Subscribe to our RSS Feed

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက မြန်မာအစိုးရ လုပ်သမျှ ထောက်ခံတဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက မြန်မာအစိုးရ လုပ်သမျှ ထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်သည်။ ထိုအချိန်ကတည်းကပင် မြန်မာ နှင့် အိန္ဒိယ ဆက်ဆံရေးမှာ အခုချိန်ထိ ဖွံ့ဖြိုးတိုးတက်လျှက်ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း အိန္ဒိယနိုင်ငံသို့ မကြာမကြာ သွားရောက်လည်ပတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ စေခိုင်းမှုကြောင့် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများက အပြစ်တင်ကြပေမယ့် အိန္ဒိယနိုင်ငံက မြန်မာ အစိုးရအပေါ် စိတ်ပျက်ကြောင်း ပြောခဲ့ခြင်းမရှိပေ။






နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး လာရောက်သော အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့် ဇနီးသည် မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ၀န်ကြီးချုပ်နှင့် ဇနီးအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ခေတ္တတည်းခိုသည့် ရွှေနန်းတော်ဟိုတယ်သို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက်အရ သိရှိရသည်။

အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည် မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် နေထိုင်မည်ဖြစ်ပြီး မေလ ၂၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သွားရောက်တွေ့ဆုံမည် ဖြစ်ပြီး ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်ရန် စီစဉ်ထားကြောင်း သိရသည်။

အိန္ဒိယ ၀န်ကြီးချုပ်သည် နိုင်ငံတော် သမ္မတနဲ့ရော အစိုးရအဖွဲ့တွေနဲ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပြီး မေလ ၂၇ ရက် တနဂ်နွေ ညနေ ၆ နာရီ ၄၅ မိနစ်မှာ နေပြည်တော်ကို လေယာဉ်နဲ့ ရောက်လာခဲ့ ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြိုဆိုခဲ့သည်။

အစိုးရသစ်လက်ထက် နိုင်ငံတော် သမ္မတ ကြီးနှင့် သမ္မတ အကြံပေးများ၏ ထူးချွန်ပြောင်မြှောက်မှုများကြောင့် နိုင်ငံရေးအခြေအနေ တဟုန်တိုး တိုးတက်လျှက် ရှိရာ နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးကျူးခဲ့ကြပြီး အမေရိကန် နိုင်ငံမှလည်း စီးပွားပိတ်ဆို့မှု ရုတ်သိမ်းပေးခဲ့သည်။ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံကို အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်များ ရောက်မလာသေးခင်မှာ အိန္ဒိယ ဝန်ကြီးချုပ်က က အရင်ဦးပြီး ရောက်လာခြင်းဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်