Subscribe to our RSS Feed

ဖားကန့်ဒေသခံများ မိမိနေရပ်သို့ ပြန်လည်နေထိုင်ကြ

From :  http://oppositeyes.blogspot.com/


 (၂၅.၈.၂၀၁၂) ရက်နေ့ မှ စတင်ပြီး ဖားကန့်ဒေသမှာ ကေအိုင်အေတို့၏ မြို့တွင်း/မြို့ပြင်မရှောင် ပစ်ခတ်မှုခတ်ခဲ့သည့် တိုက်ပွဲတွေများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ယခုအခါ ဖားကန့်ဒေသအတွင်း၌ တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေးဆောင်ရွက် ပေးမှုများကြောင့် နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်၍ စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်ပြီး မှော်ဝမ်းရပ်ကွက်၊ ကျောက်လိုဏ်ဂူ ဘုန်းကြီးကျောင်း၊ မြို့ဦးစေတီစခန်း၊ ကချင်နှစ်ခြင်းဘုရားကျောင်း၊ ဆန်းကြယ်ကျေးရွာ၊ မစိုးရိမ်ကျောင်းတိုက်၊ မမုံဘုန်းကြီးကျောင်းများမှ လုံခြုံရေးအရ ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု(၂၀၃)စု၊ ကျား( ၅၆၇)ဦး၊ မ (၄၀၇)ဦး ပေါင်း ၉၇၄ ဦးတို့သည် မိမိတို့နေရပ်အသီးသီးသို့ ပြန်လည်သွားရောက်နေထိုင်ကြပြီဖြစ်ကြောင်း သိရသည်။ အလားတူ ဖားကန့်မြို့တစ်ဝိုက်ရှိ လုံခြုံရေးအရ ရွှေ့ပြောင်းနေထိုင်ရာ စခန်းများမှလည်း နေရပ်သို့ပြန်ကြရန် ပြင်ဆင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်