Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ၊ ဥရောပကောင်စီ ဥက္ကဌ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်တို့အား တွေ့ဆုံ

From : သမ္မတရုံး



နေပြည်တော် စက်တင်ဘာ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ(၂၇)ရက် နံနက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပသည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားပြီးနောက် ဒေသစံတော်ချိန် နံနက် (၁၀)နာရီ (၄၅) မိနစ်တွင် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ H.E. Mr. Vuk Jemic အား ၄င်း၏ ဧည့်ခန်းမ​​သို့ သွားရောက် တွေ့ဆုံသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် နံနက်(၁၁)နာရီတွင် ကုလသမဂ္ဂ ဌာနချုပ် အဆောက်အဦ နှစ်နိုင်ငံ အစည်းအဝေးခန်းမ၌ ဥရောပကောင်စီ ဥက္ကဌ H.E.Mr. Herman Vn Rompuy နှင့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေးကောင်စီ ကိုယ်စားလှယ် Ms. Cathrine Ashton တို့အား လက်ခံ တွေ့ဆုံသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာအား ဆက်လက် လက်ခံ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး    သိန်းဋ္ဌေး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်တို့ တက်ရောက် ကြသည်။        

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်