Subscribe to our RSS Feed

ခမောက်အစား ထီး နှင့် တိရစ္ဆာန်ပုံ အသုံးပြုရန် ဒေါ်အောင်ဆန်းစုကြည်ညွန်ကြား

ရွေးကောက်ပွဲမတိုင်ခင် NLD အတွင်း ကြီးမားတဲ့ အကွဲ အပြဲတွေဖြစ်ခဲ့တာ အားလုံးသိပြီးဖြစ်ပါတယ်။ NLD တွင်းမှ လူငယ်များက NLD ကို လက်မခံပဲ ခွဲထွက်သွားပြီး NLD တွင်းမှာ အဖိုးကြီး အဖွားကြီးတွေကိုပဲ ချန်ထားခဲ့ပါတယ်။ ဒါ့အပြင် NLD အဖွဲ့ဝင်အားလုံးရဲ့ ခေါင်းပေါ်မှာ မူလက ရှိနေတဲ့ ဒေါင်း တိရစ္ဆာန် ပုံနဲ့ ခမောက် ပုံ ရှိခဲ့ရာမှ ခမောက်ကိုပါ ဖြုတ်ယူသွားခဲ့ပါတယ်။ မကြေနပ်ကြပြီး ခမောက် လုပွဲကြီးလည်း အပြင်း အထန်ဖြစ်ခဲ့ ပါသေးတယ်။ နောက်ဆုံးတော့ NLD ခေါင်းပေါ်က ခမောက်နေရာမှာ နောက်ထပ် တိရစ္ဆာန်တစ်ကောင် အစားထိုးခဲ့ရပါတယ်။ ဒါ့အပြင် အရင်လို ကို့ရို့ကားယား ခမောက် တကားကားနဲ့လူများလည်း ပျောက်ကွယ်သွားပါတော့တယ်။ ပါတီပျောက်၊ လူငယ်ပျောက်၊ တံဆိပ်ပျောက် တဲ့အပြင် ခုဆိုရင် ဟုတ်တိပါတ်တိ နဲ့ သမ္မာကို လှမ်းဖားကာ အသိမှတ်ပြုပေမယ့် သမ္မတက စာရင်းထဲမထည့်တဲ့အတွက် သိက္ခာလည်း ပျောက်နေပါပြီ။ နောက်ဆုံး ၅ လ ကျော် ၆ လ အတွင်းမှာ ဘာအလုပ်တစ်ခုမှ မလုပ်ပြနိုင်လို့ ပြည်သူတွေကလည်း အယုံအကြည် ပျောက်နေပါတော့တယ်...။


အရင်တုန်းက ခမောက် ငါတို့ရဲ့ခမောက်

ခမောက်နေရာကို တိရိစ္ဆာန်ကို အစားသွင်းတာ ကောင်းပါတယ်

တရုတ်ကားတွေပြတဲ့မြဝတီကိုပဲ အပြစ်တင်ရမလား

ခမောက် သူများ.ယူသွားလို့ ထီးနဲ့ပဲလန်းတော့မယ် (မှတ်ချက် - မိတ်အင် ယူအက်စ်အေ မှသုံးသည်)

ခမောက်က တောကျတယ် ထီးက ခေတ်မှီတယ်

ထီးများဖွင့်ပြီး NLD ကို ပြည်သူများက ကြိုဆိုခဲ့ကြ

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်