Subscribe to our RSS Feed

"စစ်တပ်ကိုကျမ စိန်ခေါ်တယ်.. စစ်တပ်ကိုကျမသတိပေးတယ်... ပြောတဲ့သူ ကိုယ့်ဘာသာ ပြန်သုံးသပ်ပါ" ~ ဦးသိန်းညွန့်



"အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ စ တင်ခဲ့တာက ဗိုလ်စိန်မှန်နဲ့ အောင်ပင်လယ် မှာ ဟောနေတဲ့သူ မဟုတ်ဘူး...  အံ့သြစရာကောင်းပါတယ်... ကြံ့ခိုင်ရေးပါတီက ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့် ဖြစ်တယ်...

၂၀၀၈ အခြေခံဥပဒေဟာ အာဏာလွဲပေးလို့ရအောင် ဆွဲပေးထားတာဖြစ်တယ်.. ခုချိန်မှာ... စစ်တပ်ကိုကျမ စိန်ခေါ်တယ်... စစ်တပ်ကိုကျမသတိပေးတယ်ဆိုတာ.. အမျိုးသား ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေးအတွက် အထောက်အကူရသလား... ဒီအခြေခံဥပဒေကို ပြင်ဖို့ ဒီမိုကရေစီ စံနှုံးတွေရဖို့... လူ့အခွင့်အရေးတွေ တိုးချဲ့ဖို့ဆိုတာ အမျိုးသားပြန်လည် သင့်မြတ်ရေး ရမှပဲ ကျွန်တော်တို့ လုပ်လို့ရမယ်.. အချုပ်ပြောရရင် တပ်မတော်မပါရင်.. တပ်မတော်နဲ့ နားလည်မှုမယူရင်... ကျွန်တော်တို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးတဲ့အခါမှာ... အခက်အခဲတွေ အများကြီး ကျွန်တော်တို့တွေ့ရမယ်..

အခု တပ်မတော်ကို စိန်ခေါ်တယ် ဆိုတဲ့ ဟာက.. ကိုယ်ဘာတွေများ ပြင်ဆင်ထားလဲ... ကိုယ့်မှာ အင်အား ဘယ်လောက်ရှိလဲ... ဟိုအချိန် (၁၉၈၈) အနေအထားနဲ့ အခု တူသလား.. အခုရပ်တည်နေတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တရုတ်မလွှမ်းမိုးရေး မူဝါဒကို အလေးထားလာတဲ့ အတွက်.. ဦးသိန်းစိန် အစိုးရသစ်နဲ့ လက်တွေ့ကျကျ ဆက်ဆံနေတဲ့အချိန်ဖြစ်တယ်.. ဒီအချိန်မှာ အခုဆင်နေတဲ့ နိုင်ငံရေး သိုင်းကွက်တွေက... တကယ်ထိရောက်အောင် သိုင်းကွက်ဆင်နိုင်ပါ့မလား... ပြောတဲ့သူ ကိုယ့်ဘာသာ ပြန်သုံးသပ်ပါ...

အခု အခြေခံဥပဒေကို ပြင်ဖို့၊ ဒီမိုကရေစီစံနှုန်းတွေ ရဖို့၊ လူ့အခွင့်အရေးတွေ တိုးတက်ဖို့ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးရမှပဲ ကျနော်တို့ လုပ်လို့ရမယ်..

အခြေခံဥပဒေ ၄၃၆ တစ်ခုတည်းပြင်ဖို့ လွှတ်တော်မှာပြင်အောင်လုပ်မယ်... မပြင်ရင် တိုင်းပြည်အကြပ်ကြီးဖြစ်မယ်ပြောတယ်... ငါပြောတဲ့ လမ်းကြောင်းကိုလိုက်မလား မလိုက်ဘူးလားဆိုတဲ့ အသံတွေ ထွက်လာတယ်... ကြံ့ခိုင်ရေးဘက်ကတော့ မသိဘူး.. ဒီမိုကရေစီအင်အားစုတွေက တစ်သံတည်းမထွက်တဲ့အပြင် သဘောထားကွဲလွဲမှုတွေစပြီ... သဘောကွဲလွဲမှု စတဲ့ အခါမှာ ... အခုပြောတဲ့ နိုင်ငံရေး... ထိပ်တိုက်နိုင်ငံရေးပဲ ခေါ်ခါ်၊ ဖိအားပေးတဲ့ နိုင်ငံရေးပဲ ခေါ်ခေါ်... အဲဒါ လက်တွေ့အောင်မြင်မလား... သေချာဆန်းစစ်ဖို့လိုတယ်... "


~ ဦးသိန်းညွှန့်၊ NNDP ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တရားလွှတ်တော်ချုပ် ရှေ့နေ

.. www.MyanmarExpress.net
 

8 comments:

ပြင် ဆင် ထားတာက တော့ထောင် ထဲမှာသေဖို့အတွက်တော့ပြင် ဆင်ပြီးပါပြီ မ သေခင် နိုင် ငံကိုမွဲအောင် လုပ်ဖို့ကျန်နေသေးလို့ပါ

အလိုဆန္ဒတွေအရမ်းကြီးလာတော့ အမှန်အမှားမဆင်ခြင်နိုင်တော့ဘဲ
ထင်ရာတွေလျှောက်ပြောနေတာဖြစ်မှာပါ။ ဒေါ်စုဟာ အသက်ကြီးလာပေမယ့်
ငယ်ဘ၀ကအမှားတွေကို သင်ခန်းစာမယူဘဲ ထင်ရာလုပ်နေတုန်းပါဘဲ။
သူငယ်စဉ်ကလည်း အလိုဆန္ဒ (ရမက်) အရမ်းကြီးလာတော့ အဖေသတ်တဲ့
လူမျိုးတောင် လင်တော်ဖို့ ၀န်မလေးတော့ဘူး။ ဒီအကျိုးဆက်က အခုသူ့အတွက်
အဟန့်အတားကြီးဖြစ်နေပြီ။ အခုလည်း သမ္မတဖြစ်ချင်တဲ့ အလိုဆန္ဒအရမ်းကြီး
နေပြန်တော့ ပြည်သူ့မျက်နှာ နိုင်ငံမျက်နှာကို မမြင်တော့ဘူးထင်တယ်။



ကျိမ်းသေတာပေါ့ဗျာ......ငါပြောအဟုတ်

ငါလုပ်မှအမှန်.......ငါကြံမှအကောင်း

ငါပေါင်းမှလူတော်.......ငါခေါ်မှ

မိတ်ဆွေ......ဆိုတဲ့ အယူ

အစွဲတွေနဲ့ အဖြူအ

မဲ...မသဲကွဲတဲ့

လမ်းပေါ်

မှာ

ကြမ်းထော်

နေတဲ့ နှလုံးသား

က.....အမုန်းတရားကို

ရင်မှာပိုက်.....ထင်ရာမိုက်ပြ

နေလိုက်တာ......အခုဆို သင်လာ

တဲ့ ပညာနဲ့.......မြင်မြင်ရာကို အငြင်းပွား

ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတဲ့

အတွေးအခေါ်တွေကြောင့်

ဘေးချော်သွားခဲ့ရတဲ့

ဒင်းရဲ့ဗျူဟာက

လူတကာ

ပျက်

ရယ်ပြုစရာ

ဖြစ်ခဲ့ရပြီပဲ...ကျား

မြှီး သွားဆွဲမိတဲ့ မြန်မာ

ပြည်သူတွေ အတွက်တော့

စားရမှာလည်း သဲနဲ့ရှပ်ရှပ် ပစ်ရ

မှာလည်း ဆီနဲ့ဝင်းဝင်းမို့.....သက်ပြင်းတ

ချချ ရင်တမမနဲ့ ငိုချင်းချရမလို ဖြစ်

နေရပြီပေါ့ဗျာ....တောင်းပန်

ပါတယ် ဘွားတော်စု

ရယ်....ဗြောင်း

ဆန်နေ

တဲ့

ကျုပ်တို့

ရဲ့ ပြည်တွင်း

ရေးကို မကူညီချင်

နေပါ....မနှောက်ယှက်

ပါနဲ့လို့ တောင်းဆိုရင်း ........

I am very disappointed on her

For who dare to say blindly against the STRONG WILL of All Myanmar-Naingganthars,.......
For who dare to say blindly against the REALITY of Myanmar-Nainggan,.......
" I disapprove of what you say,
but I will defend to the death your right to say it."
Voltaire, French writer of the 18th century.

For who dare to say blindly against the STRONG WILL of All Myanmar-Naingganthars,.......
For who dare to say blindly against the REALITY of Myanmar-Nainggan,.......
" I disapprove of what you say,
but I will defend to the death your right to say it."
Voltaire, French writer of the 18th century.
STRONG WILL ---->>> အခြေခံဥပဒေကို ပြင်ဖို့၊
ဒီမိုကရေစီစံနှုန်းတွေ ရဖို့၊
လူ့အခွင့်အရေးတွေ တိုးတက်ဖို့
အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့
REALITY----->>>.ဗြောင်းဆန်နေတဲ့ ကျုပ်တို့ရဲ့ ပြည်တွင်းရေး

ကောင်းတယ်ဗျာ တကယ်ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်