Subscribe to our RSS Feed

မြောက်ပိုင်း ABSDF လူသတ်ပွဲအကြောင်းတစေ့တစောင်း - ၁

From : Baydar Lam

 ·မျိုးဝင်းက ကဲချိုကြီး အုန်းကြိုင်ရောက်လာပြီ၊မင်းတို.စက်ဘယ်မှာလဲပြောတော့။အုန်းကြိုင်က ကိုချိုကြီး ခင်ဗျားကိုယ်ပြသ၁နာ ကိုယ်ရှင်းပါလား၊ခင်ဗျာစက်နဲ.ကျနော် ဘာဆိုင်လို.တုန်း၊ VCS ဒီစက်တွေကိစ္စကျနော်လုံးလုံးမသိပါဘူး၊ သံချောင်း က ဟေ့ ချိုကြိး မင်းတို.ကဘာတွေတုန်း စကားတွေအမျိုးမျိုးပြောနေကြတာ၊မင်းတို.လူကြီးတွေပဲ၊ကိုယ့်ဟာကိုယ် တာဝန်ယူရမှာပေါ.။အဲဒီအချိန်မှာ ချိုကြိးက ကဲထွန်းအောင်ကျော် မင်းခေါင်းဆောင်ပဲကွာမင်းဘာသာမင်းရှင်းပါတော့၊အဲဒီတော့ ထွန်းအောင်ကျော်က ခင်ဗျာတို.သတ်ချင်လို.လုပ်တာဆိုလဲသတ်လိုက်ကြပါတော့ဗျာ။ကျနော်တို.မ

ဟုတ်တာတွေနာလို.ပြောရင်းနဲ.မဆိုင်တဲ့သူတွေဒုက္ခရောက်ကုန်ပါပြီ။ကျနော်တို.ကိုသတ်လိုက်ပါ တော်လှန်ရေးကြီးကိုတောမသတ်လိုက်ပါနဲ.၊မျိုးဝင်း က ဓါးကို

ကိုင်ပြီးရှေ.အတက် သံချောင်းက ကိုမျိုးဝင်းဒေါသမပါနဲ.၊ကျနော်ပြောတာကိုနားထောင်၊မျိုးဝင်းကလက်မပါဘဲ ချိုကြီး မင်းဘာပြောမလဲ ပြောစမ်း။ မင်းတို.သတ်ဖို.

လုပ်တာမဟုတ်လား၊ဒီကိစ္စ ကမ္ဘာကမကြားဘူးထင်ရင်မင်းတို.လုပ်ပေါ.၊မင်းတို.လုပ်တဲ့အကျိုးဆက်မင်းတို.ခံစားရမှာပဲ။ဟုတ်ပြီကွာ ဆက်ပြောစမ်းပါအုံး၊ဒီအခုဖြစ်

နေတဲ့အတိုင်းနောင်လဲဆက်ဖြစ်နေအုံးမှာပဲ၊သံချောင်း မင်းကိုမကြာခင် မျိုးဝင်းကသတ်လီမ့်မယ်။ဒါမင်းလဲတွေးပြီးသားနေမှာပါ။ မအေလိုးကောင် မင်းလက်ထုတ်

စမ်း၊လက်မထုတ်လို.ထိုးတာကန်တာတွေလုပ် ပြန်မတ်တပ်ရပ်ပေးပြီးမှ ဟေ့ကောင်ထပ်နာချင်လို.လား လက်ထုတ်စမ်း၊ လက်ထုတ်လိုက်တာနဲ.တပြိုင်နက် မျိုးဝင်းက သူ.ခါးက ဓါးကိုဖြုတ်ပြီး ခုတ်ချလိုက်ပါရော၊လက်က လက်ကောင်ဝတ်ကပြတ်ကျသွားတယ်၊အဲဒီလက်ပြတ်ကိုမျိုးဝင်းက ဓါးဦးနဲ.ထိုးကော်ပြီး ထွန်းအောင်ကျော်ပါးစပ်မှာ လက်အပြတ်ဘက်ကနေတေ့ပြီး မင်းကိုက်ထား သွေးတွေမျိုချ ထွေးမပြစ်နဲ.။ထွေးရင်မင်းဇတ်ကိုခုတ်ဖြတ်ပြစ်မယ်၊အဲဒီအချိန်မှာ

အားလုံးအသံမထွက်ပဲတိတ်ဆိတ်သွားတယ်၊ကျော်ဝေရဲ. ခေါင်း ခုတ်အဖြတ် ခံရအပြီးမှာအသံတွေတိတ်မသွားပေမဲ့ ကိုချိုကြီးရဲ. လက် အခုတ်ခံရအပြီးမှာတော့

အသံတွေတိတ်သွားခဲ့တယ်။အသံတွေတိတ်သွားရခြင်းဟာ သံချောင်နဲ.မျိုးဝင်းတို.နှစ်ယောက်အသံမထွတ်တော့လို.အားလုံးကြောက်ပြီးအသံမထွတ်တော့ပဲတိတ်

ဆိတ်သွားကြတာပါ။သံချောင်းနားထဲမှာ ကိုချိုကြီးပြောခဲ့တဲ့စကားတွေကထွက်သွားပုံမရဘူး၊မျက်နှာထားတင်းတင်းနဲ. သံချောင်းက ဟေ့ကောင်တွေအကျဉ်းသား

တွေကိုပြန်ခေါ်သွားတော့၊ချိုကြီးကိုဆေးခန်းခေါ်သွား တခါထဲကုပေးပြီးမှ အချုပ်ပို. ။မျိုးဝင်းလဲ ဘာမှာပြန်မပြောပဲ အများနဲ.အတူ ဆင်းလိုက်သွားတယ်၊။

မကြာခင်မှာပဲ သူတို.တွေ ထောင်ထဲကိုအားလုံးပြန်ရောက်လာကြတယ်၊ကိုချိုကြီက နာရီဝက်လောက်နောက်ကြတယ်ပေါ့။ကိုချိုကြီးကိုထောင်ထဲမှာ drip ချိတ်ပေးတယ်။အားလုံးစိတ်မကောင်းကြဘူး။ကျော်ဝေပြန်ပါမလာတာကိုထောင်စောင့်ကမမေးဘူး။ထောင်ထဲကိုမကောင်းတဲ့နိမိတ်တွေပြန်ရောက်လာပါပြီ။အရင်ကလဲ အောင်ဖိုးတို.၊ကျော်ဝေတို့လက်ဖြတ် ခြေဖြတ် ခံရပြီးချိန်မှာသေတဲ့လူတွေအများကြီး။အခုလက်ဖြတ်တာပြန်စပြီဆိုတော့ နောက်ဆက်တွဲတွေလာတော့မယ်

ဆိုတာတွေလို့ရပြီ။ဒါကအယူသီးတာမဟုတ်ပါဘူး။ယုတ္တိဗေဒနည်းနဲ့တွေးခေါ်ကြည့်တာပါ။သူတို့ရဲ့ဒေါသတွေ၊ဆုံးဖြတ်ချက်တွေလက်လွန်ခြေလွန်ဖြစ်လာချိန်မှာ

လုပ်ရပ်တွေကလဲလက်လွန်ခြေလွန်ဖြစ်တက်တဲ့သဘောပါ။ဒီတော်လှန်ရေးလုပ်နေတဲ့ကိစ္စကြီးတခုလုံးက အရူးထောင်ထဲက ဂီမ်းတခုလိုဖြစ်နေတယ်။ကျိုးကြောင်း

ဆင်ခြင်မှုဆိုတာပျောက်နေပြီးနေရာတကာမှာ ငါ့ခြေ ငါ့လက်ဖြစ်နေတယ်။အသံကျယ်တဲ့သူတွေရဲ့ထင်မြင်ချက်တွေက အဆုံးအဖြတ်တွေဖြစ်ကုန်တဲ့နေရာတခု

ဖြစ်သွားတယ်။

ဆက်လက်ဖော်ပြပါမည်။

ညီညီ(မန္တလေး) ABSDF မြေက်ပိုင်း ရဲဘော်ဟောင်း

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်