Subscribe to our RSS Feed

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍တိုင်ကြားပါက စုံစမ်းဖော်ထုတ်အရေးယူမည်

From : မြန်မာတိုင်းမ်


အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသို့ လိပ်မူတိုင်ကြားပါက အရေးယူ စုံစမ်း ဖော်ထုတ်မည် ဖြစ်ကြောင်း အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုး ဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက ပြောသည်။
" corruption နဲ့ပတ်သက်ပြီး ပြည်သူ တစ်ယောက်က ကျွန်တော်တို့ဌာနကို တိုင်ကြားရင် အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ လိပ်စာ အနေနဲ့ "သို့ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ နေပြည်တော်" ဆိုရင် ရပါတယ်။ "တိုင်သူဘက်က မှန်ကန် ဖို့တော့ လိုတယ်။ မှတ်ပုံတင်တို့၊ လိပ်စာတို့ပါရင် ပိုကောင်းတယ်။ အဲဒါမှ တိုင်စာဖြစ်မှာ ဖြစ်တယ်။ အတိအကျမဟုတ်ရင် ပစ်စာ ဖြစ်သွားမယ်။ ပစ်စာရဲ့အဓိပ္ပာယ်နဲ့ တိုင်စာရဲ့အဓိပ္ပာယ်က အများကြီးကွာတယ်"ဟု ၎င်းက ပြောသည်။
အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အပြင် နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တိုင်ကြားနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
"သမ္မတရုံးကို တိုင်တယ်။ သမ္မတရုံးက ပြည်ထဲရေးကို တာဝန်ပေးတယ်။ အဲဒီအထဲက ကျွန်တော်တို့နဲ့ဆိုင်တဲ့ ကိစ္စတွေကို ကျွန်တော် တို့ကို တာဝန်ပေးတယ်ဆိုရင် အဲဒီအပေါ်မှာ ကျွန်တော်တို့က စစ်တယ်။ "ကျွန်တော်တို့ဆီကို တိုင်ရင် ကျွန်တော်တို့က ပထမဦးဆုံး ရရှိတဲ့ သတင်းအပေါ်မှာ မူတည်ပြီးတော့ ၀န်ကြီးဆီကို တင်ပြတယ်။ ၀န်ကြီးဆီက အဲဒါကို စစ်ပါလို့ အမိန့်ကျတယ်ဆိုရင် ပထမဦးဆုံး ကျွန်တော်တို့က စုံစမ်းတယ်၊ စစ်ဆေးရတယ်။ "စစ်ဆေးတွေ့ရှိမှုအပေါ် အခြေပြု ပြီးတော့မှ ၀န်ကြီးဆီကို ပြန်တင်ပြတယ်။ ၀န်ကြီးက တရားစွဲပါဆိုရင် သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲတာပါ"ဟု ဦးမျိုးခိုင်ဆွေက ပြောသည်။
"ဒီကြားထဲ စုံစမ်းစစ်ဆေးတဲ့ အပိုင်းမှာ တွေ့ရှိတာကို ကျွန်တော်တို့ ဌာနက ဥပဒေထင်မြင်ချက်၊ ဘယ်ဥပဒေနဲ့ ငြိတယ် ဆိုတာကို တင်ပြပေးတယ်" ဟု ၎င်းက ပြောသည်။


Myanmar Express 

ပျက်စီးတာဝါတိုင်များ ပြုပြင်ပြီးစီးရန် အနည်းငယ်သာကျန်၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးအပြည့် ပြန်ပေးနိုင်တော့မည်

From : ခေတ်လူငယ်


မေ ၁၈ ရက်နှင့် ၁၉ ရက်များက ဖောက်ခွဲဖျက်ဆီသူများကြောင့် ပျက်စီးသွားရသော ရွှေလီ-မန်စံ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၇ နှင့် ၂၀၈ တို့မှာ မေလကုန် ဇွန်လဆန်းပိုင်းတွင် ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးတော့မည်ဖြစ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ဖြန့်ဝေပေးနိုင်တော့မည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈နှင့် ၂၀၉ တို့မှာ ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးသွားပြီဖြစ်ရာ တာဝါတိုင်အမှတ် ၂၀၇ သာ ပြုပြင်ရန် အနည်းငယ် ကျန်တော့သည်ဟု ဆိုသည်။ အဆိုပါ ဓာတ်အားတိုင်များ ပျက်စီးသွား၍ လျှပ်စစ်ဓာတ်အားပေးနိုင်မှု လျော့ကျခဲ့သဖြင့် မေ ၁၉ ရက်မှစ၍ စက်မှုဇုန်များသို့ ဓာတ်အားဖြတ်တောက်လိုက်ရပြီး အများပြည်သူသို့ အုပ်စုခွဲကာ အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးခဲ့ရာမှ ယခုအခါ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ပေးနိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အားအမြင့်ဆုံး ထုတ်လုပ်ပေးနိုင်သော ရာသီမှာ မိုးရာသီဖြစ်ပြီး ရေအားလျှပ်စစ်အပါအဝင် ၁၆၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရာ မိုးရာသီ၌ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၅၆၀ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။ နွေရာသီတွင် ရေနည်းသွားသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၃၄၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သော်လည်း ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၈၅၀ မဂ္ဂါဝပ်ဖြစ်ရာ ဓာတ်အားထုတ်လုပ်နိုင်မှုထက် သုံးစွဲမှုက ပိုမိုများပြားနေသဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်ရသည်။ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကုစားရန်အတွက် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောက်ရန် စီမံစိုင်းပြင်းလျက်ရှိသည်။ ဓာတ်အားပေးစက်ရုံများတည်ဆောက် ရန်အတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်ကုမ္ပဏီများက ကမ်းလှမ်းလျက်ရှိရာ ရန်ကုန်မြို့အနီးတွင် ၆၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံနှင့် ဖက်စပ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယား ကုမ္ပဏီနှင့် ဖက်စပ်တည်ဆောက်ရန် သဘောတူပြီးဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားလိုအပ်မှု အထောက်အကူပြုနိုင်ရန် ၁၂၀ မဂ္ဂါဝပ်ဓာတ်ငွေ့တာဘိုင် ၃ လုံးကို ဂျပန်နိုင်ငံမှ ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
 
Myanmar Express 

Y-talk calling စနစ်ကို အင်တာနက်ဆိုင် အများစုမှာ အသုံးပြုလာ

From : MRTV4


လက်ရှိ အင်တာနက် ဆိုင်တွေ အများစုမှာ့ Y-talk calling စနစ်တွေ အသုံးပြုမှု ရှိလာတယ်လို့ VMG ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ
သိရပါတယ်။ ယခင်က P-Fingo ကို အသုံးပြုကြ ပေမယ့် မေလမှ စတင်ကာ Y-talk ခေါ်ဆိုခတွေ လျော့ချပြီး နောက်ပိုင်း မှာတော့ အင်တာနက်ဆိုင် အများစုမှာ ယခင်ကထက် အသုံးပြုမှုတွေ ပိုများ လာတယ်လို့ သိရပါတယ်။ Y-talk calling စနစ် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အပြင် အခြား နယ်မြို့တွေမှာ ခေါ်ဆို အသုံးပြု နိုင်တာ ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး တွေရှိ အင်တာနက်ဆိုင် တွေမှာလည်း Y-talk calling စနစ်ကို အသုံးပြုမှု ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ Y-talk calling စနစ်ကို မိုဘိုင်းဖုန်းနဲ့ပါ တွဲဘက် အသုံးပြု နိုင်အောင် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေ၊ Home user တွေ အတွက်လည်း နောက်ပိုင်းမှာ အသုံးပြု နိုင်အောင် စီစဉ်ပေး သွားဖို့ ရှိတယ်လို့ VMG Telecom ကုမ္ပဏီ လီမီတက်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 Myanmar Express 

KIA ထောင်ထားသောမိုင်းကို နင်းမိသောကားအား KIA မှ မိုင်းဖိုးငွေပြန်တောင်း

From : ကိုစိုးကြည်


မေ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီ လောက်မှာ ပူတာအိုမှ မြစ်ကြီးနား သို့လာတဲ့ ကုန်တင်ယာဉ် ၂စီးဟာ က၀ပန်ရွာ နားမှာ KIA ထောင်ထားသော မိုင်းတစ်လုံးစီနင်းမိပြီး ယာဉ်၏ တာယာတွေပွင့်ထွက်သွားပေမယ့် လူကတော့ထိခိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် KIA အဖွဲ့ က သေနတ်တွေကိုယ်စီနဲ့ ရောက်ခဲ့ပြီး ၎င်းတို့ထောင်ထားတဲ့မိုင်းကို နင်းမိတဲ့အတွက် ပိုက်ဆံ ၃၀၀၀၀ စီကိုအတင်းတောင်းခံခဲ့ပါတယ်။

ယာဉ်မောင်းတွေက မိုင်းကြောင့် ယာဉ်လည်းပျက်စီးခဲ့တယ်။ မိုင်းနင်းမိတဲ့ အတွက်ကြောင့် မိုင်းဖိုးကိုပြန်လျှော်ရတဲ့အတွက်ကြောင့် မိအေး ၂ခါနာဖြစ်ခဲ့ရပါတယ်။ KIA အဖွဲ့ က ဒီလိုမိုင်းကို လမ်းမှာထောင်ပြီး မိုင်းဖိုးကိုပြန်လျှော်ခိုင်းတာတော့ မကောင်းပါဘူး။ သူတို့က အစိုးရကားတွေကိုဘဲ မိုင်းကို နင်းစေချင်တဲ့သဘောမျိုးဖြစ်နို်င်ပါတယ်။ ဒါပေမယ့်လဲ ဒီလမ်းကြောင်းဟာ ပြည်သူတွေသွားလာနေတဲ့လမ်း၊ ကုန်ပစ္စည်းတွေပို့နေတဲ့လမ်းကြောင်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေဘဲထိခိုက်မှာဖြစ်ပါတယ်။ KIA က သူတို့ထောင်ပြီးတော့ ပိုက်ဆံရှာတဲ့ အနေအထားမျိုးကိုဖြစ်နေရပါတယ်။ အတင်းတောင်းလို့ အခြေ အနေမကောင်းလို့ ဒီလိုမိုင်ထောင်ပြီးတော့ မိုင်းဖိုးဆိုပြီး တောင်းတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် လို့ ကုန်တင်ကား အများစုနဲ့ ခရီးသည်တွေက မသွားရဲမလာရဲဖြစ်နေပြီး ကုန်ဈေးနှုန်းတွေလဲ အဆမတန် ကြီးမြင့် နေပြီး ကချင်ပြည်သူတွေလဲ ဒုက္ခရောက်နေရပါတယ်လို့ ကားသမားတစ်ဦးက KDN သတင်းဌာန သို့စာဖြင့်ပေးပို့ဆက်သွယ်လာခဲ့ကြောင်းသိရှိရသည်။

 
Myanmar Express 

ထက်ထက်မိုးဦးထက် ဆိုးတဲ့ ဂျက်စတင် ဘီဘာ

From : Planet

ဓာတ်ပုံဆရာတစ်ဦးအား ဂျက်စတင်ဘီဘာ ထိုးကြိတ်တိုက်ခိုက်ခဲ့လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့သည် ဂျက်စတင်ဘီဘာနှင့် ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပျက်ခဲ့သည့် ကိစ္စအတွက် ဘီဘာထံမှ ဖြေရှင်းချက်ကို စောင့်မျှော်နေကြောင်း သိရှိရသည်။ 911ကို ဖုန်းခေါ်တိုင်ကြားမှု တစ်ခုအရ ဘီဘာသည် ဓာတ်ပုံဆရာ တစ်ဦးကို ထိုးကြိတ်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားသည်။ ဘီဘာသည် မိမိ၏ မျက်နှာနှင့် ရင်ဘတ်တို့အား ထိုးကြိတ်ခဲ့ကြောင်း တိုင်ကြားသူက ဆိုသည်။ ဘီဘာသည် ထိုအချိန်တွင် ချစ်သူ ဆယ်လီနာ ဂိုမက်ဇ်နှင့်အတူ ရှိနေပြီး ထွက်ပေါ်နေသည့် သတင်းဓာတ်ပုံများအရ အလွန် စိတ်ဆိုးနေဟန် ရှိသည်ကို တွေ့ရသည်။ သို့သော် ဘီဘာသည် အဆိုပါ အခြေအနေ အားလုံးကို ရဲတပ်ဖွဲ့ထံ မည်သို့မျှ ဖြေရှင်းထားမှု မရှိသေးပေ။


justin bieber

(ဓာတ်ပုံဆရာအား ထိုးကြိတ်အပြီး တွေ့ရသည့် ဂျက်စတင်ဘီဘာ)

ကယ်လီဖိုးနီးယားတွင် ရုပ်ရှင်ရုံတစ်ခုမှ ပြန်ထွက်လာခိုက် ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်ရန် အသည်းအသန် ကြိုးစားရာမှ ပြဿနာ စခဲ့ခြင်းဟု ရဲအရာရှိ ရောဘတ်ဝီရာ့ဒ်က ပြောကြားခဲ့သည်။ ဓာတ်ပုံဆရာသည် ဆေးရုံတွင် ကုသမှု ခံယူပြီး ပြန်ဆင်းသွားကြောင်း ရဲများက ဆိုသည်။ ယခုအခါ ရဲတပ်ဖွဲ့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းက လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့သည် ဖြစ်စဉ် အသေးစိတ်ကို ဘီဘာကိုယ်တိုင် နှုတ်ထွက် ပြောဆိုလာခြင်းအား လိုလားလျှက်ရှိကြောင်း ပြောကြားခဲ့သည်။ ဘီဘာနှင့် ဓာတ်ပုံဆရာတို့ ပြဿနာတက်နေပြီးနောက် ဘီဘာ၏ ကိုယ်ရံတော်များလည်း ရောက်လာကြောင်း သိရသည်။



(ထိုးကြိတ်ခံခဲ့ရသည့် ဓာတ်ပုံဆရာ)

ဆယ်ကျော်သက် တစ်ဦးမျှသာ ရှိသေးသော ကနေဒါ Popဂီတစတားသည် အောင်မြင်မှုဖိအားကို မခံနိုင်တော့သဖြင့် ဂီတလောကမှ ထွက်ခွာရန်ပင် စဉ်းစားမိကြောင်း ၀န်ခံခဲ့ဖူးသည်။ "ကျွန်တော့်အတွက် လက်ရှိ အနေအထားဟာ လုံလောက်ပြီလို့ ကျွန်တော် ခဏခဏ ရေရွတ်မိတယ်။ ဒါမျိုးတွေ ထပ်လည်း မကြုံချင်တော့ဘူး"ဟု ဘီဘာက ညည်းညူသွားသည်။

Myanmar Express

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဂျာမန်လွှတ်တော်ဒုတိယဥက္ကဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် ဂျာမနီနိုင်ငံ ဂျာမန်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာ အော်တိုစွမ်လ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မနေ့က နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ က မိမိတို့မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး များ ပြုလုပ်လျက်ရှိကြောင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကိုလည်း ယှဉ်တွဲဆောင်ရွက်မှသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အောင်မြင် မည်ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံသည် ကမ္ဘာ့စီးပွားရေး ဆာင်နိုင်ငံ ဖြစ် သကဲ့သို့ သိပ္ပံနှင့် နည်းပညာ ကောင်း မွန်သော နိုင်ငံဖြစ်ကြောင်း၊ ဤပြောင်း လဲမှုများတွင် ဂျာမနီနိုင်ငံအနေဖြင့် မှန်ကန်သင့်လျော်သော နည်းလမ်း များဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်စေ လိုကြောင်းနှင့် နှစ်နိုင်ငံလွှတ်တော်များ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်စေ လိုကြောင်းဖြင့် ပြောကြားသည်။

ဂျာမန်လွှတ်တော် ဒုတိယဥက္ကဌ က ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအား ကြိုဆိုဂုဏ်ပြုပါကြောင်းနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင်လည်း ပါဝင်ပူး ပေါင်းဆောင်ရွက်လိုပါကြောင်း၊ ဂျာမနီ နိုင်ငံရှိ စီးပွားရေး လုပ်ကိုင်သူများသည် အစိုးရမှပါဝင်မှုမရှိဘဲ သီးခြားလွတ်လပ် စွာ ဆောင်ရွက်နေသူများ ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ကိုင်သူများအား အစိုးရ က ကူညီပေးမှုများသာ ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံ မှုပြုရာ၌ ယုံကြည်စိတ်ချရ၍ လုံခြုံမှုရှိ သော ရင်းနှီးမြှုပ်နှံမှု ဥပဒေများရှိရန် လိုကြောင်း၊ ရင်းနှီးမြှုပ်နှံဆောင်ရွက် လုပ်ကိုင်သူများအား မလိုလားအပ် သော ဝင်ရောက်စွက်ဖက်မှုများ မဖြစ် ပေါ်စေနိုင်သည့် ဥပဒေများရှိရန်လည်း လိုကြောင်း၊ ထိုဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ ရှိလာချိန်တွင် ဂျာမနီ နိုင်ငံမှ စီးပွားရေး လုပ်ဆောင်လိုသူများ သည် အလတ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ၌ အဓိကထား ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် ဆန္ဒရှိနေကြပါကြောင်း။ ဂျာမနီနိုင်ငံရှိ ဥပဒေများ၌ တရား ဥပဒေစိုးမိုးရေး (Rule of Law)၊ ဈေးကွက်စီးပွားရေး(Market Economy)၊ လူ့အခွင့်အရေး (Human Right) တို့ အား အလေးအနက်ထား ဆောင်ရွက် နိုင်ရေးအတွက် လွှတ်တော်များမှပြဌာန်း ပေးလေ့ရှိကြောင်း၊ ဒီမိုကရေစီဆိုသည် မှာ အမြဲထာဝရ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်ဟု ရှုမြင်သုံးသပ် ဆောင်ရွက်လျက်ရှိ၍ အချိန်အခါ အလိုက် သင့်လျော်ကောင်းမွန်သောလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် နိုင်သည်ဟု ဆိုနိုင်ကြောင်း။ ပြည်သူများ၏ အခွင့်အာဏာများ ကို ပြည်သူ့ကိုယ်စားလှယ်များမှ လွှတ် တော်သို့ သယ်ဆောင်လာကာ လွှတ် တော်မှ အစိုးရအဖွဲ့ကို ရွေးချယ် တာဝန်ပေးပြီး ပြည်သူ့လိုလားချက် ဆန္ဒများကို အစိုးရအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ လုပ်ငန်းစဉ် ရှင်သန်ထက်မြက်နေခြင်း ဖြစ်ကြောင်း။ မြန်မာနိုင်ငံ လွှတ်တော်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုပြုပြီး မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံ ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်းဖြင့် ပြောကြားရာ ပြည်သူ့လွှတ်တော် ဥက္ကဌက အဆိုပါ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို ရင်းနှီးပွင့်လင်း စွာ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ နှင့်အတူ ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ၊ လွှတ်တော်ကော်မတီဥက္ကဌများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီးဂျာမန်လွှတ်တော် ဒုတိယဥက္ကဌ ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီးH.E. Mr. Christian- Ludwig Weber- Lortsch တို့တက်ရောက်ကြသည်။

Myanmar Express

မြန်မာမိန်းကလေးအား အစ္စလာမ်ဘာသာဝင် သုံးဦးမှ မုဒိမ်းကျင့်ကာ ဓားဖြင့်ထိုးသတ်မှုအား ထူးချွန်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲမှ ညတွင်းခြင်း တရားခံများဖမ်းဆီးခဲ့


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ထူးချွန်ပြောင်မြောက်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ညတွင်းချင်း ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

Rambree_1

ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။


ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။ ကျန် နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့ ညဉ့်ကဖမ်းဆီး မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

" တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေ ကျောက်နီမော်ကို ချီတက်လာပြီး ရဲစခန်းကို ၀ိုင်းပြီး တောင်းဆိုကြတယ်။ တရားခံတွေကို ချက်ချင်း ဖေါ်ထုတ်ပြီး ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်" ဟု ကျောက်နီမော် ဒေသခံက နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့က ကျောက်နီမော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ခန့်က ဒေါသထွက်နေသော ရခိုင် လူအုပ်ကြီးသည် ကျောက်နီမော် ရဲစခန်းအား ၀ိုင်းဝန်းလိုက်ကြပြီး လူသတ် တရားခံများကို အမြန်ဆုံး ဖမ်းဆီး အရေးယူဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

" လူပေါင်း ၈၀၀ ကနေ ၁၀၀၀ ထိ ရှိမယ်ထင်ပါတယ်။ လူတွေက တော်တော့ကို ဒေါသ ထွက်နေကြတယ်။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ရဲအဖွဲ့က မနည်း တားဆီးခဲ့ရတယ်။ မဟုတ်ရင် ပြဿနာ တော်တော်ကြီးကျယ်သွားနိုင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နေအိမ်တွင် သင်္ကာမကင်းခံရ၍ တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို လူသတ် တရားခံများ အဖြစ် တင်မှတ်ကာ အဆိုပါ လူငယ် ၂ ဦးအား အသေသတ်ရန် ၀ိုင်းဝန်း ချီတက်လာသည်ကို ရဲအဖွဲ့က လမ်းမှ တားဆီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အခြေအနေများကြောင်း အဆိုပါ တရားခံ (၃) ဦးအား ညဥ့်တွင်းချင်း ကျောက်ဖြူသို့ ယူဆောင် သွားရကြောင်း သိရသည်။






ယနေ့ ကျောက်နီမော် အခြေအနေမှာ ငြိမ်သတ်ပြီး နံနက်ဈေးတွင် လူသူ မရှိဘဲ ခြောက်ကပ် နေကြောင်း မျက်မြင်များက ပြောသည်။ ၎င်းပြင် တစ်ရွာနှင့် တစ်ရွာအကြား ကူးသန်း သွားမူ ရပ်ဆိုင်းနေပြီး အဓိကအား ဖြင့် အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု ဆိုသည်။

သေဆုံးသွားသူ မသီတာထွေး (၂၆) နှစ်အား ယနေ့ နေ့လည်ပိုင်းတွင် သဂြိုလ်မည် ဖြစ်ရာ ပြဿနာများ မပေါ်ပေါက်အောင် ရပ်မိ ရပ်ဖများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

မသီတာထွေးသည် သူမနေထိုင်ရာ သပြေချောင်ကျေးရွာသို့ ကျောက်နီမော်ကျေးရွာမှ အပြန်တွင် မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကိုခံခဲ့ရ သည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ် ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း သိရသည်။

ယခုကဲ့သို့ လူမဆံစွာ ကျူးလွန်ထားမူအပေါ် ဒေသခံ ရခိုင်များက အထူး ဒေါသထွက်လျှက်ရှိနေကြောင်း သိရသည်။

Myanmar Express

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၃)


From : ရဲထွဋ်

လုပ်ပိုင်ခွင့်

စာနယ်ဇင်းကောင်စီဖွဲ့စည်းပြီးသည်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်သမားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရသကဲ့သို့ စာနယ်ဇင်းအချင်းချင်းအငြင်းပွားမှုများ၊ စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်နှင့် မကိုက်ညီသော ရေးသားမှုများ၊ အပြုအမူများအပေါ် စာဖတ်ပရိသတ်က ကန့်ကွက်တိုင်ကြားမှုများကို ဖြေရှင်းပေးရတော့မည်ဖြစ်သည်။ ထို့ပြင် စာနယ်ဇင်းသမားများလိုက်နာရမည့် ကျင့်ဝတ်များ၊ အယ်ဒီတာများက လိုက်နာရမည့် လမ်းညွှန်ချက်များ၊ အငြင်း ပွားမှုများ၊တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းရေးဆွဲချမှတ်ရတော့မည်ဖြစ်သည်။ သို့သော် စာနယ်ဇင်းကောင်စီကို ဂျာမနီ၊ ဆွီင်္ဒင်တို့ကဲ့သို့ စာနယ်ဇင်းလောကအစီအစဉ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ၊ ဒိန်းမတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားစသည့်နိုင်ငံများကဲ့သို့ လွှတ်တော်ဥပဒေဖြင့် ပြဋ္ဌာန်းဖွဲ့စည်းသည်ဖြစ်စေ ကောင်စီ၏ သဘောသဘာဝ ကိုက စာနယ်ဇင်းသမားများက မိမိတို့ဘာသာထိန်းကျောင်းဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် ကျင့်ဝတ်ဖောက်ဖျက်မှု များနှင့်ပတ်သက်လျှင် သက်ဆိုင်ရာ စာနယ်ဇင်းကိုကာယကံရှင်ကို တောင်းပန်ရန်ညွှန်ကြားခြင်း၊ အမှားပြင်ဆင်ချက် ထည့်သွင်းစေခြင်း၊ ကောင်စီ၏ သတိပေးချက်၊ ပြစ်တင်ရှုံချချက်စသည်တို့ကိုထုတ်ပြန်ခြင်း စသောနည်းလမ်းများဖြင့်သာ ဆောင်ရွက်ရသည်။

သို့သော်စာနယ်ဇင်းကောင်စီဥပဒေများတွင် ကောင်စီဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်၊ငွေဒဏ် စသည့် နည်းလမ်းများဖြင့်အရေးယူဖို့ ပြဋ္ဌာန်းလေ့မရှိ။ထို့ကြောင့် စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ စာနယ်ဇင်းကလိုက်နာအောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်းဆိုသည့် ပြဿနာရှိသည်။ ဗြိတိန်နိုင်ငံတွင်စာနယ်ဇင်း ကောင်စီဟု မရှိသော်လည်း စာနယ်ဇင်း အဖွဲ့အစည်းများပူးတွဲဖွဲ့စည်းထားသည့် တိုင်ကြားမှု ဖြေရှင်းရေးကော်မရှင် ( Press Complaints Commission) ရှိသည်။ သို့သော် ၂၀၁၁ ခုနှစ်က ရစ်ချတ်ဒတ်စ်မွန် ပိုင်ဆိုင် သည့် သတင်းစာများဖြစ်သော Daily Experss, Sunday Experss, Daily Star, Daily Star Sunday သတင်းစာတို့က ၎င်းတို့ သတင်းစာများနှင့် ပတ်သက်သည့် ကော်မရှင်၏ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပြီး သီးခြားရပ်တည်ရန်ဆုံး ဖြတ်ခဲ့သည်ကိုတွေ့ရသည်။ ထို့ကြောင့် စာနယ်ဇင်းကောင်စီ၏ ဆောင်ရွက်ချက် များကို စာနယ်ဇင်းများ၊ စာနယ်ဇင်းသမားများ၊ ထုတ်ဝေသူများက လိုက်နာလာအောင် မည်ကဲ့သို့ ထိန်းကျောင်း ဆောင်ရွက်မည် ဆိုသည့်အချက်သည်လည်း စာနယ်ဇင်းကောင်စီ၏လုပ်ငန်းများ အသက်ဝင်ရှင်သန်ရေး အတွက် အရေးကြီးသောအချက်ဖြစ်သည်။

ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်ဥပဒေ( Freedom of Press Act )က တစ်နှစ်လျှင် အနည်းဆုံးလေးကြိမ် ထုတ်ဝေသည့် စာနယ်ဇင်းများကို ပုံမှန်ထုတ်ဝေသည့် စာနယ်ဇင်းဟု သတ်မှတ်ပြီး ဆွီဒင်မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာန တွင်မှတ်ပုံတင်ရန်ဥပဒေဖြင့်သတ်မှတ်ထားသည်။ ထိုသို့မှတ်ပုံတင်ရာတွင် စာနယ်ဇင်းအတွက်တာဝန်ခံမည့် အယ်ဒီတာ ချုပ် သို့မဟုတ် ထုတ်ဝေသူကိုပါ တစ်ပါတည်း မှတ်ပုံတင်ရသည်။ ထို့ပြင် ဆွီဒင်နိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်ဥပဒေက တာဝန်ခံအယ်ဒီတာ သို့မဟုတ် ထုတ်ဝေသူအနေဖြင့် အသရေဖျက်မှုဆိုင်ရာစွတ်စွဲချက်များနှင့်ပတ်သက်ပြီး ဥပဒေအရ တာဝန်ယူရမည့်အချက်များ၊ ကင်းလွင့်ခွင့်များကို တိတိကျကျပြဋ္ဌာန်းထားသည်။ ထို့ပြင် ထိုဥပဒေက ပေးအပ်ထားသည့် ကင်းလွတ်ခွင့်များကိုခံစားနိုင်ရန်အတွက် စာနယ်ဇင်းများနှင့် စာနယ်ဇင်းသမားများသည် ဆွီဒင်စာနယ်ဇင်းကောင်စီအဖွဲ့ ၀င် ဖြစ်ရမည်ဟုလည်း ပြဋ္ဌာန်းထားခြင်းဖြင့် စာနယ်ဇင်းကောင်စီ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် ဆွီဒင်နိုင်ငံတွင် စာနယ်ဇင်းများအနေဖြင့် စာနယ်ဇင်းကောင်စီသို့ မ၀င်မနေရသတ်မှတ်ထားခြင်းမရှိသည့် တိုင် စာနယ်ဇင်းအားလုံးမှာ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဖြစ်နေပြီးကောင်စီ၏ ဆုံးဖြတ်ချက်များကိုလိုက်နာဆောင်ရွက်နေသည် ကိုတွေ့ရသည်။

ဂျာမနီနိုင်ငံ၏ အခြေအနေက တစ်မျိုးထူးခြားသည်။ ဂျာမန်နိုင်ငံတွင် စာနယ်ဇင်းများအနေဖြင့် စာနယ်ဇင်းကောင်စီ ကို မ၀င်မနေရ သတ်မှတ်ထားခြင်း၊ ကောင်စီအဖွဲ့ဝင်ဖြစ်ပါက ရရှိမည့်အကျိုးခံစားခွင့်များကို သတ်မှတ်ထားခြင်းမရှိသကဲ့သို့ ကောင်စီ၏ ဆုံးဖြတ်ချက်များကိုမလိုက်နာမနေရ သတ်မှတ်ထားခြင်းလည်းမရှိပေ။ ထို့ကြောင့် ၁၉၈၁ ခုနှစ်တွင် Kolner Express သတင်းစာက ၎င်းတို့၏ စာနယ်ဇင်းကျင့်ဝတ်ချိုးဖောက်မှုအပေါ် စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်ကိုလိုက်နာ ရန် ငြင်းဆန်ခဲ့သည်။ ထိုအခါ စာနယ်ဇင်းကောင်စီက ထိုဖြစ်ရပ်ပေါ် ကန့်ကွက်သည့်အနေဖြင့် ကောင်စီလုပ်ငန်းအားလုံး ကို ရပ်ဆိုင်းထားခဲ့သည်။ ထိုအချိန်တွင် လွှတ်တော်နှင့် ပြည်သူများက စာနယ်ဇင်းကောင်စီအနေဖြင့် ကျင့်ဝတ်ချိုးဖောက် မှုများကို ကိုင်တွယ်နိုင်ခြင်း မရှိပါက ဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ရန်တောင်းဆိုမှုများပြုလုပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၈၅ ခုနှစ်တွင် စာနယ်ဇင်းလောကသားများ ပြန်လည်စုစည်းပြီး စာနယ်ဇင်းကောင်စီကို အသက်သွင်းခဲ့ရသည်။ ယနေ့အချိန်တွင် အဓိက စာနယ်ဇင်းများအပါအ၀င် စာနယ်ဇင်း ၉၀% ကျော်သည် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်များကိုလိုက်နာဆောင်ရွက်လျှက်ရှိသည်ကိုတွေ့ရမည်ဖြစ်သည်။

ဖင်လန်နိုင်ငံကတော့ ပုံနှိပ်မီဒီယာများသာမက ရုပ်သံမီဒီယာများအတွက်ပါ တာဝန်ခံသည့် Council for Mass Media ကို ဖွဲ့စည်းခဲ့ပြီး ရုပ်သံ၊ အင်တာနက်နှင့် ပုံနှိပ်မီဒီယာများ၏ ကျင့်ဝတ်ဆိုင်ရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသည်ကိုတွေ့ရ သည်။ ဖင်လန်နိုင်ငံတွင်လည်း ကောင်စီကို မ၀င်မနေရသတ်မှတ်ထားခြင်းမရှိသော်လည်း ရုပ်သံနှင့် စာနယ်ဇင်းကုမ္ပဏီ ကြီးအားလုံးက အဖွဲ့ဝင်ဖြစ်နေသည့်အတွက် ကျန်မီဒီယာအားလုံးကပါ ကောင်စီတွင်ပါဝင်လိုက်နာဆောင်ရွက်နေသည်ကို တွေ့ရသည်။ တနည်းအားဖြင့် ကောင်စီဝင်ဖြစ်ခြင်းသည်ပင်လျှင် သက်ဆိုင်ရာစာနယ်ဇင်း၏ တိကျမှန်ကန်မှုနှင့် ကျင့်ဝတ် လိုက်နာမှုကို အာမခံရာရောက်နေသည့်အတွက် ဆန္ဒအလျှောက်ပါဝင်လာကြခြင်းဖြစ်သည်။

အိုင်ယာလန်နိုင်ငံ့လည်း တစ်မျိုးကျင့်သုံးသည်။ အိုင်ယာလန်နိုင်ငံ၏ ၂၀၀၉ ခုနှစ်အသရေဖျက်မှုဥပဒေအရ စွတ်စွဲခံရသူ အနေဖြင့် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဟုတ်မဟုတ်နှင့် စာနယ်ဇင်းကောင်စီ၏ ကျင့်ဝတ်များကိုလိုက်နာပြီး သတင်းရေး သားထုတ်ဝေဖြန့်ချိခဲ့ခြင်းဟုတ်မဟုတ်ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားရန်သတ်မှတ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် စာနယ်ဇင်းကောင်စီအနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့် အဖွဲ့ဝင်များကို ထုတ်ပယ်နိုင်သည့် အာဏာပေးအပ်ထားသည်ကိုလည်းတွေ့ရသည်။

ဒိန်းမတ်နိုင်ငံကတော့ စာနယ်ဇင်းအားလုံး မှတ်ပုံတင်ရန်နှင့် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်ဖြစ်ရန်ဥပဒေဖြင့် ပြဋ္ဌာန်းထား သည်။ ထို့ပြင် စာနယ်ဇင်းကောင်စီဖွဲ့စည်းရန်လိုအပ်ချက်ကို ဒိန်းမတ်မီဒီယာအသရေဖျက်မှုဥပဒေ ( Media Liability Act ) ထည့်သွင်းဖော်ပြထားသည်။ ဒိန်းမတ်နိုင်ငံအသရေဖျက်မှုဥပဒေအရ စာနယ်ဇင်းတို်င်းတွင် အယ်ဒီတာချုပ် သို့မဟုတ် တာဝန်ခံအယ်ဒီတာတစ်ဦးကို မှတ်ပုံတင်ထားရပြီး စာနယ်ဇင်းပါရေးသားချက်များနှင့်ပတ်သက်ပြီး ထိုအယ်ဒီတာက တာဝန်ယူဖြေရှင်းရသည်။ သို့သော် ထိုဥပဒေအရ အသရေဖျက်မှုနှင့်ပတ်သက်လျှင် တရားရုံးတွင် တရားစွဲဆိုမှုမပြုလို ပါက စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်အရ တောင်းပန်ခြင်း၊ အမှားပြင်ဆင်ချက်ဖော်ပြခြင်း၊ နစ်နာသူ၏ ဖြေရှင်းချက် ကို ထည့်သွင်းဖော်ပြပေးခြင်းတို့ကိုလည်း ဖြေရှင်းမှုနည်းလမ်းအဖြစ် သတ်မှတ်ထားသည်။ ထိုကဲ့သို့သတ်မှတ်ထားခြင်း ကြောင့် စာနယ်ဇင်းကောင်စီ၏ အခန်းကဏ္ဍလည်းမြင့်မားလာသည်ကိုတွေ့ရသည်။

အင်ဒိုနီးရှားနိုင်ငံတွင်မူ စာနယ်ဇင်းကောင်စီ၏ ဆုံးဖြတ်ချက်၊ညွှန်ကြားချက်များကိုမလိုက်မနေရ ဥပဒေဖြင့် သတ်မှတ်ထား ခြင်းမရှိပေ။ သို့သော် စာနယ်ဇင်းကောင်စီဝင်စာနယ်ဇင်းများ၏ ဥပဒေကြောင်းဆိုင်ရာပြဿနာများကို စာနယ်ဇင်းကောင် စီ က ကူညီဖြေရှင်းပေးခြင်း၊ အသရေဖျက်မှုနှင့်သက်ဆိုင်သည့်တိုင်ကြားချက်များကို ကောင်စီက ကြားဝင်ဖြေရှင်းပေးခြင်း တို့ဖြင့် စာနယ်ဇင်းကောင်စီကို စာနယ်ဇင်းလောကသားများက ယုံကြည်အားကိုးလာအောင်ဆောင်ရွက်ထားသည် ကိုတွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အသရေဖျက်မှုဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ၏ ကြားဝင် ဆောင်ရွက်ပေးမှုကိုလက်ခံပါက နောက်ထပ်တရားရုံးတွင် ဆက်လက်တရားစွဲဆိုမှုကို ခွင့်မပြုသည့်အပြင် စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်ကို သက်သေအထောက်အထားအဖြစ် အသုံးပြုခွင့်မပေးသည်ကိုလည်းတွေ့ရသည်။ ထို့ကြောင့် အသရေဖျက်မှုနှင့်သက်ဆိုင်သည့် ကိစ္စအများစုမှ စာနယ်ဇင်းကောင်စီ၏ ဖြေရှင်းချက်ဖြင့်သာပြေလည်သွားသည်ကိုတွေ့ ရသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် တရားရုံးတွင်အမှုစွဲဆိုသည့်ကိစ္စများမှာ ငွေကုန်ကြေးကျများပြားလှသောကြောင့် နှစ်ဘက်လုံးက တရားရုံးသွားမည့်အစား ကောင်စီ၏ ကြားဝင်ဖြေရှင်းမှုများကိုသာ အားကိုးဆောင်ရွက်လာသည်ကိုတွေ့ရ သည်။

အိန္ဒိယစာနယ်ဇင်းကောင်စီကမူ လွှတ်တော်ဥပဒေအရဖွဲ့စည်းခြင်းဖြစ်သောကြောင့် စာနယ်ဇင်းအားလုံးက စာနယ်ဇင်း ကောင်စီ၏ ဆုံးဖြတ်ချက်များကို မဖြစ်မနေလိုက်နာရန်လိုအပ်သည်ကိုတွေ့ရသည်။

အထက်ပါဥပမာများကိုလေ့လာပါက စာနယ်ဇင်းကောင်စီ၏ အခွင့်အာဏာကို ကြောထောက်နောက်ခံပြုသည့် နည်း လမ်း များမှာ အမျိုးမျိုးကွဲပြားသည်ကိုတွေ့ရမည်ဖြစ်သည်။ သို့သော် စာနယ်ဇင်းကောင်စီအနေဖြင့် ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ် ချက်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ခြင်းမရှိလျှင် ကောင်စီအပေါ်သာမက စာနယ်ဇင်းများအားလုံးအပေါ် တွင်ပါ ပရိသတ်များ၏ ယုံကြည်အားကိုးမှုများလျှော့နည်းသွားမည်ကတော့ သေချာနေပါသည်။ ထို့ပြင် စာနယ်ဇင်းကောင် စီသည် စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုင်ရာကိစ္စများသာမက စာနယ်ဇင်းသမားများအပေါ် ဆက်ဆံမှုများ၊ သတင်း လွတ်လပ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ရန်ကြိုးစားမှုများနှင့်ပတ်သက်ပြီး စာနယ်ဇင်းများ၏ တိုင်ကြားမှုများကို ကိုင်တွယ်ဖြေ ရှင်းရန်လည်းတာဝန်ရှိပေသည်။ ထို့ကြောင့် စာနယ်ဇင်းများကိုယ်တိုင်က စာနယ်ဇင်းကောင်စီကို လေးစားမှုမရှိလျှင် အာဏာပိုင်များဘက်ကလည်း စာနယ်ဇင်းကောင်စီကို လျစ်လျူရှုထားတော့မည်ဖြစ်ရာ စာနယ်ဇင်းအားလုံးက ကောင်စီ ၏ လုပ်ငန်းများကို အလေးထားပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်မှာ ထင်ရှားလှပါသည်။

ဆက်လက်ဖော်ပြပါမည်။

Myanmar Express

ကျောက်မီးသွေးဖြင့် ကော့သောင်းနှင့် မြိတ်၌ ၂၄ နာရီ မီးပေးရန်စီစဉ်နေ

From :အောင်ထက်


ကျောက်မီးသွေးသုံးစက်ဖြင့် ၂၄ နာရီ လျှပ်စစ်သုံးစွဲနိုင်ရန် ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် ပြုလုပ်နေပြီဟု အဆိုပါ စီမံကိန်းမှ သိရသည်။  ”ကော့သောင်းမှာ ဇွန်လ ကနေစပြီး ရှစ်မဂ္ဂါဝပ်အားနဲ့ ရသွား မယ်။ ပြီးမှ မြိတ်မြို့မှာ ၅ဝ မဂ္ဂါဝပ် ဆက် လုပ်သွားမယ်လို့ စီမံကိန်းအရ သိရ တယ်”ဟု မြိတ်မြို့နေ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိအချိန်တွင် အဆိုပါမြို့ တို့၌ ပုဂ္ဂလိကမီးစက်ဖြင့်ပေးသော လျှပ်စစ်ကို ၂၄ နာရီ ရရှိနေသော်  လည်း တစ်ယူနစ်လျှင် ကျပ်၄၄ဝ ပေးဆောင်နေရသည်။ယခု ကျောက် မီးသွေး မီးစက်အကောင်အထည် ပေါ်ပါက အများပြည်သူသုံးစွဲနိုင်ရန် တစ်ယူနစ်လျှင်ကျပ် ၂ဝဝ ထိ ကောက်ခံမည်ဖြစ်ပြီး ယူနစ်၏ သတ်မှတ်တန်ကြေးကို အစိုးရအဖွဲ့ ၏  ညှိနှိုင်းဆုံးဖြတ်ချက်အရလုပ်ကိုင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။  ”အခု ကောက်ခံနေတဲ့ ပုံစံက တစ်လမှာ သုံးသုံး၊ မသုံးသုံး ၁၅ ယူနစ်ဖိုး ပေးရ တယ်။ ဒေသခံတိုင်း မသုံးနိုင်ဘူးပေါ့”ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။  အဆိုပါစက်ရုံကို ကော့သောင်း မြို့နှင့် ၅ မိုင်အတွင်းတွင် တည် ဆောက်ထားပြီဖြစ်ပြီး မြိတ်မြို့နှင့် ၁၅ မိုင်အကွာတွင်ရှိသော ကျွဲကူး ကျေးရွာတွင် ထပ်မံတည်ဆောက် သွားမည် ဖြစ်သည်။ ”ကျန်တဲ့ ဒေသတွေမှာ ကိုယ့် နည်းကိုယ့်ဟန်နဲ့မီးပေးပြီးသုံးနေကြ တယ်။တစ်ယူနစ်ကို ၆ဝဝ ကျတယ်” ဟုဒေသတွင်းအခြေအနေကို ရှင်းပြ သည်။ ¤င်းဒေသများကို မီးစက် အသုံးပြု လျှပ်စစ်မီးပေးသူများသည် အစိုးရမှပေးထားသော မီတာဘောက် များကိုတစ်လလျှင် မီတာစောင့်ရှောက် ခ ကျပ် ၁ဝဝဝ နှင့် တစ်ယူနစ်လျှင် ၁ဝ ကျပ်ပေးရကြောင်း၊မီတာဘောက် အသစ်တပ်ဆင်ပါက တရုတ်နှင့် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်သော ကျပ် ၃ဝဝဝဝ ဝန်းကျင်တန် မီတာ ဘောက်များကို တပ်ဆင်အသုံးပြု နေကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂလိက မီးပေးစနစ် တွင် လမ်းဘေးလျှပ်စစ်မီးတိုင်များ ၏ သုံးစွဲသည့် တစ်လ၏ ကျသင့် ငွေကို တစ်အိမ်ထောင်စုလျှင် ကျပ် ၅ဝဝ ပေးရသည်။ ရေအား လျှပ်စစ် အနေဖြင့် ကျွန်းစုမြို့နယ်တွင် နဝရတ်ရေအိုင်မှ စီးသောရေကို ကျွန်းစုမြို့နယ်ရှိ မြို့မိ၊ မြို့ဖများနှင့် လုပ်ငန်းရှင်များကအသေးစား လျှပ် စစ်ထုတ်ယူသုံးစွဲလျက်ရှိကြောင်း၊ ၄င်းလျှပ်စစ်ဓာတ်အား သည် မိုးကာလ တွင်သာရရှိပြီးဒေသခံပြည်သူများမှ တစ်ယူနစ်လျှင်ကျပ်၂ဝဝပေးရကြောင်း သိရသည်။


Myanmar Express 

KIA ဗဟိုမှနယ်စပ်ရှိ ရုံး၊ လမ်းတံတား၊ လျှပ်စစ်တာဝါတိုင်နှင့် မြ၀တီထပ်ဆင့်အသံလွှင့်စက်ရုံအား မိုင်းခွဲရန်ညွှန်ကြား..........

From : ကချင်လူငယ်တစ်ဦး


KIA မှ စစ်ဦးစီးချုပ် ဂမ်ရှောင် က KIA စစ်ဗျူဟာဌာနမှ ဗိုလ်မှူး ဂမ်ဆိုင်းနဲ့ EEDY အဖွဲ့ ခေါင်းဆောင် ဆိုင်းလီတို့ကို မေ ၁၇ ရက်နေ့ ညနေ ၃နာရီလောက်မှာ တပ်မဟာ (၅) ဌာနချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဂမ်ရှောင်မှ ၎င်းတို့၂ဦးအား မြို့ရွာများတွင်ရှိသော မြ၀တီထပ်ဆင့် လွင့်စက်ရုံများ၊ လမ်းတံတားများ၊ အစိုးရရုံးများ၊ မီးရထားလမ်းများနဲ့ လူစီကားတဲ့နေရာတွေမှာ မိုင်းဖောက်ခွဲရန်မှာ ကြားခဲ့ပါတယ်။ ဂမ်ဆိုင်းနဲ့ ဆိုင်းလီတို့ရဲ့အောက်မှာရှိတဲ့ ဖောက်ခွဲရေးအဖွဲ့ဝင် ၇၀ ဟာ မြို့ရွာတွေများ ရောက်ရှိနေပြီးပါတယ်။ ဘယ်နေရာကို ဘယ်အချိန်မှာ ဖောက်ခွဲရမယ်ဆို တာကို လုံခြုံမှုစိတ်ချရတဲ့ လူနဲ့ပြောခိုင်းမှုနဲ့ စိတ်ချရတဲ့ တယ်လီဖုန်းဖြင့် ပြောမှာဖြစ်ပါတယ်။

KIA ခေါင်းဆောင်ကြီး ဂမ်ရှောင်ကတော့ ကချင်ပြည်သူတွေကို ဒုက္ခရောက်အောင် တလျှောက်လုံး လုပ်ဆောင်နေပါတယ်။ ခေါင်းဆောင်တွေက လိုင်ဇာမှာ ဇိမ်ခံနေပြီး အောက်ခြေ ကို ပက်စက်တဲ့အလုပ်တွေကိုလုပ်ခိုင်းနေပါတယ်။ အောက်ခြေက အဖွဲ့တွေက ဒီလိုပြည်သူတွေကို ဒုက္ခပေးတဲ့ လုပ်ရပ်တွေအတွက်လုပ်ချင်ကိုင်ချင်တဲ့ စိတ်ကိုမရှိကြတော့ပါဘူး။ ဖောက်ခွဲရေးလုပ်တဲ့ အချိန်မှာလည်း ဖောက်ခွဲတဲ့သူကိုပါ တခါတည်း အစဖျောက်တဲ့စနစ်တွေကိုထည့်ထားတယ်လို့ သတင်းတွေအတွက်ကြောင့် ဖောက်ခွဲရေးအဖွဲ့ဝင်တွေက မလုပ်ရဲကြပေမယ့် အမိန့်ကို ဖီဆန်ရင် သေဒဏ်ပေးခံရမှာကြောက်တဲ့အတွက်ကြောင့် ဘာမှပြန်မပြောရဲကြပါဘူး။ အဲဒီအတွက်ကြောင့် အဲဒီဖောက်ခွဲရေး အဖွဲ့မှာပါဝင်တဲ့ KIA တပ်ဖွဲ့ဝင်က ၎င်း၏မိတ်ဆွေတစ်ဦးက အခုလို သတင်းပေးပြီး တာဝန်ရှိသူတွေကို အသိပေးရအောင်ပြောကြာခဲ့ပြီး KDN သတင်းဌာနသို့ ကချင် ပြည်သူတွေသိရှိအောင် ဖြန့်ဝေပေးရန် ပေးပို့လာခဲ့ပါတယ်။



 Myanmar Express 

အာရှဖွံ့ဖြိုးရေးဘဏ်က လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်သွားမည်

From : ခေတ်လူငယ်


အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ရန်ကုန်တိုင်းဒေသကြီးတွင် Center Point တစ်ခုအဖြစ် သတ်မှတ်ထားရှိကာ လျှပ်စစ်မီးရရှိရေးအပါအဝင် ရန်ကုန်ဖွံ့ဖြိုးရေး အကူအညီများကို ပေးအပ်သွားရန်ရှိနေကြောင်း သိရသည်။ ADB မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ယခုလအစောပိုင်းအတွင်းက လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အကြိုသဘောတူညီမှု ရရှိထားသည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ADB မှ တာဝန်ရှိသူများအား လျှပ်စစ်မီးရရှိရေးကိစ္စကို အဓိက ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာပင် လျှပ်စစ်မီး မရရှိသေးသော ကျေးရွာ ၇၀၀ ရှိနေကြောင်း၊ လျှပ်စစ်မီးရရှိပါမှ စက်ရုံအလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်ပြီး လုပ်သားအခွင့်အလမ်း ကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ၎င်းအပြင် လတ်တလော လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်၍ ထိရောက်သော စွမ်းဆောင်မှုများပြုလုပ်နိုင်ခြင်း မရှိသေးသည့် အတွက် ပြည်သူတို့၏ အငြိုငြင်ခံနေရပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနက ရောင်းထားခဲ့သော လျှပ်စစ်ဓာတ်အားများကြောင့် ယခုကဲ့သို့ အခက်ကြုံနေရခြင်း ဖြစ်ခဲ့သည်ဟု အစိုးရအဖွဲ့က ဖြေရှင်းပြောကြားကြောင်း သိရသည်။ ADB အနေဖြင့်လည်း ၎င်းတို့မှာ စီးပွားရေးအရ အလုပ်လည်ပတ်နေသော ဘဏ်တစ်ခုမဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသော ဘဏ်တစ်ခုဖြစ်ကာ ရန်ကုန်မြို့၏ လျှပ်စစ်မီးအခက်အခဲကိစ္စကို ကူညီဖြေရှင်းပေးမည်ဟု ကတိပေးပြောကြားခဲ့ကြောင်း၊ ပြီးခဲ့သော နှစ်ပေါင်း ၂၀ ကျော်အထိ ထောက်ပံ့ကူညီမှု မလုပ်ဘဲ နေခဲ့ရခြင်းကို အားနာမိပါကြောင်းတို့ကို ပြောကြားခဲ့သည်။
 
 Myanmar Express 

လျှပ်စစ် တာဝါတိုင်များ ပြုပြင်မှု မှာ နောက်ဆုံး ပြုပြင်ရန် တိုင်တစ်တိုင်သာ ကျန်ရှိ

From : MRTV4


အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက်များ အရ KIA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့
တာဝါတိုင်များ ပြန်လည် ပြုပြင် မှုတွေမှာ ယခုအခါ ပြုပြင်ဖို့ တာဝါတိုင် အမှတ် ၂၀၇ တစ်ခုသာ ပြုပြင်ဖို့ အနည်းငယ် ကျန်ရှိ တော့တယ်လို့ သိရပါတယ်။ လျှပ်စစ် တာဝါတိုင်များ မိုင်းခွဲ ဖျက်ဆီးခံရမှုမှာ ရွှေလီ-မန်စံ ၂၃၀ ကေဗွီမဟာ ဓါတ်အားလိုင်းမှ တာဝါတိုင် အမှတ် ၇၃ ၊ တာဝါတိုင် အမှတ် ၂၀၆၊ ၂၀၇၊ ၂၀၈ နဲ့ နမ့်ခမ်း-မူဆယ် ၆၆ ကေဗွီ ဓါတ်အားလိုင်း H-Pole ကွန်ကရစ်တိုင် အမှတ် ၂၄၉ တို့ကို ဖျက်ဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ပျက်စီး သွားတဲ့ တာဝါတိုင်နဲ့ ကွန်ကရစ် တိုင်များကို လက်ရှိမှာ ပြုပြင်မှုများ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒီလို ပြုပြင်ရာ မှာတော့ တာဝါတိုင် အမှတ် ၇၃ ကို မေလ ၂၅ ရက်နေ့မှာ ပြန်လည် ပြုပြင်ပြီး ဖြစ်ကာ ကွန်ကရစ်တိုင် အမှတ် ၂၄၉ ကို မေလ ၂၆ ရက် နေ့မှာ ပြုပြင်ခဲ့ပြီး၊ တာဝါတိုင် အမှတ် ၂၀၆ နဲ့  ၂၀၈ ကိုတော့ မေလ ၂၇ ရက်နေ့မှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် အသီးသီး ပြုပြင် ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တာဝါတိုင် အမှတ် ၂၀၇ ကိုတော့ ၆၀ ရာခိုင်နှုန်းသာ ပြုပြင် ပြီးစီးပြီးတာ ဖြစ်ပါတယ်။

လက်ရှိ ပြုပြင်မှုမှာ တာဝါတိုင် တစ်ခု ကိုသာ ပြုပြင်ဖို့ ကျန်ရှိတော့ သာဖြစ်ပြီး တာဝါတိုင်များ ပြုပြင်ပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အတွက် ၂၀၀ မဂ္ဂါဝပ် ဓါတ်အားကို ပြန်လည် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။  ဒါကြောင့် လာမယ့် ဇွန်လဆန်းပိုင်း လောက်ကစပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လျှပ်စစ်မီး ပုံမှန်ပြန်ရဖွယ် ရှိတယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။

 Myanmar Express 

မလေးရှားကုမ္ပဏီ မြန်မာပြည်တွင် နိုင်ငံခြားငွေ လဲလှယ်သည့်စင်တာ ဖွင့်မည်

From : ခေတ်လူငယ်


မလေးရှားနိုင်ငံ အခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Interpacific Event and Management သည် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်သည့် စင်တာတစ်ခုအား လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံခြားငွေမဆို လဲလှယ်ပေးနိုင်သည့် Money Changer Counter အား ဖွင့်လှစ်နိုင်ရန်အတွက် အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကုမ္ပဏီသည် စင်ကာပူနိုင်ငံသားပိုင်ဖြစ်ပြီး ပြည်တွင်းရှိ နိုင်ငံခြားငွေ လဲလှယ်သည့် ကောင်တာများတွင် လက်ရှိကာလ၌ စင်ကာပူဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် FEC ဟူသည့် ငွေကြေးလေးမျိုးသာ လဲလှယ်ပေးနိုင်ပြီး မည်သည့်နိုင်ငံခြားငွေ မဆို လဲလှယ်ပေးနိုင်မည့် စင်တာကို မကြာမီ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
 
 Myanmar Express 

ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်ခြင်းဖြင့် သာသနာတော်တည်တံ့နိုင်ပါစေ

From :ကိုစိုးကြည်


မှော်ဘီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ သီတင်းသုံးနေတဲ့ ရွှေည၀ါဆရာတော် ဦးပညာသီဟအနေနဲ့ နိုင်ငံရေး လူမှုကိစ္စတွေမှာပါဝင်ပတ်သက်နေလို့ တစ်နည်းပြောရယင်တော့ ဘုန်းကြီးအလုပ် မဟုတ်တာတွေလုပ်နေလို့ဆိုပြီး ကြည့်မြင်တိုင်ကျောင်းတိုက်မှာ နေထိုင်ခွင့်မပြုခဲ့ပါဘူး။ အခုမှော်ဘီကကျေးရွာတစ်ရွာမှာ သီတင်းသုံးနေထိုင်နေရပါတယ်။ မှော်ဘီမှာလဲ ဒီလိုမျိုးအလုပ်တွေ အဆက်မပြတ်လုပ်နေတာဖြစ်လို့ အခုဆိုရင် မြို့နယ်သံဃာ့နာယကဆရာတော် ဦးဇနိန္ဒက ရွှေည၀ါဆရာတော်အနေဖြင့် အလုပ်သမားတွေထံ ထမင်း၊ဟင်းများ လှူဒါန်းသည်ကို မိမိအနေဖြင့်လက်ခံပါ သော်လည်း ရေည၀ါဆရာတော်ကိုယ်တိုင် အလုပ်သမားထု ရှေ့မှာထွက်မရပ်ဖို့နဲ့ ၀ိနည်းတော်နဲ့အညီနေထိုင်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

ရွှေည၀ါဆရာတော်နဲ့ ပတ်သက်လို့ အင်တာနက်သတင်းတွေအရ လျှောက်ထားလွှာတွေအများကြီးဖတ်ရပါတယ်။ လျှောက်ထားလွှာ တော်တော်များများမှာတော့ ဆရာတော်ကို ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ တိုက်တွန်းလျှောက် ထားတွေများပါတယ်။ အရင်တုန်းကတော့ စစ်အစိုးရမို့ ဆန့်ကျင်တရားတွေဟောပြောနေတာ မှန်သလိုလိုရှိပေမဲ့ အခု အစိုးရသစ်လက်ထက်မှာ အစိုရဆန့်ကျင်ရေးဟောပြောတာမျိုးတွေမလုပ်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာသိ ဒီမိုကရေစီအစိုးရဖြစ်နေလို့ပါပဲ။ ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရဖြစ်နေတာမို့လို့ ဆန့်ကျင်ဘက်ဟော ပြောမှုတွေ ပိုပြီးမလုပ်သင့်တော့ဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် ခက်နေတာက… ပြည်ပကနေ ပေးပို့ထားတဲ့သတင်းတွေအရ ရွှေည၀ါဆရာတော်ဥိးပညာသီဟကို ပြည်ပ အခြေစိုက် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (ပြည်သစ်ညွန့်ဝေအဖွဲ့)က ငွေကျပ်သိန်းတစ်ရာ ပေးပို့လှူဒါန်းပြီး အခုလိုမျိုး လူမှုရေးတွေလုပ်ခိုင်းတာလို့ သိရပါတယ်။ ပြည်သစ်ညွန့်ဝေဆိုတာဟိုးအစိုးရအဆက်ဆက်ကထဲက ပြည်ပမှာ နေပြီးဆန့်ကျင်ရေးတွေလုပ်နေတာပါ။ နိုင်ငံခြားမှာ အဆက်အသွယ်ကောင်းတွေရပြီး ကြီးပွား ချမ်းသာနေတဲ့သူ တစ်ယောက်ပါ။ ဒီမိုကရေစီအရေးအကြောင်းပြပြီး ကမ္ဘာအရပ်ရပ်ကလှူဒါန်းငွေတွေထဲကမှ ဗမာပြည်ကဒီလိုမျိုး ဦးဆောင်နိုင်သူတွေကိုဆယ်ပုံပုံ၊ တစ်ပုံလောက်ပေးတဲ့ငွေကြေးဖြစ်ပါတယ်။ သိန်းပေါင်းသောင်းနဲ့ချီ ယူထားပြီးမှ သိန်းတစ်ရာလောက်ပေးခဲ့တာပါ။
ဒါကိုရွှေည၀ါဆရာတော်အနေနဲ့ အဟုတ်ကြီးထင်ပြီး ဗုဒ္ဓရဲ့သာသနာသုံးရပ်ပြန့်ပွားအောင်မလုပ်ဘဲ လူမှုရေးတွေလျှောက်လုပ်နေတာမျိုးကတော့ ဘုန်းကြီးနဲ့ဘီးလိုပါပဲ။တစ်ခြားစီမှ တကယ့်ကို တစ်ခြားစီပါပဲ။ ထင်ပေါ်ကျော် ကြားလိုမှုတစ်ခုထဲနဲ့တော့ သာသနာကို မထိခိုက်စေချင်ပါဘူး။ ထင်ပေါ်ကျော်ဇောလိုမှုကိုမျှော်မှန်းပြီး ဆန္ဒပြအလုပ်သမား တွေ ရှိတဲ့ နေရာ သွားလိုက်၊ လာဘ်လာဘ ရလိုမှုကို မျှော်ကိုးပြီး ၈၈ ကျောင်းသားတွေနဲ့ တွေ့လိုက်ဆိုတာမျိုး ကတော့ ဘုန်းကြီး အချင်းချင်း အားမနားတမ်း ပြောရယင် ဒါတွေကို လူတွေလုပ်ပါလိမ့်မယ်။
အပွင့်လင်းဆုံးပြောရယင်တော့ ရွှေည၀ါဆရာတော်ကို ပြည်သစ် ညွန့်ဝေက ခိုင်းစားနေတယ်လို့ပြောချင်တယ်။ ဆရာတော်ရဲ့ ဥပဓိရုပ်၊ အဟောအပြောကောင်းတာကိုကြည့်ပြီး တကယ့်ကို နှမျောလွန်းလို့ပြောတာပါ။ ရွှေည၀ါဆရာတော်ကို အစိုးရဆန့်ကျင်ရေး၊ ထိပ်တိုက်ရင်ဆိုင်ရေး၊ ရှင်းရှင်းပြောရယင်တော့ အစိုးရမကောင်းကြောင်းတွေ မဟောစေချင်ပါဘူး။ ခေတ်ကုန်သွားပြီ မို့လို့ပါ။ မကောင်းတဲ့သူ မကောင်းသလို ပြည်သူတွေရဲ့ဒဏ်ခတ်မှုခံရမှာပါ။ လောကမှာလူကောင်းချည်းပဲမရှိနိုင်သလို လူဆိုးချည်းပဲလဲ မရှိပါဘူး။ ဗုဒ္ဓဘာသာနည်းကျကျပြောရယင် ကိုယ်လုပ်တာ ကိုယ်ခံကြရမှာပါ။ ကောင်းတာလုပ်ရင်ကောင်းကျိုးဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမှာပါ။ဒါကြောင့်မို့ ဘုန်းကြီးအချင်းချင်းအကြံပြု လျှောက်ထားချင်တာကတော့ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်တာအကောင်း ပဲဖြစ်ပါတယ်။ဒါမှမဟုတ်ရင် ရွှေည၀ါဆရာတော်အနေနဲ့ လူထွက်ပြီး နိုင်ငံရေးလုပ်တာဟာ အပြစ်လည်းကင်း၊ သူတကာ ကဲ့ရဲ့ပြောဆိုမှုလည်းကင်းမှာပါ။
ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မယ်ဆိုရင်တော့ “လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့၊ များစွာကျိုးရ၊ ချမ်းသာလှသည့်၊ ဗုဒ္ဓ မြတ်စွာ၊ သာသနာသည်၊ ရှည်ကြာတည်တံ့၊ ရှည်ခိုင်ခံ့၍၊ ပျံ့နှံ့တိုးပွား၊ ကျင့်သူများလျက်၊ ရငြားချမ်းသာ၊ ချမ်းမြေ့ သာအောင်၊ ညီညာတို့များ၊ တာဝန်ထား၊ ကြိုးစားကြပါစို့“ လို့တိုက်တွန်းချင်ပါတယ်။ လူသာဓုခေါ်၊ သံဃာထုသာဓုခေါ်မို့ ရွှေည၀ါဆရာတော်အတွက် ကောင်းတဲ့လမ်းကို ညွှန်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ရွှေည၀ါဆရာတော်အနေနဲ့ ဘာသာ၊ သာသနာအကျိုး ကျင့်ကြံအားထုတ်မှုမရှိဘဲ နိုင်ငံရေးပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ အပါယ်(၄)ဘုံကိုရောက်ပြီး ငရဲအိုးထဲ စောက်ထိုးကျနေမှာကို မြင်ယောင်မိပါသေးတယ်။


Myanmar Express

ပေါ်ပျူလာ ဖြစ်တာချင်းတူပေမယ့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် က လေဒီဂါဂါ ခရီးစဉ်လောက် အားပေးသူ မများဟု ထိုင်းသတင်းစာတွင် ဖော်ပြ


ထိုင်းသတင်းစာမှာ အဖော်အချွတ် အဆိုတော် လေဒီဂါဂါနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အတူတကွ တသားတည်း ယှဉ်တွဲဖော်ပြထားပါတယ်။ လေဒီဂါဂါနဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပေါ်ပြူလာ ဖြစ်တာချင်း တူညီပြီး လူအများ စိတ်ဝင်စားတာခြင်း တူညီပါတယ်။ လေဒီဂါဂါကို လူတွေ ဝိုင်းကြည့်ကြသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝိုင်းကြည့်ကြပါတယ်။ လေဒီဂါဂါ မိုက်ခဲချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်လည်း မိုက်ခဲတတ်ပါတယ်။ လေဒီဂါဂါက အလှတွေပြင်ပြီး sexy ဖြစ်အောင် လုပ်ပြချိန်မှာတော့ ဘာမှမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က အလှတွေပြင်ပြီး မျက်နှာချိုသွေးခြင်းကိုပဲ လုပ်ရပါတယ်။ အဖော်အချွတ်လေဒီဂါဂါ လာသလိုပင် ၎င်း တို့ နှစ်ယောက်လုံး မိုက်ကိုင်ချိန်မှာ လူအများက အောက်ကနေ တစ်ယောက်တပေါက် ဟော်ဟစ်တတ်ကြပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လေဒီဂါဂါ ကို အားပေးသူများက နိုင်ငံခြားသားအများအပြား ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို အားပေးသူမှာ မြန်မာနိုင်ငံ သားတွေလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၂ မှာ သြဇာလွှမ်းမိုးနိုင်သူများ စာရင်းမှာ လေဒီဂါဂါ သာ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြုတ်ခဲ့ပါတယ်။

Myanmar Express

ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းလေဆိပ်တွင် VIP ထွက်ပေါက်မှ ထွက်ခွင့်မပြု ပဲ ရိုးရိုး သာမန် ခရီးသည် ဂိတ် ၁၀ က သာ ထွက်ခွင့်ပြု

ဖြစ်သလိုသွား၊ ဖြစ်သလို ပြော နေရတဲ့ ဒေါ်စု

From : http://www.nytimes.com/2012/05/30/world/asia/uncertainty-hangs-over-aung-san-suu-kyis-visit-to-thailand.html?_r=3&ref=world


NLD့ ပါတီ ထောင်ထွက်တွေနဲ့ ဖွဲ့စည်းထားတော့ သံတမန်ရေးလုပ်ငန်းတွေ အတွက်ဘာမှမသိ ထိုင်းလေဆိပ် တွင်လဲ ကြိုတင်အသိပေးခြင်းမရှိသောကြောင့် vip ဂိတ်ပေါက်မှထွက်ခွင့်မရခဲ့ကာ ရိုးရိုး ခရီးသည် ဂိတ် နံပတ် ၁၀ မှ ထွက်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးနိင်ငံခြားကိုထွက်လည်တဲ့ခရီးကတော့သံတမန် တွေ အတွက် စိတ်ကသိကအောင် ဖြစ်နေကြပြီလို့ သိရပါတယ်။ နယူးယောက်တိုင်းသတင်းစာခေါင်းစဉ်းမှာတော့ ပြင်ဆင်မှုညံတယ် ( Amid Disorganization, Aung San Suu Kyi Visits Thailand ) လို့ ဖေါ်ပြထားတာတော့အတော့ကို ရှက်စရာကောင်းလှပါတယ်။ အထူးသဖြင့်ဒေါ်စု ပါတီက လူတွေက အဆင့်မြင့်သံတမန်ရေးလုပ်ငန်းတွေအတွက် အတော့ကိုလေ့ကျင့်ဖို့ လိုဦးမယ်။ဒေါ်စုကတော့ နှစ်ပေါင်းများစွာအိမ်မှာအကျယ်ချုပ်ခံထားရတော့ ထားပါတော့လေ။ အခုသူခရီးစဉ်ကို တာဝန်ခံ သူက ခွန်သာမြင့် လို့ သိရတယ်။ သူမှာ နိင်ငံရေးနဲ့ သံတမန်ရေး ဘာမှ အတွေ့ အကြုဲံမရှိ ဘူး။ သူက ဒေါ်စုအိမ်ကို ပဲ ပြင်တတ်သူတဦးသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို့ နိင်ငံတကာ ခေါင်းဆောင် ကြီး ထိုင်းနိင်ငံထဲကို ၀င်လာတာက အတော့ကို ရုပ်ဆိုးလှတယ်။ ထိုင်းနိင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခြင်းလုံးဝမရှိဘူးလို့  ထိုင်းနိင်ငံခြားရေးဝန်ကြီး သနီ( Thani ) ဆိုတဲ့အကြောင်းကို နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားပါတယ်။ ဒုကသည်စခန်းတွေကို သွားမယ်လို့ သိရတယ်။



ဒေါ်အောင်ဆန်းစုကြည် ထိုင်းကို လာတာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
ကို အသိပေးမထားပါဘူးတဲ့... ရောက်ခါနီးကြမှ လာမယ်ဆိုတာကို ထိုင်းနိုင်ငံခြားရေးက သိပါသတဲ့... ဒေါ်အောင်ဆန်းစုကြည် သွားမယ့်.. ဒုက္ခသည် စခန်းဆိုတာ ကန့်သတ် နယ်မြေပါတဲ့.. ထိုင်းအစိုးရက ခွင့်ပြုချက်ပေးမှ ၀င်ထွက်လို့ရပါသတဲ့.. ဒါပေမယ့်.. အဲ့ဒီကို သွားမယ်ဆိုတာကိုလည်း ဘာမှ အကြောင်းမကြားပါဘူးတဲ့.... ဦးဥာဏ်ဝင်း ကို ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားပါတယ်တဲ့.. ...



ဒီစခန်းတွေက နှစ်နိင်ငံကြားမှာ ပြသနာတရပ်ဖြစ်နေတဲ့စခန်းတွေ ဒီစခန်းတွေကိုသွားရင်ထိုင်းနိင်ငံရဲ့  ခွင့်ပြုချက်ကိုရယူဖို့ လိုပါတယ်။ ဒီလိုသွားရောက်လည်ပတ်ဖို့ အတွက်လည်း ဒေါ်စု ရဲ့ အဖွဲ့ က ထိုင်းအာဏာပိုင်တွေကို တရားဝင်အကြောင်းကြားမှုမရှိဘူးလို့  ဆိုပါတယ်။ အလားတူပဲထိုင်းနိင်ငံအခြေစို က် ဒုကသည်တွေကို ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့  BBC တာဝန်ရှိသူတွေကိုလည်းဆက်သွယ်ခြင်းမရှိဘူး။ ခွန်သာမြင့်ကိုဖုံးခေါ်ကြသော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိဘူးလို့ သိရပါါတယ်။ တပ်ခရိုင်ဝန်လည်း ဦးဏှောက်ခြောက်နေပါတယ်။ သူလာမယ်ဆိုတာကို မီဒီယာကပဲကြားရတယ်။ ကျနော်တို့  ကိုသူမရဲ့  အဖွဲ့ ကဆက်သွယ်ခြင်းလုံးဝမရှိသေးဘူးလို့ ဆိုပါတယ်။ ဦးညဏ်ဝင်း ကိုဖုံးခေါ်သော်လည်း မရဘူးလို့ သိရတယ်။ ဒေါက်တာစင်သီယာဆေးခန်းကိုသွားရောက်ဖို့  ရှိသော်လည်း ဒေါက်တာစင်သီယာ မောင်ကိုလည်းဒေါ်စုနဲ့တွေ့ မဲ့ အစီအစဉ်မှာထည့်သွင်းမဆွဲထားဘူးလို့ သိရတယ်။ နယူးယောက်တိုင်းသတင်းစာမှာဖေါ်ပြထားချက်တွေအရ ဒေါ်စုခရီးစဉ်တာဝန်ယူထားတဲ့ အဖွဲ့ ဟာ တော်တော်လေးကို ဖယိုဖရဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။ ဒီကြားထဲ မီဒီယာနဲ့တွေရင် အတော်ကို စကားသွက်လှတဲ့ဒေါ်စုက သူကို မျော်လင့်တကြီးစောင့်စားနေတဲ့ မီဒီယာသမားတွေကို ဘာတခွန်းမှာ မပြောသွားဘူးလို့  ဆိုပြန်တယ်။ ဒီပုံနဲ့ဆိုရင်တော့ ဒီချုပ်တွေ စီမံခန့် ခွဲ ပုံတွေကြောင့် ဒီမိုကရေစီအရေး အတွက်ရင်လေးမိပါကြောင်း...

Myanmar Express

မ.ထ.သ ၁၂၄ ယာဉ်လိုင်းတွင် i-pay ကဒ် တပ်ဆင်မှု ထပ်မံပြုလုပ် သွားမည်

From : MRTV4


ယာဉ်လိုင်း တချို့မှာ တပ်ဆင် အသုံးပြု လျက်ရှိတဲ့ i-pay ကဒ် တပ်ဆင်မှုကို လာမယ့် ဇွန်လ အတွင်းမှာ မ.ထ.သ ယာဉ်လိုင်း တစ်ခုဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း
ခရိုင် ယာဉ်လိုင်းမှာ တပ်ဆင် တော့မယ်လို့ သိရပါတယ်။ ငွေစက္ကူမလို အကြွေအမ်းစရာ မလိုတဲ့ i-pay ကဒ်စနစ်ကို ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အဓိပတိ ယာဉ်လိုင်း အပြာမှာ စတင် တပ်ဆင်ခဲ့ပြီး ယခုအခါ အဓိပတိ အနီ မှာပါ တပ်ဆင်ပြီး ပြီလို့ အဆိုပါ i-pay ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ i-pay ကဒ်စနစ်ကို အဓိပတိ အပြာယာဉ် ၅၈ စီးနဲ့ အဓိပတိ အနီ ၄၈ စီးမှာ အသုံးပြု နေတာ ဖြစ်ပြီး အဆိုပါ i-pay ကဒ်များကို ယာဉ်လိုင်းတွေ ပေါ်မှာပဲ ရောင်းချပေး နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် i-pay ကဒ်စနစ်ကို ဘတ်စ်ကား များတွင် သာမက ပန်းဆိုးတန်း-ဒလ ဖယ်ရီကတို့မှာ ဆက်လက် တပ်ဆင် နိုင်ဖို့ စီစဉ် ဆောင်ရွက် နေတယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ i-pay ကဒ်များကို i-pay station များဖြစ်တဲ့ ရွှေဂုံတိုင်၊ သမိုင်း ဘုရားလမ်း၊ စော်ဘွားကြီးကုန်း၊ ပါရမီကားဝင်း၊ ၃၆ လမ်းထိပ်နဲ့ လူစည်ကားတဲ့ မှတ်တိုင်တွေမှာ ရောင်းချ ပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကွန်ပျူတာ တက္ကသိုလ်ရှေ့ ဗိုလ်တထောင် အမျိုးသား စီမံ ကောလိပ်ရှေ့နဲ့ သိမ်ဖြူ မီးပွိုင့် အနီးမှာပါ i-pay station တွေကို ထပ်မံ တိုးချဲ့ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ i-pay ကဒ်ကိုတော့ တစ်ကဒ် ၃၀၀ ကျပ်နဲ့ ရောင်းချ နေတာဖြစ်ပြီး အနည်းဆုံး ကျပ် ၇၀၀ မှ ကျပ် ငါးထောင် အထိ ထည့်သွင်း အသုံးပြု နိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ i-pay ကဒ် စတင် အသုံးပြု နိုင်ချိန်မှ အခုအချိန် အထိ ကဒ် ခုနစ်ထောင်ကျော် ရောင်းချပြီး သွားပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 Myanmar Express 

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနေရာများတွင် ဝိုင်ဖိုင်စနစ်ဖြင့် အင်တာနက်ရမည်

From : ခေတ်လူငယ်


၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် Wrieless Broadband စနစ်အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ကုမ္ပဏီများပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ချက်အတွက် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကုမ္ပဏီများအား ဈေးနှုန်းတင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။ Wireless Broadband Internet Access( WiFi) စနစ်ရရှိအောင် ဆောင်ရွက်ရန် ကုမ္ပဏီများအား ဖိတ်ခေါ်ခြင်းဖြစ်သည်။ အဆိုပါ စနစ်လုပ်ငန်းဆောင်ရွက်မည့် နေရာများမှာ နေပြည်တော် ဇမ္ဗူသီရိ အားကစားကွင်းများ၊ အားကစားရွာနှင့် ဟိုတယ်ဇုန်များ၊ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းများ၊ ရန်ကုန်မြို့ အားကစားပြိုင်ပွဲကျင်းပမည့် နေရာများ၊ မန္တလေးမြို့ အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာများ၊ ပုသိမ် (ငွေဆောင်) အားကစားပြိုင်ပွဲ ကျင်းပမည့်နေရာများ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဆောင်ရွက်ချက်ကို ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများအား သတင်းအချက်အလက်နှင့် နည်းပညာဌာနတွင် ဝယ်ယူရမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်း -၀၆၇-၅၀၁၇၇၇၊ ၀၆၇-၅၀၀၄၀၀၊ ၀၆၇-၄၂၁၂၂၂၊ ၀၆၇-၄၂၁၇၇၁သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း   သိရှိရသည်။
 

 Myanmar Express 

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၂)


by Ye Htut

ဘဏ္ဍာရေး

စာနယ်ဇင်းကောင်စီဖွဲ့စည်းမှုတွင်နောက်ထပ်အရေးကြီးသည့် အချက်မှာ ဘဏ္ဍာရေးကိစ္စဖြစ်သည်။ စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည် ဘဏ္ဍာငွေရရှိရေးအတွက် အခြေခံနည်းလမ်းနှစ်ခုရှိသည်။ ပထမနည်းလမ်း မှာ အစိုးရက ကျခံပေးခြင်းဖြစ်သည်။ ဒုတိယနည်းလမ်းမှာ စာနယ်ဇင်းဆိုင်ရာအဖွဲ့အစည်းများ၊ ထုတ်ဝေရေးကုမ္ပဏီများ က ထည့်ဝင်ခြင်းဖြစ်သည်။ သို့သော်နည်းလမ်းနှစ်ခုလုံးတွင် ငွေကြေးထည့်ဝင်သူက စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများ ကို သြဇာလွှမ်းမိုးသွားလေမလားဆိုသည့် စိုးရိမ်မှုများရှိသည်။ သြစတေးလျနိုင်ငံတွင် စာနယ်ဇင်းကောင်စီရန်ပုံငွေကို စာ နယ်ဇင်းထုတ်ဝေရေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများက ထည့်ဝင်ရသည်။ ထိုထည့်ဝင်ငွေ၏ ၅၀% ကျော်မှာ ရူးပတ်ဖ်မားဒေါ့ပိုင် News Limited ကုမ္ပဏီမှဖြစ်ရာ စာနယ်ဇင်းကောင်စီ၏ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အချိန် များတွင်ရန်ပုံငွေထည့်ဝင်မှုကို လျှော့ချခဲ့သည့်အခြေအနေနှင့် မကြာခဏရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်လည်း သြစတေးလျ စာနယ်ဇင်းကောင်စီအနေဖြင့် နိုင်ငံတော်၏ ပံ့ပိုးမှုကိုလည်းအတိုင်းအတာတစ်ခုထိ လက်ခံရန်သင့်မသင့် စဉ်းစား နေရပြီဖြစ်သည်။ လက်ရှိအချိန်တွင်မူ သြစတေးလျစာနယ်ဇင်းကောင်စီသည် မားဒေါ့ပိုင်ကုမ္ပဏီအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရန်အတွက် ၂၀၁၁ခုနှစ် မှစတင်ပြီး Myer Foundation ထံမှ ရန်ပုံငွေလိုအပ်ချက်၏ ၁၅% ကို လက်ခံခဲ့ သည်။

ထို့ကြောင့် နိုင်ငံတကာစာနယ်ဇင်းကောင်စီများသည် ရန်ပုံငွေရရှိရေးအတွက် အစိုးရနှင့် စာနယ်ဇင်း အဖွဲ့အစည်းများ၊ ထုတ်ဝေရေးကုမ္ပဏီများကို မှီခိုနေရသည့်တိုင် ကောင်စီ၏လုပ်ငန်းဆောင်တာများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရရှိ စေမည့် နည်းလမ်းများကို ကြံဆအသုံးပြုလျှက် ရှိသည်ကိုတွေ့ရပါသည်။

ဆွီဒင် စာနယ်ဇင်းကောင်စီ၏ ရန်ပုံငွေ ၇၅% ကို သတင်းစာထုတ်ဝေသူများအသင်းက ထည့်ဝင်ရပြီး ၅% ကို မဂ္ဂဇင်း ထုတ်ဝေသူများအသင်းက ထည့်ဝင်ရသည်။ သတင်းထောက်သမဂ္ဂနှင့်အမျိုးသားသတင်းထောက်ကလပ် တို့က ၁% စီ ထည့်ဝင်ရသည်။ ကျန်လိုအပ်သောရန်ပုံငွေကိုမူ ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သည့် စာနယ်ဇင်းများကို ဒဏ်ငွေ ချမှတ်ခြင်းကရရှိသည်။

ဂျာမန်စာနယ်ဇင်းကောင်စီသည် စာနယ်ဇင်းလောကသားများသက်သက်ဖြင့် ဖွဲ့စည်းထားသော်လည်း ရန်ပုံငွေ၏ ၃၀% ကို အစိုးရထံမှ နှောင်ကြိုးမဲ့အကူအညီဖြင့်ရယူသည်။ ၅၅% ကို ထုတ်ဝေသူများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများက ထည့်ဝင်ပြီး ၁၅% ကို သတင်းထောက်များကို ကိုယ်စားပြုသည့်အဖွဲ့အစည်းများက ထည့်ဝင်ရသည်။ ဖင်လန်စာနယ်ဇင်း ကောင်စီသည်လည်း အလားတူ အစိုးရထံမှ ရန်ပုံငွေ ၃၀% ရယူသည့်စနစ်ကို ကျင့်သုံးသည်။ သို့သော် ဖင်လန်နိုင်ငံတွင် အစိုးရက စာနယ်ဇင်းကောင်စီအတွက်လိုအပ်သောရန်ပုံငွေကို ရရှိရန်အတွက် သတင်းစာရောင်းချမှုအပေါ်တွင် ၉% VAT အခွန်ကောက်ခံမှုကို ၂၀၁၂ ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။

ဒိန်းမတ်စာနယ်ဇင်းကောင်စီ၏ ရန်ပုံငွေစနစ်က တစ်မျိုးထူးခြားသည်။ ရန်ပုံငွေလိုအပ်ချက်ကို တရားရေးဝန်ကြီးဌာနက ထုတ်ပေးပြီး စာနယ်ဇင်းကုမ္ပဏီများ၊ အဖွဲ့အစည်းများက တရားရေးဝန်ကြီးဌာနကို အချိုးကျရန်ပုံငွေပြန်လည်ပေးသွင်း ရသည်။ ဒိန်းမတ်စာနယ်ဇင်းကောင်စီသည် ပုံနှိပ်မီဒီယာများသာကမ ရုပ်သံလွှင့်မီဒီယာများအတွက်ပါ တာဝန်ခံရသဖြင့် ရန်ပုံငွေလိုအပ်ချက်၏ ၅၀% ကို ပြည်သူ့ဝန်ဆောင်မှုအသံလွှင့်ဌာနများ ( Public Servide Broadcasters ) ဖြစ်သည့် ဒိန်းမတ်ရေဒီယိုနှင့် ဒိန်းမတ်ရုပ်သံကော်ပိုရေးရှင်းတို့က ၂၉ % နှင့် TV2 ရုပ်သံလိုင်းက ၂၁% ထည့်ဝင်ပေးရသည်။ ကျန် ၅၀% ကို သတင်းစာထုတ်ဝေသူများအသင်းက ၄၁ %၊ မဂ္ဂဇင်းထုတ်ဝေသူများအသင်းက ၃%၊ ဒေသန္တရသတင်းစာများ ( Regional and Local ) က ၃% နှင့် ပုံနှိပ်စက်ပိုင်ရှင်များက ၃% ထည့်ဝင်ရသည်။

နယ်သာလန်စာနယ်ဇင်းကောင်စီအတွက်လိုအပ်သောရန်ပုံငွေကို စာနယ်ဇင်းဖောင်ဒေးရှင်း ပံ့ပိုးပေးသည်။ ထိုဖောင်ဒေး ရှင်းအတွက်လိုအပ်သောရန်ပုံငွေများကို စာနယ်ဇင်းအသင်းအဖွဲ့များက ၁၃%၊ လုပ်ငန်းရှင်များက ၈၇% ထည့်ဝင်ရသည်။

အင်ဒိုနီးရှား စာနယ်ဇင်းကောင်စီကတော့ ရန်ပုံငွေထည့်ဝင်ရမည့်ရာခိုင်နှုန်းကို သတ်မှတ်ခြင်းမရှိဘဲ ပုံနှိပ်မီဒီယာဥပဒေတွင် စာနယ်ဇင်းကောင်စီအနေဖြင့် စာနယ်ဇင်းထုတ်ဝေသူအဖွဲ့စည်းများ၊ စာနယ်ဇင်းအဖွဲ့အစည်းများနှင့် အစိုးရ/ အလှုရှင်များ ထံက နှောင်ကြိုးမဲ့အကူအညီများကို ရယူရမည်ဟု ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။

အိန္ဒိယစာနယ်ဇင်းကောင်စီကမူ လိုအပ်သော ရန်ပုံငွေကို စောင်ရေငါးထောင်နှင့်အထက်ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များထံမှ စောင်ရေပေါ်မူတည်ပြီး အချိုးကျအခွန်ကောက်ခံစုဆောင်းသည်။ အကယ်၍ ဘတ်ဂျက်လိုငွေပြခဲ့လျှင် လိုအပ်သောငွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်းသမားများ၏ အခွင့်အရေးနှင့် ပြည်သူများ၏ အမှန်တရားသိပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်အကောင်အထည်ဖော်ရာတွင် စာနယ်ဇင်းကောင်စီများသည် အရေးကြီးသည့် အခန်းကပါဝင်နေပါသည်။ သို့သော် စာနယ်ဇင်းကောင်စီတစ်ခုအနေဖြင့် ထိထိရောက်ရောက်လုပ်ငန်းဆောင်ရွက်လိုသည်ဆိုလျှင် လုံလောက် သည့် ရန်ပုံငွေရှိဖို့လိုသည်။ စာနယ်ဇင်းကောင်စီ၏ လွတ်လပ်မှုကိုမထိခိုက်စေပဲ လုံလောက်သည့်ရန်ပုံငွေရရှိအောင်မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည်မှာ စာနယ်ဇင်းကောင်စီဖွဲ့စည်းရေးလုပ်ငန်းစဉ်တွင် အရေးအကြီးဆုံးအချက်ဖြစ်သည်ဟုပင် ဆိုချင်ပါသည်။

ဆက်လက်ဖော်ပြပါမည်။


Myanmar Express

စိတ်ကြွဆေးပြားများဖြင့် မိန်းကလေးများအားလိုက်လံဖျက်ဆီးနေသူ (ပေးစာ - ၁၄၄)

From : စိုးဝင်းမောင်




 မိန်းကလေးများအား စိတ်ကြွဆေးပြားများဖြင့် လိုက်လံဖျက်ဆီးနေသူ မုံရွာမြို့နယ်မှ ကိုစိုးမိုး

ညီမငယ်လေးများ မစားမိရန် အထူးသတိထား ရှောင်ရှားရမည့် စိတ်ကြဆေးလေးပါ၊
ကျွန်နော်ကစာကိုလဲဖွဲ့နွဲ့ပြီးမပြောတော့ပါဘူး၊ သေချာရှင်းပြပြောပြနေရရင်လဲမလိုအပ်တဲ့စကားလုံးတွေလဲပါလာမယ်ဒါကြောင့်လိုတိုရှင်းဘဲရေးပေးလိုက်ပါတယ်၊ဘာကိုဆိုလိုတယ်ဆိုတာညီမငယ်များသဘောပေါက်ကြပါလိုက်မယ်၊ညီမငယ်များရဲ့ဘဝကိုပျက်စီးစေမဲ့စိတ်ကြွဆေးတစ်မျိုးပါ၊ ဆေးဆိုပေမယ့် စားရင်ပီကေနဲ့အရသာတူတူဘဲလို့ ပြောကြရေးကြတာ ကြားဘူးဖတ်ပါတယ်၊ ညီမငယ်များအထူးသတိထားရမဲ့အရာလေးပါ၊ဘယ်သူကဘဲကျွေးကျွေးမစားမိပါစေနဲ့၊အထူးသဖြင့်ညီမငယ်များယုံကြည်အားကိုးတဲ့ချစ်သူရည်းစား ကိုကို မောင်မောင်များ က ကျွေးလာလျှင်

ပိုပြီး သတိထား ရှောင်ရှားနိုင်ရန် တင်ပြပေးလိုက်တာပါ၊ စားမိလျှင်တော့ ကာမကိုခိုးယူလို့ မိမိဘဝပျက်ပြီလို့ဘဲ သတ်မှတ်လိုက်ပါ။


 Myanmar Express 

စာနယ်ဇင်းကောင်စီဆိုသည်မှာ (၁)



စာနယ်ဇင်းကောင်စီသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကျင့်သုံးနေသည့်နိုင်ငံအတော်များများတွင် တွေ့နိုင်သောအဖွဲ့ အစည်းတစ်ခုဖြစ်သည်။ဒီမိုကရေစီနိုင်ငံအများစုတွင်စာနယ်ဇင်းကောင်စီရှိသည်ဖြစ်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်၏ အင်္ဂါရပ် တစ်ခုအဖြစ် လည်းဆိုနိုင်ပါသည်။

ဖွဲ့စည်းရခြင်းရည်ရွယ်ချက်

စာနယ်ဇင်းကောင်စီဘာ့ကြောင့်ဖွဲ့ရသလဲဟု မေးလျှင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့် စာနယ်ဇင်းသမားများ ၏အခွင့်အရေးနှင့်အကျိုးစီးပွားများကိုကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ဟု ဆိုကြမည်ဖြစ်သည်။ တကယ်တော့ ထိုအဖြေ သည် တစ်ဝက် သာမှန်သည်။နောက်ထပ်ကျန်သေးသည်။ထိုအချက်မှာပြည်သူတို့၏အခွင့်အရေးများကို ကာကွယ် ရန်ဖြစ် သည်။ စာနယ်ဇင်း ကောင်စီများက စာနယ်ဇင်းသမားများအနေဖြင့် သတင်းအချက်အလက်များကို လွတ်လပ် စွာရယူ ဖြန့်ဖြူးခွင့် ရအောင်ကာကွယ်စောင့်ရှောက်သလို ပြည်သူများအနေဖြင့် မှန်ကန်တိကျသောသတင်းများ ရရှိအောင် လည်း ကာကွယ်စောင့်ရှောက်ပေးရန်တာဝန်ရှိသည်။ထိုအချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်စာနယ်ဇင်းသမားများ စောင့်ထိန်း အပ်သော ကျင့်ဝတ်များကို စာနယ်ဇင်းကောင်စီက ရေးဆွဲပေးရသလို ထိုကျင့်ဝတ်ဆိုင်ရာ ပြဿနာ များနှင့်ပတ်သက် လျှင်လည်း စာနယ်ဇင်းကောင်စီကသာဖြေရှင်းပေးရသည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် စာနယ်ဇင်းများ ၏ ဂုဏ်သိက္ခာ မြင့်မားပြီး ပြည်သူလူထု၏ယုံကြည်မှုကိုလည်း ပိုမိုရရှိစေသည်ဖြစ်ရာ စာနယ်ဇင်းများ၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်း က ဖော်ဆောင်ပေးခြင်းဖြစ်သည်ဟုလည်းဆိုနိုင်သည်။

ဖွဲ့စည်းပုံအမျိုးမျိုး

စာနယ်ဇင်းကောင်စီကို မည်ကဲ့သို့ဖွဲ့စည်းသည်ဆိုသည့်အချက်သည် စာနယ်ဇင်းကောင်စီ၏လွတ်လပ်မှုနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်၊ ကျင့်ဝတ်များကိုကာကွယ်စောင့်ရှောက်နိုင်မှုအတို်င်းအတာကို ပြဋ္ဌာန်းသည်။ စာနယ်ဇင်းကောင်စီများကို ဖွဲ့ စည်းရာတွင် အများဆုံးအသုံးပြုသောနည်းလမ်းမှာ စာနယ်ဇင်းသမားများ၊ ထုတ်ဝေသူများကို ကိုယ်စားပြုသူများနှင့် ပြည်သူများအတွင်းက ဂုဏ်သတင်းကျော်ကြားသူများ အထူးသဖြင့် ဥပဒေပညာရှင်များထည့်သွင်းဖွဲ့စည်းသည့်နည်းလမ်း ဖြစ်သည်။

ဆွီဒင်စာနယ်ဇင်းကောင်စီသည် ကမ္ဘာပေါ်တွင်သက်တမ်းအရင့်ဆုံးစာနယ်ဇင်းကောင်စီဖြစ်ပြီး ၁၉၁၆ ခုနှစ်တွင်စတင် ဖွဲ့စည်းခဲ့သည်။ အစပိုင်းတွင် ထုတ်ဝေသူများ၊အယ်ဒီတာများနှင့် သတင်းထောက်များအကြား အငြင်းပွားမှုများကိုဖြေရှင်း ရန်ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် စာနယ်ဇင်းများနှင့်ပတ်သက်ပြီး ပြည်သူများ၏ တိုင်ကြားချက်များကိုပါ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။ ဆွီဒင်စာနယ်ဇင်းကောင်စီကို မီဒီယာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ( Committee for Media Cooperation) ကကြီးကြပ်ဖွဲ့စည်းပေးသည်။ ထိုကော်မတီတွင် ဆွီဒင် သတင်းစာထုတ်ဝေသူများ အသင်း၊ မဂ္ဂဇင်းထုတ် ဝေသူများအသင်း၊သတင်းထောက်သမဂ္ဂနှင့်အမျိုးသားသတင်းထောက်ကလပ်ဆိုသည့် အဖွဲ့အစည်းလေးခုမှ ကိုယ်စား လှယ် နှစ်ဦးစီ စုစုပေါင်း ၈ ဦးဖြင့်ဖွဲ့စည်း ပြီး အမျိုးသားသတင်းထောက်ကလပ်ဥက္ကဌက ကော်မတီဥက္ကဌအဖြစ် တာဝန်ယူ သည်။ထို့ပြင်အဖွဲ့အစည်းတစ်ခုစီကအရန်အဖွဲ့တစ်ဦးစီကိုလည်းရွေးချယ်ပေးထားရသည်။ထိုကော်မတီက ဆွီဒင်စာနယ် ဇင်း ကောင်စီအဖွဲ့ဝင်များကိုရွေးချယ်ခြင်း၊ စာနယ်ဇင်းကောင်စီအတွက် လိုအပ်သော ဘတ်ဂျက်များလျာထားခြင်းတို့ကို ဆောင်ရွက်သည်။

ဆွီဒင်စာနယ်ဇင်းကောင်စီတွင် အဖွဲ့ဝင် ၁၈ ဦးပါရှိပြီး တရားသူကြီးလေးဦး၊ စာနယ်ဇင်းနှင့်ထုတ်ဝေသူလောကမှ ရှစ်ဦး နှင့် ပြည်သူလူထုအတွင်းမှ ခြောက်ဦးပါဝင်သည်။ တရားသူကြီးလေးဦးက စာနယ်ဇင်းကောင်စီ ဥက္ကဌ နှင့် ဒုတိယဥက္ကဌ သုံးဦး အဖြစ်တာဝန်ယူသည်။ မီဒီယာပူးပေါင်းဆောင်ရွက်ရေးကော်မတီ က တရားသူကြီးလေးဦးနှင့် စာနယ်ဇင်းလောက ကိုယ်စားပြုသူ ရှစ်ဦးကိုရွေးချယ်ပြီး ပြည်သူလူထုကိုယ်စားပြုခြောက်ဦးကို လွှတ်တော်နှင့် ရှေ့နေကောင်စီက ရွေးချယ်ပေး သည်။ သက်တမ်းအားဖြင် စာနယ်ဇင်းနှင့် ပြည်သူလူထုကိုယ်စားပြုသူများသည် နှစ်နှစ်သက်တမ်း သုံးကြိမ် တာဝန် ထမ်းဆောင် တရားသူကြီးလေးဦးမှာ နှစ်နှစ်သက်တမ်းလေးကြိမ်တာဝန်ထမ်းဆောင်နိုင်သည်။

ဒိန်းမတ်စာနယ်ဇင်းကောင်စီကို ၁၉၆၄ ခုနှစ်တွင်စတင်ဖွဲ့စည်းသည်။ ၁၉၉၁ ခုနှစ်တွင် စာနယ်ဇင်းကောင်စီအပါအ၀င် မီဒီယာဥပဒေများကို သီးခြားလွတ်လပ်သောကော်မရှင်တစ်ရပ်က ပြန်လည်သုံးသပ်လေ့လာပြီးအစီရင်ခံစာတင်သွင်းခဲ့ သည်။ ထိုအစီရင်ခံစာပေါ်မူတည်ပြီး ၁၉၉၂ ခုနှစ်တွင် ဒိန်းမတ်စာနယ်ဇင်းကောင်စီဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များကို ပြောင်းလဲသတ်မှတ်သည့် ဥပဒေတစ်ခုကို လွှတ်တော်က ပြဋ္ဌာန်းပေးခဲ့သည်။ ထိုဥပဒေအရ ဒိန်းမတ်စာနယ်ဇင်းကောင်စီ တွင် ဥက္ကဌတစ်ဦး၊ ဒုတိယဥက္ကဌ တစ်ဦးနှင့်အဖွဲ့ဝင်ခြောက်ဦး၊ စုစုပေါင်း ရှစ်ဦးပါဝင်ပြီး ကောင်စီဝင်အားလုံးကို တရားရေး ၀န်ကြီး (Minister of Justice )က ခန့်အပ်သည်။ ဥပဒေအရ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့မှာ ဥပဒေဘွဲ့ရများဖြစ်ရန် သတ်မှတ်ထားပြီး လက်တွေ့ဆောင်ရွက်ရာတွင် တရားရုံးချုပ်တရားသူကြီးများ ( memberof the Supreme Court ) ကို ခန့်အပ်တာဝန်ပေးလျှက်ရှိသည်ကိုတွေ့ရသည်။ ကျန်အဖွဲ့ဝင်များကိုရွေးချယ်ရာတွင် သတင်းထောက်အသင်းအဖွဲ့များ က နှစ်ဦး၊ ပုံနှိပ်၊ ရေဒီယိုနှင့် ရုပ်သံအယ်ဒီတာများကိုကိုယ်စားပြုသည့်အဖွဲ့အစည်းများက နှစ်ဦးနှင့် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများက နှစ်ဦး ရွေးချယ်ပေးရသည်။ကောင်စီဝင်များ၏ သက်တမ်းကို လေးနှစ်သတ်မှတ်ထားပြီး ပြန်လည် အရွေးခံနိုင်ခွင့်ရှိသည်။

ဂျာမန်စာနယ်ဇင်းကောင်စီကတော့ ကျန်နိုင်ငံများနှင့် ကွဲပြားခြားနားပြီး ကောင်စီကို စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် သာဖွဲ့စည်းထားသည်။ ဂျာမန်စာနယ်ဇင်းကောင်စီကို ၁၉၅၆ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၂ ခုနှစ်တွင်မူ စာနယ် ဇင်းကောင်စီ၏ဆုံးဖြတ်ချက်များကို သတင်းစာများက လိုက်နာရန်ပျက်ကွက်ခြင်းကိုအကြောင်းပြုပြီး စာနယ်ဇင်းကောင်စီ လုပ်ငန်းများရပ်ဆိုင်းသွားခဲ့သည်။ ထိုအချိန်တွင် ဂျာမန်စာနယ်ဇင်းများ၏ တာဝန်မဲ့ရေးသားချက်များကို မကျေနပ်သည့် ပြည်သူများက စာနယ်ဇင်းကောင်စီတစ်ခုကို လွှတ်တော်ဥပဒေဖြင့်ဖွဲ့စည်းရန်တောင်းဆိုမှုများပေါ်ပေါက်လာခဲ့သည်။ ထိုကဲ့ သို့ ကြိုးပမ်းမှုများကို ဟန့်တားရန်အတွက် ဂျာမန်စာနယ်ဇင်းများပြန်လည်ညှိနှိုင်းပြီး စာနယ်ဇင်းကောင်စီကို ၁၉၈၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ရသည်။

ထိုသဘောတူညီချက်အရ ဂျာမန်မီဒီယာအဖွဲ့အစည်းကြီးလေးခု ( ထုတ်ဝေသူနှင့် သတင်းဆရာဆရာအသင်းနှစ်ခု၊ သတင်းစာဆရာသမဂ္ဂနှင့် စာပေလုပ်သားသမဂ္ဂနှစ်ခု ) စုပေါင်းပြီး association of sponsors of the German Press Council ကို ဖွဲ့စည်းခဲ့ပါသည်။ ထို အဖွဲ့ကြီးက စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများကိုကြီးကြပ်ပေးမည့် ဘုတ်အဖွဲ့တစ်ခု ကို ထပ်မံဖွဲ့စည်းတာဝန်ပေးခဲ့သည်။ ထိုဘုတ်အဖွဲ့တွင် စာနယ်ဇင်းအဖွဲ့အစည်းကြီးတစ်ခုလျှင် ကိုယ်စားလှယ် နှစ်ဦးကျ ပါဝင်ဖွဲ့စည်းထားပြီး ဥက္ကဌနှင့် ဒုဥက္ကဌတာဝန်ကို ထုတ်ဝေသူနှင့် သတင်းစာဆရာအသင်းနှစ်ခုက အလှည့်ကျပြောင်းလဲ တာဝန်ယူသည်။ ထိုဘုတ်အဖွဲ့၏တာဝန်မှာ စာနယ်ဇင်းကောင်စီအတွက်လိုအပ်သောညွှန်ကြားချက်များရေးဆွဲထုတ်ပြန် ခြင်း၊ ဘတ်ဂျက်သတ်မှတ်ခြင်းနှင့် ရာထူးခန့်ထားရေးလုပ်ငန်းများကိုဆောင်ရွက်ရန်ဖြစ်သည်။

စာနယ်ဇင်းကောင်စီကိုမူအဖွဲ့ဝင်နှစ်ဆယ့်ရှစ်ဦးဖြင့်ဖွဲ့စည်းထားပြီး မီဒီယာအဖွဲ့အစည်းတစ်ခုလျှင် မိမိတို့နှစ်သက်သည့် နည်းလမ်းဖြင့် ကိုယ်စားလှယ်ခုနှစ်ဦးစီရွေးချယ်ရသည်။ ကောင်စီဝင်များ၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်ပြီး အများဆုံးထမ်း ဆောင်နိုင်သည့်သက်တမ်းကို ကန့်သတ်ထားခြင်းမရှိပါ။

အင်ဒိုနီးရှားစာနယ်ဇင်းကောင်စီတွင် အဖွဲ့ဝင်ကိုးဦးရှိပြီး သတင်းထောက်အဖွဲ့အစည်းများ၊ ထုတ်ဝေသူအဖွဲ့အစည်းများနှင့် ပြည်သူများအတွင်းမှ ထင်ရှားကျော်ကြားသူများဖြင့်ဖွဲ့စည်းသည်။ စာနယ်ဇင်းကောင်စီတွင်ပါဝင်သူများက ဥက္ကဌနှင့် ဒုတိ ယဥက္ကဌကို ပြန်လည်ရွေးချယ်သည်။ ကောင်စီတွင်ပါဝင်မည့်သူများကို သမ္မတက အမိန့်ဒီဂရီဖြင့်တာဝန်ပေးအပ်သည်။ စာနယ်ဇင်းကောင်စီဝင်များ၏သက်တမ်းသည် သုံးနှစ်ဖြစ်ပြီး နှစ်ကြိမ်ဆက်တိုက်တာဝန်ထမ်းဆောင်ခွင့်ရှိသည်။

အိန္ဒိယစာနယ်ဇင်းကောင်စီ၏ အဖွဲ့ဝင်များရွေးချယ်မှုကလည်း တစ်မျိုးကွဲပြားသည်။ အိန္ဒိယပါလီမန်က စာနယ်ဇင်း ကောင်စီ ဥပဒေကို သီးခြားပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေအရ စာနယ်ဇင်းကောင်စီတွင် အဖွဲ့ဝင် ၂၈ဦးပါဝင်သည်။ ထိုအဖွဲ့ဝင်များ အနက် ၂၀ ဦးကို အစိုးရက အသိအမှတ်ပြုထားသည့် စာနယ်ဇင်းဆိုင်ရာအဖွဲ့အစည်းများက ရွေးချယ်ပေးရသည်။ ငါးဦးကို မူ လွှတ်တော်နှစ်ရပ်ကရွေးချယ်ပေးပြီး ကျန်သုံးဦးကို ပညာရေးဆိုင်ရာအဖွဲ့အစည်းနှစ်ခုနှင့် ရှေ့နေကောင်စီတို့က ရွေးချယ်ပေးသည်။ ကောင်စီဝင်များ၏သက်တမ်းမှာ သုံးနှစ်ဖြစ်သည်။ ကောင်စီဥက္ကဌရာထူးကိုမူ အငြိမ်းစား တရားရုံးချုပ် တရားသူကြီးတစ်ဦးကို တာဝန်ပေးရန်သတ်မှတ်ထားသည်။

ထို့ကြောင့် နိုင်ငံတကာစာနယ်ဇင်းကောင်စီများဖွဲ့စည်းမှုကိုလေ့လာပါက အများစုမှာ စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များ နှင့် ပြည်သူလူထုအတွင်းမှ ထင်ရှားကျော်ကြားသော၊ ဂုဏ်သိက္ခာရှိသူသောသူများပေါင်းစပ်ဖွဲ့စည်းထားသည်ကိုတွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင် ဖွဲ့စည်းမှုအချိုးတွင်လည်း စာနယ်ဇင်းလောကကိုယ်စားပြုသူများက အများစုပါဝင်သည်ကိုတွေ့ရ ပါသည်။ သို့သော် အချို့နိုင်ငံများတွင်မူ စာနယ်ဇင်းများ၏ရေးသားချက်ကိုတိုင်ကြားသည့်ကိစ္စများကိုကို်င်တွယ်သည့် ဆပ်ကော်မတီမျိုးတွင်မူ ပြည်သူလူထုကိုယ်စားပြုပုဂ္ဂိုလ်များကို အများစုထားပြီးဖွဲ့စည်းလေ့ရှိသည်ကို လည်းလေ့လာ တွေ့ရှိရပါသည်။ နောက်ထပ်သတိပြုသင့်သည့်အချက်မှာ နိုင်ငံအတော်များများတွင် ဥပဒေရေးရာကျွမ်းကျင်သူများကို စာနယ်ဇင်းကောင်စီတွင်ထည့်သွင်းဖွဲ့စည်းသည့်အချက်ဖြစ်သည်။ ထိုသို့ဖွဲ့စည်းခြင်းအားဖြင့် အငြင်းပွားမှုများကိုဖြေရှင်း ရာတွင်လည်းကောင်း၊ ကောင်စီ၏ညွှန်ကြားချက်များ၊ စည်းမျဉ်းများကိုရေးဆွဲရာတွင်လည်းကောင်း များစွာအထောက်အကူ ဖြစ်နိုင်သည့်အတွက် ထည့်သွင်းစဉ်းစားသင့်သည့်အချက်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်-


Myanmar Express