Subscribe to our RSS Feed

Eleven Media ၏ မမေးမမြန်း၊ မလေ့မလာပဲရေးတာတွေ လိုက်ရှင်းရတာ အတော်ဒုက္ခများကြောင်း ဦးရဲထွဋ် ပြောကြား

From : ..( ဦးရဲထွဋ် )


“ ဦးမျိုးမြင့်ပြောတယ်၊ မပြောဘူး၊ အရင်က ညှိပြီးသွားခဲ့တယ်၊ မသွားခဲ့ဘူး ကျွန်တော်မသိဘူးလေ။ ကျွန်တော်သိတာက အမြန်လမ်းပေါ်မှာ ကုန်တင်ယာဉ်သွားခွင့်မရှိဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ သတင်းစာတွေကို အမြန်လမ်းကနေ သတင်းစာတိုက်ပိုင် Box ကားနဲ့ မပို့ ဘူး။ ပို့ဖို့လိုရင်လဲ လိုင်းကားမှာပဲ ဂျာနယ်များပို့သလို အခကြေးငွေပေးပြီးပို့ဆောင်ပါတယ်။ တကယ်ကတော့ မန္တလေးမှာ ပုံနှိပ်တိုက်ခွဲရှိတဲ့အတွက် မြန်မာသတင်းစာအားလုံး အဲဒီမှာပဲ ရိုက်ဖြန့်တာပါ။ ဒါပါပဲ။ ကျန်တဲ့အချက်မှန်မမှန်က တော့ ဆောက်လုပ်ရေးမေးမှသိမှာပဲ။ ပြန်ကြားရေးက တော့ Eleven ဘယ်လမ်းကြောင်းက ပို့တယ်ဆိုတာ သိလဲမသိဘူး၊ ပိတ်ဆို့ဖို့လည်း စိတ်မ၀င်စားပါဘူး။ ”

“ ကျွန်တော်က လက်သီးပုန်းထိုးတဲ့ အလုပ်၊ လူတစ်ယောက်ကို သွယ်ဝိုက်စွတ်စွဲတဲ့အလုပ် ဘယ်တော့မှ မလုပ်ဘူးဆိုတာ သိစေချင်ပါတယ်။ကျွန်တော့အမြင်ကို ရှင်းရှင်းပဲရေးမယ်၊ ပြန်မေးရင် ရှင်းပြမယ်။ မှားတာတွေ့ရင် ထောက်ပြမယ်၊ ထောက်ပြတဲ့အခါမှာလည်း နံမည်ရင်းနဲ့ Face Book မှာရေးတယ်။ နံမည်ဝှက်နဲ့ မရေးပါဘူး။ တပည့်များကိုလည်း နံမည်ဝှက်နဲ့ မရေးခိုင်းပါဘူး။ လက်သီးပုန်းထိုးချင်ရင် အလဲဗင်းရဲ့ မှားယွင်းရေးသားမှုကို လူသိရှင်ကြားတောင် ထောက်ပြနေမှာမဟုတ်ပါဘူး။ ဒါပါပဲ ။ အလဲဗင်းက ဆိတ်ဖွား၊ စစ်အောင်၊ ကာလု၊ သတင်းစာတင်ယာဉ် မဖြတ်ရတဲ့ကိစ္စ မှန်သမျှ ကျွန်တော့်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် စွတ်စွဲရေး တာကတော့ သူတို့ သဘောပဲ။ သူတို့ စကား သူတို့ တာဝန်ယူနိုင်ဖို့ပဲ လိုပါတယ်။ ကျွန်တော်ကတော့ လိပ်ပြာသန့်ပါတယ်။ ကျွန်တော့်သဘောထားကို FB ပေါ်မှာ ပြောဆိုဆက်ဆံနေတာ၊ ဝေဖန်ရှုံ့ချမှုတွေကို ခွင့်ပြုနေတာ တွေကြည့်ရင်သိနိုင်ပါတယ်။ လုပ်ရပ်နဲ့ သက်သေပြတာအကောင်းဆုံးပါပဲ ”

“ တိုးဂိတ်မေးမှာ သိမှာပေါ့ဗျာ၊ ကျွန်တော့်မှာလည်း ဖဘပေါ် မှာ လူစိမ်း၊၊ လူကျက်မရွေး ထိုင်ဖြေရသလို အစည်း အဝေးနဲ့ အခြားကိစ္စတွေ၊ ဖုန်းဖြေရတာတွေလည်းရှိပါသေးတယ်။ မေ ၂၅ ယာဉ်တိမ်းမှောက် အမှုအပြီး သွားလာမှုစည်းကမ်းတွေ၊ အချိန်တွေ ပြန်စစ်ဆေးကြပ်မတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

“ ကျွန်တော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနကို သတင်းစာပါသတင်းနဲ့ ပတ်သက်ပြီး ပြည်သူကို ကျိုးကြောင်း အသိပေးဖို့ အကြောင်းကြားထားပါတယ် ”

“ ဒီသတင်းမှာ ဒေါက်တာသိန်းမြင့်က မြ၀တီသတင်းစာတိုက်နဲ့ အစိုးရသတင်းစာတိုက်က အသုံးပြုတဲ့ကားတွေကိုလည်း တစ်သဘောတည်း ထားသင့်ပါတယ် လို့ပြောတာ သတင်းစာကို ဌာနပိုင်ကားနဲ့ အမြန်လမ်းပေါ်က ပို့တယ်လို့ ဆိုလိုတာဆိုရင်တော့ သက်ဆိုင်ရာဌာနကို Comment မတောင်းပဲ တစ်ဖက်သတ်မှားယွင်းရေးမှုသာဖြစ်ပါတယ်။ အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ကားသွားလာခွင့်မရှိပါဘူး။ ဒါ့ကြောင့် အစိုးရသတင်းစာ များကို အမြန်လမ်းမကြီးပေါ်ကနေ သတင်းစာတိုက်ပိုင်ကားနဲ့ လုံးဝမပို့ပါဘူး။ ရထား၊ ကား၊ လေယာဉ်၊ လိုင်းကားများအများနည်းတူ အခကြေးငွေပေးပြီးပဲ ပို့ဆောင်ပါတယ်။ မမေးမမြန်း၊ မလေ့မလာပဲရေးတာတွေ လိုက်ရှင်းရတာ အတော်ဒုက္ခများပါတယ် ”


 .. www.MyanmarExpress.net
 

5 comments:

အဆင့်အတန်းမရှိသော ( အတင်း ) ဋ္ဌာန Eleven

.

ဖင်ခေါင်းကျယ်တဲ့ အလဲဗင်း

ဖင်ကျ
ယ်တဲ့ကောင်တွေ

သတင်းဦး သတင်းဖျား လူစိတ်ဝင်စား ငွေများများရဖို့ အဓိကထားပြီး တွေ့ကရာ သတင်းနဲ့ ဓါတ်ပုံရောချတာ Eleven ပဲရှိတယ်

ငပေါကြီး တစ်ပူးကြီးရေ
ဦးရဲထွဋ်ဆီ သငမ်တန်းသွားတတ် လိုက်ပါဦးကွာ
ဒါမှ သတင်းစာဆိုတာ ဘာလဲဆိုတာသိလာမှာ အခုမင်းသတင်းစာက သတင်းစာမဟတ်ုဘူး သတင်းပေါင်းချုပ်ကြီင်္းကွ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်