Subscribe to our RSS Feed
ညီညွတ်ကြဖို့ လိုနေပြီ
ရခိုင်ပြည်မှာ အဓိကရုဏ်းဖြစ်ပြီး ၁၄၄ ထုတ်တုန်းက နောက်ပြန်လှည့်နေပြီတို့ စစ်တပ်က ကြိုးကိုင်တာတို့ စစ်တပ်ကမီးမွှေးတာတို့ အာဏာသိမ်းဖို.ကြံနေပြီတို့ ဘာတို့ ပြောတဲ့သူတွေကအခု ထိုင်းစစ်တပ်က ၁၄၄ ကိုတပြည်လုံး ထုတ်တဲ့အခါကျတော့ အာဏာသိမ်းတာမဟုတ်ဘူး ခေတ္တ၀င်ထိန်းတာ ပြီးရင ရွေးကောက်ပွဲလုပ်ပြန်လွှဲပေးတာ ဘာညာသရကာ နေကြာကွာစေ့ ချီးမွှမ်းခန်းတွေဖွင့်နေလိုက်ကြတာ မြင်ရလေတော့ အော်..တတ်လည်းတတ်နိုင်တဲ့ အတိုက်အခံတွေ လို့သာ ရီပစ်လိုက်ချင်တယ်။
စင်စစ်အားဖြင့်ယနေ့ထုတ်နေသော ဂျာနယ်များမှအစ သတင်းစာအဆုံး မပါလျှင်မဖြစ်သော အကြောင်းအရာတစ်ခုရှိသည်။ ထိုသည်မှာ တပ်မတော်အကြောင်းဖြစ်သည်။ဟုတ်သည်ရော၊ မဟုတ်သည်ရော၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သတင်းဖြစ်လျှင်ပြီးရော ရေးသားကြသည်။ မရေးလို့လည်းမဖြစ် ဂျာနယ်တွေက ပလူပျံအောင် များလာပြီကိုး။ ဒီတော့ ဂျာနယ်စာမျက်နှာဖြစ်အောင် သတင်းဖြစ်ပြီးရော၊ လူကြိုက်များပြီးရော သဘောထားကာ ထည့်ရတော့သည်။ ပြဿနာဖြစ်လာတော့ ကိုင်ပေါက်ကြသည်။ မီဒီယာလွတ်လပ်ခွင့်တဲ့။ သူတို့ မီဒီယာလွတ်လပ်ခွင့်ကလည်း လွတ်...လွတ်လပ်နိုင်လွန်းအားကြီးတယ်ဟု ရွာက ဘကြီးတယောက် ပြောသလိုဖြစ်နေသည်။ ဥပမာအားဖြင့် ယူနတီ ဂျာနယ်ကိစ္စ နှင့် ပွကြီးမီဒီယာမှ သတင်းထောက် တစ်ဦး ကယားဘက်တွင် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားလို့ ထောင်ကျသွားသည့်ကိစ္စကို ကြည့်လျှင် သိနိုင်သည်။
ထားတော့ ဒါက ယနေ့ဖြစ်နေတဲ့ သတင်းစာ၊ ဂျာနယ်တွေနဲ့ပါတ်သက်ပြီး အနည်းငယ် စောကြောကြည့်တာ။ ယခင်တပ်မတော် အစိုးရလက်ထက်ကနေ အခုအစိုးရကို အကူးအပြောင်းမှာ တပ်မတော်အနေနှင့် မည်သည့်ဘက်မှမလိုက်ပဲ အခြေခံဥပဒေနှင့်အညီ အမျိုးသားရေးတာဝန်များကို ထမ်းဆောင်နေသည်မှာ အားလုံးအသိဖြစ်သည်။ လွှတ်တော်တွင်းမှအစ တပ်မတော်အနေနှင့် မည်သည့်အရာများကို နှောင့်ယှက်ခဲ့သနည်း။ နှောင့်နှေးကြန့်ကြာအောင် လုပ်ခဲ့သနည်း။ အဖြေက ရှင်းပါသည်...NO ပါ။ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိမည့် ဥပဒေများကို တင်သွင်းခြင်း၊ ထောက်ခံခြင်းတို့ဖြင့် မည်သည့်ဘက်မှမလိုက်၊ ပါတီအစွဲမရှိပဲ သီးသီးသန့်သန့် ရပ်တည်ကာနေခဲ့သည်မှာ ယခုဆိုလျှင် ၂၀၁၅ ရွေးကောက်ပွဲကာလသို့ နီးကပ်လာခဲ့ပြီဖြစ်သည်။
နိုင်ငံရေး ဘာကြောာင့် လုပ်ကြသလဲဟုမေးလာလျှင် အခြေကတော့ နိုင်ငံကောင်းစေချင်လို့ဟု ယနေ့နိုင်ငံရေးသမားများ ဖြေကြမည်မှာ အသေအချာပင်။ ထို့အတွက် ပါတီထောင်ကြသည်။ ရွေးကောက်ပွဲဝင်ကြသည်။ ပါတီအာဏာရမှ အာဏာရှိမှ အစိုးရဖွဲ့နိုင်မှ နိုင်ငံတိုးတက်ဖို့အတွက် လုပ်ဆောင်နိုင်မည်ဆိုသည့် အကြောင်းအရာကလည်း တစ်ဖက်ကရှိသေးတာကိုး။ ထို့အတွက် မိမိတို့ ပါတီအာဏာ ရအောင် နည်းမျိုးစုံဖြင့်သုံးကာ မဲဆွယ်ကြသည်။ အပုတ်ချကြသည်၊ ခြေထိုးကြသည်။ ဤသို့ဖြင့် နိုင်ငံကောင်းကျိုး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေလို၍ ပါတီထောင်ကြရာကနေ အာဏာလုပွဲအသွင်ဖြစ်လာသည်။ မိမိတို့ ပါတီအာဏာရဖို့အတွက် မည်သည့်ကိစ္စ လုပ်ရလုပ်ရဖြစ်လာသည်။ တိုင်းပြည် သိက္ခာကျမလား၊ နိုင်ငံတကာအလည်မှာ မိမိနိုင်ငံ Image ကျသွားမလား မစဉ်းစားနိုင်ကြတော့။
တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် ငယ်ကျိုးငယ်နာတွေဖော်ထုတ်လိုက်၊ လစ်ရင်လစ်သလို သူ့ဟာသူနေနေသည့် စစ်တပ်ကို ပုတ်ခတ်လိုက်ဖြင့် ပျော်ပျော်ကြီး ချီတက်နေကြသည်။ ဤသည်မှာ လတ်တလော မြန်မာ့နိုင်ငံရေး ပကတိအခြေအနေဖြစ်သည်။
တကယ်တော့ မိမိတို့ ပါတီ အာဏာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ...အဓိကရည်မှန်းချက်မှာ မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ နောက်လာမည့် နောင်လာနောက်သားများ ချမ်းချမ်းသာသာ အဆင့်အတန်းမြင့်မြင့်ဖြင့် နေနိုင်ဖို့ဖြစ်သည်။ ယခုတော့ အကုန်လုံးလွဲချော်နေသည်ကိုတွေ့ရသည်။ တကယ်တမ်းက ယခုကဲ့သို့ အပြောင်းအလဲကာလတွင် အတိုက်အခံရော၊ အစိုးရအဖွဲ့ရော ညှိညှိနှိုင်းနှိုင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည့် ကာလဖြစ်သည်။ အစိုးရကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အင်တိုက်အားတိုက် ပြုပြင်ပြောင်းလဲမှုများစွာဖြင့် လုပ်ဆောင်နေသလို အတိုက်အခံတွေဘက်ကလည်း မိမိတို့နိုင်ငံအတွက်ပဲဟု သဘောထားကာ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ပါကြောင်း ဤစာစုဖြင့် တိုက်တွန်းလိုက်ရပါသည်။
2 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်