Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိနိုင်ဟု ပညာရှင်အချို့က ခန့်မှန်း

From : ပြည်မြန်မာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိနိုင်ဖွယ် ရှိနေသည်ဟု ပညာရှင်များ အသိုင်း အဝိုင်းတွင် သတင်းထွက်ပေါ်နေပြီး အမှန်တကယ် ရရှိရန်လည်း ထိုက်တန်သူ ဖြစ်ကြောင်း ပညာရှင်အချို့နှင့် ပြည်သူများက သုံးသပ် ပြောကြားမှုများ ရှိနေသည်ကို ၂၂-၅-၂၀၁၂ရက်က ကြားရသည်။ ပြည်သူများအကြားတွင် အနည်းငယ် လေ့လာစစ်တမ်း မေးမြန်းရယူမှုအရ ပညာတတ်အလွှာအချို့က ဖြစ်သင့်သည့် ကိစ္စဟု သုံးသပ်ကြပြီး သာမန်ပြည်သူများကြားတွင်မူ သမ္မတကြီး ရခဲ့လျှင် ပျော်ရွှင်ကြောင်း ပြောဆိုနေကြသည်ဟု ကြားသိရသည်။ “ယခင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေကလည်း သမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို အသိအမှတ် ပြုလာကြတဲ့ သတင်းတွေ ကြားနေရတယ်။ သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို အရသင့်ဆုံးလူလို့ မြင်တယ်။ သမ္မတက ဒါကိုရဖို့ လုပ်ဆောင်နေခဲ့တာ မဟုတ်သလို တကယ့် ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေတာပါ” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။ “သမ္မတကြီးကို ဒီဆုရစေချင်တယ်။ နှစ်ပေါင်းများစွာ မငြိမ်းသတ်ခဲ့တဲ့ ပြည်တွင်းစစ်ကို သမ္မတပြန်လည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့က စတင်တည်ငြိမ်အောင် ဖော်ဆောင်လာနိုင်တယ်။ လက်ရှိကဏ္ဍပေါ်မှာ အရသင့်ဆုံးသူက သမ္မတကြီးပဲ ဖြစ်သင့်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပြောရင် ဒါကို ကျေနပ်တယ်” ဟု UN အကြီးတန်း အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။ “သမ္မတကြီးကိုတော့ ချီးကျူးမှာပါပဲ။ ကျဉ်းထဲကျပ်ထဲ အချိန်မှာ ဒီမိုကရေစီဆန်ဆန် တည်ငြိမ်အောင် ကြိုးစားနိုင်တယ်။ သူစိတ်မပါဘဲနဲ့ ကျွန်တော်တို့ ဒီမိုကရေစီကို သွားလို့မရဘူး။ နိုဘယ်လ်ဆုရတာ မရတာကို မပြောလိုသည့်တိုင် သမ္မတကိုတော့ မချီးကျူးဘဲ ချန်ထားလို့ မရနိုင်ဘူး။ သူတော်လို့လည်း Time မဂ္ဂဇင်းမှာ ရွေးချယ်ခံခဲ့ရတာပဲ။ဘာပဲပြောပြော ကျွန်တော်တို့ ပြည်သူအနေနဲ့ သူ့ကို ထောက်ခံ အားပေးရမှာပါပဲ” ဟု သုတေသနပညာရှင် ဒေါက်တာစိုးထွန်းက သုံးသပ် ပြောကြားသည်။ “ကျွန်တော့်အမြင်ကတော့ နှစ်ဖက် ခေါင်းဆောင်တွေပေါ့လေ။ ဆိုလိုတာ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပါတီနဲ့ လက်ရှိတည်ဆဲအစိုးရနဲ့ မတူညီတဲ့ကြားကနေ တည်ငြိမ်အောင် ကြိုးစားနိုင်တယ်။ အဲဒါကို အားကျတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲပြီး နိုင်ငံကို ဒီထက်ပိုပြီး လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲနိုင်တဲ့ အဖြေမျိုး ရလဒ်မျိုး ရယူနိုင်မယ်ဆိုရင် နှစ်ယောက်စလုံး ပူးတွဲပြီး နိုဘယ်လ်ဆုရမယ်ဆိုရင် ပိုပြီးအကောင်းဆုံးပါပဲ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးက သုံးသပ် ပြောကြားသည်။ သမ္မတကြီး ဦးသိန်းစိန်သာ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့မည် ဆိုပါက နိုဘယ်လ်ဆုကို မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ရရှိသော မြန်မာနိုင်ငံသားတစ်ဦး ဖြစ်လာမည် ဖြစ်ကာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးက သုံးသပ် ပြောကြားသည်။ 

Myanmar Express 


6 comments:

We will be very happy if President U Thein Sein is going to receive the "Nobel Peace Prize" because of he deserves it, but why did Daw Suu Kyi receive the Nobel Peace Prize?, she never did any peace making, peace resolutions in Myanmar. Since 1988 many riots, demonstrations, protesting and violent disturbances were in Myanmar because of her, the country was getting poor and poor because of the saction which she forced to support US and EU, she did many problems and we never get peaceful in Myanmar, so why did they give Nobel Peace Prize to her?, that was ridiculous. We believe President U Thein Sein deserves to receive much higher than Nobel Peace Prize, example: "SUPER NOBEL PEACE PRIZE".

မြန် မာ နိုင် ငံ သည် အ နောက် နိုင် ငံ များ က ပါ အ သိ အ မှတ် ပြု ရ လောက် အောင် ဒီ မို က ရေ စီ လမ်း ကြောင်း သို့ အ ရှိန် အ ဟုန် နှင့် သွား နေ ခြင်း မှာ သ မ မ တ ကြီး ၏ ရိုး သား
မှု့ နှင့် စိတ် ရင်း စေ တ နာ ကောင်း မွန် သော ကြောင့် ဖြစ် ပါ သည်။ မြန် မာ နိုင် ငံ ၏ ငြိမ်းချမ်း ရေး အ တွက် နှင့် က မ ဘာ ကြီး တစ် ခု လုံး ၏ ငြိမ်း ချမ်း ရေး အ တွက် သ မ တ ကြီး ၏ လုပ် ဆောင် ချက် များ သည် အ လွန် အ ရေး ပါ ပါ သည်။ က မ ဘာ ပေါ် တွင် တ ရုတ် ပြည် သူ့ သ မ တ နိုင် ငံ ၏ တိုး တက် လာ မှု့၊ အ မေ ရိ ကန် ပြည် ထောင် စု ၏ Super power ဖြစ် မှု့ တို့ ကို balance ညှိ ရန် မှာ မြန် မာ နိုင် ငံ သည် အ လွန် အ ရေး ပါ ပါ သည်။ တ ရုတ် နှင့် အ မေ ရိ ကား Super Power အ ဖြစ် မှ လျှော ကြ သွား လျှင် မူ စ လင် များ ၏ အ န တ ရယ် ရှိ ပါ သည်။ ကို အမ် ကြမ်း ၏ အ ဓိ က ရည် ရွယ် ချက် မှာ တစ် က မ ဘာ လုံး ကို မူ စ လင် ဇတ် သွင်း ရေး ဖြစ် ပါ သည်။ က မ ဘာ ကြီး တွင် ပြ သ နာ များ စွာ ရှိ ပါ သည်။ ကျွန်ုပ် တို့ နိုင် ငံ ကို တိုး တက် အောင် လုပ် နေ ချိန် တွင် NLDS များ သည် ပြ သ နာ မ ရှာ ပါ နှင့် ဟု အ ဆို ရင်း ---

ဒီ commentလေးရေးနေတဲ့အချိန်မှာသမတကြီးကိုအလေးပြုရင်းပေါ့ဗျာ။အမေရိကန်အမတ်နဲ့တွေ့တဲ့သတင်းလေးကြည့်ရင်းပေါ့။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုတကယ်ကိုရသင့်တဲ့သမတကြီး
ဖြစ်ပါကြောင်း။

ဒီ commentလေးရေးနေတဲ့အချိန်မှာသမတကြီးကိုအလေးပြုရင်းပေါ့ဗျာ။အမေရိကန်အမတ်နဲ့တွေ့တဲ့သတင်းလေးကြည့်ရင်းပေါ့။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုတကယ်ကိုရသင့်တဲ့သမတကြီး
ဖြစ်ပါကြောင်း။

ဟုတ်ပါတယ်..ပေးသင့်ပါတယ်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်