Subscribe to our RSS Feed

Y-talk calling စနစ်ကို အင်တာနက်ဆိုင် အများစုမှာ အသုံးပြုလာ

From : MRTV4


လက်ရှိ အင်တာနက် ဆိုင်တွေ အများစုမှာ့ Y-talk calling စနစ်တွေ အသုံးပြုမှု ရှိလာတယ်လို့ VMG ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ
သိရပါတယ်။ ယခင်က P-Fingo ကို အသုံးပြုကြ ပေမယ့် မေလမှ စတင်ကာ Y-talk ခေါ်ဆိုခတွေ လျော့ချပြီး နောက်ပိုင်း မှာတော့ အင်တာနက်ဆိုင် အများစုမှာ ယခင်ကထက် အသုံးပြုမှုတွေ ပိုများ လာတယ်လို့ သိရပါတယ်။ Y-talk calling စနစ် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အပြင် အခြား နယ်မြို့တွေမှာ ခေါ်ဆို အသုံးပြု နိုင်တာ ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး တွေရှိ အင်တာနက်ဆိုင် တွေမှာလည်း Y-talk calling စနစ်ကို အသုံးပြုမှု ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ Y-talk calling စနစ်ကို မိုဘိုင်းဖုန်းနဲ့ပါ တွဲဘက် အသုံးပြု နိုင်အောင် စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေ၊ Home user တွေ အတွက်လည်း နောက်ပိုင်းမှာ အသုံးပြု နိုင်အောင် စီစဉ်ပေး သွားဖို့ ရှိတယ်လို့ VMG Telecom ကုမ္ပဏီ လီမီတက်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်