Subscribe to our RSS Feed

နည်းပညာမြင့်ဖန်တီးမှုများဖြင့် ဆွဲဆောင်ထားသော မြို့တော်



အချိန် တစ်မိနစ်အတွင်းမှာပင် ထိုင်ခုံ ၂,၀၀၀ ဆံ့ရုံအတွင်း အလယ်ဗဟိုရှိ ကြမ်းပြင်မာကြီးက အိုလံပစ် အရွယ်အစား ရေကူးကန် အဆင့်(၅)နှင့်ညီမျှသော ရေပြင် ကျယ်ကြီးအသွင်သို့ ပြောင်းသွား သည်။ ထိုရေပြင်ကြီးပြောင်းလဲသွားပြီးနောက် လှေငယ်လေးတစ်စင်း ပင်လယ်ပြင်တွင်း သက်ဆင်းရသည့် ပြ ကွက်က ဘေးပတ် လည်တွင်ကြည့်နေသော ပရိသတ်များ အံ့သြ မှင်တက်စေလောက်သည်။ 

ကြမ်းပြင်ကြီးမှ ရေပြင်ကြီးအသွင် ချက်ချင်းပြောင်းသွားလိုက်၊ ရေပြင်ကြီးမှ ကြမ်းပြင်အသွင် ချက်ချင်း ပြောင်းလိုက်၊ ကြမ်းပြင်ထက်မှရေပန်းပေါင်း ၂၀၀ ကျော် ယိမ်းထိုးထွက်လာလိုက်၊ ရေပြင်တွင်းမှနန်း ဆောင်ပြသာဒ်များ ထွက်လာလိုက်၊ တိုက် အထပ် ၂၀ လောက်ရှိသော အမြင့်မှလူများ ဒိုင်ပင်ထိုးပြ လိုက်နှင့် ပြဇာတ်ပြကွက်တစ်ခု ကို လူဖြူ၊ လူမည်းပေါင်းစုံဖြင့် သရုပ်ဖော် နေကြသည်။ သရုပ်ဖော်ချိန် ၄၅ မိနစ်ခန့် အကြာတွင် စက်ယန်္တရားကြီးများ၏ အော် မြည်သံကြောင့် ငြိမ်နေသော ပရိသတ်များ လှုပ်လှုပ် ရှားရှား မျက်လုံးပြူးသွားရလောက် အောင် ဆိုင်ကယ်များ တစ်စီးပြီးတစ်စီး လေပေါ်မြောက်တက် ကျွမ်းထိုး ပြကွက်များ က ရုံတစ်ခုလုံးအတွင်း လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများဖြင့် ဆူညံသွားစေသည်။ ကမ်္ဘာတွင်အကျော်ကြားဆုံး သရုပ် ဆောင်များ၏ ကမ္ဘာကျော်ပြကွက်များ ပါဝင်သော နာမည်ကြီးThe House of Dancing Water ပြဇာတ်ကို နိုင်ငံတကာမှ သရုပ်ဖော်ဇာတ်ကောင် ၈၀ နှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ထိပ်တန်း ထုတ်လုပ်မှုနှင့် နည်းပညာရှင်အဖွဲ့ဝင်ပေါင်း ၁၆၀ တို့က ပုံဖော်ထားကြ သည်။

ထိုပြဇာတ်ကို တရုတ်နိုင်ငံ နယ်နိမိတ်အတွင်းရှိ မကာအိုမြို့တော်မှ City of Dream ဟိုတယ်ကြီး၏ ပြ ဇာတ်ရုံအတွင်း တွင် တစ်ပတ်လေးရက်နှုန်း ပြသလျက် ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ မြန်မာ ငွေဖြင့် တွက်ကြည့်လျှင် လက်မှတ် တစ်စောင်ကို ကျပ်ခုနစ်သောင်းမှ နှစ်သိန်းကြားပေးရနိုင်သော်လည်း ထိုရုံထဲတွင် ပရိသတ်ပေါင်း ၂,၀၀၀ ခန့်ဆံ့သည့် ထိုင်ခုံများကတော့ ပြည့်နှက်နေသည်။

မကာအိုသည် တရုတ်နိုင်ငံ နယ်နိမိတ် အတွင်းတွင်ရှိသော်လည်း နှစ်ပေါင်း ၅၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိ ထားသည့် ဒေသ လေးတစ်ခု ဖြစ်သည်။ ၃၁ ဒသမ ၃ ကီလို မီတာမျှသာ ကျယ်ဝန်းလှသော်လည်းကြီး မားကျယ်ဝန်းခမ်းနားသော အဆင့်မြင့် ဟိုတယ်ကြီးများဖြင့် ကမ္ဘာလှည့်ခရီးသည် များလာရောက်ရန် ဆွဲဆောင်ထားသော မြို့တော်တစ်ခုလည်း ဖြစ်သည်။

မကာအိုမြို့ကို ကာစီနိုမြို့တော်အဖြစ်လည်း တစ်နည်းတစ်ဖုံ လူသိများကြသည်။ကျယ်ဝန်းလှသော ဟို တယ်ကြီးများတွင် ကာစီနိုဝိုင်းပေါင်းများစွာ ရှိသည်။ ထို ကာစီနိုဝိုင်းများရှိသော ဟိုတယ်တိုင်းကို ခမ်းနား သော အပြင်အဆင်များ၊ ကြီးကျယ်သောပြပွဲများဖြင့် ထပ်မံမွမ်းမံထားသည်မှာ ဆွဲဆောင်မှုတစ်ခုပင် ဖြစ် သည်။

မြန်မာငွေဖြင့်တွက်လျှင် ပျမ်းမျှဟိုတယ် တည်းခ အနိမ့်ဆုံး ကျပ်တစ်သိန်းကျော်မှ သိန်း ၄၀ ၀န်းကျင်ထိ ရှိသော မကာအိုမြို့ တော်သို့ ခရီးသွားဧည့်သည်ပေါင်း သန်း ၂၀ ကျော် နှစ်စဉ် လာရောက်ကြသည်။ ၂၀၁၂ ခုနှစ်စာရင်းဇယားများအရ မကာအိုသို့ ကမ်္ဘာ့လှည့်ခရီးသွားဧည့်သည် လာရောက်လည်ပတ်နှုန်းမှာ ကမ်္ဘာပေါ် တွင် အဆင့် ၂၀ ချိတ်ပြီး အာရှပစိဖိတ် ဒေသတွင် အဆင့်(၅) နေရာ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ် တစ်နှစ်တွင်ပင်မကာအိုသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည် ပေါင်း ၂၉ သန်းကျော် ရှိသည်။
ယင်းတွင် မြန်မာနိုင်ငံမှ သွားရောက်လည်ပတ်သော ခရီးသွား ၅,၀၀၀ နီးပါး ပါဝင်သည်။ 

၂၀၁၄ ခုနှစ် လေးလ အတွင်း တွင် မြန်မာပတ်စ်ပို့ကိုင်ဆောင်ပြီး လာ ရောက်လည်ပတ်သည့် ဦးရေ ၂,၂၀၀ ရှိ သည့်အတွက် ယခင်နှစ်များထက် ရှစ်ရာ ခိုင်နှုန်းတိုးလာသည်ဟု မကာအိုအစိုးရ ခရီးသွားဌာနထံမှ သိရသည်။ မကာအိုတွင် လူဦးရေခြောက်သန်းကျော်ရှိပြီး မြန်မာပြည်မှ လာရောက်နေထိုင်နေသော မြန်မာနှင့် တရုတ်လူမျိုးဦးရေ ငါးသောင်းခန့်ရှိသောကြောင့် နှစ်စဉ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျင်းပ သည်မှာ ယခု ၂၀၁၄ ခုနှစ်ဆိုလျှင်နှစ် ၂၀ ပြည့်ပြီဟု မကာအိုရောက် မြန်မာလူမျိုးများက ဆိုသည်။ မြန်မာ လူမျိုးများ ရှိ နေသောမကာအိုသို့ မြန်မာနိုင်ငံမှ ခရီးသွား များ ပိုမို လာရောက်လည်ပတ်နိုင်ရန် မကာ အိုအစိုးရက လုပ်ဆောင်လျက်ရှိသည်။

မကာအိုနိုင်ငံတွင် လည်ပတ်စရာများ အဖြစ် ရှေးခံတပ်ကို ဆောက်လုပ်ထားသော မကာအိုပြတိုက်၊ အနီး ရှိ မီးလောင်သွား၍ ရှေ့မျက်နှာစာကျန်ရစ်ခဲ့သော ခမ်းနား ထည်ဝါလှသည့် ဗိသုကာလက်ရာများဖြင့် ကျော်ကြားသော Ruins of St.Paul’s ဘုရားကျောင်းကြီး၊ ပေါ်တူကီဗိသုကာသမိုင်းဝင် အဆောက်အအုံ များတည်ရှိရာSenado Square ၊ အမြင့်ပေ ၃၃၈ မီတာ မြင့်သော ကမ္ဘာ့အမြင့်ဆုံးအဆင့် ၁၀ ရှိ မကာအို တာဝါ၊ ရှားပါးပန်ဒါဝက်ဝံလေးနှစ်ကောင်ရှိသည့် Giant Panda Pavilion၊ Grand Prix ပြိုင်ကားများ ပြတိုက်၊ ၀ိုင်ပြတိုက်၊ Taipa House ပေါ်တူကီ ရှေးဟောင်းအိမ်ပြတိုက်၊ အီတလီနိုင်ငံ ဗင်းနစ်မြို့ပုံစံတည် ဆောက်ထားသော Venetian Hotel & Shopping Mall နှင့် ကြယ်ငါး ပွင့်အဆင့်ရှိ အဆင့်မြင့် ဟိုတယ် ကြီးများရှိ ပြပွဲများကို သွားရောက်ကြည့်ရှု လည်ပတ် နိုင်သည်။ မြန်မာနိုင်ငံသားများ အပါအ၀င် နိုင်ငံသား အချို့အတွက် ဆိုက်ရောက်ဗီဇာ မကာအိုငွေ ၁၀၀ြဥဏ (မြန်မာငွေ၁၂၀၀၀ ကျပ်ဝန်းကျင်) ပေးရုံဖြင့် အလွယ်တကူ ၀င် ရောက်လည်ပတ်နိုင်သော မြို့မြို့လည်း ဖြစ်သည်။

“မကာအိုက အရမ်းစည်းလုံးတဲ့ပန်းတိုင် ကို သွားနေပါတယ်။ ဥရောပ ယဉ်ကျေးမှုတွေကြွယ်ဝတဲ့ မြို့တော် လည်းဖြစ်တယ်။ အရှေ့တိုင်း တရုတ်ယဉ်ကျေးမှုနဲ့ အနောက် တိုင်း ပေါ်တူကီယဉ်ကျေးမှုတွေကြား ပေါင်း စပ်နေတဲ့ ယဉ်ကျေးမှုတွေလည်း ရှိနေတာကြောင့် ဒီလို နောက်ထပ်တစ်နေရာ မတွေ့နိုင်ဘူးလို့မြင်တယ်” ဟု မကာအိုအစိုးရ ခရီးသွားရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး Ms. Cecilia က ဆိုသည်။

ဟိုတယ်ကြီးများတွင်းသို့ ၀င်လိုက် သည်နှင့် ဟိုတယ်တစ်ခုတိုင်းတွင် ပြင်ဆင် မှုတစ်မျိုးစီဖြင့် ဧည့်သည် များကို ဆွဲဆောင်ထားသည်။

မကာအိုမြို့နယ်နိမိတ်အတွင်း မကာအိုပယ်နီဆူလာကျွန်း တစ်ဖက်ကမ်း Cotai ကျွန်းပေါ်ရှိ Galaxy ဟို တယ်အတွင်းသို့ ၀င်လိုက်လျှင် မီးရောင်စုံထွန်းထားသော ရေပန်းဝိုင်းကြီးကို တွေ့နိုင်သည်။ဟိုတယ်ဧည့် ခန်းမအတွင်း ထွက်ပေါ်လာသော ခမ်းနားငြိမ့်ညောင်းသည့် တီးလုံးသံနှင့်အတူ ရေပန်းဝိုင်းကြီး မြင့်တက် လာသည်။ ထိုရေပန်းဝိုင်းကြီး ပြန်ကျလာချိန်တွင် အရောင်တလက်လက် တောက် နေသောစိန်တုံးကြီးက လေပေါ်တွင် မြောက် ကျန်ရစ်သည်။ မကြာခင်ချိန်တွင်းမှာတော့ ထိုစိန်တုံးကြီးကို ရေပန်းဝိုင်းကြီးက ပြန် လည် သိမ်းယူသွားသည်။

“ဟိုတယ်တိုင်းမှာ Show တစ်ခုစီ ရှိ တယ်။ အချိန်ပိုင်းနဲ့ပြသတယ်။ အဲဒါတွေ က နှစ်စဉ်ပုံသေတော့ မဟုတ်ဘူး။ အမြဲ ပြောင်းပြီး လုပ်နေတယ်” ဟု Galaxy ဖျော်ဖြေရေးအဖွဲ့မှ စီမံခန့်ခွဲရေးမှူးMs. Agnes Vong က ပြောသည်။

MGM Hotel ခန်းမအတွင်းသို့ ဖြတ် ၀င်လိုက်ချိန်တွင်တော့ အရောင်စုံအလှမွေးငါးကြီးများ အမျိုးစုံလင်စွာ ကူးခတ်နေ သော ပေ ၃၀ အမြင့်ရှိ ဖန်ပေါင်းချောင်ကြီး ကို တွေ့နိုင်သည်။ မကြာမီအချိန်တွင် အဆိုပါ ဖန်ပေါင်းချောင်ကြီးထဲသို့ အမေရိ ကန်နိုင်ငံသားတစ်ဦး ဆင်းလာကာ ငါး များကို အစာကျွေးပြလျက် ဟိုတယ်သို့ လာ ရောက်သော ဧည့်သည်များနှင့်အတူ ဖန်ပေါင်းချောင်အတွင်းမှ ပုံစံမျိုးစုံဖြင့် ဓါတ်ပုံ အရိုက်ခံနေသည်။

ယင်း ဖန်ပေါင်းချောင်တွင်းတွင် ယခင်နှစ်က ငါးများမဟုတ်ဘဲ အရောင်အသွေးစုံ လိပ်ပြာမျိုးစိတ်စုံကို ထည့်သွင်း ပြသခဲ့သည်။ ဘေးပတ်လည်တွင်ရှိသောသစ်ပင်ပုံစံပြုလုပ်ထားသည့် သစ်ပင်များမှ ရေသူမ ရုပ်များ တွဲလွဲခိုနေရာနေရာများတွင် လည်း နှစ်စဉ်ပြောင်းလဲ အလှဆင်လေ့ ရှိသည်ဟု ဆိုသည်။

“အရည်အသွေးကိုပဲ ဦးစားပေးချင်တဲ့အတွက် ပိုက်ဆံကို မကြည့်ပါဘူး။ ဒီအပြင်အဆင်တွေက နှစ်စဉ် ပြောင်းနေသလို အဲလိုပြောင်းလဲမှုတွေအတွက် နိုင်ငံတကာ က ကျွမ်းကျင်ပညာရှင်တွေ၊ ဗိသုကာပညာ ရှင်တွေကို ငှားလုပ်ပါတယ်” ဟု MGM ဟိုတယ်မှ လူထုဆက်ဆံရေး မန်နေဂျာက ပြောသည်။ပေါ်တူကီ အုပ်ချုပ်မှုအောက်တွင် ၁၆ ရာစုအလယ်မှ ၁၉၉၉ ခုနှစ်အထိ နေထိုင် ခဲ့ရသော မကာအိုမြို့တော်တွင် သဘာဝ အလှရှုခင်းများထက် အနောက်တိုင်း ပေါ် တူဂီရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပိုမို လေ့လာနိုင်သည်။ မီးရောင်စုံနှင့် မှန် ချပ်ကြီးများဖြင့် အလှဆင်ထားသော ည ရှုခင်းများက မကာအို မြို့တော်၏ ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်သည်။

တစ်ရက်ဟိုတယ်တည်းခ ကျပ်ရှစ်သောင်းမှသိန်းချီရှိသော မြန်မာနိုင်ငံ ဟိုတယ်ကြီးများတွင်တော့ အပြင် အဆင်များ က နှစ်စဉ်ပုံသေဖြစ်ကာ ဆွဲဆောင်မှုအားနည်းလှသည်။ သဘာဝအလှရှုခင်းများ ပေါများ လှသော မြန်မာနိုင်ငံသည် မကာအိုကဲ့သို့ ဟိုတယ်လုပ်ငန်းတွင် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ အသုံးပြုကာ ဆွဲဆောင်နိုင်မည်ဆိုလျှင် ကမ်္ဘာလှည့် ခရီး သွားများ မျက်စိကျသော နိုင်ငံတစ်နိုင်ငံ၊ အထူး သဖြင့် ထိုင်းနိုင်ငံထက်ပင် ခရီးသွား များစွာ ၀င်လာနိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ် လာနိုင်ပေသည်။မကာ အိုနိုင်ငံသို့ လေ့လာရေး လိုက်ပါ လာသော Odyssey ခရီးသွားကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ကိုအေးမင်း ဇော်က “ကျွန်တော်တို့နိုင်ငံက ဟိုတယ်လုပ်ငန်းမှာ အရမ်းအားနည်းနေတယ်။ ဟိုတယ်ခန်းတွေက ခရီး သွားများတဲ့ရာသီဆို လုံလောက်မှု မရှိတဲ့အပြင် decoration တွေကလည်း အသေပဲ။ နှစ်စဉ် ပြောင်းလဲမှုမရှိဘူး။ တကယ်တမ်းပေးရတော့ ဒေါ်လာ ၁၀၀၀ အထက်တွေ အများကြီးပဲ။ ပိုက်ဆံပေးရပြီး မတန်ဘူးပေါ့ဗျာ။ မကာအိုလိုသာ ဟိုတယ် လုပ်ငန်းက ထပ်ဆွဲဆောင်နိုင်မယ်ဆိုရင် မြန်မာကိုဝင်မယ့် ကမ်္ဘာလှည့်ခရီးသည်တွေ တားလို့တောင်ရမှာ မဟုတ်ဘူး” ဟု မြန်မာ နိုင်ငံခရီးသွားနှင့် နှိုင်းယှဉ်ပြသည်။ ယခု ဆိုလျှင် မြန်မာမှဘန်ကောက်၊ ဘန်ကောက်မှ တစ်ဆင့် မကာအိုသို့ Air Asia လေကြောင်း လိုင်းဖြင့် သွားလာနိုင်ပြီ ဖြစ်သည်။

လေယာဉ်လက်မှတ် ကြိုတင်မှာလျှင် တစ်ဦးကို ဒေါ်လာ ၁၀၀ ပင် မကျတော့ဘဲ မကာအိုသို့ သွားနိုင်ပြီ ဖြစ်သည်။ နောင်တွင် ခရီးသွားကုမ္ပဏီများကလည်း မကာအို သို့ ခရီးစဉ်များ စီစဉ်တော့မည် ဖြစ်သော ကြောင့် မြန်မာနိုင်ငံသားများပင် ဥဒဟို သွားရောက်နိုင်တော့မည် ဖြစ်သည်။

ထိုသို့ ဈေးကွက်ထိုးဖောက်လာသော မကာအိုအစိုးရ ခရီးသွားဌာန၏ လုပ် ဆောင်မှုများကိုနမူနာယူ၍ မြန်မာနိုင်ငံက လည်း ကမ်္ဘာတစ်ဝန်းမှ ခရီးသွားများ လာ ရောက်နိုင်စေရန် ဈေးကွက်ထိုးဖောက်မှုများ၊ ဟိုတယ်ခရီးလုပ်ငန်း တိုးမြှင့်မှုများ လုပ်ဆောင်ရန်မှာ မလွဲဧကန် လိုအပ်နေပြီ ဖြစ်သည်။

- စုမြတ်ဝေ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်