Subscribe to our RSS Feed

အမေရိကန်သမ္မတ အိုဘားမား သမ္မတသက်တမ်းမကုန်ဆုံးခင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

From :  အေးချမ်းမွန်


စက်တင်ဘာ ၂၆ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတ ပထမသက်တမ်း မကုန်ခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဘီဘီစီကို ပြောပါတယ်။ အလားတူပါပဲ သမ္မတ အိုဘားမားအစိုးရကလည်း သမ္မတဦးသိန်းစိန်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကကို နောက်တခေါက် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ သမ္မတအိုဘားမားတို့ဟာ ဒီတကြိမ်မှာ အမေရိကမှာ မတွေ့ဆုံနိုင်ခဲ့ပေမယ့်လို့ ဒီခရီးစဉ်အတွင်းမှာပဲ သမ္မတဦးသိန်းစိန်ကနေ သမ္မတအိုဘားမားဆီကို သ၀ဏ်လွှာတစောင်ပေးခဲ့တယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ စက်တင်ဘာ ၂၆ က တွေ့ဆုံခဲ့တဲ့ စည်းဝေးပွဲတွေ အပြီးမှာ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်၊ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားတို့ဟာ မြန်မာနိုင်ငံကို မကြာမီ သွားရောက်လည်ပတ်ကြလို့ မြန်မာ့မျက်မှောက် အပြောင်း အလဲတွေကို မျက်တွေ့/လက်တွေ့ လေ့လာကြမယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်