Subscribe to our RSS Feed

ပုဂ္ဂလိကအာမခံအတွက် ကျပ် ၂၇၆ ဘီလီယံ အစိုးရက ပြန်ထုတ်ပေးမည်

From :  The Voice


မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေး အုပ်စုကြီးများ လုပ်ကိုင်ခွင့်ရရှိခဲ့ကြသော ပုဂ္ဂလိကအာမခံလုပ်ငန်း ကုမ္ပဏီများ ပေးသွင်းရမည့် မတည်ရင်းနှီးငွေ (paid-up capital) ထဲမှ ၆၀ ရာခိုင်နှုန်းကို လုပ်ငန်းလည်ပတ်ရန် အဆိုပါကုမ္ပဏီများကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် စတင်ကတည်းက အသက်အာမခံလုပ်ငန်းအတွက် မတည်ရင်းနှီးငွေကျပ် သန်းခြောက်ထောင်နှင့် အထွေထွေအာမခံ လုပ်ငန်းအတွက် ကျပ်သန်းလေးသောင်း ထားရှိရမည်ဖြစ်ကာ အာမခံလုပ်ငန်း နှစ်ခုပေါင်းအတွက် ကျပ်သန်းလေးသောင်းခြောက်ထောင် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်းခြောက်ထောင်ကို ပုဂ္ဂလိက အာမခံလုပ်ငန်း အားလုံးက ပေးသွင်းရမည် ဆိုပါက ဈေးကွက်အတွင်း လည်ပတ်နေသည့် ငွေကျပ် ၄၆၀ ဘီလီယံခန့် ဆွဲထုတ်ခံသွားရပြီး စီးပွားရေးအပေါ် ရိုက်ခတ်မှုရှိနိုင်ကြောင်း ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ မြန်မာအရှေ့တိုင်းဘဏ်မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းကမူ မတည်ရင်းနှီးငွေထဲမှ ၆၀ ရာခိုင်နှုန်း ပြန်ထုတ်ပေးကာ ၃၀ ရာခိုင်နှုန်းမှာ ငွေတိုက်စာချုပ်လက်မှတ် ဝယ်ယူရန် ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကိုသာ အာမခံကြေးအဖြစ် ထား၍ မြန်မာ့အာမခံနှင့် ပုဂ္ဂလိကကုမ္ပဏီများ ယခုရက်ပိုင်းတွင် သဘောတူညီမှု ရရှိထားကြောင်း  သိရှိရသည်။
 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်