Subscribe to our RSS Feed

စစ်တပ်ကြောင့် မီဒီယာသမားတို့ မဖော်ပြခဲ့သည့် ကားချောက်ထဲကျသည့်သတင်း

From : ..http://www.oppositeyes.info/2013/05/blog-post_6496.html


၁၁-၄-၂၀၁၃။ ထိုနေ့စွဲသည် သင်္ကြန်မတိုင်ခင် ဖြစ်ပွားခဲ့သည့် သွေးစွန်းသော ရက်စွဲ တစ်ခုဖြစ်ခဲ့သည်။ သို့ သော် ထိုကာလအတွင်းနှင့် သင်္ကြန်ကာလအတွင်း ကျွန်တော်တို့ ဖတ်ခဲ့ရသော သတင်းများ သည်ကား ချောင်း သာ သို့သွားသည့် ကား မှောက်သည့် သတင်း၊ AGB ဘဏ် မဏ္ဍပ်ရှေ့တွင် တပ်မတော်သားများ ခိုက်ရန် ဖြစ် ပွားဟု ဆိုသည့် အမှန်တစ်ဝက် သတင်း များသာ ဖြစ်ခဲ့လေသည်။ 
ဖြစ်စဉ်ကတော့ မိုင်းကိုင်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်း အောက်မှ လမ်းအလုပ်သမားများ သင်္ကြန် ပိတ် ရက် အတွက် ဖောကားအပြာဖြင့် ပြန်လာရာ အရက်မူးနေသော ကားမောင်းသမားကြောင့် မိုင်းပွန်နဲ့ ဟိုပုံး ကြား မိုင် တိုင် ၁၄၉ နားအရောက်၌ အရှိန် မထိန်းနိုင်ဘဲ ကား ချောက်ထဲကျခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ် ဖြစ် ပွား ချင်း၌ ကား (၁)စီး ၂ စီး ဖြတ်သွားခဲ့သော်လည်း ကြည့်သွားယုံမှ အပ ဘာမှ မကူညီခဲ့ကြ။ 
သိပ်မကြာခင် စစ်ကား aerolous တစ်စီးနှင့် စစ်သား အယောက် ၂၀ ခန့် ရောက်လာသည့် အခါတွင်တော့ အလုပ် စကြတော့သည်။ ချောက်ထဲကျသွားသည့် လူများကို လက်ဆင့်ကမ်း ဆွဲတင်ကြသည်။ ကားချောက် ထဲ ကျသည် ဆိုတော့ အချို့ကားများက ရပ်ပြီး ကြည့်ကြသည်။ အချို့ကတော့ ကြည့်သွားယုံထက် မပိုခဲ့ကြ။ အများ စုကတော့ သနားပါတယ် ဆိုသော စကားဖြင့်သာ ကူညီခဲ့ကြသည်။ 
စစ်ကားပေါ်မှ အရာရှိနှင့် အတူ ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ မိုင်းကိုင် မှ တိမွေးကု ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ နေလင်းပင်။ ထို့နောက် ဆောက်လုပ်ရေးနှင့် မိုင်းပွန် ရဲစခန်းသို့ အေ ကြာင်း ကြား ကြသည်။ သို့သော် အလှမ်းကွာဝေးနေသည့် နေရာဖြစ်သည့်အတွက် ချောက်ထဲကျသည့် လူ များ၊ ပစ္စည်းများ အားလုံး လမ်းပေါ်ရောက်သည် အထိ အကူအညီများ မရောက်လာခဲ့။ 
ချောက်ထဲကျသည့် သူအားလုံးကို အပေါ်သို့ ဆွဲတင်ပြီး ချိန်တွင်တော့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် မှ ဖြစ်သည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ၃ နှစ်သား အရွယ် ကလေးငယ်လေး မှာေ တာ့ ချောက်ထဲမှ အပေါ်သို့ အရောက်တွင် ဆုံးသွားခဲ့သည်။ ဒဏ်ရာ ပြင်းထန်သူများ ဒဏ်ရာ ရသူများကို စစ်သား များက တောင်ကြီးသို့ သွားသည့် ကားများပေါ်သို့ တင်ရန် ကြိုးပမ်းကြသည်။ အချို့ကားများက အမှု ပတ်မည် စိုးသဖြင့် လက်မခံလိုကြ။ ခရီးဖင့်မည် စိုးသဖြင့် မကူညီလိုကြ။ တစ်ယောက် တင်၍ ရသည့် ကားေ ပါ် ဒဏ်ရာ ရသူ တစ်ယောက် တင်ပေးကာ ဒဏ်ရာ ရသူများကို ကူညီပေးခဲ့ကြသည်။ 
တောင်ကြီး ဆေးရုံသို့ ရောက်ပြီးနောက် ဆောက်လုပ်ရေးမှ သေဆုံးသူတွေရဲ့ မိဘတွေကို ကူငွေ ၅ သိန်း၊ တောင် ကြီး ကူညီမှု အသင်းများက ၄ သိန်း ပေးသည်ဟု သိရသည်။ ယခုတော့ အဆိုပါဖြစ်စဉ် နေရာတွင် နောင် မဖြစ်စေရန် တိုင်များ စိုက်ထူထားကြောင်း သိရသည်။ 
အဆိုပါ ဖြစ်စဉ်သည် မည်သည့် မီဒီယာတွင်မှ ရေးသားခဲ့သည်ကို မတွေ့ရပါ။ ကူညီခဲ့သော တပ်မတော် သားများ ကို ၄င်းတို့ ကူညီခဲ့သဖြင့် အသေအပျောက် နည်းခဲ့ကြောင်း ခယက ဥက္ကဌနှင့် ဆောက်လုပ်ရေး အင်ဂျင် နီ ယာချုပ် တို့ ၂ ဦးမှ ချီးကျူးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရ ကူညီမှုများ အပြီး တွင်တော့ လေး စား ဖွယ် စစ်သားများ၏ လုပ်ရပ်ကို ထပ်မံ တွေ့လိုက်ရသည်။ ထိုအချက်မှာတော့ စေတနာကို ဝေဒနာ မဖြစ်စေ ချင်၍ စစ်သားများကို တန်းစီကာ မည်သည့် ပစ္စည်းမှ ယူမသွားကြောင်း သက် သေများ ရှေ့တွင် စစ်ဆေးပြ ခဲ့ခြင်းပင်။ 
( အဆိုပါ ဖြစ်စဉ်တွင် ကူညီပေးခဲ့ကြသော တပ်မတော်သားများကို လေးစားဂုဏ်ပြုပါသည်။ သတင်းနှင့် ဓာတ် ပုံ ပေးပို့သူအားလည်း အထူးကျေးဇူးတင်ပါသည်။) 








.. www.MyanmarExpress.net
 

17 comments:

တပ်မတော်ဆိုတာ နိုင်ငံနဲ့ ပြည်သူ အတွက်

အမြဲ ရှိနေ ရမယ်။ တပ်မတော်နဲ့ပြည်သူ

ဒီ့ထက်ပိုစည်းလုံး ဖို့လိုနေပြီ။ အရာရာကို ပကတိ

အရှိတိုင်း သုံးသပ်ရေးသားဖေါ် ပြကြပါ

မှန်တာလုပ်ဖို့မကြောက်ကြပါနဲ့

လေးစားထိုက်တဲ့အပြုအမူပါ။တကယ်လေးစားပါတယ်။တာဝန်မဲ့တဲ့ရပ်ကြည့်သွားပြီးမကူညီတဲ့သူတွေကိုအရေးယူပေးပါ။

GOOD.TAW THEY DAR PAWT. PYIT SEE TWAY MA PAR THWAR LOLT. WITH MYITTA

hot news,the voice,eleven,massager,နဲ့ အခြားဂျာနယ်မျာထင် ထင် ပေါ် ပေါ်ရေးပေးပါ။NLDလူငယ်ကျောင်းသူဆေးခပ်အ အေးတိုက်မုဒိမ်းကျင့်နောက်ဆက်တွဲသတင်းလက်သံပြောင်သော်အဆိုပါဂျာနယ်များဖေါ်ပြ ပေး ပါ။

တပ်မတော်သားများသည် သနားဖို့ အရမ်းကောင်း ပါသည်။ရှိသည့် အသက်ကို နိုင်ငံတော်နှင့် ပြည်သူကို ပေးထားရပါသည်။ နိုင်ငံနှင့် လူမျိုးအတွက်ဆိုလျှင် ဘာမဆိုလုပ်ရဲသည့် စိတ်ဓါတ်ရှိကြပါသည်။ ၄င်းစိတ်ဓါတ်များ ရှိသောကြောင့် အသက်ပေး စတေး စွန့်စားကြသော အရာရှိ/စစ်သည်များ မြောက်မြားစွာသေကြေခဲ့ကြပါသည်။၂၄ နာရီ တာဝန်အပြည့် ထမ်းဆောင်နေရသော စစ်သည်များဖြစ်ကြပါသည်။

၈၈ အ ရေး အ ခင်းပီး ရန် ကုန် တိုက် ကြိး ပြေး ဆွဲ သည့် ဟိုင်း လတ် ကား နှင့် ချောက် ရန် ကုန် ပြေး ဆွဲ သည့် မြ သုးံ လုးံ ဘတ် စ ကား တိုက် ရာ မှာ ဟိုက် လတ် ကား မှ ပါ သော ခ ရီး သည် များ လမ်း ပေါ် တွင် ပို့ လို့ ပက် လက် သေ သူ သေ ဒဏ် ရာ ရ သူ ရ နှင့် ၂၀ ၂၅ ယောက် မ က ပါ သေ သူ ၁၀ လောက် ရှိ ပါ တယ် ဒီ လို ပါ ဘဲ ဘယ် သူ မှ မကယ် ကြ ပါ စစ် ကား ရောက် လာ ပြိး စစ် သား များ မှ ဒဏ် ရာ ရ သူ များ ကို တိုက် ကြိး ဆေး ရုံ ရန် ကုန် ဆေး ရုံ ပို့ ပေး ပါ တယ် သေ သူ တွေ ကို လဲ သွေး သန် ရဲ ရဲ နဲ့ ကောက် ပေး ပါ တယ် ကျ နော် မျက် မြင် ပါ စစ် သား တွေ ကို အ မြဲ လေး စား ပါ တယ် တန် ဘိုး ထား ပါ တယ် အဲ ဒီ တုးံ က ကျ နော် ပ ခုက္ကူ နဲ့ ရန် ကုန် သ နပ် ခါး ကုန် ကူး ရင်း ကမ္ဘာ မင်း ကား နဲ့ အ ပြန် မြင် ရ တာ ပါ ကား တောင် ဘေး ချ ပြိး ရပ် ကြည် ကြ ပါ တယ် စစ် သား ဆို တာ သူ တို့ ကို သူ တို့ မ ပိုင် ကြ ပါ တိုင်း ပြည် အ တွက် အ သက် ပေး ထား ပြိး သား ပါ မီဒီ ရာ သ မား နိုင် ငံ ရေး သ မား တွေ နဲ့ လုးံ ဝ မ နိုင်း အပ် ပါ ထာ ဝ ရ လေး စား လျှက် ပခက သား

စစ် တပ် ကို အ ကောင်း မ ပြော ချင် တာ နဲ့ အ ပုတ် ချ ချင် တာ မွတ် တွေ သွေး ထိုး မှု့ ပေါ့။ျြွန် မာ စစ် သား တွေ ရှိ နေ လို့ သူ တို့ ပြည် ပြေ စီ မံ ကိန်း က မ အောင် မြင် တာ လေ။ ခု မိတ် ထီ လာ ထိ လက် နက် တွေ စု လာ ပြီ။ စစ် တပ် မ ကောင်း ပြောတဲ့ မြန် မာ ဆို တာ ဦး နှောက် မ ရှိ ၊ မျိုး ချစ် စိတ် မ ရှိ လို့ ဘဲ။ ကိုယ် အ သက် ရှင် ဖို့ က ကိုယ့် မှာ စစ် တပ် ရှိ ဖို့ လို တယ် လေ။

မြန်မာ့ တပ်မတော် ကို အ စဉ် လေး စား ပြီးသား ပါ

တပ်မတော်သားများသည် သနားဖို့ အရမ်းကောင်း ပါသည်။ရှိသည့် အသက်ကို နိုင်ငံတော်နှင့် ပြည်သူကို ပေးထားရပါသည်။ နိုင်ငံနှင့် လူမျိုးအတွက်ဆိုလျှင် ဘာမဆိုလုပ်ရဲသည့် စိတ်ဓါတ်ရှိကြပါသည်။
Correct. When they grow up, their atitude is changed totally like you have seen in MM so called Generals (Selfish Generals). Got it.

စစ်သားတိုင်းကောင်းကြပါတယ် တချို့ ဗီဇကိုမကောင်းတဲ့ လူတစ်ချို့ကလွဲရင်ပေါ့ ဒါကလည်း အောက်ပိုင်းကပါ

Sout yoo. Sout shat ma shi boo.out chay pe tha narr dal. Thu myar ain hmar servant lote nay ya dal.Thu

ME ရေ ပု သိမ် က လေ တပ် ဗိုလ် ကြိံး သား အ ဖ အ နိုင် ကြင့် တဲ့ သ တင်း လဲ တင် ပေး ပါ ခင် ဗျား။သား အ ဖ နှစ် ယောက် စ လုံး ဝိုင်း ရိုက် ယူ နိံ ဖေါင်း ဝတ် ပြိံး ပြည် သူ နဲ့ ရဲ တွေ ကို လုပ် သွား တဲ့ ပုံ က ဥ ပ ဒေ ကို စစ် သား တွေ လိုက် နာ စ ရာ မ လို တဲ့ ပုံ ဖြစ် နေ တယ် ။ကျွန် တော် တို့ တပ် မ တော် ကို အ ကြည် ညို ပျက် စေ တာ ဒိံ လို အ ရာ ရှိ တွေ ကြောင့် ဗျ။

တင်ထားတဲ့ ခေါင်းစဉ်က အဓိပါယ် တစ်မျိုးများ ပေါက်နေလားလို့..
စစ်တပ်ကြောင့် ဆိုတာကြီးလေ
"စစ်တပ်ကြောင့် မီဒီယာသမားတို့ မဖော်ပြခဲ့သည့် " ဆိုတာကြီးကို ပြန်ပြင်စေချင်တယ်..

myanmar soldier myar ko ya khu lo phaw pya kae tae thu ko thank lo pyaw chin par tel;.....

myanmar army is proud and displain for myanmar people

စစ်​သားကို ဘယ်​သူမှ မမုန်းပါ... စစ်​အုပ်​ချုပ်​​ရေး နဲ့ ​တိုင်းပြည်​ကို​ရောင်းစားတဲ့ စစ်​ဗိုလ်​ချုပ်​ကြီး​တွေကိုပဲ မုန်းပါတယ်​...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်