Subscribe to our RSS Feed

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘန်ကောက်မြို့တွင် လှည့်လည် လေ့လာ

From : ..မြဝတီ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၂၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်းနှင့် စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်တို့ လိုက်ပါလျက် ဘန်ကောက်မြို့ရှိ  Grand Palace သို့ ရောက်ရှိကြကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးပြီး Grand Palaceအတွင်း လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြဘုရားသို့ ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ မြဘုရားအား ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူကြပြီး ဓမ္မဒါန လက်ဆောင်အဖြစ် မြဘုရား ပုံတူအား ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Wat Pra Chetupon သို့ ရောက်ရှိကာ လျောင်းတော်မူ မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုပြီး လက်ယာရစ် လှည့်လည် ဖူးမြော်ရာဘုရား အကျိုး တော်ဆောင် ဆရာတော်မှ လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလှူငွေများ ပေးအပ်လှူဒါန်းရာ အကျိုးတော်ဆောင် ဆရာတော်မှ လက်ခံရယူပြီး ဘုရားသမိုင်း စာအုပ်များအား ဓမ္မဒါန လက်ဆောင် အဖြစ် ပြန် လည် ပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

ဆီးဂိမ်း မတိုင်ခင် မြန်မာ-ဖိလစ်ပိုင် (၂) နိုင်ငံ ချစ်ကြည်ရင်းနီးမှုပြသည့်အနေဖြင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် သမ္မတ နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ

From : ..မြဝတီ


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Alex G.Chua အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

.. www.MyanmarExpress.net
 

အမေရိကန် သမ္မတပုံစွဲသဖြင့် သံရုံးမှ သေချာဖိတ်ကြားခံရသည့် အာကာကျော်အား မြန်မာသမ္မတပုံစွဲသဖြင့် မြန်မာဥပဒေ အရ ဒဏ်ငွေပေးရမှုကြောင့် အဆောင်အယောင်မလိုသည့် သမ္မတကြီးဦးသိန်းစိန် ကို လူထုပိုမိုလေးစား

From : ..dvb


သမ္မတဦးသိန်းစိန်ရဲ့ပုံကို နံရံမှာ ဂရပ်ဗတီ ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော် ဒဏ်ငွေ ၁ သိန်း ပေးဆောင်လိုက်ရပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ပုံကို ချော်တွင်းကုန်း မီးပွိုင့်အနီးက အုတ်နံရံမှာ ဂရပ်ဗတီ လို့ အမည်တွင်တဲ့ နံရံပေါ်ပန်းချီရေးဆွဲခဲ့တဲ့ ကိုအာကာကျော်ကို လှိုင်မြို့နယ် စည်ပင်တရားရုံးက ဒီကနေ့ ဒဏ်ငွေ ၁ သိန်း ချမှတ်လိုက်ပါတယ်။

ခြံနံရံပိုင်ရှင်က ဘာမှမပြောပေမယ့် စည်ပင်သာယာက အရေးယူခဲ့တာ ဖြစ်တဲ့အတွက် နောက်အဲဒီလိုနေရာတွေမှာ မရေးဆွဲတော့ဘူးလို့ ကိုအာကာကျော်ကပြောပါတယ်၊

“သမ္မတမွေးနေ့တုန်းက ချော်တွင်းကုန်း မီးပွိုင့်နားမှာဆွဲတာ။ ဆိုဒ်တော့ မခန့်မှန်းတတ်ဘူး။ နည်းနည်းကြီးတယ်၊ ပုဂ္ဂလိကနံရံမှာဆွဲတယ်။ အဲဒီ အိမ်ကလည်း ဘာမှမပြောပါဘူး။ စည်ပင်ကထုတ်ထားတဲ့ ဥပဒေအရက ပြည်သူပိုင်နံရံတွေမှာ ဆွဲရင် ပြည်သူတွေအမြင်ဆိုးစေတာဆွဲရင် ဥပဒေအရ အရေးယူမယ်တဲ့။ အဲလိုနေရာတွေမှာ ကျနော်မဆွဲတော့ဘူး။ နံရံရှိတဲ့ ခြံထဲတို့မှာတော့ ဆွဲခွင့်ရှိတယ်။ အရင်ဖျက်ဆီးခံရတာ အကြောင်းအမျိုးမျိုးနဲ့ပေါ့။ ဒါပေမယ့် အင်တာနက်မှာပုံကတက်သွားပြီး ပေါက်သွားတော့ စိတ်သက်သာရာရပါတယ်။ ရှေ့ဆက်လုပ်နေတာလည်း ရှိပါတယ်။ ကျနော် ပုံတွေလည်း ဆွဲမယ်။ Solo Show လုပ်ဖို့လည်း ကြိုးစားနေတယ်။ ပန်းချီပြပွဲ လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ပန်းချီကားငယ်ငယ်ကတည်းက ရေးပါတယ်။”

ကိုအာကာကျော်က လွန်ခဲ့တဲ့လပိုင်းက အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို လာရောက်စဉ်က အိုဘားမားပုံ ဂရပ်ဗတီကိုလည်း ရေးဆွဲခဲ့ပါသေးတယ်။

ရေးဆွဲပြီး နာရီပိုင်းအတွင်းမှာ ဖျက်ဆီးခံလိုက်ရပေမယ့် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကိုအာကာကျော်ဟာ လူသိများလာခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တဲ့ သမ္မတအိုဘားမားရဲ့အခမ်းအနားကို တက်ရောက်ဖို့ ကိုအာကာကျော်ကိုလည်း ရန်ကုန် အမေရိကန်သံရုံးကနေ ဖိတ်စာနဲ့တကွ ဖိတ်ခဲ့ဖူးပါတယ်။ 

.
. www.MyanmarExpress.net
 

ရခိုင်ပြည်နယ် NLD ပါတီများက ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟို ကို ဆန့်ကျင်ပြီ

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ မြို့နယ်ပါတီများမှ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကန့်ကွက်မှုကို ဆန့်ကျင်ပြီး အစိုးရနှင့် သဘေားထား ထပ်တူထပ်မျှရှိကြောင်း၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် သဘောထား မကိုက်ညီကြောင်း ရန်ကုန် NLD ဗဟိုသို့ ကြေညာချက် ပေးပို့ခဲ့ပါတယ်။

.. www.MyanmarExpress.net
 

တောင်းပန်ပါက အမှုရုတ်သိမ်းမည်ဟု ကြေညာပြီး တစ်ရက်ကြာ ထောင်ကျမှာကြောက်သည့် ရဲတိုက်တောင်းပန်

လူသိရှင်ကြား တောင်းပန်ပါက အမှုရုတ်သိမ်းမည်ဟု စိန့်မေရီကျောင်းမှ ကြေညာပြီး တစ်ရက်ကြာ ထောင်ကျမှာကြောက်သည့် NLD ပါတီဝင်  ရဲတိုက် ချက်ချင်း တောင်းပန် သဖြင့် အိမ်ပြန်ခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။ NLD ပါတီဝင်များသည် ထောင်ကျလျှင် ဂရုမစိုက် ဟု လေလုံးထွားမှုများ ရှိခဲ့သော်လည်း တကယ်တမ်းတော့ ထောင်မကျစေဖို့ မည်သူ့ကိုမဆို တောင်းပန်ရမည်ကို ဝန်မလေးကြောင်းအား ရဲတိုက်မှ သက်သေပြခဲ့ခြင်းဖြစ်သည်။

NLD ပါတီဝင် မွတ်ဆလင် ရဲတိုက်သည် ခရစ်ယာန် ဘာသာနှင့် ဘာသာဝင် တစ်ဦးကိုယ်ထိလက်ရောက် စော်ကားမှုဖြင့် အမှုဖွင့်ခံထားရသူဖြစ်ပြီး တကယ်တမ်းထောင်ချမည်ဆိုမှ တောင်းပန်၍ ပြန်ထွက်လာသူဖြစ်သည်။

NLD ပါတီ သည် မွတ်ဆလင်များ၊ ပြည်သူလူထု နှင့် ဘာသာတရားကိုစော်ကားသူများ၊ ထောင်ကျမှာ ကြောက်သူများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။



.. www.MyanmarExpress.net
 

ခရစ်ယာန်ဘာသာ အား စော်ကားမှုဖြင့် တရားစွဲခံထားရသော တရားခံ NLD ပါတီဝင် မွတ်ဆလင် ရဲတိုက်အား ဇွန်လ ၁၀ ရက်နေ့ ရုံးချိန်းဖြင့် ခတ္တေလွှတ်ပေးလိုက်





ခရစ်ဘာသာ အား စော်ကားမှုဖြင့် တရားစွဲခံထားရသော တရားခံ NLD ပါတီဝင် မွတ်ဆလင် ရဲတိုက်အား ဇွန်လ ၁၀ ရက်နေ့ ရုံးချိန်းဖြင့်  မေလ၃၁ရက်၊ နေ့လည် ၃နာရီ ၀န်းကျင် တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ ခတ္တေလွှတ်ပေးလိုက် ကြောင်း သတင်းရရှိသည်။

ရဲတိုက်အား တာဝန်ရှိသူများမှ မည်သည့်ဘာသာ ကိုးကွယ်ကြောင်းမေးမြန်းချိန်တွင် ရဲတိုက်မှာ ယခုချိန်မှာ မပြောနိုင်ကြောင်း ဖြေကြားခဲ့သည်။ ခရစ်ယာန်ဘုရားကျောင်း ကို စော်ကားသည့်အပြင် ခရစ်ယာန်ဘာသာဝင်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ ရဲတိုက်သည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်အချို့တွင် လိုက်ပါဆောင်ရွက်လေ့ရှိသူဖြစ်သည်။
  
ရဲတိုက် အဖမ်းခံရစဉ်က လူအများ ဝမ်းသာခဲ့ကြပြီး ယခု ပြန်လွတ်ချိန်မှာ ပြည်သူအများက မကျေမနပ် ဆဲဆိုကြိမ်းမောင်းလျှက် ရှိကြောင်း သိရသည်။
 .. www.MyanmarExpress.net
 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင်၏ ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင်ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်

From : ..MWD


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၂၈ ရက်၊ နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ တော်ဝင်ဘွဲ့ တံဆိပ်အား လက်ခံ ရယူသည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့်ဇနီး၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်နှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ခန်းမစင်မြင့်ထက်သို့ ရောက်ရှိနေရာ ယူကြရာ အခမ်းအနားသို့ တက်ရောက်လာသူ အားလုံး က အရို အသေပြု နှုတ်ဆက်ကြသည်။

ထို့နောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တော်ဝင်ဘွဲ့တံဆိပ် အဆောင်အယောင် များအား Protocol Officer ထံသို့ ပေးအပ်သည်။

ယင်းနောက် သံတမန် အရာရှိက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိမိ တာဝန်ကို ထူးချွန် အောင်မြင်စွာ ဆောင်ရွက်နိုင်သည် သာမက မြန်မာ- ထိုင်း တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရေးကို တိုးတက်အောင် မြှင့်တင်ပေးနိုင်ခဲ့သူ ဖြစ်သဖြင့် ထိုင်းဘုရင်မင်းမြတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မွန်မြတ်သော ဆောင်ရွက်ချက်များကို ချီးကျူး ဂုဏ်ပြုသောအားဖြင့် ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင် ဘွဲ့တံဆိပ်အား ပေးအပ်ချီးမြှင့် ပါကြောင်းဖြင့် တော်ဝင်ဘွဲ့တံဆိပ် ခန့်အပ်လွှာအား ဖတ်ကြား တင်ပြသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တော်ဝင်ဘွဲ့အဆောင် အယောင်စလွယ်နှင့် အဆောင်အယောင် တံဆိပ်တို့အား တပ်ဆင်ပေးပြီး ဂုဏ်ပြု နှုတ်ဆက်သည်။



.. www.MyanmarExpress.net
 

လားရှိုးတွင် မွတ်ဆလင် အကြမ်းဖက်သမားများ ဓားဖြင့်ဝိုင်းခုတ်ခြင်း ခံရသော ကိုဝဏ္ဏ

လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ (၁၅)မှ 15-5-2013 ရက်နေ့မှာ ဓားဖြင့်အခုတ်ခံရသော ကိုဝဏ္ဏ၏ ဓာတ်ပုံများ ဖြစ်ပါတယ်။ ဒါမျိုးပုံတွေကို ဧရာဝတီ၊ Eleven ၊ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ နဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီး တို့ က ဘယ်တော့မှ မဖော်ပြပါဘူး။






.. www.MyanmarExpress.net

အသက်ကြီးသူများ နိုင်ငံရေးမလုပ်သင့်ကြောင်း ပြောခဲ့သည့် ဦးခင်ညွန့် အလှူဒါနများဖြင့်သာ ပျော်မွေ့

From : ..popular

.. www.MyanmarExpress.net
 

အစိုးရနဲ့ ကေအိုင်အို အပစ်အခတ်ရပ်စဲရေး (၇) ချက် သဘောတူလက်မှတ်ရေးထိုး

From : ..rfa

kio-gov-peace-305.jpg

အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ သုံးရက်ကြာတွေ့ဆုံဆွေးနွေးပွဲ ဒီကနေ့ နောက်ဆုံးနေ့မှာ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေမယ့် သဘောတူညီချက် (၇) ချက် သဘောတူလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ပိုင်းဆိုင်ရာကိစ္စတွေအပါအဝင် ဒီကနေ့ဆွေးနွေးပွဲဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ကြောင်းနဲ့ ပြည်သူတွေမျှော်လင့်နေတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မကြာမီဖော်ဆောင်နိုင်တော့မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက RFA ကို အခုလို ပြောပါတယ်။

"ဒီကနေ့ သဘောတူညီချက်ရတယ်ဆိုတာ တိုးတက်တဲ့ရလာဒ်ပေါ့၊ ယခင်တုန်းကတော့ တိုက်ပွဲအရှိန်တွေ လျော့ချနိုင်တယ်၊ တိုက်ပွဲအရှိန်လျော့ချတာကနေပြီးတော့ နောက်ဆုံးမှာ တိုက်ပွဲတွေရပ်သွားတဲ့အထိ ကျနော်တို့နှစ်ဖက်စလုံးက ဆက်လက်ပြီးတော့ ကြိုးစားသွားမယ်ဆိုတဲ့ သဘောတူညီချက်ရတော့ ဒါကတကယ်ခိုင်မာတဲ့ရလာဒ်ကောင်းလို့ ပြောလို့ရပါတယ်၊ လက်ရှိမှာတော့နှစ်ကြိမ် ကျနော့်အနေနဲ့ တက်ရောက်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ရွှေလီဆွေးနွေးပွဲမှာတစ်ကြိမ် ဒါဒုတိယအကြိမ်ပါ၊ ကျနော့်ဘက်ကတော့ ရွှေလီဆွေးနွေးပွဲနဲ့ ဒီဆွေးနွေးပွဲကို နှိုင်းယှဉ်မယ်ဆိုရင် ဒီဆွေးနွေးပွဲက ပိုမိုကောင်းမွန်တဲ့ရလာဒ်တွေရတယ်လို့ ပြောလို့ရပါတယ်၊ ပြည်သူတွေအနေနဲ့ရော ကချင်ပြည်နယ်လူထုအတွက်ရော ကျနော်တို့တစ်နိုင်ငံလုံးအတွက်ရော အားလုံးလိုချင်တဲ့ဆန္ဒတွေ မျှော်လင့်ချက်တွေ မကြာခင်မှာပြည့်စုံလာတော့မှာပါ"

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း  အခုဆွေးနွေးပွဲဟာ အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာအသက်ဝင်စေမယ့် သဘောတူညီချက်တွေ ရေးထိုးထုတ်ပြန်နိုင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"အခုကျနော်တို့ လက်မှတ်ထိုးတာကတော့ အရင်တရုတ်နိုင်ငံရွှေလီမှာ ကျနော်တို့ သဘောတူညီခဲ့တဲ့ အချက်တစ်ခုရှိပါတယ်၊ နိုင်ငံတော်အစိုးရဖက်ကနေ နိုင်ငံရေးနည်းအရ ဖြေရှင်းမယ်ဆိုရင် ကေအိုင်အိုအနေနဲ့ လည်း ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေးရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိဖြစ်ပါတယ်၊ ကျနော်တို့က ခိုင်ခိုင်မာမာနဲ့ အပစ်အခတ်ရပ်စဲပြီးတော့ ကျနော်တို့အားလုံး စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိနိုင်တဲ့အနေအထားကိုသွားဖို့အထိဖြစ်ပါတယ်၊ ဒီကနေ့လက်မှတ်ရေးထိုးတာက ကျနော်တို့အပစ်အခတ် ရပ်စဲရေးစာချုပ်မဟုတ်ပေမယ့် ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေးဖက်ကိုရောက်ရှိနိုင်မယ့် စာချုပ်တစ်ခုဖြစ် ပါတယ်၊ ဒီကနေ့ကတော့ နိုင်ငံရေးအနှစ်သာရလို့ပြောရတာခက်ပါတယ်၊ သို့သော်လည်းပဲ ဒါကိုပြောရမယ် ဆိုရင် နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ဆန္ဒများကို အတိအလင်းဖော်ပြတာကတော့ ကျနော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ကိစ္စပါ၊ ဘာပဲဖြစ်ဖြစ် ဒီကနေ့အစည်းအဝေးကတော့ တော်တော်လေးကောင်းမွန်တယ် လို့ပြောနိုင်ပါတယ်"

အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့  ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးဆွေးနွေးမှုတွေကို ဆက်လက်ဆောင်ရွက်ဖို့၊ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကိုလျှော့ချပြီး တိုက်ပွဲတွေထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နယ်မြေလုံခြုံရေးကြောင့် နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရတဲ့ ပြည်သူတွေ အတွက် ပြန်လည်ထူထောင်ရေးကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ဖို့စတဲ့ အချက် (၇) ချက်ပါဝင်တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတာပါ။

ကေအိုင်အိုနဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့  ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်သူ သမ္မတအကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
 
 
.. www.MyanmarExpress.net
 

ဒို့မေမေ (remix)

From : .မောင်ရစ်


တို့မေမေ
========

ကုလား ထိလျှင် ချက်ချင်းပင်
အသက်ဝင်လာပေ တို့မေမေ...

ကုလားအခေါ် တို့များပေါ်
ဝေဖန်တတ်ပေ တို့မေမေ...

ကုလားအခွင့်အရေး ဝင်တိုက်ပေး
လေးစားလောက်ပေ တို့မေမေ...

ငယ်စဉ်ကာလ ရူးနှမ်းစ
ကုလားနဲ့ ထသလေ တို့မေမေ...

ကုလားနဲ့ရော ပျက်စီးသော
မွတ်ဒေါင်းပိုင်ပေ တို့မေမေ...

ပါတီဝင်များ လွန်လေးစား
ခွေးစကားပြောနေ တို့မေမေ...

ပြည်သူ့သဘော မစောကြော
မောကြောတွေ့နေ တို့မေမေ...

နှစ်ထောင့် ဆယ့်ငါး အတွေးများ
ဝေးဝေးမှာနေ တို့မေမေ...

ပါတီပျက်သုန်း လူကျဆုံး
လောင်းကြေးထပ်မလေ တို့မေမေ...

ကုလားကိစ္စ အဝဝ
လွှတ်ချနိုင်စေ တို့မေမေ...

ကုလားနဲ့တွဲ ခွပ်ဒေါင်းလည်း
ရပ်တည်မှန်ပါစေ တို့မေမေ...

ပြည်သူ့အသည်း ချည်နှောင်တွဲ
(ပြန်ပြီးတော့လေ) ယူတတ်ပါစေ တို့မေမေ

သို့ပါမှပဲ မျိုးရိုးလည်း
မြတ်ဂုဏ်ရှိစေ တို့မေမေ...

မောင်ရစ်ရေးသည်။ 
 
. www.MyanmarExpress.net
 

လားရှိုး ရှမ်း-ကုလား အဓိကရုဏ်း အပျက်အဆီး မြင်ကွင်းများ (ဓာတ်ပုံ - ၃၂ ပုံ)



မေ ၂၈ ရက်နေ့ နဲ့ ၂၉ ရက်နေ့ မှာဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့ပေါ် ဆူပူဖျက်ဆီးမှုများအတွင်း ဦးဆောင်ပါဝင်သူလို့ ယူဆရသူ ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးစစ်ဆေးလျှက်ရှိပါတယ်။

ဖမ်းဆီးထားသူအားလုံးဟာ လားရှိုးမြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကိုလာရောက်ပြီး ဆူပူအကြမ်းဖက်မှုများမပြုလုပ်နိုင်စေရန် အတွက် မနေ့က စပြီး မြို့ ၀င်ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
 









































.. www.MyanmarExpress.net