Subscribe to our RSS Feed

လျှပ်စစ်စက်ရုံနှစ်ရုံ ရန်ကုန်မှာ တည်မည်

From : ခေတ်လူငယ်


ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ဖို့ စီစဉ်နေကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောပါတယ်။ သူက ‘နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဂျပန်သွားတုန်းက J Power (Japanese Power) လို့ခေါ်တဲ့ ကျောက်မီးသွေးစက်ရုံကို သွားလေ့လာပါတယ်၊ J Power စက်ရုံနဲ့ ညှိထားပြီးပါပြီ၊ ၆၀၀ မဂ္ဂါဝပ်ရှိတဲ့စက်ရုံ (ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ) ကို ရန်ကုန် အနီးတစ်ဝိုက်မှာ တည်ဖို့ လုပ်ထားပါတယ်၊ အလားတူပဲ ကိုရီးယားနိုင်ငံက ကုမ္ပဏီနဲ့လဲ ၅၀၀ မဂ္ဂါဝပ်ရှိတဲ့ ဓာတ်ငွေ့တာဘိုင်စက်ရုံ သာကေတမှာ တည်မယ်’ လို့ပြောပါတယ်။ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ အများစုဟာ မန္တလေးအနီးတစ်ဝိုက်နဲ့ မြန်မာပြည် မြောက်ပိုင်းမှာပဲ ရှိတယ်။ အဲသည်ကရတဲ့ ဓာတ်အားတွေကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကို ဖြန့်ဖြူးတဲ့အခါ မြို့တွေအကုန် ဖြတ်သုံးရတဲ့အတွက် ဗို့အား လေလွင့်မှုတွေ ရှိနေတယ်လို့ ပြောပြခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express 

1 comments:

အင်း...
ဟုတ်တော့ဟုတ်နေကြပြီ..။

အတန်းပညာ လုံးဝမရှိတဲ့ လွှတ်တော်အမတ်တဖြစ်လဲ
စပါးနဲ့ လယ်ယာကိုပဲနားလည်တဲ့ .....တောက ဆန်စက်သူဌေးကလည်း ရန်ကုန်တိုင်းလျှပ်စစ် ဒုဝန်ကြီး လုပ်လို့ရသလား..။

အဲဒီလို နိုင်ငံတကာ အတွေ့အကြုံရ ပညာရှင်တွေရဲ့ အရည်အချင်းနဲ့ လျှပ်စစ်မီးကို ဘယ်လိုပေးပြီး စီမံခန့်ခွဲမှာတုန်း.....။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကြီးက နိုင်ငံခြားပြန် အင်ဂျင်နီယာများ ခေါင်းငုံ့ခံပြီး သူခိုင်းသမျှ လုပ်မည်ဆိုတာကိုတော့ .. အံ့သြမိပါကြောင်း...။

အခုထက်ထိ အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့တန်ဖိုးကို အစိုးရတစ်ရပ်လုံးက နားမလည်ပဲ နီးရ/ပိုင်ရာ ဆွဲခန့်တဲ့အကျင့်တွေ ရှိနေသမျှ..

ဖယောင်းတိုင်ထွန်းလမ်းထွက်တာတွေ...။
အလုပ်သမားတွေ ဆန္ဒပြတာတွေ...။
အင်တာနက်တွေ နှေးနေတာတွေ..။
ဖုန်းတွေ ဈေးကြီးတာတွေ..။
ကုန်ဈေးနှုန်း မတည်ငြိမ်တာတွေ၊
ငွေကြေကြေးဖောင်းပွတာတွေက...။

ဘယ်တော့မှ ပျောက်မှာလဲ...။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်