From : သမ္မတရုံး
Myanmar Express



အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်
ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ (၂၆) ရက် ညနေ (၄) နာရီတွင်
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဟင်နရီ ကစ်ဆင်းဂျာ
အား ခေတ္တတည်းခိုသည့် နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌
လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီနှင့် အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး
ဦးသန်းဆွေတို့ တက်ရောက်ကြပြီး ဧည့်သည်တော် မစ္စတာ ဟင်နရီ ကစ်ဆင်းဂျာနှင့်အတူ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လည်း
တက်ရောက်သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်