Subscribe to our RSS Feed

ဒီမိုကရေစီနဲ့ ထိုက်တန်ဖို့၊ နိုင်ငံကြီးသားပြီသဖို့ လိုသေးသည့် မြန်မာလူငယ်များကြောင့် သတို့သမီးတစ်ဦးတည်း မင်္ဂလာပွဲကျင်းပခဲ့ရ

From : ..7day

မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီးတစ်ဦးတည်း ကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့်
သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည ဧည့်ခံပွဲကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက်ကူညီ လုပ်ကိုင်
သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှ စကားများပြီး အုပ်စုလိုက်ခိုက်ရန်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ပွဲတွင် သတို့သားလည်း ပါဝင်ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ ဓားဖြင့် အထိုးခံရသူတစ်ဦးနှင့် ဦးခေါင်းကွဲ
ဒဏ်ရာရသူတစ်ဦးကို ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း မြို့နယ်ရဲစခန်းမှ တာ
ဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရန်ပွဲမှာပါဝင်ကျူးလွန်ခဲ့တဲ့ သတို့သားနဲ့ နောက်အဖော်တစ်ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဆေးရုံတက်ရတဲ့ နှစ်ယောက်မှာ တစ်ယောက်က ခေါင်းကို ဆယ်ချက်ချုပ်ရပြီး ကျန်တစ်ယောက်ကတော့
ဗိုက်ကိုဓားနဲ့အထိုးခံလိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မေ ၂၂ ရက် မင်္ဂလာ ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရာ သတို့သားမပါဘဲ သတို့ သမီး တစ်ဦးတည်း
ကျင်းပခဲ့ရသည်။ ရန်ပွဲတွင် ပြစ်မှုကျူးလွန်သူသတို့သားနှင့် ကျန်တစ်ဦးကို အပြင်းအထန်နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၂၆
ဖြင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။

ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့တွင် မင်္ဂလာပွဲကျင်းပပြီးမှသာ လူပျို၊ အပျိုညအဖြစ်တည်ခင်းဧည့် ခံပွဲ
ပြုလုပ်လေ့ရှိသော်လည်း ဟင်္သာတအပါအ၀င် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့နယ်များတွင် မင်္ဂလာဆောင်
ဧည့်ခံပွဲမတိုင်မီတစ်ရက် အကြိုကပင် လူပျို၊ အပျိုညကိုပြုလုပ်လေ့ရှိသည်။


 .. www.MyanmarExpress.net
 

6 comments:

နှမျောစရာ တညတာ
အာသာဖြေရ သူ့ဘဝ

1-WE SHOULD STOP THIS KIND OF BAD PRACTICE
IN OUR COUNTRY.
2-WE SHOULD FIND THE ROOT CAUSE OF THE
PROBLEM AND TO ELIMINATE THIS KIND OF
ROOT CAUSE IN OUR COUNTRY.
3-WE NEED POLICE TO STOP THIS KIND OF
PROBLEM.
4-LAW AND ORDER IS VERY IMPORTANT AND
EVERYBODY MUST UNDER THE LAW THEN ONLY
WE ALL CAN LIVE PEACEFULLY.
5-THIS IS THE REASON WE CALL POLICE
OFFICIALS ARE LAW ENFORCEMENT OFFICERS
AND PEACE OFFICERS.
6-WE LIKE TO READ MORE INFORMATION BUT
MEDIA MOSTLY NOT MENTION IN DETAIL NEWS.

WE MUST WATCH THEIR NIGHTS N PREPARING CAMERAS TO SHOOT THEIR BLUE NIGHTS.THEN SPREAD FROM MEG,OPPOSITE BLINDS.WE WANNA WATCH MINISTERS'SONS SEX MOVIES INCLUDING EXPENSIVE CALL GIRLS N FAMOUS MODELS LIKE THAZIN. WITH MYITTAMYITTA

the police is not compassion that is why met that case. why didn't give the amnesty for temporary, the police force need to change their mind set.

ထူးထွေသည့်အံ့၇ာ။အိမ်ထောင်မကျခင် အပြင်ထောင်အ၇င်ကျ၇တယ်လို့။အဖြစ်ကတော့ဆိုးပါ့။

သတို့သမီးလေးအဖြစ်ကပိုပြီးသနားစ၇ာကောင်းလှပါတယ်ငါ့တူ၇ယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်