Subscribe to our RSS Feed

ဇူလိုင်လွှတ်တော်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ တင်သွင်းမည်




ဇူလိုင်လတွင် ကျင်းပမည့် ပထမအကြိမ် စတုတ္ထပတ် လွှတ်တော်အစည်းအဝေး၌ စားသုံးသူကာကွယ်ရေး ဥပဒေအား တင်သွင်းနိုင်ရန် ဆောင်ရွက်နေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်မှ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ စားသုံးသူကာကွယ်ရေး ဥပဒေမရှိခြင်းကြောင့် တရားနည်းလမ်းတကျ ဆောင်ရွက်နိုင်ရန် အခက်အခဲများ ရှိသည်ဟု ပြောကြားခဲ့သည်။ “ဥပဒေမရှိသေးတော့ ဘယ်လိုတိုင်ကြားရမလဲ၊ တရားစွဲရမယ့် ဖြစ်စဉ်လား၊ လျော်ကြေးတောင်းရမယ့် ဟာလားဆိုတာ အတိအကျမသိဘူး။ ဥပဒေအတိအကျ ထွက်လာမှ စားသောက်ကုန် ပစ္စည်းပိုင်း အားနည်းတာလား၊ ဝန်ဆောင်မှုပိုင်း အားနည်းတာလား၊ အတုဆိုရင် ဘယ်လိုအရေးယူရမယ်ဆိုပြီး ဥပဒေထွက်လာရင် အတိအကျပါလာပါမယ်” ဟု ပြောကြားခဲ့သည်။ လက်ရှိအချိန်၌ တရားဝင်တင်သွင်းနေသော စားသောက်ကုန်များအား စားသုံးသူထိခိုက်နိုင်မှုအပေါ် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးနေသော်လည်း တရားမဝင် နယ်စပ်မှ ဝင်လာသည့် စားသောက်ကုန်များကိုမူ စီစဉ်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ ယင်းမှ “ရန်ကုန်ဆိပ်ကမ်းနဲ့ နယ်စပ်က တရားဝင် သွင်းလာတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို စစ်ဆေးပါတယ်။ တရားမဝင် သွင်းလာတာကိုတော့ ကျန်းမာရေးပိုင်းက မသိပါဘူး။ အဲဒီနေရာမှာ ရဲနဲ့ အကောက်ကာစတန် ဂျူတီမဆောင်ဘဲ တရားမဝင် သွင်းကြတယ်။ ဒါကို ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားနေတယ်” ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ နယ်စပ်ဂိတ်များမှ တရားမဝင် တင်သွင်းလာသည့် အစားအသောက်နှင့် ဆေးဝါးများအား စီစဉ်နိုင်ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၌ ငွေကြေးအင်အား၊ လူအင်အား အလုံအလောက်ရှိလျှင် လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ နယ်စပ်ဂိတ်များ၌ စစ်ဆေးမည့်သူများအပြင် အင်တာနက် ဆက်သွယ်မှုပါ ကောင်းမွန်ပါမှ လုပ်ငန်းဆောင်ရွက်မှု ထိရောက်နိုင်ကြောင်းနှင့် ဆောင်ရွက်မှု နှေးကွေးပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မှ အချိန်ပေးပြီး အစစ်အဆေးမခံဘဲ တရားမဝင်သာ တင်သွင်းမည်ဖြစ်ကြောင်းနှင့် အင်တာနက်မြန်နှုန်း ကောင်းမွန်ပါမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ရုံးများနှင့် တိုက်ရိုက်ချိတ်ဆက် စစ်ဆေးနိုင်ကြောင်း ပြောကြားခဲသည်။ ထို့ပြင် ဇူလိုင်လတွင် တင်သွင်းမည့် စားသုံးသူကာကွယ်ရေး ဥပဒေ ပေါ်ပေါက်လာပါက ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာအထောက်အကူ ပြုနိုင်ကြောင်း သိရှိရသည်။
 
Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်