From : သမ္မတရုံး




နေပြည်တော် စက်တင်ဘာ ၂၉
  
Myanmar Express 




နေပြည်တော် စက်တင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန် 
ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ The
 Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ 
နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် 
ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးသိန်းဟန် (ခ) Mr. William H. Su ၊ 
ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း၊ 
ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ 
ဓာတုဗေဒဆိုင်ရာလုပ်ငန်းနှင့် ဥပဒေရေးရာကိစ္စရပ်များ 
လာရောက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ 
နိုင်ငံတော်သမ္မတက လုပ်ငန်းတစ်ခုချင်းအလိုက် 
ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့်အခြေအနေများ၊ ပြည်သူများ၏ 
လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ပေးရန်လိုအပ်ချက်များကို 
ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အသင်းအနေဖြင့် ယင်း 
ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် 
တိုက်တွန်းမှာကြားသည်။      


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်