Subscribe to our RSS Feed

မြောက်ပိုင်းလူသတ်မှု စုံစမ်းစစ်ဆေးရန် ABSDF ကို အစိုးရခွင့်ပြု

From : ..the voice


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF ) ၏မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ တွင်ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုကို စုံစမ်းစစ်ဆေးရန် ABSDF စုံစမ်းရေးကော်မရှင် ကို အစိုးရက ခွင့်ပြုလိုက်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုကို စစ်ဆေးရန် ABSDF မှ စုံစမ်းရေး ကော်မရှင်သုံးဦးကို ခွင့်ပြုရန် မေလ ၂၁ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ABSDF ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် သဘောတူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုနှင့်ပတ်သက်၍ မည်သို့စုံစမ်း စစ်ဆေးမည်ကို ABSDF ခေါင်းဆောင် များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အဆိုပါအမှုတွင် ပါဝင်ခဲ့သူများမှာ သက်ရှိထင်ရှား ရှိနေသေးသောကြောင့် ယင်းပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သူများ ဟု ယူဆရသည့် ဦးသန်းဇော်၊ ဦးဇော်ဇော်မင်း၊ ဦးနေဒွန်း၊ ဒေါက်တာ နိုင်အောင်တို့ကို ယင်းစခန်း၌ အသတ်ခံခဲ့ရသည့် ဗကသ (မြန်မာနိုင်ငံအထက်ပိုင်း) ကျောင်းသားခေါင်းဆောင် ဦးထွန်းအောင်ကျော်၏ မိခင် ဒေါ်တင်မမက မေလ ၁၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည်။

ABSDF မြောက်ပိုင်း ပါဂျောင်စခန်း၌ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျောင်းသား ၁၀၇ ဦးကို တပ်မတော်ထောက်လှမ်းရေး ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ၁၄ ဦးမှာ စစ်ကြောရေးဒဏ်ဖြင့် သေဆုံးခဲ့ ကာ ၁၅ ဦးမှာလည်း အာစံကုန်းတွင် အသတ်ခံရကြောင်း၊ အကြောင်းအမျိုး မျိုးကြောင့် သေဆုံးသူ ၁၄ ဦးရှိပြီး ၅၅ ဦးခန့် ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း လွတ်မြောက်လာသည့် ကျောင်းသားများက ဆိုသည်။


 .. www.MyanmarExpress.net
 

22 comments:

Sone San ma nay par nae. A po tway par.

Tat Yin Ta Yin htae mar a chin chin sa khout lu nay kya tar. Tine Pyi ko ah de lu tway ka gaung saung ohn ml so yin tot sinn sarr kya pop.

Taw Taw Lay Sar bo kg tae Taw Hlan Yae Tha Mar Gyi Tway.

USA mar na khu lut yae sa kat ko twar hlan nay pyan p ma lar.

Lazy Mouse Moe Thi Zun. Lu That Tha Mar.

Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)

ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။

မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။

· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။

မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။

နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။

အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ
MEG

ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများ၊ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။


(၂၀၁၂ ခု ဒီဇင်ဘာလ (၂၃) ၇က် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ တွင် သမ္မတ လုပ်လိုကြောင်း ပြောဆိုလိုက်သည်တွင် ရန်ကုန်မြို့ရှိ မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်တွင် ဠင်းတများ လာရောက်နားခိုခြင်း ဖြစ်ပွါးခဲ့သည် ။

မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။

ABSDF လူသတ်သမား နိုင်အောင် နှင့် မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)

1.WE MUST INQUIRE FIVE PEOPLE DEAD IN SEIN LEI KAN THAR. 2.WE MUST INQUIRE TAY ZA'S RAPE CASES.3.WE MUST INQUIRE LA PYAE'S INSULTS. WITH MYITTA,

ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ၈၈ မှာ ခေါင်းဖြတ်ပွဲတွေ ဘယ်သူတွေ လုပ်ခဲ့လည်းဆိုတာ သဘောပေါက်..

လောကထုံးစံ။တွန်းသူမေ့ပေမဲ့ လဲသူ မမေ့။ပေဖြစ်တဲ့ အချိန်ေ၇ာက်၇င်
တော့ ခံသာခံလိုက်ပေတော့ ။

ABSDFလူသတ်တ၇ားခံ နိုင်အောင် နဲ့ မိုးသီးဇွန် မြန်မာပြည်ကိုပြန်ပီး ပွဲလန့်မလားလို့ဖျာလာခင်းတာ အခုဖျာပါပျောက်တော့မယ်

နိုင်အောင် နဲ့ မိုးသီး ဇွန် တို့ အစား မချောင် မှန်း သိ လို့ အ သံ တွေ တိတ် နေ ပါ လား

အဲ့ ဒီ A B S D F လူ သတ် သ မား နိုင် အောင် ပွဲ လန့် ဖျာ ခင်း မ လို့ မြန် မာ နိုင် ငံ ကို ပြန် လာ တုံး က ပန်း စည်း နဲ့ ကြို တဲ့ လူ တဲ့ သူ တွေ ကို အံ့ သြ တယ်

ABSDF က နိုင် အောင် နဲ့ မိုး သီး ဇွန် တို့ က မြန် မာ နိုင် ငံ ဒီ မို က ရေ စီ ရေး လူ့ အခွင့် အ ရေး ကို ဘန်း ပြ ပီး ABSDF ကျောင်း သား တပ် ဖွဲ့ ဝင် (၄ဝ) ကို သတ် ခဲ့ တယ် ယ ခု လဲ ပြည် ပ အ ဖွဲ့ အ စည်း ပေါင်း စုံ ဆီ က လှည့် တောင်း ထား တဲ့ ဒီ မို က ရေ စီ ရေး ရံ ပုံ ငွေ အ လှူ ငွေ တွေ ကို ခိုး ယူ ကိုယ် ကျိုး ရှာ ပီး မ မှန် မ ကန် လုပ် နေ တယ်

လူ သတ် သ မား နိုင် အောင် တို့ မိုး သီး ဇွန် တို့ လို ဒီ မို လုပ် စား လူ သတ် သ မား တွေ ကို နိုင် ငံ တစ် ကာ က လူ စွမ်း ကောင်း တွေ လို သတ် မှတ် ပြီး ကာ ဗာ ပေး ထား တာ ကို လည်း အံ့ သြ တယ်

ဠင်း တ က ရာ ရာ စ စ ဘု ရား မှာ နား တာ A B S D F လူ သတ် သ မား နိုင် အောင် တို့ မိုး သီး ဇွန် တို့ ကြောင့် ဖြစ် မှာ

မိုးသီးဇွန် နှင့် နိုင်အောင် ကို ABSDF လူသတ်မှုများအတွက် ဖမ်းဆီး စစ်မေးမှုများ ပြုမည်

ABSDF massacre case reopen in Myanmar

တရားစွဲဆိုမှု ရှိလာလျှင် ABSDF မြောက်ပိုင်းနှင့် တောင်ပိုင်း လူသတ်မှုများအတွက် အဓိက တာဝန်ရှိသည့်
မိုးသီးဇွန် နှင့် နိုင်အောင် ကို ဖမ်းဆီး စစ်မေးမှုများ ပြုမည်ဟု ခိုင်လုံ တိကျသည့် သတင်းရပ်ကွက်မှ သိရှိရသည်။

Freedom News Group(Burma)

လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...

ဒီကောင်တွေ ပြည်ပမှာဒေါ်လာစားပြီး ၀လို့ဖီးလို့ အဆီတ၀င်းဝင်းမျက်နှာတွေနဲ့ မြန်မာပြည်ပြန်ပြီး လုပ်ကွက်ရှာကြတာ

ဇတ်တူသားစားတဲ့ နိုင်အောင်နဲ့ မိုးသီးဇွန် ဖေါ်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ အဖမ်းခံရသူတွေလည်းအများကြီးပါပဲ မင်းတို့ ဥပဒေရဲ့အဆုံးအမကိုတ၀ကြီးခံစားရမှ ပြည်သူတွေကကျေနပ်နိုင်မယ်

နိုင်အောင်က အေဘီမြောက်ပိုင်းမှာ ကျောင်းသား၇ဲဘော်ချင်း သလှျိုလို့ မဟုတ်မမှန်ပဲနဲ့အတင်းအဒမစွတ်စွဲဖမ်းဆီးပီး လူမဆန်စွာနှိပ်စက်ပီးခေါင်းဖြတ်သတ်တာတွေကို သဘောတူပီးတာဝန်ယူခဲ့တယ် အဲ့တာတင်မက နိုင်အောင်က အေဘီမြောက်ပိုင်းအဆက် အေဘီတောင်ပိုင်းမှာလည်း သလှျို မဟုတ်တဲ့ကျောင်းသားစစ်စစ်တွေကို သလှျိုလို့အတင်းအဒမစွတ်စွဲဖမ်းဆီးပီးလူမဆန်စွာနှိပ်စက်တာတွေကို ကိုယ်တိုင်ကိုယ်ကျလည်းလုပ်ခဲ့သေးတယ်

မိုးသီးဇွန်က သလှျိုလို့ စွတ်စွဲဖမ်းဆီးခံထား၇ပီး လူမဆန်စွာနှိပ်စက်ခံနေ၇တဲ့ ဌေးနိုင်ကိုသတ်ဖို့အမိန့်ပေးခဲ့တယ်

မင်းတို့ကို ပြည်ဝင်ခွင့်ပြုခဲ့တာ မြွေပွေးခါးပိုက်ပိုက်တာထက်ပိုဆိုးတယ် မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာရဲတယ်

လူသတ်ကောင်နိုင်အောင်နဲ့ လူသတ်ကောင်မိုးသီးဇွန်၇ဲ့ အဲ့လူသတ်မှုတွေအတွက် သက်သေအများကြီးရှိတယ် အချိန်မရွေးတရားစွဲနိုင်တယ် မင်းတို့ကိုအခု၇ဲစခန်းမှာတိုင်ထားပီးတဲ့လူသတ်မှုတွေအပြင် မတ၇ားနှိပ်စက်သတ်ဖြတ်ခံခဲ့၇တဲ့ကျောင်းသား၇ဲဘော်တွေ၇ဲ့မိသားစုတွေနဲ့ မြောက်ပိုင်းင၇ဲခန်းတွေကနေထွက်ပြေးလာပီး အသက်၇ှင်နေသေးတဲ့ကျောင်းသား၇ဲဘော်တွေထဲကမင်းတို့ကိုတ၇ားမစွဲ၇သေးတဲ့သူတွေကလဲ မင်းတို့ကိုလူသတ်မှုတွေ နှိပ်စက်မှုတွေနဲ့နောက်ထပ်တ၇ားစွဲအုံးမှာ မယုံမရှိနဲ့ သူငယ်ချင်း

လူသတ်ကောင်နိုင်အောင်နဲ့
လူသတ်ကောင်မိုးသီးဇွန်...
ဖြစ်ရပ်မှန်ကိုဖုံးကွယ်လို့မရတဲ့ခေတ်မှာ မင်းတို့လုပ်ရပ်တွေအတွက်ထိုက်ထိုက်တန်တန်ပြန်ပေးဆပ်ရမှာပါ

မိုးသီးဇွန် သတ်ခဲ့တာ ၁ ယောက်
နိုင်အောင် သတ်ခဲ့တာ ၄ဝ ကျော်

မိုးသီးဇွန် နှိပ်စက်သတ်ဖြတ်ခဲ့တာ ABSDF တောင်ပိုင်းမှာ ဌေးနိုင် ၁ ယောက်ထဲ

နိုင်အောင် နှိပ်စက်သတ်ဖြတ်ခဲ့တာ ABSDF မြောက်ပိုင်းမှာ ၃၈ ယောက် ပီးတော့ ABSDF တောင်ပိုင်းမှာနှိပ်စက်သတ်ဖြတ်ခဲ့တာတွေ၇ှိသေးတယ် နိုင်အောင်က ကျောင်းသားစုစုပေါင်း ၄ဝ ကျော်ကိုသတ်ခဲ့တာ

အေဘီမြောက်ပိုင်း အေဘီတောင်ပိုင်း နှိပ်စက်သတ်ဖြတ်မှုတွေအားလုံး၇ဲ့ အဓိကလူသတ်တ၇ားခံ နိုင်အောင် ကိုတော့ ကိုထွန်းအောင်ကျော် အမေ ဒေါ်တင်မမက လူသတ်မှုနဲ့တိုင်တာကို မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် အမှတ် (၈) ရဲစခန်းက အမှုဖွင့်ပေးလိုက်ပါပြီဗျာ

လူသတ်တ၇ားခံ နိုင်အောင် က အင်တာနက်မှာလူသတ်မှုအထောက်အထားတစ်ခုပီးတစ်ခုပေါ်လာတိုင်း အပူတွေဖိစီးပီး၇င်းဖိစီး၇င်းဖြစ်ပီး ဆံပင်တွေဖြူလို့ ရုပ်ကတော့အရက်ဖေါဖေါနေပုံပဲ မြန်မာပြည်ပြန်လာပြီးလုပ်စားဖို့ဂွင်ချောင်းတာ ကံကောင်းလို့ လည်ပင်းကြိုးကွင်းမစွပ်မိတယ်ဆိုရုံလေး မနဲထွက်ပြေးရတယ်

ဟိုတကောင် မျက်နှာကမျောက်ရုပ်နဲ့ မျက်မှန်တပ်ထားတဲ့ လေကြီး မိုးသီး ဝုန်းဒိုင်းကိုတော့ အေဘီတောင်ပိုင်းမှာ ဌေးနိုင်ကိုနှိပ်စက်သတ်ဖြတ်တဲ့လူသတ်မှုနဲ့ အမှုဖွင့်ထားပြီးသားပါ

လူသတ်တ၇ားခံ မိုးသီးဇွန် နဲ့ လူသတ်တ၇ားခံ နိုင်အောင် ဘယ်လောက်ပြေးနိုင်ကြမလဲကြည့်ကြတာပ ပြည်သူကဒဏ်ခတ်ဖို့စောင့်နေကြပြီ ဟေးဟေး

မိုးသီးဆိုတဲ့ကောင် ကယောင်ချောက်ခြားဖြစ်နေပြီ။ ကိုယ့်အလှည့်ကြ ကြောက်နေပြီလားကွ။

ကိုမိုးသီးဇွန်

အဖေါ်မ၇ှိမှာမပူပါနဲ့ ......................
ကျနော်မကြာခင်လိုက်လာမယ်...............
ထွန်းအောင်ကျော်အမေက ကျနော့်ကို AB မြောက်ပိုင်းလူသတ်မှုနဲ့ တိုင်ချက်ဖွင့်တာကို ၇ဲစခန်းက လူသတ်မှုနဲ့အမှုဖွင့်ခွင့်ပြုလိုက်ပီ...........
အင်းစိန်မှာပြန်ဆုံကြတာပေါ့

ဒေါက်တာနိုင်အောင်

ခွေးတိရစ္ဆာန် နိုင်အောင် နဲ့ မိုးသီးဇွန်ကို မြန်မာပြည်ကို ပြန်လာတုန်းက
ABSDFလူသတ်မှုတွေအတွက် တခါတည်း ဖမ်းချုပ်ထားလိုက် ရမှာ ။

ကိုထွန်းအောင်ကျော်ကခေါင်းဆောင်ဖြစ်ပြီး ဘာလို့ကြက်ကလေးငှက်ကလေးလိုအဖမ်းခံရတာလဲ ABSDF ကျောင်းသားအဖွဲ့ဟာအင်အား
မရှိလောက်ဘူး ဒါကြောင့်ကချင်သူပုန်နဲ့ခင်အောင်ပေါင်းထားတဲ့ နိုင်အောင် ၊ အောင်နိုင် တို့လိုကောင်တွေက နှိပ်စက်ချင်သလို နှိပ်စက်ခွင့် ၊ သတ်ချင်သလို သတ်ခွင့်
ရသွားတာပဲ လောကမှာလူတစ်ယောက်ကိုအထင်နဲ့သတ်တာအဆိုးဆုံးပဲ မိခင်ဖြစ်တဲ့ဒေါ်တင်မမကိုကိုယ်ချင်းစာ
မိပါတယ်

တခြားကျန်တဲ့မိသားစုဝင်တွေကရော ဘာလို့အမှုမဖွင့်ကြတာလည်း။ အကုန်လုံးတူတူ အမှုဖွင့်သင့်ပါတယ်။

အခုလိုရက်ရက်စက်စက်သတ်ခဲ့တဲ့ နိုင်အောင် မိုးသီးဇွန်တို့လို လူသတ်သမားတွေက အခုထိအဖမ်းမခံရ၊ အပြစ်ပေးမခံရသေးပဲ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နေနိုင်နေတယ် ဆိုတာ နိုင်အောင် မိုးသီးဇွန်တို့က မာရ်နတ်ရဲ့လူတွေဖြစ်လို့ ဒင်းတို့တွေကို မာရ်နတ်က ကာကွယ်ပေးနေတာလားလို့တောင် ထင်မိတယ်။

မိုးသီး နှင့် နိုင်အောင်
ယောကျာ်းဆိုတာ လုပ်ရဲရင်ခံရဲရတယ်

hot new က ဆောင်း ပါး ရှင် စောက် ရူး မိုး သီး ဇွန် .... ငါ သိ င်္နှစ် ကျပ် ခွဲ ဘိုး နဲ့  စာ မ ရေး ပါ နဲ့ ။ ခွေးဦးနှောက် ရှိ လို့  ကျောင်း သားချင်း သတ်လို့  ရတာ ထလရ ကမင်း တို့  အ မျိုး တွေ အ ခ မဲ့ ချ နေ တာ သိ လား ?

ABSDF မြောက်ပိုင်း ABSDF တောင်ပိုင်း လူသတ်မှုတွေ တ၇ိဆာန်အ၇ိုင်းကောင်တွေလို နှိပ်စက်မှုတွေဟာ မြန်မာပြည်တွင်းမှာတင် အမှုဖွင့်တာနဲ့  မလုံလောက်ပါ
အင်တာပို (Interpol) မှာ ထပ်ပြီး အမှုဖွင့်ရမှာပါ ... ကမ္ဘာ့ ခုံရုံး ကို တင်ရမယ့်အမှုပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်