Subscribe to our RSS Feed

NLD - ပါတီကုလား... အိပ်ပျော်သွားပြီလား

From : ..http://myanmarheadline.blogspot.com/2013/05/nld_26.html



၈၈- ဒီမိုကရေစီအရေးတော်ပုံနှင့်အတူ မွေးဖွားလာခဲ့တဲ့ NLD။ 
၉၀-ခုနှစ် ရွေးကောက်ပွဲမှာတောင် ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ NLD။
 ၂၀၁၂-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လည်ဆွဲဖြစ်ခဲ့တဲ့ NLD။
 ပြည်သူချစ်တဲ့ အားကိုးတဲ့ NLD ပါတီကြီး အတော်မောပန်းသွားလို့ အိပ်ပျော်သွားပြီလားလို့တောင် မေးရတော့မယ်။ အခု မြန်မာပြည်အနှံ့က NLDအဖွဲ့တွေ လှုပ်ရှားမှု အတော်ရပ်တန့်သွားခဲ့ပြီ။ ဘာကြောင့်ပါလိမ့်။ ဒေါ်စုတစ်ဦးတည်းကိုပဲ အားကိုးနေတော့တာလား။ သမ္မတကြီးကိုပဲ ပုံအပ်လိုက်တော့တာလား။ တစ်နိုင်ငံလုံးရဲ့အရေး ဒီနှစ်ယောက်တည်းဆိုရင် သေသွားနိုင်တယ်နော်။. ကျုပ်တို့နိုင်ငံမှာ နိုင်ငံရေးပါတီကြီး နှစ်ခုရှိတယ်။ ပြည်ခိုင်ဖြိုးက အစိုးရဖွဲ့နိုင်တဲ့ ပါတီ။ NLD က အတိုက်အခံပါတီ။ ဟုတ်ပါတယ်နော်။ အတိုက်အခံပါတီဆိုတာ အစိုးရလုပ်ဆောင်မှု မမှန်သမျှကို အောက်ခြေ ရပ်/ကျေးကနေ မြို့နယ်/ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်ကနေ နိုင်ငံတော်အဆင့်အထိ ထောက်ပြဝေဖန် အကြံပေးပြီး၊ နိုင်ငံနှင့်ပြည်သူ့အကျိုးမှန်သမျှကို ပြည်သူနှင့် တစ်သားတည်းရပ်တည်ပြီး ဆောင်ရွက်နေရမယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ ဘယ်နိုင်ငံမှာမဆို ဒီလိုပုံစံမျိုး ကျင့်သုံးတယ်ဆိုတာ မမေ့သင့်ပါဘူး။ NLD ပါတီဟာ လက်ရှိအခြေအနေမှာ ပြည်သူထောက်ခံမှု အများဆုံးရရှိတဲ့ပါတီ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ထဲက ပြည်သူ့ကိုယ်စားလှယ်တွေရော၊ ပါတီထဲက အဆင့်ဆင့်သော တာဝန်ရှိပုဂ္ဂိုလ်တွေရော အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေး၊ လွှတ်တော်တွင်းနိုင်ငံရေးတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်စေချင်ပါတယ်။ အခုတော့ NLD ပါတီကြီးဟာ အိပ်ပျော်သွားပြီလားလို့တောင် မေးရမလို ဖြစ်နေပြီ။ ပါတီတွင်း ညီလာခံတွေ အဆင့်ဆင့်ပြုလုပ်ကြတဲ့နေရာမှာ မတရားမှုတွေ၊ စည်းကမ်းဥပဒေမဲ့ ဆောင်ရွက်မှုတွေ၊ အာဏာရှင်ထက်ဆိုးတဲ့ ဆရာတပည့်မွေးမှုတွေ၊ လဒ်ပေးလဒ်ယူမှုတွေ၊ နှိပ်ကွပ်မှုတွေ နိုင်ငံအနှံ့ ရှိခဲ့ကြတာကြောင့် ပါတီအရှိန်သေသွားတာလား။ ဒီမကောင်းမှုတွေကို အချိန်ယူပြီး ဖြေရှင်းသင့်တယ်။ တတ်သိနားလည်ပြီး ပါတီအတွက် တကယ်အလုပ်လုပ်တဲ့သူတွေကို ပြန်လည်ခေါ်ယူသင့်တယ်။ ပါတီရဲ့စည်းကမ်းနည်းလမ်းတွေကို စံထားရမယ့်ဒီမိုကရေစီ နိုင်ငံတွေက ပါတီကြီးတွေဆီကနေ အတုခိုးသင့်ရင်လည်း ခိုးရမယ်။ အခုလက်ရှိနိုင်ငံရဲ့ အခြေအနေတွေကို ဘက်ပေါင်းစုံက ကြည့်ပါ။ NLD ပါတီကြီးဟာ နိုင်ငံအရေး၊ အမျိုးသားအရေးမှာ ဦးဆောင်ဦးရွက်ပြုနေရမယ်လေ။ ဒါကြောင့်မို့ ကျုပ်က NLD ပါတီကြီး အိပ်ပျော်သွားပြီလားလို့ မေးရတာပါ။

(ဇာနည်ဘွား)
.. www.MyanmarExpress.net

 

6 comments:

အရှိန်သတ်နေတယ်လို့ ထင်ပါတယ် ။၂၀၁၅ မတိုင်ခင်ပေါ့

အိပ်ပျော်သွားတာမဟုတ်ဘူးကွ မကြာခင်သေတော့မှာ NLDဟာမှန်ကန်တဲ့ဝေဖန်ရေး အတိုက်အခံပါတီမဟုတ်ဘူး ငါတကောကောနေတဲ့ အတ္တသမားတွေစုဝေးရာပါတီပဲ ပြည်သူတွေကောင်းစားဖို့အတွက် အတိုက်အခံလုပ်ပေးနေတာမဟုတ်ပဲ သူတို့အာဏာရဖို့ကိုပဲဦးတည်ပြီး အစိုးရနဲ့ပြည်သူကိုရန်တိုက်ပေးနေတဲ့ စောက်သုံးမကျတဲ့ ခပ်ညံ့ညံ့ပါတီ

အိပ်တာမဟုတ်ဘူးယုတ်တာဟ မကူညီချင်လို့ရှောင်နေတဲ့သ
ဘောပေါ့ ဝေဖန်ရေးမလုပ်ဘူးရှုတ်ချရေးပဲလုပ်နေတာဟ
ဦးသိန်းစိန်ကြောင့်အောင်မြင်တယ်လို့ကမ္ဘာကဝိုင်းပြီးချီးကျူးမှာစိုးလို့ဟ
မနာလိုနေတာဟ ရှင်းပြီလား NLဗလီကလူတွေ
သွားမေးကြည့်ပါလား တို့နဲ့မဆိုင်ဘူး တို့ကအစိုး
ရမဟုတ်ဘူးဘာညာပေါ့ ဒီအဖြေပဲပေးမှာပဲ အံတိုနေပြီ

Let us wait and see, what will be going on the NLD Party ahead. This party is formed based upon particular someone. It has no strong foundation for long term existing. In fact, it is not democratic party. The party is depending upon a person who is behaving like dictator. It is very clear to see like an elephant walking in field.

သူတို့ လုပ်‌နိုင်‌တာက ပြည်‌သူ‌​တွေဆူပူလာ‌​အောင်‌ လုပ်‌ဖို့ အုပ်‌ချုပ်‌တဲ့အစိုးရကို အတိုက်‌အခံလုပ်‌ဖို့‌​ နဲ့ ပြည်‌သူေ​တွကို လိမ်‌ဖို့‌​လောက်‌တက်‌တဲ့ဟာ‌​တွေ
ဦး‌​ဆောင်‌‌​နေတဲ့သူကို‌​တော့ ဟိုဟာလုပ်‌ရင်‌လုပ်‌လို့ တစ်‌မျိုး ဒီဟာလုပ်‌ရင်‌ လုပ်‌လို့ တစ်‌ဖုံ ဟို‌​ပြော ဒီပြော .....လူရွှင်‌‌​တော်‌‌​တွေ ပျက်‌တဲ့ ဟိုလိုလုပ်‌ပါလား ဒီလိုလုပ်‌ပါလား ငါးကလုပ်‌တက်‌ဘူး ဆိုတာူသတို့မှအစစ်‌......ဒီလိုလူ‌​တွေကို အားမကိုးမိဖို့ အထူးသတိပြုကြဗျို့...,.............


စိတ်မဆိုးကြပါနဲ့ကွယ် အနှစ် နှစ်ဆယ်လောက်
ဝေးကွာခဲ့တဲ့ နိုင်ငံတွေမှာ သွားသွားပြီး
သငယ်ပြန်နေရလို့ပါ
မင်းတို့ရှေ့မှာ ထင်သလိုနေလို့ မရဘူးလေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်