From : 
..မြဝတီ
.. 
www.MyanmarExpress.net
မြန်မာ နိုင်ငံ၏ သိသာ ထင်ရှားသည့် ပြုပြင်
 ပြောင်းလဲမှုများအတွက် သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံတကာ၏ ချီးကျူး 
ဂုဏ်ပြုမှုကို လက်ခံရရှိခဲ့ပြီး မေ ၂ဝ ရက်က အိမ်ဖြူတော်၌ အမေရိကန် သမ္မတ 
ဘားရက် အိုဘားမားက သမ္မတကြီး ဦးသိန်းစိန်အား ရင်းနှီး နွေးထွေးစွာ 
ကြိုဆိုခဲ့သည်ဟု အင်ဒိုနီးရှား သတင်းစာကြီး တစ်စောင်တွင်ဖော်ပြထားသည်။
သမ္မတကြီး၏ အမေရိကန် ခရီးစဉ်သည် ၂ဝ၁၂ 
ခုနှစ် နိုဝင်ဘာတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံသို့ 
အလည်အပတ် ရောက်ရှိပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဆယ် စုနှစ် များစွာကြာ
 ကမ္ဘာ့ အပြင်ဘက်၌ သီးခြား နိုင်ငံတစ်ခု သဖွယ် ရပ်တည်ခဲ့ရသည့် 
မြန်မာနိုင်ငံကို ပွင့်လင်းမှု ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် အတွက်
 သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ဖြင့် ချမှတ်ခဲ့သည့် သမ္မတကြီး၏ မူဝါဒများသည် နိုင်ငံ
 တကာမှ လေ့လာ သူများအား အံ့အားသင့် စေခဲ့သည်။
သမ္မတကြီးသည် နိုင်ငံ့တာဝန်ကို လွှဲပြောင်း 
ရယူခဲ့သည့် အချိန်မှစ၍ နိုင်ငံအတွင်းရှိ ဖမ်းဆီး ထိန်းသိမ်း ထားသည့် 
နိုင်ငံရေး အကျဉ်းသားများစွာကို လွတ်ငြိမ်းခွင့် ပေးခဲ့သည့်အပြင် မီဒီယာ 
လွတ်လပ် ခွင့်ကိုလည်း ပြဋ္ဌာန်း ပေးခဲ့သည်။ ပြုပြင် ပြောင်းလဲမှုများ 
ပြုလုပ်နေသည့် မြန်မာနိုင်ငံ အတွက် ယခုအချိန်တွင် အခက်အခဲ များစွာ ရင်ဆိုင်
 နေရခြင်းမှာ အမှန်ပင် ဖြစ်သော်လည်း နိုင်ငံအတွင်း၌ တိုးတက်မှုများ 
ရှိလာသည်မှာလည်း ငြင်းဆို၍ မရနိုင်ပေ။ မြန်မာ နိုင်ငံကဲ့သို့ပင် 
အင်ဒိုနီးရှား နိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် လုပ် ဆောင်ခဲ့ 
ရာတွင်လည်း အခက်အခဲ များစွာကို ကြုံတွေ့ ခဲ့ရကြောင်း၊ စိန်ခေါ်မှု များစွာကို
 ကျော်လွှားနိုင်ရန် အတွက် ဖြတ်လမ်း မရှိကြောင်းနှင့် ရှုပ်ထွေးနေသော 
အခြေအနေများနှင့် ပတ်သက်၍ ကုသရန်မှာလည်း ဆေးမရှိကြောင်း၊ 
အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော အင်ဒိုနီးရှား နိုင်ငံထုတ် သတင်းစာကြီး 
တစ်စောင်တွင် ဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး 
တိုးတက်မှုများသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အတွက် ကျေနပ် နှစ်သက် ဖွယ် 
ကောင်းသော အံ့သြဖွယ် တစ်ရပ်ဖြစ်ကြောင်း ၎င်းသတင်း စာကြီးတွင် ဖော်ပြထားသည်ဟု 
သိရသည်။                

     

1 comments:
သမ္မတကြီးသက်တော်ရာကျော်ရှည်ပါစေ
နိုင်ငံ့တာဝန် ဆထက်တိုးလို့ ထမ်းရွက်နိုင်ပါစေ
သာသနာတော်အား တိုးလို့စောင့်ရှောက်နိုင်ပါစေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်