From :
.. YMG
ကရင်ပြည်နယ် အတွင်းရှိ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် များကို ဖိတ်ကြားကာ ဖားအံခရိုင် မြဝတီမြို့နယ်တွင် 'အမျိုးစောင့် ဥပဒေ နှီးနှောဖလှယ်ပွဲ' ပြုလုပ်သွား မည်ဖြစ်ကြောင်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ၏ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါအမျိုးစောင့်ဥပဒေ နှီး နှောဖလှယ်ပွဲ မေ ၃၁ရက်တွင် မြဝတီ မြို့တွင်းရှိ ဓမ္မာရုံတွင် ပြုလုပ်သွားမည် ဖြစ်ပြီး လက်ရှိအချိန်တွင် တိုင်းရင်း သားလက်နက်များအား ဖိတ်ကြား ဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါဥပဒေနှီးနှော ဖလှယ်ပွဲ၌ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်သည့် သဘောထားများကို ပါ ကောက်ခံသွားမည်ဖြစ်ကြောင်း အမျိုးစောင့်ဥပ ဒေပြဋ္ဌာန်းနိုင်ရေး အထောက်အကူပြု ဆက်သွယ်ညှိနှိုင်း ရေးကော်မတီအတွင်းရေးမှူး ဦးသွင် စစ်မာန်အောင်က ပြောသည်။
ယင်းက ''ပွဲကို ဘယ်သူတွေ တက်မလဲတော့ မသိသေးဘူး။ ငြိမ်း ချမ်းရေးခေါင်းဆောင်တွေကို ဖိတ်သွား မှာပါ။ ပြီးတော့ အဲဒီနေ့မှာ မြဝတီ မြို့ထဲမှာပဲ ဝံသာနုရက္ခိတအဖွဲ့ရုံးကိုလဲ တစ်ခါတည်း ဖွင့်လှစ်သွားမှာဖို့ရှိပါ တယ်''ဟု ယင်းက ပြောသည်။
မေ ၂၆ရက်တွင်လည်း နေပြည် တော်တွင် ဝံသာနုရက္ခိတအဖွဲ့ရုံးဖွင့်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
မဘသတွင် ဥပဒေအကြံပေး ဖြစ်သူ ရှေ့နေဦးအေးပိုင်က ''ဥပဒေ နဲ့ပတ်သက်လို့ မေးလာရင် အကြံ ပြုရှင်းလင်းပေးလို့ရအောင် ကျွန်တော့် ကိုတော့ မြဝတီခရီးစဉ်ကို ခေါ်ထား တယ်''ဟု ပြောသည်။
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး နှင့်ပတ်သက်၍ ကန့်ကွက်မှုများရှိနေ သော် လည်း အမျိုးစောင့်ဥပဒေဖြစ် ပေါ်လာသည်အထိ ယခုလုပ်ဆောင် သော နည်းလမ်းများထက် ပိုမိုကောင်း မွန်သောနည်းလမ်းများနှင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မေ ၁ရ ရက်က အင်းစိန်ရွာမကျောင်းတိုက် တွင်ပြုလုပ်သော အမျိုးစောင့်ဥပဒေ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုးကွယ်ရာ ဘာသာကူးပြောင်း ခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်း မြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်း ညှိခြင်းဆိုင်ရာ ဥပဒေလေးရပ်အား ပြဋ္ဌာန်းလိုက်ခြင်းဖြင့် လက်ထပ်ထိမ်း မြားပြီးနောက် ဖြစ်ပေါ်လာနိုင်သော ပြဿ နာများကို လွယ်ကူလျင်မြန်စွာ ဖြေရှင်းပေးနိုင်ခြင်း၊ ဘာသာတစ်ခုနှင့် တစ်ခု ဥပဒေမညီမျှမှုကြောင့် ဖြစ်ပေါ် လာနိုင်သော ပြဿ နာများကို ကြိုတင် တားဆီးနိုင်ခြင်း၊ အမျိုးသမီးများကို မတရားအနိုင် အထက်ပြုမူခြင်း၊ လှည့် ဖြားသိမ်းပိုက်ခြင်း၊ အဓမ္မ ဘာသာကူး ပြောင်းစေခြင်း အစရှိသော လူ့အခွင့် အရေးချိုးဖောက်ခြင်းနှင့် အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့ကို ကာကွယ်နိုင်ခြင်း၊ နိုင်ငံအတွင်း ဘာ သာရေး၊ လူမှုရေးပဋိပက္ခများကို ကြို တင်တားဆီးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မဘသ မှ တာဝန်ရှိသူများက ပြောဆိုသည်။
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင် ရေးအတွက် ပြည်သူများထံမှ ထောက်ခံ လက်မှတ်များကို အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်ကောက်ခံခဲ့သည်မှာ လက် မှတ်ပေါင်း လေးသန်းကျော်ရရှိခဲ့ပြီး ဖြစ်ကြောင်း မဘသ(ဗဟို)မှ သိရ သည်။
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်