Subscribe to our RSS Feed

မီးဘေး လုံခြုံရေး အတွက် တစ်နိုင်ငံလုံးရှိ ဈေးများတွင် ပုံမှန် စစ်ဆေးမှုများ ပိုမိုပြုလုပ် လျက်ရှိ

From :MRTV4

မြန်မာ တစ်ဝန်းလုံးမှာ တည်ရှိနေတဲ့ ဈေးများမှာ ဈေးမပိတ်မီ နာရီဝက် အလိုမှ စတင်ကာ မီးဘေး လုံခြုံရေးကို မီးသတ် တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ရှိ သူများနဲ့သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ သူများမှ ပုံမှန် စစ်ဆေး စောင့်ကြည့်မှုတွေ ပြုလုပ် လျက်ရှိပြီး ယခု နောက်ပိုင်း မှတော့ အဆိုပါ စစ်ဆေး မှုတွေကို ပိုမိုတိုးချဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဈေးတွေမှာ ယခုလို မီးဘေး အန္တရာယ် ကာကွယ်ရေး အတွက် စစ်ဆေးမှုတွေကို ၂၀၁၀ ပြည့် နှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ယခုအချိန် အထိ စစ်ဆေးလျက် ရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ မှာတော့ မန္တလေးမြို့ရှိ ဈေးကြီး တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားစေဖို့ တမင် ကြံစည်ပြီး  ပုံစံအမျိုးမျိုးနဲ့ ထုတ်ထားတဲ့ ဓါတ်ဆီထုပ် ၈ ထုပ်ကို တွေ့ရှိခဲ့တာကြောင့် အခုလို စစ်ဆေးမှုတွေ ပိုမိုပြုလုပ် လျက်ရှိနေတာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် မီးလောင်မှု ဖြစ်ပွားစေဖို့ ပြုလုပ်တဲ့ ပြစ်မှု ကျူးလွန် သူများ ကိုလည်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မှ တရားလို ပြုလုပ်ပြီး အရေးယူမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဈေးများမှာ မီးလောင်မှု တွေဟာ အခြား နေရာများမှာ မီးလောင်မှုတွေထက် ဆုံးရှုံးမှု ပိုမိုများပြား တယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကုန် အထိ ၂ နှစ်ကျော် ကာလ အတွင်းမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံး မှာရှိတဲ့ ဈေးမီးလောင်မှု အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
  
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်