Subscribe to our RSS Feed

အင်တာနက်မြန်နှုန်း ကောင်းမွန်ရေး ဂျပန်ကူညီပေးမည်

From :  Popular


နိုင်ငံတကာနှင့် စီးပွားရေး ချိတ်ဆက် လုပ်ကိုင်လိုသူများအတွက် အင်တာနက်မြန်နှုန်း ကောင်းမွန်ရေး ဂျပန်နိုင်ငံမှ နည်းပညာ အကူအညီများ ရယူသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်းသို့ ဂျပန်နည်းပညာ အကူအညီများ ရယူဆောင်ရွက်ခြင်းကို လာမည့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ စတင်၍ အသုံးပြုသွားမည်ဖြစ်ပြီး မြန်နှုန်းတိုးမြှင့်ရေးကို အဓိကထား ဆောင်ရွက်မည်ဟု သိရသည်။ “ဆီးဂိမ်းအမီ မြန်နှုန်း တိုးမြှင့်တာတွေ အပြီးသတ် ဆောင်ရွက်မှာပါ။ အဓိကတော့ ကိုယ့်နိုင်ငံကို လာမယ့် အားကစားသမားတွေ၊ သတင်းသမားတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အင်တာနက် မြန်နှုန်းအတွက် စိတ်အနှောင့်အယှက် မဖြစ်အောင် လုပ်ဆောင်ပေးတာပါ။ ပိုပြီး အရေးကြီးတာကတော့ ဆီးဂိမ်းမှာမှ မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေကို ဝန်ကြီးပြောထားတဲ့အတိုင်း အင်တာနက်စနစ်ကို အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့အတိုင်း လုပ်ဆောင်ပေးရတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ယင်းသို့ ဂျပန်နည်းပညာ ရယူဆောင်ရွက်ရာတွင် လက်ရှိအင်တာနက် မြန်နှုန်းများထက် နှစ်ဆနီးပါး ကောင်းမွန်လာမည်ဖြစ်ပြီး အင်တာနက်လုံခြုံရေး အပိုင်းကိုလည်း ယခုထက် ပိုမိုသတိထားသွားရမည်ဖြစ်၍ စီးပွားရေး လုပ်ကိုင်ရမည့် ကုမ္ပဏီများအား သတိပေး ညွှန်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။ ယင်းသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် မြန်နှုန်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၍ အာမခံချက်များ ထုတ်ပြန်ထားသော်လည်း လက်ရှိအင်တာနက် မြန်နှုန်းများမှာ သာမန်အဆင့်သာရှိပြီး ရံဖန်ရံခါ လိုင်းပြတ်တောက်မှုများ ရှိနေသည့်အတွက် လုပ်ငန်းရှင်အချို့ အင်တာနက်မှတစ်ဆင့် စီးပွားရေးလုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေသည်ဟု လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ “မြန်နှုန်းအတွက် လျော်ကြေး ပြန်ပေးမယ်လို့ ပြောတယ် ဆိုပေမယ့် ဘယ်လို အနေအထား မျိုးရောက်မှ လျော်ကြေးပေးမှာလဲ။ အင်တာနက် လုံးဝရပ်သွားမှ ပေးမှာလား။ တက်လိုက်ကျလိုက်ဆို မပေးဘူးလား။ ပေးမှာလား မသိရဘူး။ လက်ရှိ မြန်နှုန်းကောင်းနေမယ် ဆိုရင် လုပ်ကိုင်ဖို့ အဆင်သင့်ပါပဲ” ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသူ ကိုအောင်ဝင်းက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲခွင့်ပေးထားသည့် Bandwidth ပမာဏမှာ 3.3 GB သာရှိကြောင်း  သိရှိရသသည်။
 
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်