိသလို၊ အချို့ စိတ်ဓာတ်မြင့်မားသူများက အခမဲ့ အင်တာနက်နှင့် အီးမေးသင်တန်းများကို ရက်တိုပို့ချပြီး မြန်မာလူမျိုးများကို အင်တာနက်၊ အီးမေးများနှင့် လုံးဝ မစိမ်းစေရန် သင်ကြားရင်း တစ်ဖက်တလမ်းကနေ နိုင်ငံတကာကို အမှီလိုက်ဖို့ ကူညီပေးနေကြပါတယ်။ ဒါပေမယ့် Gmail သုံးနိုင်တဲ့ မြန်မာလူဦးရေအရေအတွက်က ဘာမှမရှိသေးခင်မှာပဲ မြန်မာလူမျိုးချင်း Gmail များကို ခိုးယူတာတွေကို အကြီးအကျယ်လုပ်နေတဲ့ ဖြစ်စဉ်တွေ ပေါ်လာတော့တာပါပဲ။

သိပ်ကိုအောက်တန်းကျပြီး လုံးဝအဆင့်တန်းမရှိတဲ့အလုပ်ပါ။ အဆိုးဆုံးကတော့ အဲ့ဒီအလုပ်ကို တစ်ဦးတစ်ယောက်က ပုန်းလျှိုးကွယ်လျှိုးလုပ်တာမဟုတ်ပဲ အဖွဲ့အစည်းနဲ့ လူသိရှင်ကြား မိုက်ရိုင်းနေကြတာပါပဲ။ အဲ့ဒီအဖွဲကတော့ အားလုံးသိပြီးသားဖြစ်တဲ့ BHG လို့ခေါ်တဲ့ Blink Hacker Group http://www.blinkhackergroup.net/ ပဲဖြစ်ပါတယ်။


BHG ခိုးထားတာတွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ ပစ္စည်းတစ်ခုကို သူခိုး ခိုးသွားရင် အသစ်ပြန်ဝယ်လို့ရပါတယ်။ ခိုးသွားတဲ့သူခိုးအတွက်လည်း သုံးလို့ရနိုင်သလို့ ပြန်ရောင်းရင်လည်း သူ့အတွက်အဆင်ပြေနိုင်ပါတယ်။ Gmail ကို ခိုးခံရသူအတွက် အကျိုးမရှိသလို ခိုးသွားတဲ့လူအတွက်လည်း ဘာမှအကျိုးမရှိပါဘူး။

အနောက်နိုင်ငံတွေမှာ ကိုယ့်မိန်းမအီးမေးကို ခိုးတဲ့ယောက်ျားတောင် ထောင်ချပါတယ်။ ဘယ်သူမှလည်း လက်မခံပါဘူး။ ဒါပေမယ့် ထူးဆန်းတာက အဲ့ဒီ BHG အဖွဲ့ကို အင်တာနက်စာမျက်နှာတချို့အပြင် သတင်းဌာနတွေကပါ ရှုံ့ချရမယ့်အစား အားပေးအားမြှောက်ပြုနေကြတာပါပဲ။ ဒါကို အက်တာနက်သုံးသူ မြန်မာအားလုံး ပြန်လည်ဆင်ခြင်သင့်ပါတယ်။ သူခိုးများသာမက သူခိုးအားပေးများကိုပါ ရှုံ့ချသင့်ပါတယ်။

Gmail အကောင့်များကို ခိုးတာသာမက အင်တာနက်ပေါ်မှာ မြန်မာအချင်းချင်း စုဖွဲ့သုံးဆွဲနေတဲ့ forum တွေကိုလည်း ဖျက်လို့ဖျက်ဆီးလိုက်လုပ်ပါတယ်။ အိမ်လွမ်းသူ forum အပါအဝင် forum တွေဟာ ဘယ်သူ့ကိုမှ ဒုက္ခပေးမနေတတ်သလို ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှမရှိပါဘူး။ ဒါပေမယ့် ဘာရည်ရွယ်ချက်ကြောင့် အိမ်လွမ်းသူ forum ကို ခိုးရလဲဆိုတာကို ကျွန်တော်တို့မေးပေမယ့် ဘာမှ အကြောင်းမပြန်ပါဘူး။ သက်သက်မဲ့ကို ဖျက်လို့ဖျက်ဆီးလုပ်ချင်တဲ့သဘောပါ။ သမ္မတကို မကျေနပ်တာလား၊ အစိုးရကို မကျေနပ်တာလား တော့ကျွန်တော်တို့လည်း မသိပါဘူး။ ဒါပေမယ့် BHG လုပ်နေတာတွေက အွန်လိုင်းအကြမ်းဖက်မှုတွေပါ။ သမ္မတကိုအကျေနပ်ရင် သမ္မတရဲ့ အီးမေးကိုပဲ ခိုးပါ။ အစိုးရကိုမကျေနပ်ရင် မြန်မာ့အလင်း သတင်းစာ ဆိုဒ်ကို ဖျက်ဆီးပါ။ တခြားပြည်သူတွေသုံးနေတဲ့အီးမေးတွေ ခိုးဖို့မလိုသလို ပြည်သူတွေသုံးနေတဲ့ forum တွေနဲ့ အခြားဆိုဒ်တွေကို နှောက်ယှက်စရာမလိုပါဘူး။ အဲ့လိုလုပ်နေတာတွေက ပြည်တွင်းမှာ အစိုးရကိုမကျေနပ်လို့ ပြည်သူတွေသေအောင် ဗုံးခွဲနေသူတွေနဲ့အတူတူပါပဲ။ အားပေးနေကြသူတွေလည်း ကိုယ်ဘယ်ဖက်မှာ ရပ်တည်နေလဲ ကိုယ့်ဘာကို သုံးသပ်ကြပါ။

မရားမှုတစ်ခုကို ကြားနေရင်တောင် ကိုယ်တိုင်လည်း မတရားသူဖြစ်ပါတယ်။ မကောင်းမှုကို အားပေးမနေကြပါနဲ့။ အများပြည်သူအတွက် သဘာဝဘေးအန္တရာယ် တွေကို အချိန်နဲ့တပြေးညီ ကြေညာပေးတဲ့ ဦးထွန်းလွင် ရဲ့ ဆိုဒ်ကို တောင်အလွတ်မပေးပါဘူး။ ဒီတော့ BHG ရဲ့လုပ်ရက်တွေက ပြည်သူတွေအတွက် ဘာတစ်ခုမှ အထောက်အကူမပြုတဲ့အပြင် အကျိုးပင်ယုတ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒီနေ့ထိ အင်တာနက်ပေါ်မှာ နည်းပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတပေါင်းများစွာကို မြန်မာလူမျိုးအချင်းချင်းသိရှိုနိုင်ဖို့အတွက် မျှဝေတဲ့ ဘလော့ပေါင်း၊ ဝဘ်ဆိုဒ်ပေါင်း များစွာရှိပါတယ်။ BHG အနေနဲ့ အဲ့လို လူတွေကို အားကျအတုယူသင့်ပါတယ်။

ဒါ့အပြင် Blink Hacker Group ဟာ DVB သတင်းနဲ့ 7 Day News ဂျာနယ်မှာ သူတို့အကြောင်းပါသွားတာကို ဂုဏ်ယူဝင့်ကြွားနေကြပါသေးတယ်။ အဖျက်သမားတစ်ဖွဲ့ကို ဖျက်ဆီးနေကြောင်းအရေးခံထားရတာကို ကျေးနပ်ဝမ်းသာနေတဲ့ အဖျက်သမားတွေကိုတော့ လက်ဖျားခါလောက်ပါတယ်။


ဒီမှာလဲ ”ဂျီမေး အကောင့်များ၏ password များကို BHG အဖွဲ့ဝင်တဦးဖြစ်သော H4rdcore H4cker မှရရှိထား ပါသည်” ဆိုပြီး အရှက်မရှိရေးထားပါသေးတယ်။ http://h4rdcoreh4cker.yourfreehosting.net/gmail_password/index.htm သွားကြည့်လိုက်တော့ အီးမေးအကောင့်ပေါင်း ၂ ထောင်လောက်ကို forward mail တွေထဲကနေ ရှာဖွေပြီးထည့်ထားပါတယ်။ ရေးထားတာကတော့ သူတို့ hack ထားပြီး password တွေ ရှိနေလို့ ဆက်သွယ်ဖို့ပါ။ ကျွန်တော်လည်း စိတ်ဝင်စားလို့ သေချာလိုက်ကြည့်တော့ apytz.dj@apytz.net, dancole@yahoo.com , cwsaing@yahoo.co.uk , firstnet@mail.mandalay.net , nawinjaiswal@mail4u.com , eedy_31@hotmail.com , inya@cwjamaica.com , issmtyco@yahoo.co.uk , kimwh@biznetvigator.com , PIMMM@est.nhs.uk, saitheinnaingoo@coolyork.com, alerts@birthdaytime.com , khaing_min_aung@yahoo.com.sg, SamuelNgch@jel.com.sg , en2mm2@mmgeeks.org တွေအပြင် en2cs@bot.talk.google.com , en2es@bot.talk.google.com တွေပါ ပါနေတာ တွေ့ရပါတယ်။ ဂျီမေးတောင် ကိုယ် hack ချင်တဲ့ ကောင်ကို မ hack နိုင်လို့ မသိနားမလည်တဲ့လူတွေလောက် hack နေရတဲ့လူတွေက hotmail.com , yahoo.co.uk , jel.com.sg တွေသာမက google ရဲ့ bot.talk.google.com တွေကိုပါ hack ခဲ့တယ်တဲ့။ တော်တော်ရီစရာလည်းကောင်းပါတယ်။ လူထင်ကြီးခံချင်တာလား၊ လူတွေကြောက်အောင် ချောက်ချင်တာလားဆိုတာကို နားမလည်နိုင်ပါဘူး။

တစ်ခါတုန်းကလည်း http://aadcp.aseanfoodsafetynetwork.net/WP.html ဆိုတဲ့ လင့်ကိုပြပြီး အာဆီယံ ရဲ့ ဆိုဒ်ကို hack ထားပါတယ် ဆိုပြီး သတင်းလွှင့်ပြန်ပါတယ် ဒါပေမယ့် ရှေ့က aadcp. နဲ့ နောက်က WP.html ကို ဖြုတ်ကြည့်လိုက်တော့ မူရင်း အာဆီယံ ဆိုဒ် http://aseanfoodsafetynetwork.net/ က အကောင်းကြီးအတိုင်းပဲ ရှိနေတာတွေ့ရပါတယ်။ တော်တော်လေးကို ရယ်ရတဲ့လုပ်ရပ်ဖြစ်သလို တော်တော်လေးကို မိုက်ရိုင်းတဲ့အဖြစ်ပျက်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ http://aadcp.aseanfoodsafetynetwork.net/WP.html မှာ ရိုင်းဆိုင်းစွာနဲ့ ဆဲထားတာတွေကို ရေးသားထားလို့ပါပဲ။ ဒါပေမယ့် အဲ့ဒီအကြောင်းကို တကယ်ထင်ပြီး ဂုဏ်ယူစွာနဲ့ ဖော်ပြထားတဲ့ ဘာမှနားမလည်တဲ့ မြန်မာအတိုက်အခံတွေလည်း ရှိပါသေးတယ်။ အဲ့ဒီအလုပ်ကို မကောင်းကြောင်းကိုတော့ ဘယ်တစ်ယောက်မှ မရေးခဲ့ကြပါဘူး။ ကျွန်တော့မိန်းမလည်း အတိုက်အခံ ဘလော့ရေးပါတယ်။ ဒါပေမယ့် ဒီအကြောင်းကို အကောင်းလည်း မရေးခိုင်းခဲ့သလို အဆိုးလည်း မရေးခိုင်းခဲ့ပါဘူး။ ခုမှ မနေနိုင်လွန်းလို့သာ ထုတ်ပြောလိုက်ရတာပါ။

အခုတစ်ခါမှာလည်း ကိုယ်တိုင် ယုတ်မာရုံသာမက သူများကိုပါ ချောက်ချ လက်ညှိုးထိုးပြန်ပါတယ်။ www.phonenwe.net ဆိုတဲ့ ဆိုဒ်က ကျွန်တော်တို့မြို့က ဆရာတော် အရှင်ဧသိကအတွက်ကျတော်အပါအ၀င် ဒကာ ဒကာမများမှ ပူးပေါင်း၍ လှုဒါန်း ရေးသား တည်ဆောက်ခဲ့တဲ့ ဆိုဒ်ဖြစ်ပါတယ်။ အဲ့ဒီ ၀က်ဆိုက် hosting ၏ password အား ၀က်ဆိုက်တည် ရေးသားသူ နှစ်ယောက်ပဲ သိရှိပါသည်။ ၀က်ဆိုက် hosting ၏ password သိရှိသော သူတစ်ဦးရဲ့ အီးမေးကို လွန်ခဲ့သော ၄ လခန့်တွင် (BHG) Blink Hacker Group ဆိုသော အဖွဲ့မှ hack ခြင်းခံခဲ့ရပါတယ်။ နောက်တွင် ဗုဒ္ဒဘာသာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော အဆိုပါ ဆရာတော် ၀က်ဘ်ဆိုက်၏ User Name-Password တို့အသုံးပြု၍ကာ တစ်ပါးသူများ၏ ဂျီမေးလ် password များကိုခိုးယူရန် ကြိုးစားခဲ့ခြင်း ဖြစ်ပါသည်။ အဲ့လိုကြိုးစားတဲ့အပြင် ကိုယ်လုပ်တာကိုယ် မဝန်ခံပဲ သူများကို လက်ညှိုးထိုးပြန်ပါတယ်။ ဗုဒ္ဓဘာသာ ၀က်ဆိုက်ဒ် တစ်ခုအား သာသနာကို စော်ကား၍၊ သံဃာကို စော်ကား၍ အသုံးချသည့်အပြင် တပါးသူအပေါ် တမင်ချောက်တွန်းလုပ်ကြံသော သူတွေအတွက် ကျွန်တော်တို့လည်း အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။



နောက်ဆုံးပြောချင်တာကတော့ BHG အနေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို မလုပ်ချင်နေပါ ပြည်သူတွေကို ဆက်ပြီး ဒုက္ခမပေးပါနဲ့။ သမ္မတကို မကျေနပ်ရင် သမ္မတအီးမေးကို hack ပါ။ အရေးမပါတဲ့ မိသားစုချင်းပြောထားတဲ့အီးမေးတွေ hack ပြီး နာမည်ကောင်းမယူပါနဲ့။ မ hack နိုင်ပဲနဲ့ တွေ့သမျှ အီးမေးတွေ လျှောက်တင်ပြီး ငါတို့ hack ထားပါတယ် လျှောက်မပြောပါနှင့်၊ hack ပြီးရင်လည်း ကိုယ်ပိုင်နည်းပညာနဲ့ hack ပါ သူများကို ချောက်မတွန်းပါနှင့်၊ အထူးသဖြင့် သာသနာကို မစော်ကားပါနှင့် hack ချင်ရင် http://messengerforbuddhist.blogspot.com/ လိုမျိုး ဆိုဒ်တွေကိုတော့ ဘာလို့ မ hack ရတာလဲ။ ပြည်သူတွေ ငြိမ်းချမ်းစွာသုံးနေတဲ့ forum တွေနဲ့ ဘယ်သူ့မှ ဒုက္ခမပေးတဲ့ ဆိုဒ်တွေကို ဖျက်လို့ဖျက်ဆီးမလုပ်ပါနဲ့။ ညံ့ဖျင်းတဲ့လုပ်ရပ်များကို မလုပ်ပဲမနေနိုင်ရင်တောင် စိတ်ကောင်းလေးထားပြီး ဆက်လုပ်နိုင်ပါတယ်။ စိတ်ဓာတ်ရော လုပ်ရပ်ရော ညံ့ဖျင်းလာရင်တော့ ဘယ်နေရာမှာမှ သုံးစားလို့ရမှာမဟုတ်ပါဘူး။

ကမ္ဘာအနှံ့မှာရှိတဲ့ အင်တာနက်သုံးသူ မြန်မာလူမျိုးအားလုံးအနေနဲ့ အင်တာနက်ကို ပျော်ရွှင်လုံခြုံ အေးချမ်းစွာ သုံးနိုင်ရေးအတွက် BHG လို အဖွဲ့တွေကို အကောင်းဖက်ရောက်အောင် ဆွဲခေါ်ကြဖို့လိုပါတယ်။ မကောင်းတာကို မကောင်းဘူးလို့ ပြောရင်း အားပေးနေသူများကိုလည်း ရှုံ့ချဖို့လိုအပ်ပါတယ်။ မြန်မာအင်တာနက်လောကကြီး သာယာချမ်းမြေ့ပါစေ...။

လေးစားစွာဖြင့်
ကျော်နိုင် (အောစတြေးလျ)


Myanmar Express

NLD-Youth (L.A Malaysia) ရုံးအား မလေးလ၀ကမှ ၀င်ရောက်စီးနင်း



မေလ ၁၉-ရက်၊ ၂၀၁၁ မနက် ၁၁ နာရီအချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရုံးအား မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ ၀င်ရောက်စီးနင်းကာ ကဒ်အတုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ကော်မတီအဖွဲ့ဝင် ၁၁-ဦးအား မလေးရှားနိုင်ငံ၊ ကဒါ (Kedah) ပြည်နယ်၊ ဘလန်တစ်ခ် (Belantik) ထိန်းသိမ်းရေးစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်ငြိစွန်းသော မည်သည့်ကဒ်အတုကိုမျှ ပြုလုပ်သည်မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ကဒ်ကို (၄င်းတို့ပုံတွင် ပါရှိသည့်အတိုင်း) အဖွဲ့ဝင်များအား ပေးအပ်ထုတ်ပေးခြင်းသာဖြစ်သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားနိုင်ငံ၊ အလောစတားနယ်မြေတွင် မြန်မာဒုက္ခသည်များနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲများကို ကူညီဆောင်ရွက်ပေးခြင်း၊ မြန်မာလူမျိုးများ နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားတက်ကြွစေရန် လိုက်လံဟောပြောစည်းရုံးခြင်း၊ မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုများကို ကူညီထောက်ပံ့ကြရန် ဟောပြောလှုံ့ဆော်ခြင်း၊ စသည့် မြန်မာ့အရေးကိစ္စများကိုသာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

  Kedah Immigration Department  deputy director Hasreena Hashim (centre) showing some of the forged NLD-LA  cards purportedly of a Myanmar political party. — NST picture by Shahrizal Md Noor




မလေးရှားလ၀ကဥပဒေ၊ ရဲဥပဒေနှင့် ဆန့်ကျင်ငြိစွန်းသော မည်သည့်ကိစ္စများကိုမျှ လုပ်ဆောင်ခြင်းမရှိပါ။ အဖွဲ့ဝင်များထံမှ ရင်းဂစ်ငွေ ၅၀၀ တောင်းခံသည်ဟူသော စွပ်စွဲပြောဆိုထားသည့်နှင့်ပတ်သတ်၍ ၄င်းတို့အဖွဲ့ဝင်များထံတွင်စုံစမ်းရာ၌လည်း မှန်ကန်မှုမရှိဘဲ အဖွဲ့ဝင်ကြေးနှင့် လစဉ်ကြေးကိုသာ ပေးဆောင်ရကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတကာရှိ မြန်မာ့နိုင်ငံရေးအင်အားစုများအနေဖြင့် မတရားဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်စေရန် မလေးရှားအစိုးရအား ၀ိုင်းဝန်းဖိအားပေးကြပါရန်နှင့် UNHCR နှင့် နီးစပ်ပတ်သတ်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှလည်း မတရားဖမ်းဆီးခံရသည့်ကိစ္စအား UNHCR သို့ ၀ိုင်းဝန်းတင်ပြပေးကြပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။

(နီးစပ်ရာသို့ forward လုပ်ခြင်းဖြင့် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)


The list of the arrested people

1) Chit Aye ( 354-06C02158 )
2) Htin Kyaw ( 354-09C00937 )
3) Ko Ko Kyaw
4) San Myint Thein
5) Tin Maung
6) Zaw Lin
7) Thein Tway
8) May Lwin
9) Chit San Maung
10) Alli Baine
11) Phoe Chit


Source :
http://www.nst.com.my/nst/articles/14cards/Article

နိုင်ငံရေးပါတီ အတုလား အစစ်လား

ကျနော်ဒီလိုစာမျိုးတွေ မရေးဖြစ်အောင်နေတာ တော်တော်ကြာပါပြီ။ မလေးရှားမှာ နိုင်ငံရေး၊ လူမှုရေးခုတုံးလုပ်ပြီး လုပ်စားနေတဲ့လူတွေကိုပြောရတာ “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို လုပ်တဲ့လူကမရှက်ဘဲ ပြောတဲ့လူက ကြာတော့ရှက်လာပါတယ်။ အဲဒါကြောင့်လည်း ကိုယ့်ဘာသာကိုယ် စာတို၊ ကဗျာစလေးတွေရေး လုပ်နိုင်တာလေးတွေကို စိတ်တူကိုယ်တူ ညီအကိုတွေနဲ့ စုလုပ်ကြပြီး အေးအေးဆေးဆေး နေနေတာပါ။ ကို ဆိုတဲ့လူ ကွန်မန့်မှာမေးထားတဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရဲ့ သမိုင်းကြောင်းလေးသိချင်ပါတယ်။ သူတို့ မှာ ပြည်တွင်း တို့ ဗဟိုတို့  ရှိပါသေးလား။” ဆိုတဲ့မေးခွန်းကို ဖြေချင်တာရယ်၊ RFA သတင်းဌာနကြီးမှာ မလေးရှားက နိုင်ငံရေးသမားအယောင်ဆောင် လူလိမ်ကျော်ကျော်ရဲ့ နိုင်ငံရေးသိက္ခာတစက်မှမရှိတဲ့ ပြောဆိုသွားပုံတွေအတွက် ဒီစာကို ရေးဖြစ်တာပါ။

နိုင်ငံရေးပါတီတခုရဲ့ တရားဝင်/တရားမ၀င် (အတု၊ အစစ်) ရပ်တည်မှုဆိုတာက ဒီပါတီရဲ့ လုပ်ဆောင်ချက်၊ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့သာ သက်ဆိုင်ပါတယ်။ ဂျနီဖာက ကုလသမဂ္ဂရုံးမှာ ပါတီထောင်စားပါတယ်လို့ စာတင်ထားပစေအုံး။ ပါတီနဲ့နိုင်ငံရေးကို ဗန်းပြ၊ ပြည်သူလူထုကို ခေါင်းပုံဖြတ် လိမ်ညာ လုပ်စားနေကြပြီး သက်ဆိုင်တဲ့ ပြည်သူရဲ့ထောက်ခံအားပေးမှု မရဘူးဆိုရင် ဒီပါတီကို နိုင်ငံရေးပါတီအစစ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံရေးလုပ်စားနေတဲ့ အတုအယောင် နိုင်ငံရေးပါတီတခုသာ ဖြစ်ပါတယ်။

မလေးရှားမှာ ဗမာ့နိုင်ငံရေးအင်အားကောင်းစဉ် လွန်ခဲ့ပြီးတဲ့နှစ်တွေတုန်းက NLD-LA (ဗဟို)က ဘွားအေကြီး ဒေါ်စန်းစန်းနဲ့ FTUB က ဦးလှဦးတို့ မလေးရှားကိုရောက်စဉ် ပြောသွားဖူးတဲ့ စကားတခွန်းရှိပါတယ်။ “NLD ပါတီဟာ မည်သူတဦးတယောက်ရဲ့ မူပိုင်ပစ္စည်းမှ မဟုတ်ပါဘူး” တဲ့။ ဆိုလိုချင်တာကို ပြောရရင် NLD ပါတီဟာ မြန်မာပြည်သူတွေအားလုံး ပိုင်ဆိုင်ပါတယ်။ မြန်မာပြည်သူတိုင်းဟာ NLD ပါတီနာမည်ကိုသုံးပြီး စစ်မှန်တဲ့ မြန်မာ့နိုင်ငံရေးကို လုပ်ခွင့်ရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း ဒေါက်တာနိုင်လင်း၊ တင်အေးတို့ NLD နဲ့ ကျော်ကျော် NLD ဆိုပြီး KL မှာတင် NLD ပါတီနှစ်ခုရှိပါတယ်။ အခုဖြစ်တဲ့ ပြဿနာလိုမျိုး လူငယ်ဆိုပြီးတော့တောင် ကွဲပြားမှုမရှိတာကို မလေးရှားမှာ နိုင်ငံရေးလုပ်ဖူးသူတိုင်း သိကြမှာပါ။ တင်အေးနဲ့ ကျော်ကျော်တို့ KL မြို့လယ်ခေါင်မှာ တဖွဲ့နဲ့တဖွဲ့ ရိုက်မယ်၊ နှက်မယ်ဆိုပြီး အော်ကြီးဟစ်ကျယ် စကားများ ရန်ဖြစ်ခဲ့ကြတာကိုလည်း အမှတ်ရကြအုံးမယ် ထင်ပါတယ်။ အဲဒီအဖွဲ့နှစ်ခုကို ဘယ်အဖွဲ့က တရားဝင်တယ် မ၀င်ဘူးဆိုတာ NLD-LA က လူကြီးတွေကိုယ်တိုင်က ခွဲခြားပြောဆိုခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကအထိ မလေးရှားမှာ မြန်မာအဖွဲ့အစည်းပေါင်း ၆၀-ကျော် ရှိပါတယ်။ အခုဆိုရင် ဒီထက်ပိုများနိုင်တယ်လို့ ယူဆရပါတယ်။ အားလုံးသော မြန်မာအဖွဲ့အစည်းတိုင်းဟာ မလေးရှားအစိုးရကို တရားဝင်မှတ်ပုံတင်တောင်းခံပြီး ဖွဲ့စည်းထားကြတာမဟုတ်ပါဘူး။ ဒီတော့ ဘယ်အဖွဲ့အစည်းမှ တရားမ၀င်ဘူးလို့ ဆိုနိုင်ပါတယ်။ ယခု NLD-Youth (L.A Malaysia) ကအဖွဲ့ဝင်တွေ အဖမ်းခံရတဲ့အတိုင်း မလေးရှားလ၀ကဥပဒေနှင့် ငြိစွန်းသော NLD ကဒ်အတုပြုလုပ်မှုနဲ့ ဖမ်းမယ်ဆိုရင် အဖွဲ့အစည်း ၆၀-ကျော်လုံးရဲ့ ကဒ်တွေကိုင်ထားတဲ့ မြန်မာလူမျိုးတိုင်း အဖမ်းခံရမှာ ဖြစ်ပါတယ်။ NLD-Youth (L.A Malaysia) အဖွဲ့တခုတည်းကို ရွေးဖမ်းသွားတဲ့အပြင် သတင်းဌာနကနေတဆင့် အဖမ်းခံရတဲ့လူတွေ မကောင်းကြောင်းပြောခြင်းကို ဆက်စပ်ကြည့်မယ်ဆိုရင် နိုင်ငံရေးသမားအချင်းချင်း ချောက်တွန်း အမြတ်ထုတ်မှုသာ ဖြစ်နိုင်ပါတယ်။

အခုအချိန်ဟာ မလေးရှားမှာရှိတဲ့ မြန်မာ့နိုင်ငံရေးအင်အားစုတွေ၊ အဖွဲ့အစည်းတွေဟာ စည်းလုံးမှုမရှိဘဲ ဖရိုဖရဲဖြစ်နေတဲ့အချိန်ပါ။ ယခင့်ယခင်က လှုပ်ရှားလုပ်စားသွားခဲ့တဲ့ နိုင်ငံရေးလုပ်သူ၊ လူမှုရေးလုပ်သူများရဲ့ နာမည်ပျက်လုပ်ရပ်များကို ပြန်ပြီးအဖတ်ဆယ်နေရတဲ့အချိန်(ကောင်းသူများလည်း ရှိပါတယ်)၊ UNHCR နဲ့ ပတ်သတ်ပြီး အဖွဲ့အစည်းတချို့ရဲ့ ငွေလိမ်တောင်းမှုကြောင့် မြန်မာလူမျိုးတွေရဲ့ အကြည်ညိုပျက်ခံနေရတဲ့အချိန်၊ UNHCR နောက်ကောက်ကောက်ပါအောင် လိုက်နေမှုကြောင့် နိုင်ငံရေးသမားဆိုရင် လူမလေးစားတော့တဲ့အချိန်၊ အဲလိုအချိန်မျိုးမှာ စိတ်ဓာတ်ရှိကြပြီး တစစီဖြစ်နေတဲ့လူတွေကို နိုင်ငံရေးကောက်သင်းကောက်သလို တယောက်စီပြန်ပြီး စုစည်းနေရတဲ့အချိန်ပါ။ ခုအချိန်မှာ ဖြစ်လာတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး နိုင်ငံရေးပါတီကြီးပါဆိုတဲ့ NLD-LA (Malaysia) ခေါင်းဆောင်ကျော်ကျော်ရဲ့ သတင်းဌာနကနေ ပြောသွားတဲ့စကားဟာ အရမ်းကို ရှက်စရာ၊ ရွံစရာ၊ အော့နှလုံးနာစရာ ကောင်းပါတယ်။ လက်ရှိအခြေအနေ၊ လက်ရှိအချိန်၊ ဖြစ်နေတဲ့ပြဿနာ၊ ပြောသွားတဲ့စကားပေါ်မှာမူတည်ပြီး ဒီလူနဲ့ သူဦးဆောင်နေတဲ့အဖွဲ့ဟာ နိုင်ငံရေးပါတီအတုလား၊ အစစ်လားဆိုတာ ခွဲခြားမြင်လို့ ရမယ်ထင်ပါတယ်။

မသမာသူလူတစုရဲ့ NLD ကဒ် အတုလုပ်မှုပါလို့ ပြောသွားတဲ့ ကျော်ကျော်နဲ့ NLD-LA (Malaysia) ဘာလဲဆိုတာကို ကျနော်ရဲ့ကိုယ်တွေ့အတွေ့အကြုံတခု ပြောပြပါမယ်။ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကို စုစည်းလို့ရတဲ့လူတွေနဲ့ ဆန္ဒပြကြမယ်ဆိုပြီး လူစုကြတုန်းက ကျနော်တို့ဆီကို လူတော်တော်များများ ဖုန်းဆက်ပြီးမေးကြပါတယ်။ “ကျော်ကျော်ရဲ့ NLD ဆန္ဒပြပွဲမှာ မပါရင် သူတို့ပွဲကို လာကြပါမယ်” တဲ့။ အလားတူပါပဲ။ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် သွေးလှူကြတုန်းကလည်း ကျနော်တို့ ဒီလိုမျိုးပဲ ဖုန်းဆက်ပြီး အမေးခံခဲ့ရပါတယ်။ ဒီလို ပြည်သူလူထုရဲ့ အကြည်ညိုပျက်နေတဲ့ ကျော်ကျော်နဲ့ NLD-LA (Malaysia) ဟာ မလေးရှားမှာ နိုင်ငံရေးပါတီအစစ်အမှန်အနေနဲ့ ရပ်တည်နေတာလား။ အတုအယောင်အနေနဲ့ ရပ်တည်ပြီး နိုင်ငံရေးသပ်လျှိုမှု လုပ်နေတာလား။



အခုတင်ထားတဲ့ပုံတွေဟာ ကျော်ကျော်နဲ့ အဖွဲ့ဝင် ၇၀၀၀-ကျော်ရှိတဲ့ NLD-LA (Malaysia) တို့ မြန်မာသံရုံးရှေ့မှာ နောက်ဆုံးအကြိမ် ဆန္ဒပြနေတဲ့အချိန်တုန်းက ပုံတွေပါ။ UNHCR မှတ်ပုံတင်လုပ်ပေးပါမယ်ဆိုပြီး ချွေးနည်းစာပိုက်ဆံတွေကို လိမ်တောင်းပြီးတဲ့နောက်ပိုင်း မလေးရှားမှာရှိတဲ့ မြန်မာလူမျိုးတွေရဲ့ ထောက်ခံအားပေးမှု လုံးဝမရှိတော့ဘဲ နိုင်ငံရေးသေသွားကြတဲ့ ပုံတွေပါ။ ဒီပုံတွေပါ ကျော်ကျော်နဲ့ NLD-LA (Malaysia) အဖွဲ့ ဟာ နိုင်ငံရေးအဖွဲ့ အတုလား အစစ်လားဆိုတာ စဉ်းစားလို့ရမယ် ထင်ပါတယ်။

http://www.4shared.com/embed/605758373/3198183e

http://www.4shared.com/embed/605758989/5b426839

ဒီအသံဖိုင်ကတော့ ကျော်ကျော်ရဲ့ NLD-LA (Malaysia) အဖွဲ့က မြန်မာလူမျိုးအလုပ်သမားဆီမှာ UN မှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတောင်းနေတဲ့အသံဖိုင်ပါ။ အဲလိုတောင်းထားတဲ့ငွေတွေနဲ့ ကျော်ကျော်ဟာ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းမှာ “အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ ရောင်းဝယ်ရေး” ဆိုင်ကြီးတခု ဖွင့်ထားပြီး စီးပွားရှာနေပါတယ်။ ဒီအသံဖိုင်ကို UNHCR-Malaysia ရုံးနဲ့ မလေးရှားအာဏာပိုင် အဖွဲ့အစည်းတွေကိုပါ တပါတည်းပို့ပေးပါအုံးမယ်။

ခုလောက်ဆိုရင်တော့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ဟာ မလေးရှားမှာ ဘယ်လိုအလုပ်မျိုးတွေ လုပ်ကိုင်နေထိုင်နေကြတယ်ဆိုတာ နိုင်ငံတကာက မြန်မာအသိုင်းအ၀ိုင်းများ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အဖမ်းခံလိုက်ရတဲ့ NLD-Youth (L.A Malaysia) အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သူများကတော့ ကျော်ကျော်ဦးဆောင်တဲ့ NLD-LA (Malaysia) ရဲ့ လုပ်ရပ်များနဲ့ပတ်သတ်ပြီး သဘောထားခြင်းမတိုက်ဆိုင်ကြတဲ့ NLD-LA (Malaysia) ရဲ့ အလောစတား (Alor Star) တာဝန်ခံ ကိုချစ်အေး၊ ပီနန်း (Penang) နယ်မြေတာဝန်ခံ ကိုကိုကျော်နှင့် NLD-LA (Malaysia) ရဲ့ အီးစီအဖွဲ့ဝင် ကျန်းမာရေးတာဝန်ခံ ကိုစံမြင့်သိန်းတို့ ဖြစ်ပါတယ်။

KL မှ အဖွဲ့အစည်းများရဲ့ လက်လှမ်းမမှီနိုင်သော နေရာရှိ မြန်မာဒုက္ခသည်များနှင့် ရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲများကို အဓိကထား လိုက်လံကူညီဖြေရှင်းပေးနေကြသူများ ဖြစ်ပါတယ်။ NLD-Youth (L.A Malaysia) မှ ဦးဆောင်၍ ၄င်းတို့နယ်မြေ၀န်းကျင်ရှိ မြန်မာဒုက္ခသည်များ၏ ကလေးငယ်များ ပညာတတ်မြောက်ရေးအတွက် စာသင်ကျောင်းတခု ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်ပါတယ်။

တဆက်တည်းပဲ သတင်းဌာနနဲ့ သတင်းထောက်များကို အကြံပြု မေတ္တာရပ်ခံလိုပါတယ်။ သတင်းတခုကို မြန်မာနိုင်ငံသားများ နားလည်အောင် ဘာသာပြန်ပြီးတင်ပေးတဲ့အပေါ်မှာ ကျေးဇူးတင်ပါတယ်။ ဒီသတင်းကို မှန်ကန်မှုရှိမရှိ အင်တာဗျူးမှတ်ချက်ပြုရာမှာ တဦးတယောက်တည်းရဲ့ ပြောကြားမှုကို ဇောင်းပေးပြီး သတင်းတင်လိုက်တာဟာ အပြုသဘောမဆောင်ဘဲ ဆိုးကျိုးများ များစွာဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရှိရပါသဖြင့် မြန်မာ့အရေးနှင့်ပတ်သတ်သော သတင်းများ အင်တာဗျူးမည်ဆိုပါက သုံးလေးဦးအားမေးမြန်းပြီး သမာသမတ်ကျသော ဖြေဆိုမှုများကိုသာ ဖော်ပြသင့်ပါတယ်။ ဒီစကားကို ပြောရခြင်းမှာလည်း မလေးရှားရှိ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများရဲ့ အခြေအနေကြောင့်သာ ဖြစ်ပါတယ်။ မိမိတို့ လုပ်ကိုင်နေသော သတင်းဌာန၏ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။

ကို ရဲ့ ကွန်မန့်မှာ ရေးထားတဲ့မေးခွန်းကတော့ အပေါ်က ပြောသွားတဲ့အထဲမှာ ပါနိုင်လောက်မယ်လို့ထင်ပါတယ်။ ကျနော့်အယူအဆကတော့ အဖွဲ့အစည်းတခုဟာ ရပ်တည်နေတဲ့ နေရာဌာနက မိမိလူမျိုးတွေရဲ့ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့ ဖြည့်ဆည်းစွမ်းဆောင်ပေးနိုင်မှုဟာ ပိုပြီးအဓိကကျမယ်ထင်ပါတယ်။ အဲဒီလိုလုပ်နိုင်ခြင်းဟာ ပြည်တွင်းကို ထောက်ပံ့ အချိတ်အဆက်လုပ်နေတာနဲ့ အတူတူပါပဲ။

မောင်ပါလ
၂၂.၅.၂၀၁၁


Myanmar Express

ဒီတစ်ပတ် ကမ္ဘာ့သတင်း

ငြိမ်းချမ်းခြင်းကို ဖော်ဆောင်နေသည့် နိုင်ငံများ



အကြမ်းဖက်ခြင်းတွေ ပပြောက်ရေး ကြိုးစားနေသည့် နေတိုးနှင့် အမေရိကန်


သူတို့ပြောတဲ့ ငြိမ်းချမ်းရေး


အိုင်ယာလန်ရောက် ဗြိန်တိန်ဘုရင်မကြီး လုံခြုံရေး စိုးရိမ်ရ


ဘင်လာဒင်သတင်းများ



79298152-osama-bin-laden.jpg

79330630-ecological-problem.jpg

79330633-under-the-nose-of-the-pakistanis.jpg

79330634-what-role-did-pakistan-play.jpg

79386582-operation-geronimo.jpg





Myanmar Express

မ ရယ် မောင်ရယ် မီဒီယာရယ်

မှတ်ချက် ( me = စိုင်းသိန်းဝင်း

မ == အိမ်ထောင်ရေး ဖေါက်ပြန်သူ အမျိုးသမီးရဲ့ နံမည် ကို လွှဲပြောင်းပေးထားသည့် နံမည်)

အမျိုးသမီး ရဲ့ ဂုဏ်သိက္ခာကို ထောက်ထားသဖြင့် နံမည်ရင်း နှင့် နဲ့ အလုပ်အကိုင် တွေကို ဖျောက်ထားပါသည်။

မ <မ@gmail.com> Thu, Feb 24, 2011 at 6:45 AM

11:07 PM မ: စိုင်း

me: ဗျာ

မ: ဓါတ်ပုံတွေပိုပေးမယ်နော်

11:08 PM me: happy!

မ: အခုမဟုတ်သေးဘူး

me: ရတယ်လေ

11:10 PM မ: နောက်တခါဖုန်းခေါ်လို့မရလို့ စိတ်ဆိုးရင်

11:11 PM ဘယ်လိုပြန်ချော့မလဲ

me: သီချင်းလေး ဖွင့်ပြမယ်လေ

11:12 PMမ: ဒါဆို အခုပို့ပေးနော်

11:13 PM me: စိတ်ဆိုးနေလို့လား

11:14 PM http://api.ning.com/files/zjgplRzSyeUSxvGsqzlZ4MrHYiLlrgsU1gvG6lvs7IkDhBKkgmdU2LhCVIkC3kiYaPaCgHfJz8HF78qapMksEJrIOmKlP3F8/MaMaChitLotMaPhyit.swf

8 minutes

11:28 PM စိုင်း

စောစောက လိုင်းပြတ်သွားတယ်

11:29 PM စိုင်း

5 minutes

11:34 PM me: ပြန်ရပီ

11:35 PM မ: စောစောကရေးတာ

ဖတ်ရလား

me: ဖတ်ရတယ်

11:37 PM ဟယ်လို

မ: ဖုန်းခေါ်လိုက်မယ်

11:39 PM me: ရတယ်လေ

ဒီကနေပြောလဲ

11:40 PM သူများပြောနေအုန်းမယ် မ ကို

32 minutes

12:12 AM me: ခနလေးနော်

17 minutes

12:30 AM မ: စိုင်း

ပြန်ရောက်ပြီ

ဘယ်သွားနေလဲ

5 minutes

12:36 AM me: ရေချိုးနေတာ

:)

12:39 AM မ: စိုငိး

ဒါဆိုရင်

စောစောက စိုင်းပြောတာမဟုတ်ဘူး

မ ဖုန်းခေါ်တုန်းက မကိုင်လို့

12:40 AM မေးကြည့်တော့

ရေချိုးနေတာဆို

အခုလည်း ရေချိုးနေတာလား

12:41 AM me: မဟုတ်ဘူး

ကျနော်ဖုန်းကိုရေချိုးခန်းထဲထိယူသွားတာ

ဘယ်သူမှ လာမဖြေဘူး ကျနော့်ဖုန်းနဲ့

အစောက ကျနော်တယောက်တည်းရှိနေတာ

ခု စကားလာပြောနေလို့

12:42 AM မ: ဓါတ်ပုံပို့ပေးရမလား

12:43 AM me: အင်း

12:46 AM ပို့လိုက်ပီလား

ခုနက ဖုန်းမလာပါဘူး

ကျနော် ဘာသံမှ မကြားဘူး

ရေပန်းသံနဲ့ မကြားရတာဖြစ်မယ်

12:48 AMမ: ကြည့်ပြီးရင် ပြန်ပြောနော်

အစောပိုင်းတုန်းက ဖုန်းခေါ်သေးတယ်လေ

အဲဒီတုန်းက ကိုစိုင်းကရေချိုးနေတယ်လို့ပြောတယ်

12:51 AM me: presenter နှစ်ယောက်က အဝေးကြီးပဲ

12:53 AM အပြင်မှာတွေ့ရင် ကျနော် ဒီတိုင်းနေနိုင်မှာ မဟုတ်ဘူး :D

12:56 AM မ: ထပ်ပို့ပေးမယ် ပုံအသစ်တွေလေ

me: အင်း

1:00 AM မ: ပုံတွေပို့လိုက်ပြီ

အခုပုံက

အ၇မ်းဖြူနေသလိုပဲနော်

1:01 AM မိတ်ကပ်များနေလား

1:02 AM စိုင်း

ကြည့်နေလား

me: အင်းကြည့်နေတာ

လည်ပင်းနဲ့မျက်နှာအရောင် match ဖြစ်ပါတယ်

လက်မောင်းရော

မြှောက်ပြောတာမဟုတ်ဘူးနော် ;)

1:03 AM လှတယ်

မ: :)

မွေးနေ့ကဒ်တွေလား

1:04 AM me: i m glad you're thoughful

မ: အထဲမှာရေးထားတာဘာလဲသိလား

me: i'm glad you're understanding

ဟင့်အင်း

ပြောပြလေ

1:05 AM မ: But most of all... I'm glad you are mine.

me: :)

1:06 AM So you let me be inside your heart?

မ: of course

it's because of your love

1:07 AM me: မ ပုံကို ကြည့်နေတာ

1:08 AM မ: ok

တကယ်တမ်းလှတဲ့မိန်းမတွေထဲမှာ မပါဘူးနော်

1:09 AM me: ကျနော့် အတွက် လုံလောက်ပါတယ်

တနေ့က swedish နှစ်ယောက်တွေ့တယ်

ကျနော့်ကို ကိုအေးချမ်းက မိတ်ဆက်ပေးတာ

1:10 AM ဒီဗီဘီအတွက် internet security လာလုပ်ပေးတဲ့လူတွေတဲ့

တော်တဲ့လူတွေပဲ

ကျနော့်ကို ရုရှားမှာ ဘာသင်လာလဲတဲ့

မ: အင်း

ရေးထားတဲ့ စာကို ခဏဖြုတ်ထားတယ်နော်

1:11 AM ရုံးမှာဆိုတော့လေ

me: Rocket Engines ဆိုတော့ awful တဲံ

အင်းပါ

မ: ဘာဖြစ်လို့လဲ

me: လူတိုင်းပဲ

1:12 AM ဂျပန်တွေနဲ့တွေ့တော့လဲ မင်းက Genius ပဲ ဘာညာနဲ့ မယုံနိုင်တဲ့ပုံမျိုး

တခါတလေမေးတာတောင် ပြောရမှာ တမျိုးကြီး

မ: ဟုတ်တာပေါ့

ပတ်ဝန်းကျင်ကြောင့်လေ

အခု စိုင်းက

အပြင်ရောက်နေတာလေ

1:13 AM me: အင်ဟင်

မ: အဲဒီလိုပညာရပ်တွေတပ်ထားတဲ့လူတွေအများစု

ရှိတဲ့နေရာမှ မဟုတ်တာ

သူတို့အတွက် အံသြနေမှာပေါ့

1:14 AM me: ဟို programist တွေဆိုလဲ သူတို့သိထားတတ်ထားတွေက နည်းတာမှ မဟုတ်တာ

1:15 AM ကျနော်က rocket ကတောင် ပရိုကရမ်ရေးတာထက် လွယ်အုန်းမယ်

ထင်တာပဲ

မ: မတူဘူးလေစိုင်းရဲ

လက်နက်ဆိုတော့

လူတွေက အထင်ကြီးတာပေါ့

1:16 AM စိုင်းကို စိတ်ဝင်စားတဲ့အထဲမှာ မ အတွက်အဓိက အဲဒါတွေမဟုတ်ဘူးနော်

မ အပေါ်မှာ နားလည်လို့

me: အင်းပါ သိပါတယ်

1:17 AM မ: တခုရှိတာက

ဘာလို့ အဲလောက်မြန်သွားလဲမသိဘူး

1:18 AM me: ကျနော် ပြောတာ မြန်သွားတာကိုး

1:19 AM မ မှာ ဆွဲအားတွေ ရှိတယ်

1:20 AMမ: ဟုတ်လား

အခုမှပဲ ကြားဖူးတယ်

me: အင်ဟင်

မယုံဘူးလား

1:21 AM မ: ကိုယ့်ကိုကိုယ်တောင်မသိဘူး

ဘာဖြစ်လို့လဲဆိုတော့

သူငယ်ချင်းတွေက ပိုပြီးလှကြတာကိုး

1:22 AM သူတို့နဲ့ယှဉ်သွားရင် လူတွေကသူတို့ပဲ

လှတယ်ဆိုပြိး ပြောကြဆိုကြ ဓါတ်ပုံရိုက်ကြ

ဆိုတော့

1:23 AM me: အင် အဲဒါက ဘယ်မှာဖြစ်တာလဲ

မ: အော် တခါတလေပါ

ပါတီပွဲတွေမှာလေ

me: သြော်

မ ရဲ့ သူငယ်ချင်းတွေကို ကျနော်မှ မတွေ့ဖူးတာ

မ: အိုကေ

me: ဟားဟားဟား

စတာပါ

1:24 AM မ: ကိုယ်နဲ့အနီးကပ်ဆုံးနေခဲ့တဲ့သူကလဲ

1:25 AM မိတ်ကပ်လေ နဲနဲပါးပါးလိမ်းရင် မျက်လုံးခြယ်ရင်

ရစရာမရှိတော့ဘူး ပြောတာလေ

တခါတလေ သမိးကိုတောင် ပြန်မေးရတယ် မေမေလှလားလို့

me: :D

မ: သမီးက အမြဲပြောတယ်

မေမေကအလှဆုံးတဲ့

အဲဒါနဲပဲကျေနပ်နေရတာ

me: အင်းပေါ့

1:26 AM မ: she said you are the best beautiful mom I ever seen

တဲ့

1:27 AM ဘယ်လောက်ချစ်စရာကောင်းလဲ

သူကို မြန်မာလိုပါပြောတတ်အောင် ကျင့်ပေးနေပေမယ့်

1:28 AM အင်္ဂလိပ်လိုပဲ အပြောများတယ်

me: အင်း ဒီက ခလေးတွေလဲ နော်ဝေလိုပဲ ပြောကြတော့တယ်

မ: စိုင်းကော

1:29 AM သမီးက မ နဲ့အတူအမြဲရှိနေမှာ စိုင်း

1:30 AM အဲဒါကိုလက်ခံလား

me: ရှိနေရမှာပေါ့

မ: :)

1:31 AM me: အမှန်ကတော့

သူ့အတွက် ကံကြမ္မာက မတရားသလိုဖြစ်နေတာ

1:32 AM မ: သမီးက နောက်ထပ်ညီမလေးမွေးပေးဖို့

ခဏခဏတောင်းဆိုတယ်

1:33 AM မောင်လေးမလိုချင်ဘူးတဲ့

me: အင်း..

မ: ဒါပေမယ့် လက်ရှိအခြေအနေမှာ မဖြစ်နိုင်ဘူးလေ

me: အင်းပေါ့

1:36 AM မ: စိုင်း

အနာဂတ်ကို ဘယ်လိုတွေးတာလဲဟင်

me: သူ့အတွက်လည်း အချိန်တွေ အများကြီးပေးရမှာပဲ

1:37 AM အဖေနဲ့ သမီးတွေက သံယောဇဉ်ကြီးတတ်ကြတယ်

1:38 AM မ: စိုင်းကိုမေးနေတာလေ

1:39 AM me: ကျနော်လား

မ အနားကို လာနိုင်အောင်ကြိုးစားမယ်

1:40 AM ဒါ ကျနော်ပဲဆိုတာ မ သိလာအောင် အရင် ပြမယ်

1:41 AM မ: မ က လာခေါ်မယ်ဆိုရင်ရော

1:42 AM me: ကျနော့်ကို အဲဒီလို ပုံစံမျိုးလာစေချင်လား

ဒါမှမဟုတ် ကျနော်နည်းကျနော့်ဟန်နဲ့လာစေချင်လား

မ: ဘယ်ဟာ ပိုပြီးမြန်မလဲဆိုတဲ့အပေါ်မှာ

မူတည်မယ်ထင်တယ်

1:43 AM me: မြန်မယ်.. အနာခံရမယ်

1:44 AM နာကျည်းသူတွေက..

1:45 AM မ: စိုင်းရယ် မ လေ အဲဒါကြောင့် အကန့်ခွဲပြီးပြောနေ၇တာ

မ အနေထားက အ၇မ်း စဉ်းစားရမှာ ပြီးတော့

စိုင်းကလည်း public figure

ဖြစ်နေတယ်

me: အင်းလေ..

1:46 AM နအဖ များသိရင် မြန်မာ့အလင်းထဲ ထည့်ရေးမလား မသိဘူး

မ: ဘယ်လိုလုပ်မလဲ

1:47 AM me: မ အခု ဘယ်လိုတွေ စဉ်းစားထားလဲ

မ: အများကြီးပဲ

အလုပ်ကလဲ အဓိကစဉ်စားတဲ့အထဲမှာပါတယ်

me: အင်းေ

လေ

1:48 AM ကိုယ့်ဘာသာရပ်တည်မယ်ဆိုရ၈်

အလုပ်က အဓိကပဲ

မ: **********

မအတွက်

ဘယ်လိုပြောမလဲ

1:49 AM me: ကျနော်ကလည်း ဆူရှီလိပ်မလား ကျောင်းဆက်တက်မလား စဉ်းစားရမယ်

မ: စိုင်းက ဒိရော်ကပြီဆို

အခွင့်အလမ်းတွေအများကြီးရှိတယ်

မ သိနေတယ်

မ လည်း ကူညီပေးလို့၇တယ်

1:50 AM me: အင်း.. အစွမ်းအစတွေက စမ်းသပ်ခွင့်မကြုံတော့

ဘယ်လောက်ရှိလို့ရှိမှန်းတောင် မသိတော့ဘူး

1:55 AM မ: http://thanhtut88.appspot.com/www.demowaiyan.co.cc/2011/02/blog-post_22.html

me: တွေ့ပြီးပြီ

1:56 AM ခု လူတွေက သတင်းတစ်ခုခုထူးတာနဲ့ ကျနော့် wall မှာ လာလာတင်ကြတယ်

:D

လိုက်ကြည့်စရာတောင်မလိုတော့ဘူး

6 minutes

2:03 AM Iမ: ဟုတ်ကဲ့ပါရှင်

2:04 AM me: ကျနော့်ကို ထွက်မလာခင်တုန်းက ဗေဒင်တွေ ဟောတာ မီဒီယာ လုပ်ငန်း နိုင်ငံရေးလုပ်ငန်းနဲ့ အကျိုးပေးသတဲ့

2:05 AMမ: :)

me: နိုင်ငံရေးလုပ်ငန်းတော့ မသိဘူး မီဒီယာ နဲ့တော့ အကျိုးပေးတယ်နော်

မီဒီယာ မမ တစ်ယောက်တောင် ချစ်သူ ရနေပီ :D

2:06 AM မ: စိုင်း

မ ကို တကယ်ချစ်လား

2:07 AM me: ဘာဖြစ်လို့မေးတာလဲ

အရမ်း.. ချစ်တယ်

2:08 AM မ: မလည်း အရမ်းချစ်တယ်

စိုင်းကို သေချာတောင်မြင်ဘူးသေးတာမဟုတ်ဘူး

2:09 AM ဒါပေမယ့် စိုင်းကို စိတ်ထဲမှာ ရင်းနှီးနေတယ်

2:10 AM တခြားအရာတွေဖယ်ထားပြီးပြောရမယ်ဆိုရင်

စိုင်းနဲ လူချင်းတွေရမှာလည်း ကြောက်တယ်

me: ဘာဖြစ်လို့

2:11 AM ကျနော့်ကိုကြောက်တာလား

:)

မ: စစ်သားဖြစ်နေလို့

me: ဖြစ်ရလေ

2:13 AM ကျနော်က facebook မှာတင်ထားတဲ့ပုံတွေထဲကလောက် တောင်ကြည့်မကောင်းတော့ဘူး

2:14 AM မ: အဲဒါက အရေးမကြီးဘူးလေ

:)

မ ရဲ့ ကိုယ်အလေးချိန်က အခု ၁၃၀ ပေါင်လေ

2:15 AM ဒီထက် မပိုအောင်ထိန်းနေ၇တယ်

ပြီးတော့

စိုင်းအတွက် မ ကလှနေရင်ပြီးတာပဲ

ဟုတ်တယ်မဟုတ်လား

2:16 AM me: 130 ဆို မဝ ပါဘူး

2:17 AM မ: ဓါတ်ပုံထဲမှာ

ဝ နေလိုလား

ဒီထက်တောင်ပိန်ချင်သေးတာ

မျက်နှာ အ၇မ်းကျနေမှာစိုးလို့

2:18 AM ဒါပေမယ့် ၀ိတ်ကို ဒီထက် ထပ်ချဖို့စိတ်ကူးထားတယ်

me: တအားပိန်ရင်လည်း မကောင်းပါဘူး

မ: ပြီးတော့ ညညကောင်းကောင်းအိပ်လို့မရဘူး

me: အရပ်နဲ့ ဝိတ်အချိုးကို ထိန်းနိုင်ရင်တော်ပီပေါ့

2:19 AM မ: အဲဒါဆိုရင်တော့ အတော်ပဲ

၅ပေ ၃ က

me: အင်းလေ

မ: အလေးချိန် ၁၃၀နဲ့ ၁၃၅ ကြားမှာ ရှိရမှာလေ

ဒီကစံနှုန်းပြောတာပါ

ဒါပေမယ့် မ ထပ်ပြီး ၀ိတ်ချချင်တယ်

me: အင်း တော်ပီပေါ့

မ: ကြိုးစားကြည့်မယ်

2:20 AM me: ကျနော်လည်း ဆေးလိပ်ဖြတ်မယ်

ဝိတ်လည်းချမယ်

မ: စိုင်း

လိုင်းပေါ်မှာ၇ှိနေနော်

မ အလုပ်လုပ်လိုက်အုံးမယ်

2:21 AM me: လုပ်

me: အင်း

မ: သူကိုအ၇မ်းကြိုက်တယ်

ထိုင်းက သူငယ်ချင်းပိုပေးတာ

me: သြော်

2:23 AM မ: မ လေ ရှမ်းရိုးရာဝတ်စုံကို ထိုင်းမှာကတည်းက အ၇မ်းကြိုက်တာ

ဒါပေမယ့် ရှမ်းတယောက်ကို ချစ်လာမယ်လို့ စိတ်ကူးတောင်မရှိခဲဘူး အဲဒီအချိန်က

2:24 AM me: ;)

6 minutes

2:47 AM မ: :)

me: wanna kiss you right now

2:48 AM မ: :)

2:51 AM သတိရလို့ပြောထားအုံးမယ်

မ ရဲ့ဓါတ်ပုံတွေကို

2:52 AM တခြားသူတွေမမြင်စေနဲ့နော်

me: စိတ်ချ

5 minutes

2:58 AM မ: စိုင်း မိန်းကလေး ဘယ်နှစ်ယောက်ကို နမ်းခဲ့ဘူးလဲ

me: မပြောဖူး သတ်ချင်သတ်လိုက်

2:59 AM မ: ဘာလို့အဲလောက်တောင်ပြော၇တာလဲ

မေးနေတာလေ

ဘာလို့မဖြေချင်တာလဲ

3:00 AM me: မ စိတ်မကောင်း မှာစိုးလို့

:)

3:01 AM အများကြီး မနမ်းဖူးပါဘူး

မ: အင်းဒါဆို စိုင်း မကိုနမ်းရင် အရည်ပျော်သွားမယ်ထင်တယ်

3:02 AM me: ဘာဖြစ်လို့ .. မတတ်ပါဘူး

3:03 AM မ: မက ပိုပြီးနမ်းတတ်တယ်

3:04 AM စိုင်း

နောက်တာနော်

ဆက်ပြီးအလုပ်လုပ်လိုက်အုံးမယ်

3:08 AM စိုင်း

ဘယ်ရောက်သွားလဲ

3:10 AM me: လေးနာရီထိုးတော့မယ်

မျက်စိသွားစမ်းမယ်ဆို

သူများစကားလာပြောလို့

မ: ဟုတ်သားပဲ

3:11 AM ဖုန်းဆက်လိုက်အုံးမယ်

ဘယ်နှစ်နာရီလဲလို့

15 minutes

3:26 AM မ: ၅နာရီ ၁၅ မှတဲ့ ဒီနေ့ဓါတ်ပုံတွေပို့ပေးတာ ကျေနပ်လား

14 minutes

3:40 AMမ: ကိုစိုင်း

13 minutes

3:54 AM me: မ ပုံပို့ပေးတာရော ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းတိုင်း တစ်ခွန်းတိုင်းအတွက် ကျေနပ်တယ် ကြည်နှူးတယ်

အိမ်ကို ပြန်ရအုံးမယ်နော်

နာရီဝက်လောက်ကြာမယ်

အလွန်ဆုံး ၄၅ မိနစ်ပေါ့

စက်ခန ပိတ်ထားမယ်

3:55 AMမ: အိုကေ

ဂရုစိုက်ပြန်နော်

me: အင်း

45 minutes

4:41 AM me: အိမ်ပြန်ရောက်ပီ

39 minutes

5:21 AM မ: စိုင်း

မ ဖုန်းခေါ်တာမ၇ဘူးလား

me: ဗျာ

ခုန က ဝင်တယ်

မ: တခါပဲလား

me: ဟုတ်တယ်

မ: နောက်ထပ်ထပ်ခေါ်သေးတယ်

me: ဒုတိယ တခါက ကိုသန်းဝင်းထွဋ်နဲ့ engage ဖြစ်သွားတယ်နဲ့တူတယ်

5:22 AM သူကျနော့်ကို ဖုန်းအကြာကြီးခေါ်သေးတယ်

မ: ဒီတခါ တကယ်စိတ်ဆိုးသွားတယ်

me: ဘာဖြစ်လို့

မ: မ က ဖုန်းပြောချင်လို့

ခေါ်ပါတယ်

me: ကိုသန်းဝင်းထွဋ်နဲ့ ကျနော် စကားများထားတာ

သူက သူမှားထားလို့ စကားရောဖောရော လာပြောနေတာ

5:23 AM ကျနော်လည်း အလိုက်အထိုက်မပြောရင် စိတ်နုရာကျမှာစိုးလို့ ပြန်နားထောင်ပေးနေရတာ

စိတ်မဆိုးနဲ့နော်

5:24 AM မ: စောစောက ဆရာဝန်ဆီရောက်နေတာ

me: ဟုတ်လား

မ: စောင့်နေ၇တာနဲ အချိန်ရလို့ဖုန်းခေါ်မယ်ဆိုပြီး

me: မြန်လှချည်လား

မ: ခေါ်တာ

me: အင်း

မ: ဟုတ်တယ်

5:25 AM မက မျက်ကပ်မှန်ကို တပ်လိုက်ဖြုတ်လိုက်လုပ်၇မယ်

တချိန်လုံးတပ်ထားဖိုမလိုဘူးတဲ့

me: ဟုတ်တယ်လေ

မ: ကွန်ပြူတာ၇ိုက်ရင်း ဖြုတ်ထားပါတဲ့

me: အင်း

5:26 AM အမှန်က ကွန်ပျူတာ သုံးရင် muticoated glasses ပဲတပ်တာကောင်းတယ်

မ: ဟုတ်တယ်

5:27 AM ဒါနဲ့ ကိုသန်းဝင်းထွတ်က

စကားဘာမှားထားလဲ

me: သြော်

facebook မှာ ရန်ကုန်က လူတစ်ယောက်ကျနော့်ကို လာပြောတယ်

သူ့တို့ရပ်ကွယ်မှာ fatherland company က ဦးသိန်းစိန်နဲ့ ပိုင်တယ်ဆိုပြီး သောင်းကျန်းနေတယ်တဲ့

5:28 AM အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲမေးတော့

ကျနော်က မီဒီယာ တစ်ခုခုကို စာရေးလိုက်လေ လို့ အကြံပေးလိုက်တာ

တခြားတစ်ယောက်က talk2dvb လိပ်စာကို cm နဲ့ ဝင်ညွှန်းသွားတယ်

5:29 AM အဲဒါ သူလည်း စာပို့လိုက်တယ်

နောက်တော့ ကျနော့ကို chat မှာလာလာမေးတယ်

ဘယ်နေ့လွှင့်လဲ ဘာညာနဲ့

မ: အဲဒါတွေတယ်

ဘာသဘောလဲဟင်

me: ကျနော်က ကိုသန်းဝင်းထွဋ်ကို ပြန်မေးပေးရတာပေါ့

မ: အော်

me: နောက်တော့ အဲဒီအစီအစဉ်လွှင့်မယ့်နေ့မှာ ကျနော့်ကို ထပ်မေးတယ်

5:30 AM ကျနော်လဲ ကိုသန်းဝင်းထွဋ်ကို ထပ်ပြော

သူက မေးလ်ကို ပြန်ရှာမတွေ့

လုံးလည်ချာလည်လိုက်နေတာ

နောက်အဆင်ပြေသွားတယ်

အဲဒီမှာ ကျနော်က ပြောလိုက်တာ

ကိုသန်းဝင်းထွဋ်ကို

“လူတွေက ကျနော့်ကို ဒီဗီဘီ အောက်မေ့နေလား မသိဘူးဗျာ”ဆိုပြီးတော့

အဲဒီမှာ သူက ပြန်ပြောတာ

5:31 AM နောက်တခါဆိုရင်မေးလိုက်တဲ့

“လူကို ဒီဗီဘီ မယားငယ်များ အောက်မေ့ နေလား..လို့မေးလိုက်တဲ့

အဲဒါ ကျနော် တော်တော်စိတ်ဆိုးသွားတယ်

မ: အ၇မ်းမိုက်၇မ်းတယ်နော်

အဲဒါမျိုးပြောထွက်တာလေ

5:32 AM me: ကျနော်ကို ဒီဗီဘီက တပိုင်းတစထောက်ပံ့ထားတာ ရှိတယ်လေ

နောက်တော့ သူလွန်သွားတာ သိလို့ သူနဲ့ ဘီယာလာသောက်ပါလား ဆိုပြီးခေါ်တယ်

5:33 AM ကျနော်က “မယားငယ်ဆိုတော့ ဘီယာအတူတူလာသောက်လို့ မဖြစ်ပါဘူးဗျာ”လို့ပဲပြန်ပြောလိုက်တယ်

နောက် မဆက်ဆံတော့ဘူး

5:34 AM မ: ပွင့်ပွင့်လင်းလင်းပြောရရင် အဆင့်အတန်မရှိဘူး

အဲဒီလူကလေ

ထားလိုက်ပါတော

အတွင်းကျကျမပေါင်းသင်းရင်ပြီးတာပဲလေ

5:35 AM မက ထိုင်းမှာကတည်းက ပုံစံကို ကြည့်လို့မ၇တာ

မေးထူးခေါ်ပြောလိုက်ပဲရှိတယ်

5:36 AM me: အင်း..

ကျနော့်ထက်ကြီးပါတယ်

အကိုအရွယ်ပါ

ဒါပေမယ့် ထိန်း”သိမ်း”မရှိဘူး

စကားပြောတာ.. လူကြီး မဆန်ဘူး

5:37 AM ကျနော်က ပြန်သည်းခံနေရတယ်

မ: ထိုင်းကအိမ်မှာ လာပြီး စားသောက်လေ့၇ှိတယ်

me: အင်း

မ: ဒါပေမယ့် မက စကားမပြောဖြစ်ဘူး

လူတကာအတင်းပြောနေလို့လေ

me: အင်း

5:38 AMိကိုယ်ထက်သာရင် မနာလိုဘူး

မ: ဘယ်သူကဘယ်သူနဲ့ ဘယ်လိုဖြစ်တာ

ဘယ်လိုချကြတာ

me: ကိုယ့်ထက်နိမ့်ရင် နှိမ်တယ်

မ: ဘယ်က ဘာဖြစ်တာဆိုတာ သူပြောမှသိရတယ်

ဟုတ်တယ်

me: အင်း

5:39 AM မ: မစိတ်ကတခု၇ှိတယ်

အဲလို အဆင့်အတန်းမရှိတဲ့သူကို

လုံးဝလူရာမသွင်းတာလေ

သူတို့လည်းသိတယ်

5:40 AM me: အင်း စစ်ဗိုလ်ဖြစ်ခဲ့တာ အင်ဂျင်နီယာဖြစ်ခဲ့တာ အဲဒီအကြောင်းတွေ လုံးဝ ပြောလို့မရဘူး

ရုရှားက အကြောင်းတွေ

ပြန်ပြောမိရင် ကြွားပါတယ်ဆိုပြီး ဘာမှန်းလဲမသိဘူး

5:41 AM ကျနော်လဲ သူငယ်ချင်းတွေ ပတ်ဝန်းကျင်ဟောင်းတွေကို သတိရတဲ့အခါ ပါးစပ်ကလွှတ်ခနဲပြောမိတာရှိတယ်

5:42 AM တပ်ထဲမှာ ရဲဘော်တွေနဲ့ ဘယ်လို ပျော်စရာကောင်းတာ

ရုရှားရောက်မှ တက္ကသိုလ်ကျောင်းသားဘဝကို ရတာ အဲဒါတွေ သူတို့ရှေ့ပြောမိရင် လုံးဝ irratate ဖြစ်တာ

သူတို့အတွက်

5:45 AM မ: အရမ်းဆိုးတာပဲ

5:47 AM ပိုတောင်ဗဟုသုတရသေးတယ်

me: အင်း

မ: ကိုစိုင်းကကြုံလို့ပြောပြတာဆိုရင်

5:48 AM စိုင်း

မ အခုမှ မနက်စာနဲ့ ညစာ ပေါင်းစားနေတာ

me: ကျနော် ရောပဲ

ခုနလေးတင် စားပီးသွားတာ

မ: တရုတ်ဆိုင်က ကြာဇံကျော်စားနေတာ

ကြော်

me: ဂွတ်

ကြိုက်လားကြာဆံကြော်

မ: အ၇မ်းကြိုက်တယ်

5:49 AM me: ငယ်ငယ်က သိပ်မကြိုက်ဘူး

ကြီးမှ

မ: အခုပိုလိုက်တဲ့ပုံက

မနက် တုန်းက

5:51 *******

********

နှုတ်ဆက်ပွဲလုပ်တာ

တွေလား

5:52 AM me: မကြည့်ရသေးဘူး

ကြည့်လိုက်မယ်

မ: အိုကေ

5:55 AM မ : ***တို့ပုံကြည့်ရင်ပို့ပေးမယ်

me: ဟင့်အင်း မ ပုံပဲ ကြည့်ချင်တယ်

5:56 AM မ: ရှေကိုဘယ်လိုလျှောက်ရမလဲ

တခါတလေ မပြတ်မသားဖြစ်နေ၇တဲ့ အခြေအနေကို

၇င်ဆိုင်နေ၇တယ်

နိုင်ငံရေးစကားအရပြောမယ်ဆိုရင်

5:57 AM transition ချောမွေအောင်ဘယ်လိုလုပ်ရမလဲ

ဒီဘက်အသိုင်းအ၀ိုင်းတင်မကဘူး သတင်းစာတွေမှာပါရေးခံရရင်တော့ မလွယ်ဘူး

me: တစ်ဆင့်ချင်းစီ လုပ်ရတယ်

ဟားဟားဟား

သေချာတယ်

5:58 AM မ ကျနော့်ကို လာခေါ်မယ်လို့ပြောတော့ ကျနော် အရမ်းပျော်သွားတယ်

အဲဒီလောက်ထိ စဉ်းစားထားလို့ပါ

5:59 AM ဒါပေမယ့် သူများတွေ ကျနော့်ကို ဘယ်လိုပြောမလဲဆိုတာကိုရော တွေးမိလား

မ ကိုရောပေါ့လေ

6:00 AM ကရင်းကဒ်ရဖို့အရေး သူများ အိမ်ထောင်ရေးကို ဖျက်တဲ့...အင်း...

6:01 AM မ: စိုင်းအထင်ကိုပြောနေတာလား

me: ထင်တာ မဟုတ်ပါဘူး

တွက်ထားတာ

ကျနော် အဲလို လုပ်မှာ မဟုတ်ဘူး

မ: :)

6:02 AM me: မ ရဲ့ စိတ်ကို ရရင်ပဲ ကျနော် ကျေနပ်ပါတယ်

6:03 AM မ: ဒါပေမယ့် လက်တွေ့အခြေအနေကို

အကောင်းဆုံးဖြစ်အောင်ဘယ်လိုဖြတ်သန်း၇မလဲ

6:04 AM ဆိုတာ စဉ်းစားရမယ်နော်

စောစောက ကိစ္စတခုပေါ်လားလို့ ***ဖုန်းဆက်ဖြစ်တယ်

အစကတော့ ကောင်းကောင်းသူပြန်မပြောဘူး

မ ကအေးအေးဆေးဆေးပဲမေးတော့

6:05 AM ပြန်တော့ပြောပါတယ်။

me: အင်း

မ: ဒါပေမယ့် မ သူကိုဆက်ပြီးမလိမ်ချင်ဘူး

သူကိုပြောနေတယ်ဆိုရင် စိုင်းကို

me: အင်း

မ: မ သစ္စာမရှိရာရောက်မယ်လေ

6:06 AM******

me: အင်းပေါ့

6:07 AM မ: စိတ်ညစ်စရာတွေပဲနော်

ဘာဖြစ်လို့ စိုင်းကို မ သွားတွေလဲမသိဘူး

me: :)

6:08 AM မ: သွားပါ။ မ ကဖုန်းခေါ်ရင် မကိုင်တာနဲ့ပဲကြုံနေ၇တာလေ

6:11 AM စိုင်း

me: ဟင်

မ: မရဲ့အသံက စွဲဆောင်မှု၇ှိတယ်လိုကထင်လား

me: ဟင်းဟင်း

6:12 AM မ: ဘာလိုရီတာလဲ

အကောင်းမေးနေတာ

me: အဖြေကို သိရဲ့သားနဲ့

6:15 AM မ:

ဒီနေ့အရမ်းကံကောင်းတယ်

စိုင်းနဲ့အကြာကြီးပြောလိုရတယ်

အလုပ်တွေကပြီးနေပြီလေ

me: ကျနော့် အတွက်လဲကောင်းတာပေါ့

me: massage လုပ်ပေးမယ်

6:18 AM မ: အခုလုပ်ပေးနိုင်ရင်ကောင်းမယ်

အ၇မ်းညောင်းနေတယ်

me: :)

မ: မရဲအတွေအကြုံပြောရရင် အချစ်ဆိုတာ ထိုက်တဲ့သူနဲ့မှရတာ

6:19 AM ကိုယ်ကပေးနေပေမယ့်လည်း မယူဘူးဆိုရင်အလကားပဲ

ကိုယ်ကလည်း တဘက်ကပေးနေပေမယ့် မယူဘူးဆိုရင် မရဘူးပေါ့

************

6:29 AM me: အင်း

6:31 AM သွားတော့မှာလား

မ: နောက်ထပ် ၁၀ မိနစ်လိုသေးတယ်

6:32 AM စိုင်း သေချာစဉ်းစားနော်

me: ဟမ်

မ: :)

ချစ်လို့စတာ

စိုင်းက အခု ၀ နေလား

me: ဝ တာပေါ့

မ: ဘယ်လောက်ရှိလဲ

6:33 AM me: ချိန်ကို မကြည့်မိဘူး

မ: မ မောင်တွေ တူတွေလဲဝနေလို့

me: များတာတော့ အမှန်ပဲ

မ: ၀ိတ်တွေလျော့ခိုင်း၇တယ်

သားကြီးဆိုရင် ၁၃ နှစ်ပဲ၇ှိသေးတယ်

me: ကျနော်လဲ လျော့ရမယ်

မ: ၁၈၀ လောက်ရှိနေပြီလား

ဒီထက်များလားတောင်မသိဘူး

me: အင်း

မမေးနဲ့

6:34 AM မ: မက တူတွေကို အရမ်းချစ်တာ

******

me: အဲ

မ: fb မှာ သူတိုနဲ့တွဲ၇ိုက်ထားတဲ့ပုံတွေ အကုန်ဖျက်ပစ်တယ်

မအရမ်းစိတ်ဆိုးတာပဲ

me: ဒုက္ခ

6:35 AM ခုရေးနေတာတွေ့ရင် ရူးသွားမလားမသိဘူး

ဒေါသထွက်လွန်းလို့

ကျနော် သူများကို မပူလောင်စေချင်ဘူး

မ: ဟုတ်တယ်

မ လည်းဒီအတိုင်းပဲ

6:36 AM သူက ဖြစ်တာကအ၇မ်းဆိုးတယ်

ဘယ်လိုမှ နားလည်လို့မ၇ဘူး

me: အင်း.. သူကပဲ မ ကို တဖက်သတ်ချစ်နေခဲ့တာလား

6:37 AM သူချစ်တဲ့ အချစ်ကို မ သိအောင် မပြတတ်တာလား

မ: ဘယ်လိုပြောရမှန်းတောင်မသိဘူး

ဒါပေမယ့် မ ဘက်ကပဲ အလျော့ပေးရတာကတော့သေချာတယ်

နှစ်ယောက်စလုံးအလုပ်လုပ်လို့ တာဝန်တွေခွဲမလားဆိုတော့

6:38 AM သူက ပိုပြီး advantage ယူတယ်

မ ကအဲဒါတွေမတွက်ခဲ့ပါဘူး

6:39 AM သူငယ်ချင်းတွေတွက်ပြမှ နားလည်တာ

6:40 AM တခါတလေ ဘာလို့ အဲလောက်တုန်းလဲမသိဘူး

me: :)

6:41 AM ကျနော်က ကြင်နာတတ်လား?

အလိုက်သိလား?

6:43 AMမ: စိုင်းလား အကုန်လုံးပဲ

နောက်တော့မသိဘူး

me: အိုခေ

မ: အဲဒါကြောင့်ပြောတာပေါ့

ချစ်တယ်ဆိုတာကို မ မှာကြောက်နေတာ

:)

6:48 AM me: သွားပီလား

စိုင်းသိန်းဝင်း လုပ်နေတာ ဒီပုံအတိုင်းဘဲ


Myanmar Express