Subscribe to our RSS Feed

ပထမအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး တတိယနေ့ ကျင်းပ

From :မြဝတီ


ပထမအကြိမ် ကရင်ပြည်နယ် လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး တတိယ နေ့ကို ပြည်နယ် လွှတ်တော် အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁ဝနာရီတွင် ကျင်းပရာ ပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောအောင် ကျော်မင်း၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

အစည်း အဝေးတွင် လွှတ်တော် ကိုယ်စားလှယ် များက မေးခွန်းများ မေးမြန်းရာ ပြည်နယ်အဆင့် အဖွဲ့အစည်း ဝင်များက ပြန်လည် ဖြေကြား ကြသည်။

ထို့နောက် ပထမနေ့တွင် တင်သွင်း ထားသည့် အဆို (၃)ခုနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့် အဖွဲ့အစည်း ဝင်များနှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်း ရေးမှူးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ''ကရင်ပြည်နယ် ကျေးရွာ ထင်းစိုက်ခင်း ဥပဒေကြမ်း''နှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) တွင် ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအား အဖွဲ့ဝင် အဖြစ် ထည့်သွင်း ဖွဲ့စည်းခြင်းကို ကရင်ပြည် နယ် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းနှင့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)နှင့်ပတ်သက်၍အကြံပြု၊ ဖြည့်စွက်၊ ပြင်ဆင် ဆွေးနွေးနိုင်ကြောင်း ကြေ ညာပြီး အစည်းအဝေး တတိယ နေ့ကို နံနက် ၁၁ နာရီ မိနစ် ၅ဝ တွင် ရပ်နားလိုက်သည်။
 


  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်