Subscribe to our RSS Feed

အမေရိကန် နိုင်ငံအနေဖြင့် အီရန် နိုင်ငံအပေါ် သံတမန် ရေးနည်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိသော်လည်း အချိန် ကန့်သတ်ချက် ရှိသည်ဟု အိုဘားမားက ပြောကြားခဲ့ခြင်း

From : မြဝတီ


အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ သံတမန်ရေး နည်းလမ်းဖြင့် ဖြေ ရှင်း ဆောင်ရွက်သွားရန် ဆန္ဒရှိသော်လည်း အချိန် ကန့်သတ်ချက် ရှိကြောင်း သမ္မတ အိုဘားမားက ကုလသ မဂ္ဂ အထွေထွေ ညီလာခံ၌ ကျင်းပ ပြုလုပ်သည့် အထွေထွေ ဆွေးနွေးပွဲ တစ်ရပ်တွင် စက်တင်ဘာလ ၂၅ရက် နေ့က ထုတ်ဖော် ပြောကြားခဲ့ ပါသည်။ အီရန်နိုင်ငံ အနေဖြင့် နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြု နိုင်သည့် အခွင့်အရေး ရှိသော်လည်း အီရန်နိုင်ငံတွင် နျူကလီးယားလက်နက် ပိုင်ဆိုင် လာပါက ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး တည်ငြိမ်မှု အပါအဝင် ပင်လယ်ကွေ့ နိုင်ငံများနှင့် အစ္စရေး နိုင်ငံအပေါ် ခြိမ်းခြောက် လာနိုင် သည်ဟု ယုံကြည် ထားကြောင်း သမ္မတ အိုဘားမားက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်