Subscribe to our RSS Feed

ရန်ကုန် တက္ကသိုလ်၏ အရေးကိစ္စသည် အမျိုးသားရေး တေးသံဖြစ်သည်ဟု ဆိုလိုက်သည့် နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်၏ ပြည်သူသို့ အိတ်ဖွင့်ပေးစာ

From : Popular


နိုင်ငံတော် သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ဒေါက်တာဦးမြင့် က ‘ရန်ကုန် တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေး ပြည်သူ သို့ အိတ်ဖွင့် ပေးစာ’ ကို အမျိုးသားစိုက်ပျိုးရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ စာတမ်းဖတ်ကြား ပွဲမှာ ဖြန့်ဝေခဲ့ရာမှ အစပြုပြီး ပြည်တွင်းမှာ ရော၊ ပြည်ပမှာ ပါ အတော်လေး စိတ်ဝင်စားဖွယ် သတင်းဖြစ်ခဲ့သည်။ အဆိုပါ စာတမ်းကို ဖတ်ရှုကြပြီး နိုင်ငံရေး အသိုင်းအဝိုင်းနှင့် ပညာရှင်တို့ အသိုက်အဝန်း၌ သဘော တူ ထောက်ခံမှု ရှိခဲ့ကြောင်းနှင့် မြန်မာ့ သမိုင်း၏ စံ တန်ဖိုးများကို ပြန်လည် ညွှန်းဆိုပြုရာ ရောက်ကြောင်း သိရှိခဲ့ရသည်။ ထို့အတူ ပြည်တွင်း ပြည်ပ သတင်း မီဒီယာ များက လည်း အိတ်ဖွင့်ပေးစာကို ကြိုဆို ထောက်ခံ ရေးသားကြကြောင်း ဖတ်ရှုတွေ့ရှိရသည်။
”တက္ကသိုလ်ရဲ့သမိုင်းဦး ကာလမှာ ရန်ကုန် တက္ကသိုလ်ဟာ အာရှမှာ အကောင်းဆုံး၊အကြီးကျယ်ဆုံး တက္ကသိုလ်တွေထဲက တက္ကသိုလ် တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကို သတိရ ကြရမှာပါ။ မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှုဟာ ဒီနေရာကစခဲ့တယ် ဆိုတာကိုလည်း သတိ ရကြမှာပါ”။
”ဧရာဝတီ လိုပါပဲ။ ရန်ကုန် တက္ကသိုလ် ဟာသူ့ရဲ့ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်နဲ့ အသွေး အရောင်စုံ တော်တော်များများ ပြယ်လွင့်ခဲ့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာသေးခင် ဧရာဝတီ အတွေ့အကြုံ ကနေ အဖိုးတန် သင်ခန်းစာ တစ်ရပ် ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက ဧရာဝတီကို ကာကွယ်ဖို့၊ အရင်တုန်းက ရှိခဲ့တဲ့ ထည်ဝါမှု မျိုးပြန်ရဖို့ လိုအပ်ချက် အပေါ်မှာ မြန်မာပြည်သူတွေဟာ စည်းစည်းလုံးလုံး၊ ပီပီသသ၊ ခိုင်ခိုင်မာမာရပ်တည်ခဲ့ ကြပါတယ်။ စည်းလုံး ခိုင်မာတဲ့ လူထု သဘော ထားနဲ့ အစိုးရ ရဲ့လူထုဆန္ဒကို အလေးထားတဲ့ လိုက်လျောမှုကြောင့် ရလဒ်ကောင်းတွေ ရရှိခဲ့ကြပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကို ပြန်လည် မြင့်မားလာအောင် ဆောင်ရွက်ကြရမယ့် ခုတစ်ကြိမ်မှာလည်း ရရှိပြီးဖြစ်တဲ့ အဲဒီ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်း ကြစေလိုပါတယ်။ ဧရာဝတီ ကိစ္စလိုပါပဲ။ ဒီဆောင်ရွက် ချက်တွေ ဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်တိုင် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သမိုင်း ကဏ္ဍအသစ်ကို လွမ်းမော အောက်မေ့ စရာ နည်းလမ်းနဲ့ စလိုက်တာလည်း ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေက ခုထိ မပေးနိုင်သေးတဲ့ လက်ငင်းလက်တွေ့ မျက်တွေ့အကျိုး ရလဒ် ကိုလည်း ဒီဆောင်ရွက်ချက်တွေကြောင့် တွေ့ မြင် ခံစားရလာပါလိမ့်မယ်” ဟုပြည်သူသို့ အိတ်ဖွင့်စာပေးရာတွင် ဒေါက်တာ ဦးမြင့်က ရန်ကုန် တက္ကသိုလ်ကြီး၏ ဂုဏ်ပုဒ်ကို ဖွင့်ဆိုထားသည်။ ထို့အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုလည်း ပြန်လည် တည်ဆောက်ဖို့ အကြံပြုရာတွင် ”ကျောင်းသား သမဂ္ဂ အဆောက်အအုံသစ် ဟာ မြန်မာ ပြည်သူတွေက လူငယ်တွေကို ပေးတဲ့ လက်ဆောင် ဖြစ်လာပါလိမ့်မယ်။ လူငယ်တွေ အပေါ် ယုံကြည် အားထားမှု ရှိတယ် ဆိုတာ သက်သေထူတဲ့ လက်ဆောင်ပါ” ဟုရည်ညွှန်းထားသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်