From : သမ္မတရုံး
ထို့နောက် အသင်းက မေးမြန်းသည့် မြန်မာနိုင်ငံ၏
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို အေးချမ်းတည်ငြိမ်စွာ ဆောင်ရွက်နိုင်မှု၊
ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ၊
စီးပွားရေး ဖွံ့ဖြိုးလာရန် စီမံဆောင်ရွက်နေမှု၊ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေရေးဆွဲ ဆောင်ရွက်နေမှုနှင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ ပြည်တွင်းငြိမ်းချမ်းရေး
တည်ဆောက်နေမှု အခြေအနေနှင့် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်၍
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး
သိန်းဌေး၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့က ပြန်လည် ရှင်းလင်း
ဆွေးနွေးကြသည်။




နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် စက်တင်ဘာ(၂၇)ရက် ဒေသစံတော်ချိန် ညနေ(၅)နာရီ မိနစ်(၂၀)တွင်
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia Society အသင်းရုံး၌
အဆိုပါအသင်းမှ အသင်းဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် Asia Society အသင်းဝင်များအား ရင်းနှီး ခင်မင်စွာ နှုတ်ဆက်ပြီး အမှာစကား ပြောကြားသည်။
Myanmar Express
1 comments:
ကိုယ်တိုင်ခေါင်းဆောင် ဖြစ်တဲ့အချိန်မှာ ပြည်သူကိုဖိနင်းပြီး သက်သက်သာသာ
နဲ့ အမြတ်ထုတ်သွားရင်လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေမျိုးမှာ အပင်
ပန်းခံပြီးပြည်သူကို ဆွဲတင်ဖို့ ကြီုးစားနေတဲ့အတွက်၊ အဆိုးဘက်ကို သွား
နေတဲ့ တိုင်းပြည်ကို အကောင်းဘက်ကို ဦးလှည့်ပေးခဲ့တဲ့အတွက် နိုင်ငံသားတယောက်အနေနဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်