From :
..dvb
..
www.MyanmarExpress.net
မန္တလေးမြို့အခြေစိုက်
ထုတ်ဝေဖို့ရှိတဲ့ ပုဂ္ဂလိကနေ့စဉ်သတင်းစာတစောင်ဟာ စမ်းသပ်ထုတ်ဝေနိုင်ခြင်း
မရှိသေးခင်မှာ သတင်းစာတိုက် ချိပ်ပိတ်လိုက်ရပါတယ်။
မြန်မာဓိကလို့ အမည်ရတဲ့
ပုဂ္ဂလိကနေ့စဉ်သတင်းစာ ထုတ်ဝေဖို့အတွက် တိုက်ခန်းငှားရမ်းပြီး
အွန်လိုင်းသတင်းတင်နေတုန်း အစုရှယ်ယာရှင် ၂ ဦးက မေလ ၁၇ ရက်ညပိုင်းမှာ
တိုက်ကို လာရောက် ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်း
သတင်းစာဖြစ်မြောက်ရေး ၀ိုင်းဝန်းကူညီရေးသားပေးနေတဲ့ စာနယ်ဇင်းဆရာ
မင်းထက်ငြိမ်းချမ်းက “၁၇ ရက် ၅လ ၂၀၁၃ ခုနှစ်က ရှယ်ယာရှင်တွေထဲမှာပါတဲ့
ကိုအားလုံဆိုတဲ့ တရုတ်အမျိုးသားတယောက်နဲ့ ကိုဆူးမြင့်သိန်းဆိုတဲ့
ပန်းပုဆရာတို့က မနက် ၅ နာရီမှာ ရုတ်တရက်ကြီး ရောက်ရှိလာပြီး အဲဒီတိုက်မှာ
စောင့်အိမ်နေတဲ့ ၀န်ထမ်း ကိုသန်းဇော်နဲ့ ကိုအေးမင်းထိုက်
ကွန်ပျူတာပညာရှင်တို့ကို အပြင်ထွက်ခိုင်းပြီး သော့ခတ်တယ်။ သူတို့က မေးတယ်။
ဘာအတွက်လဲဆိုတော့ စာရွက်တရွက်ကို ပြတယ်။ စာရွက်မှာ အသင့်ရိုက်လာတဲ့
သူတို့နှစ်ယောက်လက်မှတ်ရေးထိုးထားတဲ့ဟာ ကျနော် အကြမ်းဖျင်းနားလည်တာကတော့
မြန်မာဓိက သတင်းစာကို ရှယ်ယာရှင်၊ လုပ်ငန်းရှင်တွေနဲ့
ညှိနှိုင်းစရာရှိတဲ့အတွက် ခေတ္တခဏ ပိတ်ထားလိုက်တယ်၊ အောက်မှာ
လက်ရေးနဲ့ရေးထားတာက ၀န်ထမ်းများ ၁၉ ရက်နေ့ လစာလာပြီး ထုတ်ယူပါဆိုပြီး
ပါတယ်” လို့ ဆိုပါတယ်။
သတင်းစာထုတ်ဝေဖို့ အစုရှယ်ယာဝင်ထားသူ ၇ ဦးရှိပြီး ၁ ဦးကို ငွေကျပ်သိန်း ၅၀ စီ ထည့်ဝင်ထားကြတာလို့ ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး
မြန်မာဓိကသတင်းစာထုတ်ဝေသူ ဦးဆူးမြင့်သိန်းက “လောလောဆယ် ဒါကို
ရပ်ဆိုင်းထားဦးမယ်။ ရှယ်ယာရှင်တွေကို အကုန်ရှင်းပြီးပါပြီ။ ပထမရှယ်ယာရှင်၊
ဒုတိယရှယ်ယာရှင် ၂ အုပ်စုရှိပါတယ်။ အကုန်လုံးကို ရှင်းပြီးပါပြီ။ လက်ရှိမှာ
ကျနော်တို့ ၀န်ထမ်းတွေကို ပိတ်လိုက်တဲ့ရက်အတွက် မနစ်နာအောင်၊ ၁၇ ရက်မှာ
ပိတ်လိုက်ပေမယ့် လကုန်အထိ လစာအပြည့် ၁ လစာ ထုတ်ပေးပါတယ်။” လို့
ပြောပြပါတယ်။
မြန်မာဓိကသတင်းစာ ရပ်ဆိုင်းမယ့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတခု မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်သွားဖို့ရှိကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လအတွင်း
ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာဓိကသတင်းစာ ထုတ်ဝေခွင့် ပြုခဲ့တာဖြစ်ပြီး
၂၀၁၃ ခုနှစ် ဧပြီလကုန်အထိ ပုဂ္ဂလိကသတင်းစာပေါင်း ၂၆ စောင်
ထုတ်ဝေခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဒီနေ့ထိ ပုဂ္ဂလိကသတင်းစာ ၁၀ စောင်လောက်
ထုတ်ဝေဖြန့်ချိနေပြီး သတင်းစာအားလုံး ရန်ကုန် အခြေစိုက် ထုတ်ဝေနေကြတာ
ဖြစ်ပါတယ်။
8 comments:
တခါတုံးက comment မှာဘကြီးဆိုသူေ၇းတာမှန်နေပါပေါ့လား။ဘယ်သူပြိုင်လို့
၇ှုံးပါနိင်ဆိုတာလေ။ဘကြီးတောင် မတွေ့၇တာကြာပြီ။ဘကြီး
အတု ခွေးသူခိုးပေါ်လာတော့ အစစ်လဲ ပြေးပြီပေါ့။ကျွန်တော်
တို့ကြားလူတွေကဘကြီးအစစ်။အတု လေသံကို သိနေပါတယ်။ပြောင်မြောက်တဲ့ ဘကြီးအစစ်လေသံကိုကြား
ပါ၇စေခင်ဗျာ။ခွေးသူခိုးအတုလည်း ချီးတွင်းထဲကျပြီ့း့ ။
အခြေအနေတွေကအဲဒီလိုကောင်ူတာပေါ့ သတင်းချာတွေ။
မှန်တယ်ဗျာ။အခု ဘကြီးအတု ခွေးသူခိုးက ညစ်တီးညစ်ပတ်တွေလျောက်ေ၇းနေတော့ ဘကြီးအစစ်ကပေါ်မလာတော့ဘူး။ကလောင်ကောင်းတချောင်းဆုံး၇ှုံး
၇တာပေါ့ဗျာ။သည်လောက်သဘောကောင်းတဲ့ website မှာ ကိုယ်ပိုင်
နံမည်နဲ့ဘဲေ၇းသင့်တာပေါ့။လူတိုင်းနဲ့(သည်လို ခွေးသူခိုးမျိုးနဲ့)ဒီမိုကေ၇စီမတန်ဘူးပြောတာ။
စောက် ရူး ။ဘကြီးက မင်း ပ ထွေးလား
ယူချင်အုံးဟဲ့မိန်းမ။ထုတ်ချင်အုံးဟဲ့သတင်းစာ။သတင်းစာထုတ်ဝေခွင့်
မပေးခဲ့၇င်အကော၈်းသား။ခုတော့ မိန်းမနားကပ် ပလုံပြီ။
ရန်ကုန်သတင်းစာများတွင် နံပါတ်၁ အနေဖြင့် မကြာမီ ပိတ်မည့်သတင်းစာမှာ တစ်ပူးကြီးဖြစ်သည်။လူစွာလုပ်နေသော တစ်ပူးကြီး ဒီတစ်ပွဲတွင် ဒေ၀ါလီခံပြေးရတော့မည်။ မကြာမီ မြင်ရတော့မည် စောင့်ကြည့်နေကြလော့။သူသည် သူဘာသာသူ ဂုင်္ဏသိခါနှင့်နေသော နိုင်ငံပိုင်သတင်းစာကို စိန်ခေါ်ရသည်မှာလည်း ငါးစိမ်းသည်ထက် သာသည်။စီးပွားရေးသမားများက ယခင်လို လိမ်မရတော့ပြီ မြန်မာတစ်ပြည်လုးံပြန့်သော မြန်မာ့အလင်းနှင့်ကြေးမုံတွင် တောါပါဆိုသည်ပင် တန်းစီစောင့်ကြသည်။ ဒီအခါ တစ်ပူးကြီး မစိရိယတွေထိန်းမနိုင် သိမ်းမရဖြစ်လာတော့သည်။ တစ်ပူးကြီး ကြံတောပင်ပို့စရာမလိုပဲ သူစိတ်ဓါတ်သူ့ပြန်ဟတ်ကာ ပျြုတ်ပြုတ်ပြုံးတော့မည်မို့မာမီသန်းရေ အမျှ အမျှ အမျှ.....
Myanmar Express ရေဒီစာလေးကို အဲဒီအချိန်ကြရင် ပြောပြချင်ပါတယ်ဆိုပီး အခမဲ့ဝေငှပေးပါလားနော်...ကြိုပြောထားတာ ...ရိုက်ဖို့ပတ်လည်စက်မရှိလည်းမပူနဲ့ ...ဈေးပေါပေါနဲ့ကို လေလံပစ်မှာတဲ့
စတောင်မစရသေးဘူး။ ဘယ်လိုဖြစ်ရပြန်တာလဲ။
1-BUSINESS CAN NOT RUN IF NO NET INCOME.
2-ALL BUSINESS MUST HAVE BY LAWS AND LAWS
AND THEY TAKE ACTION ACCORDING TO THE BY
LAWS AND SHOULD NOT STOP THE BUSINESS
WITHOUT WARNING.
3-BUSINESS OWNERS SHOULD TAKE ACTION
ACCORDING TO CORPORATION LAW AND LABOUR
LAW.
4-BUSINESS OWNERS,AND PARTNERS SHOULD
UNDERSTAND ALL BUSINESSES NEED TIME TO
WAIT FOR SUCCESS.
5-THE CORPORATION SHOULD HAVE BUSINESS
PLAN AND STUDY BEFORE IN ANY VENTURE.
6-OWNERS AND PARTNERS SHOULD NOT TANKING
SURPRISE ACTION LIKE THIS.
6-NOTICE ONE OF THE HOTELS LOCATED IN
WEST YANGON RUNNING THE HOTEL BUSINESS
LIKE A CHILDREN GAME SO MANY VERBAL
RULES LAID DOWN BY PARTNERS IN DAILY
BASIS BUT THEY ALL LOOK LIKE HAPPY
BECAUSE THEY MAKING MONEY.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်