Subscribe to our RSS Feed

၂၀၀၇ အထက် မော်ဒယ်မြင့်ကား သိန်း ၂၀၀ ကျော်ဖြင့် ဈေးဖွင့်


From : The Voice

ဂျပန်နိုင်ငံမှ တင်သွင်းလာသော ၂၀၀၇ ခုနှစ် အထက် မော်ဒယ်လ်မြင့် ကားများကို ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ဇွန်လကုန်တွင် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း Lwin and Swam Motor မှ တာဝန်ရှိသူ တစ်ဦးက မေလ ၂၃ ရက်နေ့တွင် ပြောကြားသည်။

“အခုက ဆီစားသက်သာတဲ့ ကားတွေကို အဝယ်များ ကြပါတယ်။ အင်ဂျင်ပါဝါ ၁၃၅၀ CC တွေကို ပိုကြိုက်ကြတယ်” ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း တစ်ဦးဖြစ်သူ လုပ်သက် ၂၀ နှစ်ရှိ ဦးဇာနည်အောင်က The Voice Weekly သို့ ပြောကြားသည်။

ဇွန်လ နောက်ဆုံးပတ်တွင် ရောက်ရှိလာမည့် အင်ဂျင်ပါဝါ ၁၃၅၀ CC တိုယိုတာ Civic, Honda Insight နှင့် Suzuki Swiss များကို ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ကျပ်သိန်း ၂၅၀ ခန့်ဖြင့် ကြိုတင် ဈေးဖွင့်လျက် ရှိကြောင်း ဝယ်ရောင်း တစ်ဦးဖြစ်သူ ဦးညီအောင်က အတည်ပြု ပြောဆိုသည်။

အဆိုပါ အင်ဂျင်ပါဝါ ၁၃၅၀ CC ယာဉ်များသည် ရန်ကုန် - မန္တလေး အသွားခရီးကို ဆီခုနှစ်ဂါလန်ခန့်သာ ကုန်ကျကြောင်း ပို့ကုန်ပါမစ်ဖြင့် ၂၀၀၇ ခုနှစ် မော်ဒယ်လ်ကားဝယ်သူ တစ်ဦးက ဆိုသည်။

အပ်ကား/စလစ် (ကားအပ်ကြောင်း အထောက်အထား) ဈေးမှာ စလစ်ကောင်း (ယာဉ်ကောင်းယာဉ်သန့် အပ်ကြောင်း အထောက်အထား) နှင့် စလစ်ညံ့ (ယာဉ်ညံ့အပ်ကြောင်း အထောက်အထား) နှစ်မျိုး ရှိ၍ ပါမစ်ကောင်း ဆိုပါက ကျပ် ၇၅ သိန်းနှင့် ပါမစ်ညံ့ ဆိုပါက ကျပ်သိန်း ၆၀ ခန့် ဈေးရှိကြောင်း ကားဝယ်ရောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်