Subscribe to our RSS Feed

ဒီမိုများ အားကျသည့် အမေရိကန် စစ်တပ်တွင် မုဒိန်းမှုများ ပိုများလာကြောင်း အမေရိကန် သမ္မတနှင့် ၀န်ကြီးပြော

From : .... OE

အမေရိကန် တပ်မတော်ဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေ များပြားလာတဲ့ ဆိုးရွားသည့် အခြေအနေကို ရင် ဆိုင်နေရကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel မှ ယနေ့(၂၅ -၅-၂၀၁၃)မှာ ပြုလုပ် တဲ့ ၀က်စပွိုင့်မှာ ရှိသည့် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်၏ ဘွဲ့ယူ အခမ်းအနားမှာ ပြောကြား လိုက် ပါသည်။ အဆိုပါ ၀က်စပွိုင့်၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်တွင် အမေရိကန် တပ်ကြပ်ကြီး တစ်ဦးဖြစ်သူ Michael McClendon ဟာ အမျိုးသမီး ဗိုလ်လောင်းများ၏ ရေ ချိုးခန်း ဗီဒီယို များ ရိုက်ကူးမှုကြောင့် ပုဒ်မ ၄ ခုဖြင့် တရားရင်ဆိုင် ရလျှက် ရှိကြောင်း ယနေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားပါသည်။

Chuck Hagel မှ အမေရိကန် စစ်တပ်အတွင်းက လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေဟာ စစ်တပ်က အလေး ထား လိုက်နာရတဲ့ ကျင့်ဝတ်စည်းကမ်း တွေကို တဖြည်းဖြည်း ထိခိုက်လာကြောင်း ၊ အဆိုပါ ကိစ္စများကို ရပ် တန်း က ရပ်နိုင်အောင် ကြိုး စားရမည် ဟု ဖြစ်ကြောင်း ပြောခဲ့သည်ဟု သတင်းတွင် ပါဝင်ပါသည်။

လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ ဖြစ်နေခြင်းအတွက် အမေရိကန် သမ္မတ အိုဘားမားမှလည်း အမေရိကန် ရေ တပ် အကယ်ဒမီ တစ်ခု၏ ဘွဲ့နှင်းသဘင် အခမ်းအနား တွင် ပြောပြီး ရက် အနည်းငယ်အတွင်း ကာ ကွယ် ရေး ၀န်ကြီးမှလည်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ပင်တဂွန် စစ်ဌာနချုပ် အနေဖြင့်လည်း အဆိုပါ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများကို အကြိမ်ကြိမ် ဖြေရှင်း နေ ရပြီး အမေရိကန် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများဟာ ၂၀၁၁ ခုနှစ်တွင် ၁၉၀၀၀ မှု ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၂၆၀၀၀ အထိ တိုးမြှင့်လာသည့် အတွက် ၃၇ % ပိုမို များပြား လာ ကြောင်း အဆိုပါ သတင်းက ဆိုပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်