Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေမှု အပြီးသတ်လျှောက်လဲချက်ပေး

From : မြန်မာတိုင်းမ်


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၅၄- ၅၆)ရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ ထုံးတမ်းဓလေ့ ဥပဒေအရ အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင် ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး (အစ်ကိုဖြစ်သူ)က လျှောက်ထား တရားစွဲ ဆိုခဲ့မှုကို ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး၏ရုံးတွင် ယနေ့ နှစ်ဖက်အကျိုးဆောင် များက အပြီးသတ်လျှောက်လဲချက်များ ပေးကြသည်။
တရားလိုဦးအောင်ဆန်းဦး၏ အကျိုးဆောင် ဦးအေးလွင် (မိုးဟိန်းကျော်)နှင့် တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ဦးကြည်ဝင်းတို့ အပြီးသတ် လျှောက်လဲချက်ပေးပြီးနောက် ဦးကြည်ဝင်းက အမှုနှင့်ပတ်သက်၍ နောက်တိုးငြင်းချက် ထပ်မံတောင်းဆို သည်။
ယင်းသို့တောင်းဆိုခြင်းကို ဦးအေးလွင်က သက်သေများစစ်ဆေး ကာ လျှောက်လဲချက်ပေးပြီးဖြစ်၍ နောက်တိုးငြင်းချက် ထပ်မံ တောင်းဆို ခြင်းကို ကန့်ကွက်သည်။
ယင်းသို့ နောက် တိုးငြင်းချက် ထပ်မံတောင်းဆိုသည့်ကိစ္စ နှင့်ပတ်သက်၍ နှစ်ဖက်အကျိုးဆောင်များ ကြားဖြတ်လျှောက်လဲချက် ပေးရန် အမှုကို တရားရုံးက မေလ ၂၅ ရက်နေ့ သို့ ချိန်းဆိုထားသည်။
အမွေမှုဖြစ်ပွားခဲ့ပုံမှာ လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦးက တရားရုံးတွင် လျှောက်ထားတရားစွဲဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တရားရုံးက ကြားနာပြီး ဦးအောင်ဆန်းဦးကို နိုင်ငံခြားသားတစ်ဦးအနေဖြင့် နေအိမ် နှင့် ခြံဝင်း ပိုင်ဆိုင် ခွင့်မရှိကြောင်း ဆုံးဖြတ်၍ အမှုရှုံးနိမ့်ခဲ့သည်။
ထို့နောက် ၂၀၀၁ ခုနှစ်တွင် ဦးအောင် ဆန်းဦး၏ အကျိုးဆောင်ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမွေပုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု ထပ်မံတရား စွဲဆိုခဲ့မှုဖြစ်ပြီး တရားမကြီးအမှတ်မှာ ၉၆၁ ဖြစ်သည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်