From :သမ္မတရုံး




Myanmar Express




အမေရိကန်ပြည်ထောင်စု၊
နယူးယောက်မြို့တွင် ရောက်ရှိနေ သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန်
နံနက်(၉)နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း
ကိုယ်စားလှယ်အဖွဲ့ရုံး၌ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေနှင့်
မြန်မာနေရှင်နယ်တီဗွီ တို့မှ သတင်းထောက်များအား လက်ခံတွေ့ဆုံသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင်
သတင်းထောက်များက လက်ပန်းတောင်းတောင် သတ္တုတွင်းလုပ်ငန်း နယ်မြေအတွင်းမှ
ကျေးရွာများ ရွှေ့ပြောင်းရေးကိစ္စ၊ ကေအိုင်အေအဖွဲ့နှင့်
ငြိမ်းချမ်းရေးဆွေးနွေးနေမှု၊ အမေရိကန်-မြန်မာဆက်ဆံရေး၊ ဒီမိုကရေစီစနစ်
ပြုပြင်ပြောင်းလဲရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အမေရိကန်နိုင်ငံက
မြန်မာနိုင်ငံမှပို့ကုန်များ ပြန်လည်တင်သွင်းခွင့်ပြုသည့်အပေါ်
အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားအမြင်၊
အမေရိကန်-မြန်မာတပ် မတော်များအကြား အနာဂတ်ဆက်ဆံရေး အလားအလာ၊
မြန်မာနှင့်အမေရိကန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာစသည်တို့ကို
မေးမြန်းကြရာ နိုင်ငံတော်သမ္မတက မေးခွန်းတစ်ခုချင်းစီအား အကျယ်တ၀င့်
ရှင်းလင်းဖြေကြားသည်။
ထို့နောက် ညနေ(၃)နာရီခွဲတွင် ခေတ္တတည်းခိုသည့် The
Mark ဟိုတယ်ဧည့်ခန်းမ၌ အမေရိကန်ပြည်ထောင်စု The New York Times သတင်းစာမှ
ပင်တိုင်ဆောင်းပါးရှင် Mr.Bill Keller က လာရောက်တွေ့ဆုံပြီး
သိရှိလိုသည်များကို မေးမြန်းရာ နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း
ဖြေကြားသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်