Subscribe to our RSS Feed

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင်၏ ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင်ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်

From : ..MWD


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၂၈ ရက်၊ နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ တော်ဝင်ဘွဲ့ တံဆိပ်အား လက်ခံ ရယူသည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့်ဇနီး၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်နှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ခန်းမစင်မြင့်ထက်သို့ ရောက်ရှိနေရာ ယူကြရာ အခမ်းအနားသို့ တက်ရောက်လာသူ အားလုံး က အရို အသေပြု နှုတ်ဆက်ကြသည်။

ထို့နောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တော်ဝင်ဘွဲ့တံဆိပ် အဆောင်အယောင် များအား Protocol Officer ထံသို့ ပေးအပ်သည်။

ယင်းနောက် သံတမန် အရာရှိက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိမိ တာဝန်ကို ထူးချွန် အောင်မြင်စွာ ဆောင်ရွက်နိုင်သည် သာမက မြန်မာ- ထိုင်း တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရေးကို တိုးတက်အောင် မြှင့်တင်ပေးနိုင်ခဲ့သူ ဖြစ်သဖြင့် ထိုင်းဘုရင်မင်းမြတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မွန်မြတ်သော ဆောင်ရွက်ချက်များကို ချီးကျူး ဂုဏ်ပြုသောအားဖြင့် ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင် ဘွဲ့တံဆိပ်အား ပေးအပ်ချီးမြှင့် ပါကြောင်းဖြင့် တော်ဝင်ဘွဲ့တံဆိပ် ခန့်အပ်လွှာအား ဖတ်ကြား တင်ပြသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တော်ဝင်ဘွဲ့အဆောင် အယောင်စလွယ်နှင့် အဆောင်အယောင် တံဆိပ်တို့အား တပ်ဆင်ပေးပြီး ဂုဏ်ပြု နှုတ်ဆက်သည်။



.. www.MyanmarExpress.net
 

2 comments:

ထိုင်းတွေဖိန့်ဖိန့်တုံအောင် ကြောက်ခဲ့၇တဲ့ ဘု၇င့်နောင်နဲ့
အလောင်းဘု၇ားတို့ကို လွမ်းမိပါ၇ဲ့။

Because of protecting our Buddhist Monks.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်