From : 
..သမ္မတရုံး
.. 
www.MyanmarExpress.net
 


နေပြည်တော် မေ (၂၆)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် 
သမ္မတ ဦးသိန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်  
မစ္စတာ ရှင်ဇိုအာဘေး၏ ဇနီး မစ္စစ် အာကီအာဘေးတို့သည် ယနေ့ နံနက် ၉ နာရီ မိနစ် 
(၅၀) တွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ၏ ဇနီးက ၃၆ 
နှစ်တာ ကာလအတွင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီး မြန်မာနိုင်ငံသို့ 
လာရောက်လည်ပတ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ မြန်မာ- ဂျပန် 
နှစ်နိုင်ငံသည် ရှေးနှစ်ပေါင်း များစွာကပင် ချစ်ခင်ရင်းနှီးခဲ့သည့် အစဉ်အလာ
 ရှိခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံအား ဂျပန်နိုင်ငံက ကူညီပေးခဲ့မှု 
များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်ဝန်ကြီးချုပ်၏ ဇနီး အနေဖြင့် 
ရန်ကုန်မြို့သို့ ရောက်ရှိစဉ် မိဘမဲ့ ကလေးထိန်းဂေဟာနှင့် သီလရှင် 
စာသင်တိုက်တို့သို့ သွားရောက် လှူဒါန်းခဲ့မှုများကို မြင်တွေ့ရသည့်အတွက် 
ကြည်နူးဝမ်းမြောက်မိပါကြောင်း၊ ဝန်ကြီးချုပ်၏ ဇနီးသည် ပညာရေးကဏ္ဍ 
ဖွံ့ဖြိုးတိုးတက်မှုများ၊ အမျိုးသမီးနှင့် မိဘမဲ့ကလေးငယ် များ ပြုစု 
စောင့်ရှောက် ရေး ကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား 
အားသွန်ခွန်စိုက် ကူညီပေးလျက်ရှိကြောင်း သိရှိရသည့်အတွက် 
ကျေးဇူးတင်ဂုဏ်ယူမိ ပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် ဂျပန် ဝန်ကြီးချုပ်၏ ဇနီးက ၂၀၀၆ 
ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသည့် ကလးသူငယ် စောင့်ရှောက်မှု 
လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဆိုလျင် 
မြန်မာနိုင်ငံသို့ မိမိရောက်ရှိသည်မှာ ဆယ်ကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ ဒုတိယ
 ကမ္ဘာစစ် အတွင်း ဂျပန်စစ်သည် နှစ်သိန်းခန့် မြန်မာနိုင်ငံ၌ 
ကျဆုံးခဲ့ပါကြောင်း၊ ယင်းတို့ထဲမှ အသက်ရှင်လျက် ကျန်ရှိနေသည့် 
ဂျပန်စစ်သည်များကို မြန်မာပြည်သူများက စားနပ်ရိက္ခာနှင့် ဆေးဝါးများ 
ပံ့ပိုးပြီး ကာကွယ် စောင့်ရှောက်ပေးခဲ့သည့် အတွက် မြန်မာ ပြည်သူများအား 
အမြဲ အမှတ်တရ ကျေးဇူးတင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ 
ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင်လည်း ယခုထက်ပိုမို 
ဆောင်ရွက်ပေးလိုပါကြောင်း။
မြန်မာနိုင်ငံ၏ ချစ်ခင်အတုယူဘွယ်ကောင်းသည့် 
ယဉ်ကျေးမှု အစဉ်အလာများကိုလည်း နိုင်ငံတကာမှ လေးစားရအောင် 
ဆက်လက်ထိန်းသိမ်းရန် အကြံပြုလိုပါကြောင်း၊ မြန်မာနိုင်ငံ၌ ကျန်းမာရေး 
စောင့်ရှောက်မှုသည် အရေးကြီးသည့် ကဏ္ဍဟု ယူဆပါကြောင်း၊ ယင်းကိုလည်း ကူညီပေးလို
 ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။


1 comments:
မြန် မာ့ ယဉ် ကျေး မှု ကို ထိန်း သိမ်း ဖို့ အ ကြံ ပြု သွား တယ် ၊ မြန် မာ့ ဗုဒ်ဓ ဘာ သာ ယဉ် ကျေး. မှုထဲ ကို ဆွမ်း ဆန် ထဲကြွက်. ချေး. ရော. သ လို မျိုး ၊ မူ စ လိင် ကု လား တွေ ရဲ.့ ၊ ယုတ် ပတ် တဲ့  ယဉ် ကျေး မှ.ု မ ရော အောင် ထိန်း ဖို့  လို တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်