Subscribe to our RSS Feed

မလေးရောက်သစ္စာဖောက် (Remix)

ရွှေတစ်ယောက်..
မလေးရောက်စ..
စကားက..မပေါက်
မတောက်တခေါက်နဲ့.......
Ini (အိနိ..ထိုနည်းလည်းကောင်း)မကြာမကြာသုံးပြီး
အလုပ်တွေကြိုးစား...
အပေါင်းအသင်းလည်းမများ.....
ဘယ်ကိုမှလည်းမသွား...
ခေါက်ဆွဲနဲ့ ကြက်ဥတွင်တွင်စားရင်း
ပြောင်းပြန်သွားကားလမ်းတွေကို..
မရဲတရဲ..ကူးနေရတယ်........၊၊

ဘုရားတရား..ပွားများ..
အိမ်အကြောင်း..စဉ်းစား...
စီးပွားရေးအကြောင်း..စဉ်းစား...
အလုပ်တွေအရမ်းလုပ်....
ငွေထုတ်တာနဲ့ အမြန်ပို့...
အဖေ..အမေဘို့..သားမယားဘို့.....၊၊
ကိုယ့်ဘို့တော့နည်းနည်းချန်...
ရှိတာလေးနဲ့ ကြံဖန်စား...
ခေါက်ဆွဲ တစ်လှည့်..ကြက်ဥတစ်လှည့်နဲ့..
မိသားစုတွေ..အပေါ်မှာငဲ့...
အော်.....တော်ရှာပါရဲ့............၊၊

ဒီလိုနဲ့....
ကျင်လည်တာ..ကြာခဲ့ပေါ့...
တစ်နှစ်တာ....။
ခုတော့....စကားလည်း..အတော်ပေါက်..
မာကန်းလားမီနွန်းလားနဲ့ 
ရသမျှပိုက်ဆံအိပ်ထဲထည့်
အပေါင်းအသင်းတွေနဲ့...
မြန်မာဆိုင်တွေ..ခဏခဏရောက်....
အရက်..ဘီယာ ကြုံသလိုသောက်...
တစ်ခါတစ်ခါ..ဟိုအတန်းရောက်..........၊၊
အလုပ်ရှင်ကိုလည်းမကြောက်....
ရဲ..ဆိုတာလည်းမကြောက်....
မိသားစုကိုလည်းခေါက်
ကြက်ဥနဲ့..ခေါက်ဆွဲပေါ်မှာ...
သစ္စာဖောက်.......၊၊
ဒီလိုနဲ့..ရွှေတစ်ယောက်...
အိမ်ကိုလည်း..ငွေမရောက်တော့ပေ...........၊၊

နောက်ဆုံးပြီး နိဂုံး
ပညာမဲ့တွေနဲ့ လက်ကြောမတင်းတွေ
စုပေါင်းတွေဝေရာ လမ်းကိုပြောင်း
နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင်
ယူအန် (UN) ယောင်ယောင်၊ အယ်လ်အေ (LA) ယောင်ယောင်လျှောက်
မျက်စိသူငယ် နားသူငယ်ဘဝကနေ
ပြည်သူတစ်ရပ်လုံးအတွက် အလုပ်လုပ်နေတဲ့
သူရဲကောင်းဘဝ တစ်ခါတည်း တန်းရောက်

ဟိုဘလော့ဝင်ဆဲ ဒီဘလော့ဝင်ဆဲ
ကိုယ့်အဖေလာက်ရှိလဲဆဲဖို့ဝန်မလေး
အဘိုးလောက်ရှိလဲဆဲဖို့ဝင်မလေး
တစ်နေ့တစ်နေ့ ငရဲတွင်းဘေးမှာ အချိန်ကုန်
တစ်နေကုန်အလေလိုက်
တယ်မိုက်တဲ့ ငါပါလား......




Myanmar Express

4 comments:

ကျွန်တော့သူငယ်ချင်းရေးထားတဲ့ ကဗျာပါ တင်တာတော့ မပြောတော့ပါဘူး ဒါပေမယ့် မူရင်းဆိုက်လေးကိုတော့ ပြန်ညွှန်းပေးသင့်တယ်ထင်တယ်

ဆော်ရီး မစ်လုပ်ထားတာလား ဒါပေမယ့် မူရင်းကိုတော့ ညျွန်းပေးလိုက်ပါအုံးဗျာ

ဒီကောင်ဘာလာကြောင်နေတာလဲ
မင်းသီငယ်ချင်းက ဘယ်သူလဲ ပြောပါအုံး

မလေးရောက်မှ လူ့အခွင့်အရေးအကြောင်းပိုနားလည် လာလို့ ဖောက်ရတာ နေမှာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်