Subscribe to our RSS Feed

ပြည်တွင်းစစ်ရပ်စဲရေး ပြည်သူ ၆၇၆၇၆၇ ဦး လက်မှတ်ထိုး တောင်းဆိုမည်




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်၏ (၆၇) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာပြည်သူ ၆၇၆၇၆၇ ဦးမှ လက်မှတ်ထိုးကာ ပြည်တွင်းစစ်ရပ်စဲရေးကို တောင်းဆိုသွားမည်ဟု Generation Wave (G.W) အဖွဲ့မှ ဒေါ်အိအိမိုးက ပြောပြသည်။ အထက်ပါ အရေအတွက်သည် မြန်မာ့လူဦးရေ၏ တစ်ရာခိုင်နှုန်းကျော် ရှိနေသည်။ “လူဦးရေ ၆၇၆၇၆၇ ဦး စုစည်းပြီး ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဝိုင်းဝန်းလက်မှတ်ထိုးမယ်။ ဒီလှုပ်ရှားမှုကို “ထာဝရငြိမ်းချမ်းရေး ၆၇” လို့ ခေါင်းစဉ်ပေးထားတယ်” ဟု ဒေါ်အိအိမိုးက ပြောသည်။ ၄င်းလှုပ်ရှားမှုကို မေလ ၁၈ ရက်နေ့မှ စတင်ကာ ပဲခူး၊ တောင်ငူ၊ ကျွန်းကုန်းနှင့် နေပြည်တော်ဒေသများမှ ငြိမ်းချမ်းရေး စိတ်ဝင်စားသူ လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။ စုစည်းရရှိလာသော လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပြည်ပမှ ငြိမ်းချမ်းရေး အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု သိရသည်။ “ပြည်သူတွေ လိုလားတဲ့ ထာဝရငြိမ်းချမ်းရေးကို မိသားစုအသိုက်အဝန်းနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တွေက အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ရည်ရွယ်ပြီး လက်မှတ်မိတ္တူတွေ ပေးပို့တာ ဖြစ်ပါတယ်” ဟု ဒေါ်အိအိမိုးက ပြောကြားခဲ့ကြောင်းMyanmar Express Group သတင်းထောက်တစ်ဦးမှ ပေးပို့ခဲ့သည်။
 


Myanmar Express 

2 comments:

very good, so quick to proceed for this peace building initiatives,
but take into account that No justice, No peace.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်