Subscribe to our RSS Feed

မြန်မာနိုင်ငံ ရင်ဆိုင်နေရသောစိန်ခေါ်မှုများ ဖြေရှင်းရေး ကုလသမဂ္ဂ ဆက်လက်အကူအညီပေးမည်

From : 7day

 ကုလသမဂ္ဂအဖွဲ့ကြီးသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာပြည်သူများအား ဆက်လက်အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေးနမ်ဘီးယားကပြောသည်။ မစ္စတာဗီဂျေးသည် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ
့သည့် မြန်မာမိတ်ဆွေများအဖွဲ့ အစည်းအဝေးတွင် ယင်းသို့ပြောခဲ့ခြင်းဖြစ်သည်။

၎င်းက "ကျွန်တော်တို့ဟာ မြန်မာအစိုးရ ဖန်တီးခဲ့တဲ့တိုးတက်မှုကို သတိပြုမိခဲ့ပါတယ်။ ဒီတိုးတက်မှု ဆက်ဖြစ်နေမယ်လို့ မျှော်လင့်သလိုဒီမိုကရေစီအဖွဲ့အစည်း အဆောက်အအုံတွေ အားကောင်းရေး၊ နိုင်ငံတွင်းရှိ ဘာသာရေးအုပ်စုများနှင့် လူမျိုးစုအားလုံးအကြား ငြိမ်းချမ်းရေးတို့ဟာလည်း ရလဒ်အနေနဲ့ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေကို သူတို့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကိုယ့်အခန်းကဏ္ဍကနေ ဆက်လက်ကူညီသွားမှာပါ" ဟုပြောကြားသည်။

အထွေထွေညီလာခံ၌ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးတွင် တိုးတက်မှုများ ဖန်တီးနေကြောင်း၊ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရပြီး ပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့၏ စိတ်ရှည်သည်းခံမှု၊ ကူညီထောက်ပံ့ပေးမှုတို့ကို လိုအပ်မည်ဖြစ်ကြောင်းပြောကြားသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်